Thursday, August 28, 2008

Today, it is raining again. It has been at least drizzling almost all days during these two weeks. When the time was getting near to dawn, the air was colder my hands were searching for a blanket but did not get one. "Is it raining?" Then they found the blanket down on the floor. "Hummm. Life is not a miserable sleeping." I was in dreaming again.

"Hey Yaung, wake up! It is 7 o'clock!"

A terrible voice come out loudly. Shit, he should be dead for long time ago. It is really unacceptable. Inmmmm, I am not ready to get up, I mean, my body is not ready. I hardly open my eyes a little and decide I need to sleep more. I can hear the sound of the raindrops and my body does not want to get out of the blanket.It is really warm like a paradise which my Dad calls laziness.I turn to the side secure my paradise and fall asleep. Is there anybody who do not do this? Yeah, I am not that stupid.

"Ah, Hey Yaung, It is almost 7:35. Come on, wake up."

Warrrr, I hate the world, the whole world. What the hell is going on this world. Damn! Damn Life!

"Hey, you have to go to the office."

Yeah, I hate my employee life. It is not comfortable with my nature. My Dad will say not comfortable with my laziness. Okay, I will try to be an employer and there will be no such kind of miserable morning then. Yeah! It's true. But now, I have to get up. NO! No, I don't. I want to sleep more. A spark of thought appears in my head. MC! My precious medical leaves. Thought of MC is turning around in my brain.

No, I also hate to go to the doctor without feeling sick. You know Dad, I may be lazy but I am not such kind of lier. You have to wait 1 hour on the clinic seat with such stupid face pretended to be tired. In front of the doctor, though he knows that you are in good health, he will ask you stupid questions and you have to give stupid answers. No, I will not do this.

When I open the eyes, my friend is changing his suits. He has already finished taking bath.

"What time is it?" I ask him by trying to against the shutting eyes.
"7:40, Hey man, I am going. Don't forget to eat the bread for breakfast." then he leaves.

I am thinking something or ,perhaps, nothing for a while. I take a deep breath I wipe out some saliva and collect all my energy to stir myself then moving unsteadily to the bath room.

It is still raining outside. A day has begun.

Nat Soe

Tuesday, August 26, 2008


အိမ်လွမ်းသူ...



ယုံကြလားဗျို ့?? အခုချိန်ထိ ကိုယ်ဖသာ ကိုယ် ဘယ်တော့ မှာ အိမ်ကို ဖုန်းမခေါ်ဖူးဘူး။ ဖုန်းပြောမယ်ဆို အကိုဆီသွားလိုက်တာပဲ။ သူကပြော ကျွန်တော်က ဘေးကနေ ရယ်ပေါ့။ မေမေက အငယ်ကောင်ဆိုမှ ဟဲ..ဟဲ နေကောင်းလားအမေ ဘာညာပေါ့။ 1818 ကတ်လည်း အခုထိ ကောင်းကောင်းမခေါ်တက်ဖူး။ ဒါက လူများကတ်တွေ။ :D



ကျွန်တော် မိုဘိုင်းကလည်း ၃ ရက်နေလို ့ မှ ၁ ခါမြည်ချင်မှ မြည်တာ။ မြည်လိုက်ရင်လည်း အကို ့ဖုန်းဘဲ။ သူများတွေများ ဖုန်းလေးနဲ ့ပွားနေကြတာ မြင်တော့ ငါလည်း ပွားမဟဲ့ဆို ဘယ်သူ ပွားရမှန်းမသိ။ လူကမရှိ။

ဒီတော့ အခုရောက်လာတဲ့ သူငယ်ချင်းကသူဖုန်း မဝယ်ရသေးလို ့ ခဏ ပေးထားလိုက်တယ်။ အေးရော။ ညနေပြန်လာလို ့ ဟေရောင် ငါ့ဖုန်းလာလား ဆို လာဘူး။ မက်ဆေ့ ကော။ လာဘူးပဲ။ အေးတာပေါ့။


တိုပိုင်ရိုး...

