Sunday, January 20, 2008


ဒီနေ့ဂျစ်တူး၊ ပန်ဒိုယာ၊ ပုံရိတ်၊ လေးမ၊ သိုးမလေး၊ ကိုသန့်ဇော်မင်း တို့ဆီသွားလည်ပြီး ကျွန်တော့် ဘလောခ်လေးကို လွမ်းမိတယ်။ တမ်းတမ်းတတရယ်လို့မဖြစ်ခဲ့ပဲ ဘာရယ်မဟုတ် ဒီဘလောခ်ကို ပြန်ဖန်တီးမိတယ်။ အေးရာအေးကြောင်းလေးတွေ ပေါ့ဗျာ။







တူးတူးပုန်းနေတဲ့ ကောင်းကင်နောက်က ကြယ်



ပြောင်ပြောင်လတ်လတ်ဖြစ်အောင်တိုက် ထားတဲ့ စတီးခွက်

တိုက်ချိုတိုက်မြင့်တွေကြား

လမ်းသွယ်လေးတွေကြား

လျှက်စစ်မီးအားတွေ ဖြတ်သန်းစီးဆင်း

လေပြည်အေးအေး တချက်တိုက်တိုင်း

ငါ့ရင်ဘတ်မှာ နွေးနွေးထွေးထွေး သွေးတစ်ချက်တိုးတယ်

လေးလေးကန်ကန် ခေါင်းတွေနဲ့

သမိုင်းတွေ မရမက ဖြစ်အောင်ဆောင့်ချ

နှလုံးသာတွေကို မာစေခဲ့

အိပ်လို့မပျော်တိုင်း နေ့လို့ ပြောလို့ရမလား

တိတ်တိတ်ဆိတ်ဆိတ်ဆိုတော့လည်း လောကကြီးမှာ အင်အားရှိသလို

ညဆိုမှတော့ ညပဲဖြစ်မှာပေ့ါ

စတီးလ်ခွက် ..

ငါမုန်းတယ်။ စတီးလ်ရောင် နှလုံးသားက စတီးလ်ခွက်ကို မုန်းတယ်

လူတွေသိရင် ရယ်ကြဦးမယ်

ခေါင်းကြီးနဲ့ထပ်စဉ်းစား

ဒါ ကော်ဖီလား ဘာရည်တွေလည်း

တူးတူးခါးခါးဆိုတာ တစ်တစ်ခွခွမဟုတ်ဘူး

ဖြစ်ညစ်ပြီးတော့ဆိုပေမယ့်

ဘဝဆိုတာ လိုအပ်ရင် သုံးဆောင်ရတာမျိုး



တော်ပြီ

ညဟာအိပ်ပျော်နေပြီ

တော်ပြီ

လူတွေဟာ အိပ်ပျော်နေပြီ

တော်ပြီ



ကော်ဖီက ခါးတယ်လား

ငယ်ငယ်က ခူးစားခဲ့တဲ့ သစ်တော်သီးကို သတိရ

ဇီးချဉ်သီးနဲ့ ငုရုပ်သီး တို့စားမိရင် ဖင်ပူတယ်

တစ္စေစျေး ကဗျာကို ပြန်ဖတ်ရရင် ကောင်းမယ်

အဲဒီ အသစ်ကိုလေ မီးမတို့နဲ့ဦးဆိုတာ

ဘုရားက အနတ္တလို့တော့ဟောသွားတာပဲ

သံသရာ ဆိုတာ ရေကူးကန်မဟုတ်

ရေကူးတက်တယ်ဆိုရုံနဲ့ သံသရာက မလွတ်

ညဉ့်ရဲ့ ငှက်ဆိုးထိုးသံ ဟာလည်း နားထောင်လို့ကောင်းတယ်

ဘယ်လိုလုပ်ကြမလဲ

တိတ်တိတ်ဆိတ်ဆိတ်တွေ ပြိုဆင်း

ဝဲဘက်ဝဲယာမှာ အမှောင်တွေရောက်လာ



တော်ပြီ

ကောင်းကင်မှာ ကြယ်တွေဟာ စုံနေပြီ။

တော်ပြီ

ရင်ဘတ်တွေထဲမှာ ကြယ်တွေဟာ စုံနေပြီ။

တော်ပြီ

သမိုင်းတွေမှာ ကြယ်တွေဟာ စုံနေပြီ။

တော်ပြီ

အေးအေးချမ်းချမ်းပဲ..

