Wednesday, February 27, 2008

ဘယ်လိုပုံမျိုးလဲ

-------------------------------------------------------------------------------------



INTRO: C G Am Em



C - - - - - - - - - - - - - - -G

တနေ့က ကျွန်တော်.... ချစ်သူလေးဆီသွားခဲ့တယ်..

Am - - - - - - - - - - - - - Em

ပုဆိုးလေးဝတ်လို့ကျွန်တော် .. သူ့ကို တွေ ့ခဲ့တယ်...

C - - - - - - - - - - - - - - G

မြင်မြင်လိုက်ချိန်မှာပဲ... ချစ်စရာကောင်းတဲ့ မျက်နှာလေး

Am - - - - - - - - - - Em - - - - - - - - F ---- G

ပုတ်သိုးလို့သွားခဲ့.. ကျွန်တော်သိတယ်...တကယ်သိခဲ့တယ်...



(CHO)

C

(ဘယ်လိုပုံမျိုးနဲ့ (ငါချစ် ရမှာလဲ)

G

ဘယ်လိုပုံမျိုးနဲ့ (ငါချဉ်း ကပ်ရမလဲ)

Am

ဒါတွေလို သေးလား (ချစ်ခြင်းရဲ့အကြောင်းမှာ)

Em

ဒါတွေလို သေးလား.. ) ၂ F G C G Am ..



(VERSE) (CHO)



ALTER တွေပဲလား....

ROCKER တွေပဲလား...

RAPPER ပုံမျိုးလား....

ဘယ်လိုပုံမျိုးလဲ... ပြောစမ်းပါကွယ်.. ငါချစ်တဲ့ ကောင်မလေးရယ်..



(CHO)



ပြောစမ်းပါကွယ်.. ငါချစ်တဲ့ ကောင်မလေးရယ်..





ဟိ.. တစ်ခါက ကျွန်တော် ရန်ကုန်က ကောင်မလေးတွေ၊ကောင်လေးတွေ ကြည့်ပြီး စိတ်ထွေထွေနဲ့ ရေးခဲ့ဖူးတဲ့ ကိုယ်ပိုင်သံစဉ်ပါ။ အော်တာ အပျော့စားမျိုးနဲ့တူမလားပဲ။ ဒိုးလုံးတို့ပုံစံ။ ဘာမှတာနားမလည်တာ တခါတလေတော့ အဲလိုလျှောက်လုပ်ဖြစ်တယ်။



ဟိုအောက်က.. ကောင်းကင်ပေါ်မှာ လမင်းကြီးကဝင်းပ ဆိုတာလည်း သီချင်းဗျ။ မသိမှာစိုးလို့။ အခု လည်းရေးချင်နေတယ်။ ရေးဖြစ်မလားတော့ မသိဘူး။ မရေးဖြစ်ခင် သတိတရတင်လိုက်တာ။





နတ်ဆိုး

၂၇ ဖေဖေါ်ဝါရီ ၂၀၀၈

Saturday, February 23, 2008

ကျွန်တော်လား..

သိပ်ထွေထွေထူးထူးမရှိပါဘူး။



ငယ်ငယ်တုန်းက အနာဂတ်အကြောင်းတွေးတယ်၊ အချိန်မတိုင်ခင် ဒီအသက်အရွယ်မှာ အတိတ်အကြောင်းတွေးနေတက်တယ်။ ကောင်းတယ်လို ့ပဲပြောရတော့မယ်။ အခု ပစ္စုပန်မှာနေဖို့စပြီး ကြိုးစားနေတယ်။



မိန်းမတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေမှာ ရှေးရိုးဆန်တယ်။ သူတို့ကိုတန်းဖိုးထားတက်တဲ့ နှလုံးသားလည်းရှိတယ်။ မည်မျှ ခင်မိသော သူငယ်ချင်းဖြစ်စေ၊ မိန်းကလေးတစ်ယောက်ကို လက်လွတ်စပယ်ပြောလျှင် ချဉ်သွားတက်သည်။ သိပ်ခင်လျှင် ဗြောင်ပြောလွတ်တက်သည်။ သိပ်မခင်လျှင် အဆက်အဆံ လုပ်တာကျဲသွားတက်သည်။



