Tuesday, October 14, 2008

သီတင်းကျွတ်ပြီ



ကောင်းကင်ပေါ်မှာ မီးပုန်းပျံလည်း မတွေ့ဘူး။

အိမ်တွေပေါ်မှ ဆီမီးလည်းမတွေ့ဘူး။

သာသာ ထိန်နေတဲ့ လမင်းလည်းမရှိဘူး။

ပျော်ဝင်နေတဲ့ ခံစားချက်တွေလည်း မတွေ့ဘူး။

မီးပုန်းတွန်းနေတဲ့ ကလေးတွေရဲ့ အသံလည်း မကြားရဘူး။

မီးသရဲဆိုတာလည်း မမြင်ရဘူး။

သီချင်းဆိုသံ၊ ပျော်ရွင်အော်ဟစ်သံတွေ မကြားရဘူး။

ကြည်နူးစရာမရှိဘူး။ လွတ်လပ်မှုမရှိဘူး။



တကယ်ပါ။ ငါ့တိုင်းပြည်ကို ငါချစ်တယ်။ ငါ့ဓလေ့တွေကို ငါ နှစ်သက်တယ်။

ငါ့ယဉ်ကျေးမှုတွေကို ငါမြတ်နိုးတယ်။ ငါတို့လူမျိုးကို ငါအထင်ကြီးတယ်။

ငါ့တိုင်းပြည်မှာ ရှင်သန်ခွင့် ရခဲ့တဲ့အတွက် ငါ ဂုဏ်ယူတယ်။

6 comments:

  1. မှန်ပါ့တော်..
    ဒီနေရာကျ ဟုတ်သွားပြန်ပီ..

    ReplyDelete
  2. ဟဲ..ဟဲ.. အမြင်မှန်တွေ ရလာပီ

    ReplyDelete
  3. အိမ်လွမ်းနေပြီ ထင်တယ်။ ပုံရိပ်လည်း သီတင်းကျွတ်ကို လွမ်းသား။ လမင်းတော့ မြင်ရပါတယ်။ မတူတာ တစ်ခုပဲ။ မီးသရဲ ဆိုတာ ဘာလဲဟင်။

    ReplyDelete
  4. အိမ်လွမ်းနေတယ်။
    ဒီက လမင်းက သနားဖို့  ကောင်းပါတယ်။ :D

    မီးသရဲဆိုတာ ကလေးတွေ ဆော့တဲ့ဟာလေ။ ဖရောင်းကို ပူနေအောင် မီးဖိုသေးသေးလေးနဲ့ ကြို၊ ပီးတော့ တအားပူနေတဲ့အချိန် ရေနည်းနည်းလေးဖြန်းလိုက်ရင် မီးတောက် က ၀ုန်းဆို အကြီးကြီး ထဖြစ်လာတာ။ ဖရောင်းရည် လစ်ပို တစ်ဖုံးလောက်ဆို လူတစ်ရပ်လောက် မီးတောက် ဖြစ်တယ်။ ရေ ၄ ၅ ခါလောက်ပက်လို့ ရတယ်။

    ReplyDelete
  5. သြော် အဲလို ခေါ်တာလား။ အဲဒီနည်းကိုတော့ သိတယ်။

    ReplyDelete
  6. အင်း ငါလည်း လွမ်းတယ်ဟ ဒီမှာပိုဆိုးတာက ငါတို့နဲ့က ဘာမှကိုတူဘူးဟ ဒါကြောင့် အရှေ့နဲ့အနောက် ဖြစ်နေတာနေမှာနော်...... ငါ့ဆီမှာတော့ လမင်းကြီး လည်း ရေးရေးကို မမြင်ရဘူးဟ ကြယ်တွေမှိတ်တုတ်မှိတ်တုတ်လည်း ရှိပါဘူးဟာ... ကောင်ကင်တခုလုံးက အမြဲမှိုင်းနေတာဘဲ မြူတွေနှင်းတွေနဲ့ အခုကို အပူချိန်က သုညတဲ့ဟ ဟဲဟဲ

    ReplyDelete