သွားဖြစ်တိုင်း ဘုန်းကြီးကျောင်းသွားရတယ်လို့ မခံစားရတဲ့ နေရာ။ ဘုရားမြင်တော့ ရှိန်တော့ရှိန်ပါတယ်။ မနှစ်က အလုပ်လျှောက်နေတုန်း မရေသေးခင်၊ တိုပိုင်းရိုးရောက်တော့ ၃ ထပ်က နတ်မင်းကြီးနှစ်ပါးကို အလုပ်ရအောင်လုပ်ပေးလို့ မျက်လုံးကို တည့်တည့်ကြည့်ပြီး တိတ်တိတ်လေး နားပူနားဆာတိုက်လိုက်တယ်။ သူတို့ရုပ်က ပြုံးနေကြတော့ ဟဲ..ဟဲ.. ရမှာပဲလို့ယုံကြည်ခဲ့သေးတာပေါ့။



ဟဲ..ဟဲ.. ပန်းသီးစိမ်းကို တခြားအသီးတွေထက်ကြိုက်တယ်။ ဒီလို စာဖတ်နေတုန်း ကင်မရာနဲ့ ကောက်ရိုက်ထားတာ။ ပန်းသီးစိမ်းအေးအေးက က ပူတဲ့ ညတွေဆို သည်လို စားလို့ကောင်းတယ်။ မယုံရင် ဝယ်စားကြ။ နွားနိုကတော့ အားကုန်နေလို့ လို့ မတွေးကြပါနဲ့။ ဗိုက်စာနေပြီး စားစရာ မချက်ရသေးလို့။



စင်္ကာပူ...

သံယောဇဉ်တော့ရှိတာပါပဲ။ ( စကတ်တိုတို စလုံးမလေးတွေကြောင့် ဆိုတာ ဘယ်သူတိမလဲ)။ သူနိုင်ငံကို မြင်တိုင်း ငါ့နိုင်ငံအတွက် စိတ်ထိခိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဆက်ပြီးတိုးတက် အောင်မြင်နေပါစေ။ ဒီထက် လွတ်လပ် ကျယ်ပြန့်တဲ့အနေအထားကို လည်းရပါစေ။ စလုံးမလေးတွေလည်း ဆက်ပြီး တိုနိုင်ကြပါစေ။ ငါကိုလည်း ဒီနှစ် လခ (အနည်းဆုံး ၁၀၀၀၀ S$ လောက်)နဲ့ အလုပ်ခန့်နိုင်ပါစေ။ :D။





နတ်ဆိုး

Sunday, August 24, 2008

ဗုဒ္ဓ၏ ထူးခြားချက်များ

ဗုဒ္ဓသည် မိုးရာသီတွင် နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို ့ ခရီးလှည့်လည်ပြီးလျှင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ခါရံတွင်မူ သာသတ္တိ၊ ဝေသာလီစသောမြို ့ကြီးများတွင် သီတင်းသုံးတော်မူ၏။ မဇ္ဇိမနိကယ် အရိယပရိသေသနသုတ်၏ နိဒါန်းတွင် ဗုဒ္ဓသည် သာဝတ္တိမြို ့တွင် သီတင်းသုံးနေတော်မူစဉ် တစ်နေ ့တာ မည်သို ့ကုန်လွန်စေပုံကို ဖော်ပြထား၏။



တနေ ့သော နံနက်စောစောတွင် ဗုဒ္ဓသည် သင်းပို်င်ကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြို ့တွင်းသို ့ ဆွမ်းအလို ့ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို ့သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို ့ မကြားနာရသည်မှာ ကြာပြီဖြစ်၍ ကြားနာလို ကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို ့အား ဒမ္မကပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို ့သွား၍ နေကြရန်ပြော၏။ ရဟန်းတို ့သည် ထိုကျောင်းသို ့သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျှင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို ့ကြွသွားတော်မူ၏။ ထိုကျောင်းတွင် တစ်နေကုန် နေတော်မူပြီးသော အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို ့ ကြွသွား၍ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏား၏ကျောင်းသို ့ ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို ့ ကြွသွား၏။



ရဟန်းတို ့သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ် အပြင်ဘက်တွင်ရပ်လျှက် စကားအဆုံးကိုဆိုင်းငံ့နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန် ့၍ တခါးရွက်ကို ခေါက်၏။ ရဟန်းတို ့က တံခါးကိုဖွင့်၍ ဗုဒ္ဓသည် ခင်းထားအပ်သောနေရာတွင် ထိုင်ပြီးလျှင် "ရဟန်းတို ့၊ ယခု ငါဘုရား ကြွလာသောအခါ အဘယ်စကားဖြင့် သင်တို ့စည်းဝေး၍ ဟောပြောနေကြကုန်သနည်း" ဟု မေး၏။ ရဟန်းတို ့က မြတ်စွာဘုရားအကြောင်းကို ပြောဆိုနေကြပါသည်ဟု လျှောက်ထားကြသော် ဗုဒ္ဓသည် မိမိ ဘုရားမဖြစ်မီက ကြုံတွေ ့ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေသနသုတ်ကို ဟောတော်မူ၏။