ကာတွန်းကားတွေကို နှစ်နှစ်ချိုက်ချိုက် ကြိုက်တယ်။ ကာတွန်းရုပ်တွေကိုလည်း ကြိုက်တယ်။ နောက်တစ်ခုကတော့ တရုတ်သိုင်းဝတ္တုနဲ့သိုင်းကားကို ကြိုက်တာပဲ။ ချင်ချင်းတက်လာတဲ့ အခါမျိုးဆို တညနဲ့တရက် မအိပ်၊ မစားပဲ သိုင်းဝတ္တုဖတ်တက်တယ်။



ဂီတကို ဗီသိုဗင်၊ ဟန်ဒယ် တို့လို ကလက်စစ်ကယ် ကနေ မတ်တယ်လ်၊ ရောခ်၊ အော်တာနေးတစ် တွေ အထိ ခံစားနှစ်ချိုက်တယ်။ အထက်တန်းပြီးတဲ့ အချိန်ကစလို့တက္ကသိုလ်ပြီးတဲအထိ တယောကို ၄ နှစ်သင်ဖူးခဲ့ပြီး အခုအချိန်မှာတော့ အနှမြှောဆုံး ဆုံးရှုံးသွားတဲ့ အရာအဖြစ်ကျန်နေခဲ့တယ်။ ဂီတမျိုးစုံကို နားထောင်တက်တယ်။ မြန်မာဂီတကိုလည်းကြိုက်တယ်။ ပတ္တလား တီးတာကို နားထောင်ရတာကြိုက်တယ်။



လူအတော်များများကတော့ လူတော်လို့သတ်မှတ်ကြတယ်။ တစ်တောင်ပေါ် တစ်တောင်ဆင့်တာ ကြုံရတိုင်း သူတို့ထင်တာ မှားတယ်လို့ခံစားရတယ်။ အခုချိန်ထိတော့ အသာလေးကြိုးစားပြီး ဖြစ်မြောက်နေတာတွေနဲ့နေသားကျနေတယ်။ သူများတွေကတော့ ကြိုးစားတယ်ထင်ကြတယ်။ ကိုယ့်ကိုကိုယ်အသိဆုံးကတော့ ကြိုးစားမှုဆိုတာ ကိုယ်လုပ်တဲ့ အရာတွေထဲမှာပြောပလောက်အောင် မပါသေးတာပဲ။ အဲဒါကြောင့်လည်း ထိပ်ဆုံးဆိုတာကို ဘယ်တော့ကမှ မရောက်ခဲ့ဖူးဘူး။ တကယ်ကြိုးစားရင်လည်း ရောက်ချင်မှ ရောက်မှာပါ။ မသိနိုင်ဘူး။



ကျွန်တော့်ကို ငပျင်းလို့သိတဲ့ သူငယ်ချင်းအုပ်စု ရှိတယ်။ ပျင်းတဲ့ နေရာမှာ စံထူလောက်လို့။ တေးမွန် နင်လေ..တို့. မင်းကွာ.. တို့ဆိုတာ ခဏခဏ ကြားရတဲ့ စကားပဲ။ ကျွန်တော်ကိုတွေ့ရင် လူတော်လိုဆက်ဆံတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ မတက်နိုင်ဘူး။ သူများထင်တာတွေကို အကုန်လိုက်မရှင်းနိုင်ဘူး။



အိမ်ကတော့မှာ အုတ်ခဲတော့ အုတ်ခဲပဲ။ ဘာအုတ်ခဲလဲမသိဘူးတဲ့။ အငယ်ဆုံးဆိုတော့ သူတို့ထင်ချင်တာထင်။ ပြန်ပြောရင် အာပေါက်တယ်။ ခတ်တယ်။ အိမ်မှာ အငယ်ဆုံးဆိုတော့ တခါတလေ အပြင်မှာ ဆက်ဆံတဲ့ အခါ အငယ်ပုံပေါက်နေတယ်။၂၂ နှစ်မှာ ဦးလို့ခေါ်တဲ့ ကောင်မလေးကို ကြည့်ပြီး ငါမငယ်တော့ဘူးဆိုတာ စတွေးမိတယ်။ အဲဒီကလေးမကတော့ သူ အသက်ငယ်ချင်လို့ခေါ်တာနေမှာပါ။



