Sunday, June 22, 2008

စလုံးက ပုံလေးတွေပါဗျာ။

အင်္ဂလိပ် ခေတ် အမှတ်တရလေး။ ခင်ဗျားတို ့သိလား၊ တံခါးသံပေါင်က made in England တဲ့။



ဆွဲဆောင်မှုရှိတယ်နော်။ အဟဲ။ ငယ်ရွယ်ခြင်းဆိုတာပေါ့လေ။



ဒီအတွဲလေးမြင်တော့ ရင်ထဲမှာလွမ်းမိသလိုပဲ။ကောင်လေးက လှမ်းနှမ်းလိုက်လို ့ ကောင်မလေးက ခေါင်းလှည့် ပြီးရှောင်သွားတာလေးပါ။ ပျော်ရွင်နေဆဲကာလများပေါ့။ (သူတို ့ပုံ ၄ ပုံ ဆက်တိုက် ရိုက်ထားတယ်။ ကြည်နူးစရာကောင်းလို ့ပါ)



တိုးတက်တယ်လို ့ပြောလို ့ကျွန်တော် ဒီမှာ လာအလုပ်လုပ်တယ်။ မတိုးတက်တာတွေ အများကြီးဆိုတာလည်း သိခဲ့တယ်။ စိတ်အထိခိုက်ဆုံးကတော့ အနာဂါတ်မှာ ငါ့နိုင်ငံဆိုတာ ဘယ်လို ကိုးစားရမလဲမသိဘူး။ နိုင်ငံပျောက်ခဲ့ဖူးတဲ့ ဂျူးတွေကို စာနာတက်လာတယ်။ အနာဂါတ်မှာ ပျော်ရွင်တဲ့ ငါ့နိုင်ငံမှာနေ ထိုင်ဖို ့၊အဲလို မျော်လင့်ဖို ့ထက် ပျော်ရွင်တဲ့ ငါ့နိုင်ငံ ဖြစ်ဖို ့ပဲ လုပ်ရတော့မယ်။

နတ္ဆိုး

Thursday, June 5, 2008

"The world is a dangerous place to live; not because of the people who are evil, but because of the people who don't do anything about it. "

Albert Einstein:

Wednesday, June 4, 2008

အား...။

ရင်ထဲမှာ အသံက ပဲတင်ထပ်သွားသည်။ သူ ဆက်ပြီး မခံစားနိုင်တော့။

ကိုယ်မှာ လုပ်ပေးနိုင်စွမ်းမရှိပဲ စိတ်ကောင်းရှိနေခြင်းဟာ ဒုက္ခတစ်မျိုးလား။ အလိုမကျမှုတို ့က စိတ်ထဲတွင် တရစ်ပြီးတရစ် တိုးဝင်ရစ်ပတ်လာသည်။ မွန်းကျပ်မှုက သူမျက်နှာတစ်ခုလုံးကို တင်းမာနေစေသည်။ လည်ချောင်းတစ်ခုလုံး ဝမ်းနည်းမှုတို ့နဲ ့ပိတ်ဆို ့နေသလို ခံစားရသည်။ သည်းမခံနိုင်သည့် အဆုံး မြင်မြင်သမျှအရာအားလုံးကို ပိတ်ချလိုက်သည်။ ကွန်ပြုတာ မျက်နှာပြင်တစ်ခုလုံး အနက်ရောင်ပြောင်းသွားတဲ့အထိ သူ မျက်လုံးပိတ်ထားခဲ့သည်။ ခေါင်းငိုက်စိုက်၊ လက်များက ဆံပင်များကြားထိုးလျှက်။ ကွန်ပြုတာပုံးထဲက ပန်ကာသံရပ်သွားတော့မှ ပြုတင်းပေါက် ရှေ ့ရပ်ပြီး အပြင်ကိုကြည့်မိသည်။ ပုံရိပ်တွေက အာရုံမှာ စွဲထင်ဆဲ။

ကောင်းကင်ကို ကြည့်မိသည်။ နေညိုလေပြီ။ ငှက်တွေကတော့ အပူပင်ကင်းကင်း အနောက်အရပ်ကို ပျံသန်းသွားကြသည်။ သူ ပင်ပန်းနွမ်နယ်နေသည်။ ကိုယ့်အားကို ကိုးဖို ့လိုအပ်နေပြီဆိုတာကို သေသေချာချာ ခံစားသိရှိလိုက်သည်။ အသက်ကို ပြင်းပြင်းရူသွင်းနေလိုက်သည်။ သွေးသားတို ့ ရဲရဲ လည်ပတ်လာသည်။ မနက်ခင်းအတွက် ဒီည ဒီအမှောင်တွေကို သူကြောက်လို ့ မဖြစ်တော့။ ကောင်းကင်မှာ ကြယ်တွေလင်းလာသည်။ သူ စူးစူးစိုက်စိုက်ကြည့်နေသည်။



နတ်ဆိုး