ထိုတရားပွဲများတွင် တခါတရံ ရဟန်းတပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓား အခွင့်ပန်ကြားပြီးနောက် မိမိသိလိုသော အချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဉ့်နက်မှ ပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။



ဗုဒ္ဓနှင့် ရဟန်းသံဃာတို ့၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်တွင် အဇာတသတ်မင်းသည် ဘုရားရှင်အားဖူးမြှော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို ့သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို ့ရောက်သောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန် ့သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင့်အတူ ကျောင်းတိုက်ထဲတွင် သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုသံ၊ ချေသံ တစ်ချက်မျှမကြားရပဲ အလွန်တိတ်ဆိတ်နေသောကြောင့်ဖြစ်၏။ ဇီဝကက အားပေးနှစ်သိမ့်မှ အဇာတသတ်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို ့ဝင်ပြီးနောက် ဗုဒ္ဓကို ဖူးမြော်လေသည်။



ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တော်ထဲသို ့ကြွသွား၍ သစ်ပင်များအောက်တွင် နေတော်မူလေ့ရှိ၏။ ရဟန်းတို ့အား စကားပြောလျှင် တရားစကားကို သာပြောကြရန်၊ သို ့မဟုတ် ဆိတ်ဆိတ်နေရန် မကြခဏ သတိပေး၏။ တခါသော် ဗုဒ္ဓကိုဖူးမြှောက်ရန် ရောက်လာကြသော ရဟန်းတို ့သည် အချင်းအချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့် ကျောင်းမှ နှင်ထုတ်ခံကြရ၏။ (မဇ္ဇိမ နိကာယ် ၊ စာတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓ နှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို ့သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကိုမြင်သော် အချင်းတို ့အသံမပြုကြကုန်လင့်၊ ဗုဒ္ဓ၏ တပည့်သည် လာနေ၏။ သူတို ့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ဟု အချင်းအချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။ (အင်္ဂုတ္တရ-ကိ ံဒိဠိကသုတ်)



ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို ့စိတ်ကူးဖြင့် ခန် ့မှန်းကြည့်ရန် ခဲယဉ်း၏။ အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုများသည် ဂရိ(ခေါမ) လက်ရားများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နှစ်ပေါင်းအတော်ကြာသည့် တိုင်အောင် ဗုဒ္ဓရုပ်တုများ ထုလုပ်ကိုးကွယ်သော အလေ့အထ မရှိခဲ့ချေ။ အင်္ဂလိပ်ပညာရှင် ဆာချားစအဲလီး၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် "သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲတွင် မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည် ဘားနတ်အရပ်တွင် တွေ ့ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ထုမာျးသည်သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန်မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ုပ်ထင်ပါသည်။ ထိုရုပ်ထုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင် အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက် ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ သို ့မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှ ယုတ္တရှိ၏။ အကယ်၍ သူသည် ရဟန်းမပြုခဲ့ပါက နာမည်ကျော် စစ်သူကြီးဖြစ်မည် အမှန်ဖြစ်၏။"



ဗုဒ္ဓသည် ကျန်းမာတောင်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋ္ဋိကတ်စာပေတွင် ထင်ရှား၏။ ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း၊ အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို ့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်တွင်ရောဂါဝေဒနာအပြင်းအထန် ခံစားရပြီးသည့်နောက်ပင် မိုင်ပေါင်းများစွာဝေးသော ကုသိနာရုံသို ့ ခြေလျင်ကြွသွားခြင်း စသည်တို ့ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့ခိုင်တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ။



ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။ ဗုဒ္ဓသည် အစားသောက်တွင် မယုတ်မလွန် ခြိုးခြံ၏။ " ရဟန်းတို ့၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏၊ ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏၊" (မဇ္ဇိမနိကာယ်၊ ကိဋ္ဋာဂီရိသုတ်)။ လောကတွင် ကျန်းမာ၍ အသက်ရှည်သောသူတို ့သည် အများအားဖြင့် ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သောသူများ ဖြစ်၏။ ဗုဒ္ဓသည် လူသတ္တဝါတို ့ကို သံသရာဝဋ္ဋ်ဆင်းရဲ မှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသောအခါတွင်ပင် သုဘဒ်ရဟန်းအား ဟောပြောဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော။



ဗုဒ္ဓအား အထူးကျန်မာ အသက်ရှည်စေသော အဓိကအကြောင်းအရာမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို ့သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်းနှင့် သီတင်းသုံးနေတော်မူ၏။ ဟတ္တားအာဠဝက မင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို ့ ချဉ်းကပ်ပြီးလျှင် "မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော" ဟု မေးလျှောက်၏။ ဗုဒ္ဓက "မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည်" ဟုပြန်ပြော၏။