ဆန့်ကျင်ဘက်တွေ အများစုနဲ့ဖွဲစည်းထားတယ်။



မန္တလေး အထက်တန်းကျောင်းက သူငယ်ချင်းတွေ ကျွန်တော်ကို ဂျစ်ကန်ကန် လူတစ်ယောက်အနေနဲ့ပဲ သိကြတယ်။ ဒါပေမယ့် စိတ်ထားက နုတယ်။ မိုးရွာပြီးတိုင်း ခြံထဲမှာ ပုရွတ်ဆိတ်တွေကို သစ်ရွက်တစ်ရွက်နဲ့ ကယ်ဆယ်ရေးလုပ်နေတက်ပြီး၊ ရုပ်မာတဲ့ လူမျိုးကျတော့ အသေသတ်ပစ်တာ အကောင်းဆုံးလို ့ ခံစားတက်တာမျိုး။ တရုတ်သိုင်းဝတ္တုဖတ်တဲ့ အခါ ကောင်မလေးကို အဓမ္မကျင့်သွားရင် အဲဒီစာအုပ်ကို ဆက်မဖတ်နိုင်ပဲ၊ မင်းသားကိုသည်လိုအမြင်ကပ်ပြီး စာအုပ်ကို လွှင့်ပစ်တက်တယ်။ သောက်သုံးမကျတဲ့ ကောင်ဆိုပြီး။ ပြီးမှ ပြန်ဖတ်တာပေါ့။



တိရိစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင်ကို တွေ့ဖူးတဲ့ လူတွေ အားလုံးထက် အလေးထားတယ်။ လူသားတွေ့ရဲ့ခံစားချက်ကို အခွင့်အရေး၊ ငွေကြေးတို့ထက်အလေးထားတယ်။



ငယ်ငယ်က သမိုင်းထဲက မြန်မာသူရဲကောင်းတွေ၊ သိုင်းဝတ္တု၊ ဦးစံရှား၊ မင်းသိင်္ခ၊ ဗုဒ္ဓဇာတ်တော်တွေ၊ ကွန်ဖြူးရှပ်လို တရုတ်အတွေးအခေါ်တွေနဲ့ရင်နှီခဲ့ရပြီး အခုအချိန်ထိ လူငယ်အရွယ်နေထိုင်မှုမှာ အဲဒီလွမ်းမိုးမှုတွေ အများကြီးပါနေခဲ့တယ်။ ၁၇ နှစ်လောက်မှာ ဗုဒ္ဓ ဓမ္မကို အမေကနေ စတင်လေ့လာရတယ်။ နောက်တော့ စာအုပ်တွေ။ အကျင့်မပါတဲ့ အခါ အဲဒါတွေက ဘာမှမသိသလိုပါပဲ။



တခါတလေ ဝေဝေ၀ါးဝါးနဲ့အော် ငါဘဝ ဒီလိုပဲ ပြီးတော့ မှာပါလားလို့ဟုတ်သလိုလို တွေးတက်သည်။ မိန်းမယူလိုက်လျှင် ကောင်းမလားလို့တွေးတက်သည်။ ကောင်မလေးက တောင်းဆိုလျှင် မငြင်းတော့။



ရှက်စရာကိစ္စတွေကို တစ်ယောက်တည်းလည်းရှက်တက်တယ်။ အရင်က ရှက်ပြီဆို ခြေပစ်လက်ပစ် ဖြစ်ပြီး မျက်နှာ ပူထူနေတက်တယ်။ အနားမှာ ဘယ်သူမှလည်း မရှိပဲနဲ့။ အခုတော့ သိနေလိုက်ပါဆိုတဲ့ အမေ့စကားကို တဖြည်းဖြည်း ကျင့်သုံးမိတယ်။



ယောက်ျားလေးသူငယ်ချင်းကတော့ ပေပေတေတေ နဲ့ရိုးသားပျော်ရွင် ဘော်ဒါစိတ်ရှိတဲ့ သူအားလုံးနဲ့ အဆင်ပြေတယ်။ ကိုယ်ကိုကိုယ် ဂရုစိုက်လွန်းတဲ့၊ အသန့်ကြိုက်လွန်းတဲ့၊ ဘော်ဒါစိတ်မရှိတဲ့၊ မိန်းမလိုကောင်တွေကို ကြည့်မရဘူး။



