Thursday, February 7, 2008

သတ္တုခေါင်းထဲက ရိုဘော့





သူတို့တွေ ခေတ်ကောင်းတော့

ငါလည်း ရူးချင်ယောင်ဆောင်ရတော့တယ်။



ကမ္ဘာမြေကြီးကိုပစ် သတ္တုနံရံတွေကြား

ခမ်းနာကြီးကျယ်ခြင်းကို

ပရိုဂရမ်သွင်းထားတဲ့ နှလုံးသားနဲ ့ရှာ

(အကြိမ်ကြိမ်.... အကြိမ်ကြိမ်)

လောဂျစ်အရမှန်တယ်ဆိုပြီး

လွတ်လပ်ခြင်းတွေကို ပယ်ပယ်နယ်နယ်ထိုးကျွေး

ရယ်သံတွေ မှာ အသက်မပါပေမယ့်

သတ္တုရနံ့တွေ ပါတယ်

ပါးနှစ်ဖက်တက် ပါစပ်ကျယ်သွားတဲ့ အပြုံး

တည့်တည်စိုက်ကြည့် ဘာလာနတ္တိ မျက်လုံး

ဒီလို လုပ်နိုင်လာတော့

ငါဟာ ရိုဘော့ဖြစ်ခဲ့ပြီပေါ့။



ခါးကော့ ရင်ချီ ခေါင်းကိုမော့မော့ထား

လူသားဆိုတဲ့ ဟာတွေကို

၀ါးလုံးကွဲ ရယ်

(စိမ်းဖန့်ဖန့်အသံတွေနဲ့..စိမ်းဖန့်ဖန့်အသံတွေနဲ)

စကားကို ကျယ်ကျယ်ပြော

ခပ်တည်တည် လေလည်တက်တဲ့

ရိုဘော့တွေထဲမှာ ငါဟာ မြို့သားစစ်စစ်

(ငါဟာ မြို့သားစစ်စစ်)



အပြေးအလွှားသွား၊ အပြေးအလွှားပြန်

ဟီးဟီးဟားဟား နဲ

အမော မဆို့တက်သလို

ကိုယ့်ကိုကိုယ် လိမ်ညာနေခဲ့တာကြာ

မျက်စွန်နှစ်ဖက်မှာ အရစ်ရာတွေ ထင်လာရော

ရင့်ကျက်ခြင်းတဲ့လား

(ဒါ ရင့် ကျက်ခြင်းတဲ့လား)



လျှက်စစ်ရထားကြီးကို စီး

ညူကလီးယားစွမ်းအားနဲ့

ငါ့ ညတွေက ထိန်ထိန်လင်းလို့

အိမ်မက် ပင်တွေ မပျိုးမိ

ဖန်တီးခြင်းကင်းမဲ့ ငွေပဒေသာပင်တွေပျိုးခဲ့တယ်

(ငါ..ငွေပဒေသာပင်တွေပျိုးခဲ့တယ်)

လရောင်ဖြာတဲ့ကောင်းကင် ကြယ်စင်ဆိုတာ မသိ

Screen saver သာ ငါခံစားရာ သဘာဝ အနုပညာ



အုန်း ခနဲ..

အုန်း ခနဲ .. တဝုန်းဝုန်း ပေါက်ကွဲ

ကမ္ဘာဂြိုလ််အနှံ့

(မီးခိုးလုံးတွေ ... မီးခိုးလုံးတွေ)

လူတွေ အတုံးအရုံး (လူတွေ အတုံးအရုံး)

ဒါပေမယ့် ငါ့လို ရိုဘော့တွေလေ

သက်မှတ်ထားတဲ့

အဲလ်ဂိုရစ်သမ်ကို ကျော်လွန်ပြီးမလုပ်နိုင်

ချစ်ခြင်းမေတ္တာဆိုတာ ပရိုဂရမ်ထဲမှာ မပါ

ယဉ်ကျေးစွာ စာနာချင်ယောင်ဆောင်နေကြတော့တယ်



တကယ်ရူးသွားခဲ့တာလား



(တကယ်ရူးသွားခဲ့တာလား)



ငါ တကယ်....ရူး...သွား...ခဲ့..တာ..လား



(ငါ တကယ်....ရူး...သွား...ခဲ့..တာ..လား)



ချ!!!

ချလိုက်တော့

ငါ့ရဲ့လူသားဖြစ်တည်မှု စာပနကို

ရိုဘော့တို့ရဲ့ဖြစ်တည်မှု စာပနကို

(ချလိုက်တော့)

ကြယ်တွေနဲ့ဝေး ကမ္ဘာမြေနဲ့ဝေးတဲ့ ညတွေမှာ

အမေကို မှ သတိမရရင်

ကိုယ့်ရဲ့စာပနကို ကိုယ်ကိုတိုင် ချလိုက်တော့

(ကိုယ်ကိုတိုင်သာ ချလိုက်ပါတော့)





နတ်ဆိုး

Feb 5,2008



* အဲလ်ဂိုရစ်သမ် = ဘာပြီးရင် ဘာလုပ်မည်၊ဘာဖြစ်ရင် ဘာလုပ်မည် စသည်တို ့ကို အဆင့်ဆင့် ဖော်ပြထားသည့် အရာ

2 comments:

  1. ကိုနတ္ဆိုး
    ဒီကဗျာလေး အတော်ခေါင်းစားအောင်ကို ဖတ်လိုက်တယ်။ စကားလုံးတိုင်းတိုင်းကိုလည်း မရင်းနှီးတော့လေ။ အောက်က ရှင်းပြလျက်လေးက အဖိုးတန်တယ်။ နို့မို့ဆို သိုးလေးလို ငတုံးက သိဘူး :)

    ReplyDelete
  2. ဘာခေါင်းစားစရာပါလို့ လဲ သိုးလေးရယ်
    ကဗျာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ သိုးလေးတို့ လိုလည်း မရေးတက်ဘူး.. :D

    နတ်ဆိုး

    ReplyDelete