ထိုအခါ မင်းသားသည် များစွာအံ့အြ၍ "အရှင်ဘုရား၊ ယုခုအချိန်သည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို ့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို ့သည် ကျဲရရဲ ရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသောလေတိုက်ခတ်နေ၍ ဆီးနှင်းတို ့သည် တဖွဲဖွဲကျလျက်ရှိပါ၏။ သို ့ဖြစ်ပါလျက် ငါသည် ချမ်းသာစွာ အိပ်ရသည်ဟု အရှင်ဘုရားမိန် ့တော်မူဘိ၏" ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောကတွင် ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ရာတွင် အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည်မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာရာဂမီး ပယ်သတ်ပြီးပြီးဖြစ်၍ မည်သည့်နေရာမျိုးတွင်မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန် ့တော်မူလေသည်။ (အဂုင်္တ္တရနိကာယ်၊ တိကဒဟတ္တာဠဝကသုတ်)



ဗုဒ္ဓ၏ စိတ်ငြိမ်းအေးချမ်းသာမှုသည် ရုပ်လက္ခဏာအဆင်းသဏ္ဍာန်တွင် အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို ့ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ်တွေ ့မြင်ရသော ဥပက တက္ကတွန်းက "ငါရှင်၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ န္ဒြေတို ့သည် ကြည်လင်လှ၏ ၊ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏ " ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန်ဆုံးဖြတ်ထားသော ပဥ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကိုမြင်ရုံနှင့်ပင် မိမိတို ့၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြို ပြုကြ၏။



ဗုဒ္ဓ၏ တင့်တယ်ခန် ့ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူများ ရှိသည်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ်သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရသာတီ၊ သောဏဒန္တ စေသောအလွန်ဇာတ်ကြီး၊ မာနာကြီးသည့် ဗြဟ္မာဏခေါင်းဆောင်တို ့သည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက် ဖူးတွေ ့လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋ္ဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို ့ဖြစ်၏။ သူတို ့သည် ဗုဒ္ဓထံ သို ့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို ့ကို လက်ဖြင့်ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဇိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင့် ဓမ္မ စေတီယသုတ်)



ကောသလမင်းသည် ဓမ္မစေတီယသုတ်၌ ဗုဒ္ဓကို လူတို ့မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏တရားပွဲ၌ တရားနာပရိသတ်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြားသောကြောင့် တစ်စုံတယောက်ချောင်းဟန် ့သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့် ခရီးထွက်သွား၍ ညစခန်းချသောအခါ က္ကုသိဒတ္တ နှင့် ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို ့၏ အရှင်သခင် ဘုရင်ရှိရာဘက်ကိုခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကိုကား ခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှှောက်ထား၏။



ပရိဗိုလ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမကများစွာသော ပရိသတ်အား တရားဟောနေစဉ် တစ်စုံတယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန် ့ခြင်း မပြုပဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်ကုန်သောတပည့်တို ့သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကို သာလျှင်ဆိုလေ့ရှိသည်။ သူတပါးကို မကဲ့ရဲ ့ပဲ မိမိတို ့ကိုယ်ကိုသာ ကဲ့ရဲ ့ကြပါသည် ဆို၏။ (မဇ္ဖိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)

ွှွှွှွှွှွှ

ဤသို ့များစွာသော လူတို ့၏ ကြည့်ညိုလေးစားခြင်းကိုခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်းကြည်ညိုသော ဝက္ကလိရဟန်းအား မိန် ့ကြားချက်သည် ရှင်လင်းပြတ်သား၏။ "ဝက္ကလိ၊ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။ " (သံယုတ္တနိကာယ်၊ ခန္ဓသံယုတ်၊ ဝက္ကလိသုတ်)



စင်စစ်ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန် ့ကျင်သည့် ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သတ်သော ဗုဒ္ဓမိန် ့ကြားချက်များကို ရှေ ့၌ဆိုပြပါအံ့။



ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျုးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို ့ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓ ကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ ့ဆက်မသွားပဲ ရပ်တန် ့၍နေ၏။ မင်းသားက ပုဆိုးဖြူကိုအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို ့ ဝင်တော်မူ၏။ (မဇ္ဇိမနိကာယ်၊ ဗောဓိရာဇကုမာရသုတ်)



လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ ပြောလေ့ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ ခြိုးခြံမှုမှာ အချို ့သော တပည့်ရဟန်းတို ၏ ခြိုးခြံစွာကျင့်မှုနှင့်စာသော် ဘာမျှမပြောပလောက်ပါ။ ထိုတပည့် ရဟန်းတို ့က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန် ့ကြား၏။ (မဇ္ဇိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)