သူငယ်ချင်းကတော့ ပြောတယ်။ သူများမပြောနဲ့မင်းလည်ပုံစံက ပျော့တာပဲတဲ့။ ဟုတ်လို့လားဆိုတော့ ဟုတ်တယ် မင်ကြည့်လိုက်ရင် ပျော့တယ်။ ပေါင်းကြည့်မှ ပေတေမှန်း၊အပင်ပန်းခံနိုင်မှန်းသိတာတဲ့။ ကျွန်တော်ကို ကျွန်တော် ပြန် ကြည့်လို့ရခဲ့ရင် ကိုယ့်ကိုကိုယ် မုန်းမယ်ထင်ပါရဲ့။ ကွန်ပြူတာတက္ကသိုလ်က သူငယ်ချင်းမကတော့ နင်ပုံက လွတ်လပ်နေတာပါလို့ပြောတယ်။ တကယ်အပြီးလွတ်လပ်နေ ရင်ကောင်းမယ်လို့တွေးမိခဲ့တယ်။



ဆယ်တန်းပြီးတော့ အလွတ်မှတ်ခြင်းကို တွန်းလှန်ရမယ်ဆိုပြီး လုပ်လိုက်တာ အခုအခါ ဦးနှောက်မှာ မှတ်တာတွေတောင် မှတ်ညဏ်မှာ မကျန်တော့ဘူး။ အဖြစ်အပျက်မျိုးတွေကိုပဲ မှတ်ညဏ်ကမှတ်တော့တယ်။ မေ့ပလိုက်မယ်ဆိုတဲ့ အရာကို လုံးဝမေ့သွားတက်တယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေကတော့ သဘာဝအရ ဒီလိုလေ.. လို့ပြန်အစချီတဲ့ အခါ မှတ်မိတယ်။ အလို မဟုတ်ခဲ့ရင် လုံးဝ သတိမလည်တော့ဘူး အဲဒီကိစ္စကို။ အခုတော့ အဖြစ်အပျက်တွေကို ပါမှတ်ညဏ်ကနေ ဆွဲထုတ်ပလိုက်ချင်တယ်။ အခုထိတော့မှတ်မိနေသေးတော့ ရေးရသေးတာပေါ့။



ထူးခြားမှုတစ်ခုကတော့ တစ်ယောက်တည်း အစကနေလုပ်ရင် အရမ်းကောင်းတာဖြစ်ဖို့ခတ်ခဲ့တက်ပေမယ့်၊ သူများလုပ်ပြီးတာကို တော့ ကြည့်ပြီး ပြင်ပြီး အရမ်းကောင်းတာမျိုးကို တွေ့မိတက်တယ်။ အတော်စိတ်ညစ်ဖို့ကောင်းတဲ့ အရာပဲ။



အသိညဏ်ရှိ လူသားဖြစ်တယ်။ မေတ္တာလည်းရှိသင့်တာထက် နည်းနည်းပိုရှိတဲ့ လူသားဖြစ်တယ်။ တခြား ထူးထူးခြားခြား အရည်အချင်း ရှာမတွေ့သေးဘူး။



လွတ်လပ်မှု ကို လွန်လွန်မင်းမင်း နှစ်သက်တယ်။ လွတ်လပ်မှုလို့ဆိုရာမှာ စိတ်ပိုင်း၊ လွတ်လပ်မှုကို လိုချင်ခဲ့တာ။ အခုအချိန်ထိတော့ ဗုဒ္ဓ တရားတော်ကို နည်းလမ်းအဖြစ်လက်ခံထားတယ်။



လူမျိုးများစွာ၏ ဘဝကို မြင်ဖူး၊ ဆက်ဆံဖူး၊ နေထိုင်ဖူးလို့လူမျိုးစွဲမရှိ။ ရိုင်းစိုင်းတဲ့ လူမျိုးတချို့ကိုတော့ နည်းနည်း မုန်းသည်။ လူ့ကျင်ဝတ်ပိုင်းဆိုင်ရာကိစ္စတွင် အနောက်၏ စံသတ်မှတ်ချက် တချိုကို လုံးဝ လက်မခံနိုင်သေး။



ကျွန်တော်ကို ချစ်တယ်လို့ပြောတဲ့ ကျွန်တော်ကြောင်သလို လိုက်ကြောင်မဲ့ ကောင်မလေးရှိသည်။ အချစ်ဆိုတာကို အခုချိန်ထိ မယုံ။ သံယောဇဉ်၊ တန်ဖိုးထားမှု ၊ နားလည်မှုများနှင့်တော့ ခိုင်မြဲသည်။ နှလုံးသားတွင်း တခြားယောက်ျားလေးများလို့နှင့်နှင့် ပိုးပိုးချစ်တက်တဲ့ အချစ်များမရှိပါ။ ယုံလည်းမယုံပါ။ တစ်ချိုသည် စွဲလန်းခြင်းကို အချစ်လို့ပြောသည်။ အချစ်ဟုတ်မဟုတ် မသိ။ မရသောအခါတွင် လူက ပိုစွဲလန်းတက်သည်။