8 comments:

  1. တူးတူးခါးခါးဆုိတာ တစ္တစ္ခြခြမဟုတ္ဘူး

    ဒါပေမယ့် တုန်တုန်ခိုက်ခိုက်

    တော်ပြီ ကောင်းကင်ကအေးလွန်းတယ်။ ညဆိုပိုအေးတယ်။

    ReplyDelete
  2. ဟိတ်.. ကောင်းကင်ဆိုတဲ့.. ကလက်ကာကြီးကို ချွဲချမလိုက်ရင်.. ပုန်းနေတဲ့.. ကြယ်ကို.. ဘွင်းဘွင်းကြီး မြင်တွားမှာနော်.. မချွဲချချင်ဝူးးး ခုကတည်းက လိမ်လိမ်မာမာနဲ့.. ထွက်ခဲ့.. ဟင်းဟင်းးဟင်းး :(

    ReplyDelete
  3. ပြန်လာပြီ ပေါံ။ ဒီလိုမှ ပေါံလေ။ တစ်တစ်ခွခွ ကော်ဖီ လာသောက်သွားတယ်။

    ReplyDelete
  4. ဟာဟ ပြန်ပေါ်လာပြီကွ နတ်ဆိုးကြီး မင်္ဂလာပါနောာာာာ
    ပုန်းနေရာက ထွက်လာလို့ ၀မ်းသာပါတယ်။ မို့ဆို ဘလော့ဂ်ဝင်လိုက်တိုင်း 404 ပဲပြနေတယ်။ ချဲထီတောင် ပြေးထိုးရင် ကောင်းမလားပဲ။ :P

    ReplyDelete
  5. စောစောစီးစီး ahmei ဆီကသတင်းရလို့ အိပ်ချင်မူးတူးနဲ့ရောက်လာတာ…
    ကိုတေးမွန်ရေးထားတာ ဖတ်လိုက်ရတော့ မျက်လုံးကိုပြူးသွားတာပဲ…. (ဘာတွေမှန်း မသိလို့)
    ဟီး… အနော်က အဲဘက်ကျ ကျွဲပါး guitar တီးဗျ… (ကိုယ်ကစောင်းမှ မတီးတတ်တာ)
    ဘာပဲ ပြောပြော…. ရဲမျက်မှန်တွင်လုပ်သည်…. ဟုတ်ပေါင်….
    ဘာပဲ ပြောပြော.. လည်လည်လာစရာတစ်ခုရတာပေါ့…..

    ReplyDelete
  6. ပန်ဒိုယာ

    ကောင်းကင်ကအေးတယ်လား.. စောင်ခြုံပြီးကွေး.. :P
    ခုန်မချခဲ့နဲ့ ... ရောက်ချင်လို့  သွားခဲ့တယ်.. ပျော်ပျော်ပဲကောင်းပါတယ်... နော

    လုပ်ပါနဲ့ AHMEI ရယ်.. ငါ့မှာ နေစရာဆိုလို့  ဒါပဲရှိတာရယ်..
    ဘွင်းဘွင်းကြီး မြင်မှာ ဆိုတော့ ဟိ.. ရှက်ရှာဂျီး.. :P

    ပြန်လာပီ ပုံရိတ်ရေ... ဟဲ..ဟဲ.. အပြန်လက်ဆောင် ကို ပုံရိတ်တစ်ယောက်ပဲ သောက်လိုက်ရတယ် ဂုဏ်ယူလိုက်စမ်းဘာ.. ဟိ..ဟိ.. အရသာတော့ မေးတော့ဘူး.. မကောင်းတာ လူတိတုန်မှာ ချိုးလို့ ..

    အစ်ကိုကြီး အသံနဲ့  welcome back တဲ့.. ။ ခွေးလွတ်.. အဲ.. ခွင့် လွတ်ပါဗျာ.. တခါတလေ ဘလောခ်စပေါ့ပေါ်က ဆင်းသွားတာကို.. :D

    နတ်ဆိုးကြီးက ရှိပါတယ်.. တူးတူးပုန်းနေတာ.. ပျင်းလို့ .. :) ညလေးရယ် ပုံရိတ်ရယ် က ဘယ်လို တိကြတာလဲ.. နတ်ဆိုး ဇရပ်ပေါ်ပြန်ရောက်နေတယ်ဆိုတာ.. :D

    ဟေးလူ ကိုတင့်နိုင်ထွန်း
    ကျေးဇူးတင်ဗျာ.. ခင်ဗျား အိပ်ချင်မူးတူးဖြစ်နေတာကို
    လန်းဆန်းအောင်(မျက်လုံးပြူးသွားတယ်မလား) လုပ်ပေးလို့ .. ကျွန်တော် က တော ဒီဘက်မှ မဟုတ်ပါဝူး..
    ဘယ်ဘက်မှာက ထူးထူးချွန်ချွန်မရှိဘူး.လို့ ပြောမလို့ .. ဟီး..

    ReplyDelete
  7. ပုန်းနေတဲ့ ကြယ် ထွက်လာတာကို တစ်လ နီးပါးရှိမှ သိတယ်...။ ညံ့လိုက်တဲ့ လေးမပါလားနော်...။ ကြယ်ဆိုးရေ... တူတူရေ..၀ါး...။

    ReplyDelete