တစ်နေ ့သောညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိစဉ် "ရဟန်းတို ့၊ သင်တို ့သည် အကယ်၍ ငါ၌ ကိုယ်နှင့် နှုတ်နှင့် စပ်သော အပြစ်တစုံတရာတွေ ့မြင်ခဲ့ပါက ငါအား လျှောက်ထားကြကုန်လော့" ဟု မိန် ့တော်မူ၏။ (သဂါထာသဂ္ဂသံယုတ်၊ ၀ င်္ဂီသသုတ်)



ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ စိတ်သဘောထားမြင့်မြတ်မှု၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုစသော ဂုဏ်များကိုအထူး ပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒိဃနိကာယ်မှ မဟာ ပရိနိဗ္ဗာနသုတ်ဖြစ်၏၊ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှုကို ထင်ဟပ်နေသော နောက်ဆုံးမိန် ့ကြားချက်များကို ဖော်ပြပါအံ့။



ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ၏ ဝက်သားဟင်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန်ရောဂါ အပြင်းအထန် ခံစားရ၏။ သို ့ရာတွင် ဥန္ဒအား စိတ်မကောင်းမဖြစ်စေလိုသောကြောင့် ဘုရားရှင် နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို ့ထက် အကျိုးအာနိသင် ကြီးမားသည်ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့၏။



အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည့်သံဃာတို ့အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ့လိမ့်မည်ဟု မိမိ ယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓမိန် ့ကြားသော စကားမှာ အောက်ပါအတိုင်းဖြစ်၏။



"အာနန္ဒာ၊ ငါဘုရားအား သင်တို ့အဘယ်ကြောင့် ဤမျှလောက် တောင့်တနေ ဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ။ သင်တိုသည် ငါ၏ နောက်လိုက်ဖြစ်သည်၊ ငါသည် သင်တို ့၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ့ချေ။ အာနန္ဒာ၊ ငါသည် ယခု အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို ့ရောက်ရှိနေပေပြီ၊ ထို ့ကြောင့် သင်တို ့သည် မိမိကိုယ်သာ မှီခိုကိုးကွယ်ရာပြု၍ နေကြကုန်လော့။ တရားမှတပါး မှီခိုကိုးကွယ်ရာမရှိဘဲ တရားသာလျင် မှီခို ကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော "



တစ်နေရာ၍ အရှင်သာရိပုတ္တရာက သဗ္ဗညုတဉာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မဏသည် ရှေးကမရှိခဲ့၊ နောင်ရှိမည်လည်း မဟုတ်၊ ယခုလည်းမရှိဟု ကျွနိုပ် ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက " သာရိပုတ္တရာ၊ သင်သည် ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ ့သော ဘုရားရှင်တို ့၏ စိတ်ကို သင်၏ ညဏ်ဖြင့် ပိုင်းခြား၍ မသိပါဘဲလျက် အဘယ်ကြောင့် ဤသို ့ကြီးကျယ်ခန် ့ညားလှသော၊ တိကျလှသော စကားကို ဆိုဘိသနည်း" ဟု မိန် ့တော်မူ၏။



ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာများစွာတို ့သည် လာရောက်၍ ဗုဒ္ဓအား ပူဇော်ကြ၏။ ထိုအခါ ဗုဒ္ဓက "အာနန္ဒာ၊ နတ်ဗြဟ္မာတို ့သည် ဤသို ့ပူဇော်ကာမျှဖြင့် ငါဘုရားအား မြတ်နိုးသည် မမည်သေး၊ အကြင်ဥပါသကာ ဥပါသိကာမ တို ့သည်လည်းကောင်း၊ ရဟန်းယောကျင်္ား၊ ရဟန်းမိန်းမတို ့သည် လည်းကောင်း ငါဟောကြားအပ်သောတရားနှင့်အညီ ကျင်ကြံနေထိုင်ကြ၏။ ထိုသူတို ့သည်သာလျင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည်မည်၏" ဟု မိန် ့တော်မူသည်။ အရှင်အာနန္ဒာက "အရှင်ဘုရား၊ ကိုယ်တော်မြတ်နိဗ္ဗာန်လားခဲ့သော် အလောင်းတော်အား ကျွန်ုပ်တို ့ ပြုဖွယ်ကိစ္စကို အဘယ်သို ့ ပြုရပါအံ့နည်း " ဟု မေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက " အာနန္ဒာ ၊ ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်းစသည်တို ့၌ သင်တို ့ မကြောင့်ကြကုန်လင့်။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာသာ များစွာလုံ ့လပြုကြကုန်လော " ဟု မိန် ့တော်မူ၏။



ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား "အာနန္ဒာ၊ ငါ၏ တပည့် ရဟန်းသံဃာတို ့သည် ငါ ပရိနိဗ္ဗာန်စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟု ထင်မှတ်ကြပေလိမ့်မည်။ ထိုသို ့ မထင်မှတ်သင့်။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို ့ဆရာဖြစ်လတ္တံ ့။ ထို ့ကြောင့် ငါလွန်သောအခါ ငါရှိသည် ဟုသာ ကောင်းစွာမှတ်အပ်၏" ဟု မိန် ့ကြား၍ ရဟန်းတို ့အား မိမိ၏ တရား၍ တစ်စုံတစ်ရာယုံမှားရှိလျှှင် မိမိမလွန်မီ မေးလျှောက်ကြရန်၊ သတိပေး၏။ သို ့ရာတွင် ရဟန်းတို ့က မည်သို မျှ မမေးလျှောက်ကြချေ။ ထို ့နောက် ဗုဒ္ဓသည် "ရဟန်းတို ့၊ သင်္ခါရတရားတို ့သည်ပျက်စီးတက်သော သဘောရှိကြကုန်၏။ သင်တို ့သည် မမေ့မလျော့သော သတိဖြင့် ကျင့်ကြံအားထုတ် ကြကုန်လော" ဟုနောက်ဆုံး မိန် ့ကြားပြီးလျှင် ပရိနိဗ္ဗာန်ပြုတော်မူ၏။



ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျှား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသောသုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်ကောင်းနှလုံးကောင်းရှိသော သူတို ့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း ဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတပါးကို အပြစ်မြင်၊ အထင်သေးခြင်း၊ စာနာထောက်ထားမှု မရှိခြင်း သူတပါး၏ ဂရုစိုက်မြှောက်စားမှုကို လိုလားခြင်း၊ စသော စရိုက်လက္ခဏာများကို ပြတက်ကြ၏။ ဗုဒ္ဓသည်ကား ရောဂါဝေဒနာ ခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်၌ပင် မိမိအား အကြောင်းပြု၍ သူတစ်ပါး စိတ်မကောင်းမဖြစ် စေလိုခြင်း၊ သူတစ်ပါးကို အထင်အမြင်မသေးစေလိုခြင်း၊ (အရှင်သာရိပုတ္တရာအား မိန် ့ကြားချက်) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း၊ စသောလက္ခဏာများဖြင့် မြင့်မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည်။



သို ့ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့စာပေ၌ အခံ့ညားဆုံး စိတ်အား တက်ကြွဖွယ်အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါပေသည် (၁) ဟု ရေးသားခဲ့၏။ စင်စစ် မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို ့က လွန်ကဲသော သဒ္ဒါယုံကြည်စိတ်ဖြင့် ဖန်တီးထားသော အနန္တဘုန်းတော်ရှင် မဟုတ်တော့ပဲ အလွန် စိတ်ဓာတ်မြင့်မြတ်၍ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ့ စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။





(၁) Bryan de Krester, "Man in Buddhism and Christianity' P-67

-------------------------------------------------------------------------------------------------------------------------------



စိတ်ထဲထွေနေတာနဲ ့ခြောက်ကပ်ကပ်စာအုပ်စင်ပေါ်က မြန်မာကနေယူလာခဲ့တဲ့ ဦးအေးမောင်(ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒကျမ်းပြု) ရေးသားတဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ၏ ထူးခြားချက်များ ကို ဖတ်ရင်းနဲ ့ တခါတည်းရိုက်ပြီး တင်လိုက်တယ်။ အားလုံး ဆရာကြီးရေးထားတဲ့ အတိုင်းပါပဲ။ တချို ့စာလုံးပေါင်းမှားနေတာကလွဲရင် (မရိုက်တက်လို ့)။ ဒါက အခန်း (၁) ပါ။