၀ိဇ္ဇာ ကာတွန်းရုပ်များ၊ ဂျပန် ကာတွန်းရုပ်များ၊ ဒစ္စနေးကားတွန်းရုပ်များကို သဘောကျသည်။



ချောတဲ့ ကောင်မလေးများတွေ့လျှင် ကြည့်တက်တယ်။ ငမ်းတယ်လို့ပဲပြောရမှာပဲ။ ပျော်ရွင်နေသော အချိန်ဖြစ်လျှင် လိုက်ပြီး နှောက်ပြောင်တက်တယ်။



စကားတွေ များများမပြောဘူးဟု အမြဲတွေးလေ့ရှိသောလည်း တချို နှင့် ဆိုလျှင် အတော်ပြောဖြစ်တက်တယ်။



စဉ်းစားရမဲ့ ကိစ္စတွေကို အလျှင်အမြန်နှားလည်ပြီး၊ ခေါင်းထဲမှ အလျှင်အမြန်ပျောက် သွားတက်သည်။ နောက်တစ်ခါ လုပ်လျှင် အစကနီးပါ ပြန်စဉ်းစားယူရသည်။



လောကကြီးတွင် ယောက်ျားလေးတစ်ယောက်အတွက် ချစ်သူမရှားသလို ၊ ကောင်မလေးတစ်ယောက်အတွက်လည်း မရှားဟုထင်သည်။ ရည်းစား ဘယ်နှစ်ယောက်ရှိတာလို့ပြောသောသူများကို စိတ်ဆိုးပြီး သနားတက်သည်။



အကြံညဏ်လာတောင်းလျှင် ဆရာကြီးလုပ်ပြီးပေးတက်သည်။



ဘောလုံးပွဲကို လောင်းကစားရော၊ အားပေးသူရော၊ အသင်းစွဲရော လုပ်ဖူးသည်။ အခုတော့ ပွဲကောင်းပဲကြည့်ချင်သည်။ ပွဲကြည့်နေရင်း တဖတ်ကို အားပေးလိုက်သည်။တခါတလေ စစပိုင်း တစ်ဖက် နောက်ပိုင်းတစ်ဖတ် အားပေးနေတက်သည်။ ဘောပွဲရသကို ကောင်းကောင်းသိသည်။ ပုံမှန်တော့ မန်ချက်စတာ၊ အင်္ဂလန်၊ အီတလီ ကိုကြိုက်သည်။ အရင်နှစ်တွေတုန်းက ကိုယ်အသင်းဖလားလုပွဲတွင်၊ အရေးကြီးပွဲတွင်ရုံးလျှင် မအိပ်နိုင်အောင်ဖြစ်တက်သည်။



အဆုံးတွင် သာမန်လူငယ်တစ်ယောက်အဖြစ် သာ ဖြတ်သန်းခဲ့ပြီး၊ ဘာမှ ထွေထွေထူးထူး မရှိပါ။ ညာလေ့မရှိသော်လည်း ညာစရာရှိလျှင် အလိုအလျှောက် ညာတက်သည်။ ပြီးမှ စိတ်ညစ်လျှင် ညစ်မည်။ ဒီတော့ ယုံချင်သူများယုံပြီး မယုံသူများမယုံကြကုန်လော့။



ဒီနေ့ ၂၅ နှစ်ပြည့်သည်။



နတ်ဆိုး

ဖေဖေါ်ဝါရီ ၂၃ ၂၀၀၈

Thursday, February 21, 2008

ကောင်းကင်ပေါ်မှာ လမင်းကြီးက...ဝင်းပ

ပန်းခြုံအကွယ်မှာ အတွဲလေးတွေ...နမ်းကြ

သာသာယာယာ အေးချမ်းလှပတဲ့ .. ည

သာသာယာယာ အေးချမ်းလှပတဲ့ .. ည



ဘုရားစင်ပေါ်မှာ အမေထွန်းထားတဲ့...မီးများ

လမ်းတွေပေါ်မှာ ကလေးများက ဆော့...ကစား

သာသာယာယာ အေးချမ်းလှပတဲ့ .. ည

သာသာယာယာ အေးချမ်းလှပတဲ့ .. ည



ခြံထဲက ပန်းတွေ လန်းပြီ ...

ရနှံ့သင်းပြန့်တဲ့ စံပယ်တွေ ပွင့်ပြီ...

အေးမြတဲ့ လရောင် လွှမ်းခြုံထားတဲ့ ငါ့ခြံလေးကို သတိရ....

အမေထွန်းတဲ့ ဆီမီးနဲ့မမိန့်တမိန် ငါ့အိမ်လေးကို သတိရ.. ..

ကြယ်တွေနဲ့လင်းနေတဲ့ ငါ့အိမ်မက်တွေကို သတိရ....



နတ်ဆိုး

၂၁. ဖေဖေါ်ဝါရီ. ၂၀၀၈

Sunday, February 17, 2008

ထွေရာလေးပါး ပြောချင်တယ်ဗျာ။ တောင်ရောက်မြောက်ရောက်ပေါ့။ ဟိုမရောက် ၊ ဒီမရောက်ဆိုလည်း မှန်တာပဲ။



ခင်ဗျားတို့ သတိထားမိကြလား။ ဖေဖေါ်ဝါရီလေ။ အတော်လှတဲ့ ရာသီဗျ။ နာမည်ကိုက ရသပါနေတယ်။ ကျွန်တော်တို ့ မြန်မာပြည်မှာဆို တပေါင်းလနဲ့တူတာပေါ့။ လေရူးတွေ စပြီးတိုက်တယ်။ ရာသီဥတုက နေ့ပူ ညချမ်း။ နှင်းမှုန် ဖွဲဖွဲ လေးတွေ ကျတယ်။ စက္ကုပန်းနီညိုတွေ လည်း အားရပါးရပွင့်တဲ့ အချိန်။ မြောက်ပြန်လေ လည်းတိုက်တယ်။ အဲဒီမြောက်ပြန်လေက အတော် ချစ်ဖို့ကောင်းတဲ့လေဗျ။ လွမ်းဖို လည်းကောင်းတယ်။ မြောက်ပြန်လေတိုက်ခံရတဲ့သူဟာ ချစ်သူမရှိရင်တောင် ကြည်နူးပြီး လွမ်းတက်တယ်တဲ့ဗျ။ နေ့လည်ဆို ကောင်းကင်ကြီးကိုက လန်းဆန်းဖို့ကောင်းတယ်။ ကြည်ပြီး ပြာလဲ့နေတဲ့ ကောင်းကင်အခံမှာ တိမ်ဖြူဖြူ အတွေက လွင့်လို့။ တကယ်ပါဗျာ။ စိတ်တွေလည်း ရူးလို့ပေါ့။ လွတ်လပ်နေတာပဲ။ အထက်တန်းကျောင်းသားဘဝမှာ ဒီအချိန်က ကျောင်းတွေ စပိတ်လိုက်တဲ့ အချိန်ဆိုတော့ တာဝန်တွေ ကလွတ်ကင်းသွားတဲ့ ခံစားချက်ရော။ သူငယ်ချင်းတွေ နဲ့ မတွေ ရတဲ့ ခံစားချက်ရော။ လေရူးတိုက်တာရော။ ဘာလုပ်လို ဘာလုပ်ရမှန်းကို မသိတဲ့ အခါပေါ့ဗျာ။ ကျောင်းထဲရောက်သွားရင်လည်း အမြဲဆူညံ့နေတဲ့ ကျောင်းတော်ကြီးတွေက တိတ်ဆိတ်လို့။ ထီးထီးကြီး။ ခင်ဗျားတို့အဲလို ရောက်ဖူးကြလားဗျ။ စိတ်ကူးဆိုတာလည်း အစွမ်းကုန်လွင့်ထုတ်လို့ကောင်းတဲ့ ရာသီပေါ့ဗျာ။