နတ်ဆိုး

ွှ

Wednesday, August 20, 2008

ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဂျော်ဂျီယာနဲ ့ ရုရှတို ့ စစ်ဖြစ်ခဲ့ကြတယ်။ အင်နဲ ့ အားနဲ ့ တိုက်ခိုက်ကြတာကို ဗီဒီယို အတိုလေးတွေကြည့်ပြီး အ့ံသြနေမိတယ်။ သူတို ့စစ်တိုက်တယ်ဆိုတာ သေနတ်နဲ ့့ ပြီးသွားတာမဟုတ်ဘူး။ အဲလို သေနတ်ပစ်သလို ဒုံးတွေကို ပစ်နေကြတယ်။ ဒါပေမယ့် ဂျော်ဂျီယာက စုစုပေါင်းမှ စစ်အင်အား ၂သောင်းကျော်ပဲရှိတဲ့ အတွက် မယှဉ်နိုင်ခဲ့တော့ နောက်ဆုံး သူတို ့မြို ့တော်ကို ကာကွယ်ဖို ့ နေရာအားလုံး ကနေဆုတ်ခွာခဲ့တယ်။ အနောက်နိုင်ငံတွေ ဖိအားနဲ ့ရုရှကလည်း ထိုးစစ်ကို ရပ်တန် ့ ခဲ့ရတယ်။



့ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ကျွန်တော် အကြောင်းအရာတစ်ခု၊ စာတစ်ကြောင်းကို သွားပြီး စိတ်ဝင်စားနေမိတယ်။ အပစ်အခက်ရပ်ဆဲရေးကို မကြေညာခင် ဂျော်ဂျီယားမြို ့တော် တဘလီစီမှာ ဂျော်ဂျီယာပြည်သူတွေက သူတို ့သမ္မတကို ထောက်ခံကြောင်း ၊ ပြန်လည်တိုက်ခိုက်မှာဖြစ်ကြောင်းကို ပြောဆိုကြတယ်။ တသွေးထဲဆိုတာကို ပြောဆိုကြတယ်။ ဒီအချိန်ဟာ အငြင်းအခုံလုပ်ရမဲ့ အချိန်မဟုတ်ဘူးတဲ့။ တကယ်တော့ ဂျော်ဂျီယာက စစ်ရေးအရရှုံးနှိမ့်ခဲ့တာပါ။ ဒီစစ်ပွဲကြောင့် လူပေါင်းများစွာလည်း ဒုက္ခရောက်နေကြတယ်။ နယ်မြေတော်တော်များများလည်း ရုရှအောက်ကို ရောက်နေတယ်။ ဒါပေမယ့် ဒီအချိန်ဟာ သွေးကွဲရမဲ့အ ချိန်မဟုတ်ဘူးလို ့ ဂျော်ဂျီယန်တော်တော်များများက ဆိုခဲ့ကြတယ်။



National unity rather than political fighting တဲ့။ နိုင်ငံရေး၊ ၀ါဒ၊ လူ၊ စတာတွေ မကြည့်ပဲ နိုင်ငံအတွက် ဘုံရန်သူ ရုရှကိုပဲ ကြည့်ကြတယ်။ နိုင်ငံရေးထက် အမျိုးသားညီညွတ်ရေးကို ဦးစားပေးကြတယ်။ အဲဒီအတွက် ဂျော်ဂျီယန်တွေကို ကျွန်တော် လေးစားမိတယ်။ ကျွန်တော်တို ့မြန်မာဦးဆောင်သူတွေ၊ ပြည်သူတွေ ရော နိုင်ငံရေးဆိုတာထက် အမျိုးသားရေးအနေနဲ ့လုပ်ရင် ကောင်းမယ်လို ့ တွေးမိတယ်။ မျှော်လင့်မိတယ်။ တကယ်တော့ ဒါဟာ အမျိုးသားရေးလည်းဖြစ်နေပြီလို ့ထင်ပါတယ်။ လက်နဲ ့ မှရေတွက်လို ့မဆန် ့တဲ့ မြန်မာ အဖွဲ ့တွေ ဘယ်တော့များ နိုင်ငံအတွက် အကျိုးတူပေါင်းစည်းကြမလဲ။ ပေါင်းစည်းနိုင်တဲ့နေ ့တော့ရှိမယ်လို ့ ယုံချင်တယ်။

Thursday, August 14, 2008

ရှာလို့ရတဲ့ ဟာကို မျှဝေဖို့

တချို့ညတွေ၊ နေတွေမှာအဖော်ဖြစ်ဖို့


ကျွန်တော်လိုအပ်တာကို ကူညီလုပ်ကိုင်ပေးဖို့


အန္တရာယ်နဲ့ကြုံတဲ့အခါ ကာကွယ်ပေးဖို့



အဲလိုတွေ အတွက်...







လေးငါယောက်လောက်တော့ ရှိဖို့လိုအပ်ပြီးထင်တယ်။ :D :P :)

ပျင်းလို့။





နတ်ဆိုး

Wednesday, August 13, 2008

ဒီနေ ့ အလုပ်မှာ စကားပြောကြရင်းနဲ ့ တရုတ်နိုင်ငံသား တစ်ယောက်က အိုလံပစ်အကြောင်းစပြောဖြစ်တယ်။ သူတို ့ တရုတ်က ရွှေအများဆုံးရထားတာဆိုတော့၊ သူက ပြုံးပြုံး ၊ ပြုံးပြုံးနဲ ့ပေါ့။ ဘယ်လိုဘယ်ဝါကောင်းကြောင်း၊ မနေ ့က စပိန်ကို ရှုံးသွားတဲ့ အရှည်ကြီးယောင်မင်တို ့ဦးဆောင်တဲ့ တရုတ်ဘက်စဘောအကြောင်း မကျေမချမ်းပြောပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ အချိန်ပိုထိကစားခဲ့ရပြီး အဲဒီမှာမှ ရှုံးသွားတာကိုး။ အီတလီသားကလည်း သူတို ့ အီတလီကို ဂွတ်(good) နေတာပဲ။ သူလည်း ပြုံးပြုံးနဲ ့ပဲ။ ဟုတ်တယ်လေ။ အီတလီက လက်ရှိ နံပါတ်လေးနေရာမှာကိုး။ ရွှေ ၄ ခုနဲ ့လေ။ ပြောကြရင်းနဲ ့ ဟေး နိုင် မြန်မာကော မပါဘူးလားတဲ့။ ကျွန်တော်က ပါတယ် ၆ယောက်လောက်ပါတယ်ဆို တော့ ဆုမရဘူးလားတဲ့။ အားငယ်သွားမိသလိုပဲ။ မရဘူးဆိုတော့။ မဟုတ်ဘူးလေ၊ ရွှေတံဆိပ်ပြောတာမဟုတ်ဘူး။ ငွေတို ့၊ ကြေးတို ့ကော မရဘူးလားတဲ့။ တော်တော်စိတ်ညစ်စရာကောင်းတဲ့ မေးခွန်းဗျ။ သူတို ့ဖသာလည်း စာရင်းမှာကြည့်လို ့လည်းရရဲ ့သားနဲ ့။ မရပါဘူးဆိုနေမှ။ တကယ်ပဲ။ မြန်မာက လူကြီးမင်းများကိုလည်း ရတဲ့ အချိန်လေး ကျိန်ဆဲလိုက်သေးတယ်။ တခုခု နိုင်ငံမှာ နှိမ့်ကျနေတာဖြစ်ရင် သူတို ့ကိုပဲ သွားသွားမြင်နေတော့တာပါပဲ။

အပင်တစ်ပင်မှာ အမြစ်မကောင်းရင် အပင်နေရောင်ဘယ်လောက်ရရ အသုံးမဝင်ပါဘူးလေ။ ပုတ်နေတဲ့ အမြစ်မရှိမှဖြစ်မှာပဲ။ သန်စွမ်းပြည့်ဝတဲ့ အမြစ်နဲ ့အစားထိုးဖို ့လိုအပ်တယ်။ တပင်လုံး မပြိုလဲခင် အစားထိုးနိုင်ကြမလား။



နတ်ဆိုး

Friday, August 8, 2008

တစ်ခုခုတော့ တင်ချင်တယ်ဗျာ။ သီချင်းတစ်ပုဒ်ကလည်း မပြီးဘူး။



အနှစ်နှစ်ဆယ်တောင် ရှိသွားပြီဗျာ။



စကော်ပီယံ ဂီတအဖွဲရဲ့မျိုးဆက် အသစ် ဆိုတဲ့ သီချင်းထဲက ပထမဆုံး စာသားတချို့ကို သတိရနေတယ်။





ငြိမ်းချမ်းမှုကင်းမဲ့တဲ့ နောက်ထပ်နေ့ရက်

အဖြေဆိုတာ ဘယ်မှာ

စစ်တပ်ကတော့ တိုက်ပွဲတွေ နိုင်အောင်တိုက်ဆဲ

မင်းနဲ့ငါတို့ အတွက် မဟုတ်ဘူးဆိုတာတော့ အသေအချာ



မျိုးဆက်တွေ ဘယ်နှစ်ဆက် ကျဆုံးရမလဲ

ဒီ သွေးစီး ချောင်းတွေကို ပြက်တောက်စေဖို့

ခေါ်သံတွေ က ငါ့ခေါင်းထဲမှာ ချာချာလည်

မင်းရဲ့အသံက အဆိုးဆုံးခံစားရစေတယ်



ဒီမှာ ငယ်ရွယ်နုပျိုတဲ့ ရဲ့ရင်တဲ့ မျိုးဆက်တွေ လာပြီ

မင်းတို့ငါတို့သာ

မင်းတို့ငါတို့သာ အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်နိုင်တဲ့ သူတွေ..



??????



နတ်ဆိုး