ဒီရာသီဖွားတွေ ကို မိန်ရာသီဖွားလို့ခေါ်တယ်ဗျ။ ငါးနှစ်ကောင် အမြီးကိုက်နေတဲ့ ပုံလေ။ မိန်ရာသီဖွားဆိုတာ လွတ်လပ်မှု ပျော်ရွင်မှု ရိုးသားမှု့နဲ့ဒွန်တွဲနေတဲ့ သူတွေလို့ကျွန်တော် သတ်မှတ်တယ်။ ထပ်ပြောရင်လည်း ကျွန်တော် လွန်တယ် ဖြစ်ဦးမယ်။ ရာသီနာမည် တွေမှာလည်း မိန်က အလှပဆုံးဗျ။ တချို ဆို ဗြိစ္တ တို့ပြိတ္တာ တို့ဆိုလားပဲ။ ကြည့် ဘယ်လောက် ဆိုးဝါးလဲ။ မေထုန်ဆိုတာကြီးက ရှိသေးတယ်။ အူယားလိုက်တာဗျာ နာမည်ကြီးက။ အဲဒီရာသီမှာ မွေးခဲ့ရင် ကျွန်တော်များ အူယားပြီး သေသွားနိုင်တယ်။



ဖေဖေါ်ဝါရီမှာ အမှတ်ထားရမဲ့ ရက်တွေ လည်း အများကြီးပဲ။ ခင်ဗျားတို ့သိကြလား။ ၁၂ ရက်နေ ့က ပြည်ထောင်စုနေ့။ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။ ၁၄ ရက်ကြတော့ ချစ်တက်သူများနေ့။ ဆက်တိုက်ကြီးကိုဗျာ။ ပြီးတော့ တပေါင်းလပြည့်နေ့။ တပေါင်းပွဲ ဆိုတာ အတော် ပျော်စရာကောင်းတဲ့ ပွဲ။ ရှမ်းပြည်က ဘော်ကျို ပွဲဆို နာမည်ကြီးပေါ့။ နောက်ထပ်တစ်ရက် ရှိသေးတယ်ဗျ။ အဲဒီရက်ကတော့ နောင်မှာ အမှတ်ထားစရာ ဖြစ်လားမယ်ထင်တာပဲ။



ဒါပေမယ့် ဗျာ ဒီအချိန်လေးက ပါးပါးလေးဗျ။ ရက်အနည်းငယ် အတူဖြတ်သန်းလိုက်တယ်ဆိုရင်ပဲ နှုတ်ဆက်ချိန်ကို ရောက်လာတယ်။ အပူတွေ ဝင်လာပြီး နွေရာသီကို ပီပီပြင်ပြင် ဖော်ဆောင်ကြတော့တာပဲ။ အဲဒီအချိန်ဆို ဖေဖေါ်ဝါရီကုန်ပြီပေါ့။ တစ်ယောက်ထဲနေရတဲ့ ခြံဝင်းနဲ့သစ်သားတွေနဲ့ဆောက်ထားတဲ့ အိမ်မြင့်မြင့် သေးသေးလေးမှာ ဂစ်တာကို တီးရင်း ကျွန်တော်ဟာ သီချင်းလေးတစ်ပုဒ်ကို လွမ်းလွမ်းဆွေးဆွေး ခံစားချက် အပြည့်နဲ့ခဏခဏ ဆိုလေ့ရှိခဲ့ဖူးတယ်။



နွေပူတော့မှာလား

အကုန်ခြောက်ခန်းနေတဲ့ မြို့ဟာ လွမ်းဖွယ်

အပြင်းဆုံးနေ့နွေအပူမှာ ... အချစ်မဲ့လမ်းမများ .. မောတယ်

မင်းနဲ့ ခွဲခွာ နွေညလေးထဲ ...

လွမ်းဆွေးရဦးမယ်...



ဒီနွေ အပူဆုံးလိုပဲ..

အတူ နောက်ဆုံးအချိန်က နှင်းကိုလွမ်းတယ်..

အချစ်နဲ့မြောက်ပြန်လေဟာ ... ခဏလေးနဲ့ဖျတ်ကျော်သွား...

မင်းနဲ့ခွဲခွာ နွေညလေးထဲ ... လွမ်းဆွေးရဦးမယ် ... မောတယ်..

ဆွေးရဦးမယ်.. နွေည... ဆွေးမြေ့စရာပဲ



ဖေဖေါ်ဝါရီ ၁၆ ၂၀၀၈

Thursday, February 7, 2008

သတ္တုခေါင်းထဲက ရိုဘော့





သူတို့တွေ ခေတ်ကောင်းတော့

ငါလည်း ရူးချင်ယောင်ဆောင်ရတော့တယ်။



ကမ္ဘာမြေကြီးကိုပစ် သတ္တုနံရံတွေကြား

ခမ်းနာကြီးကျယ်ခြင်းကို

ပရိုဂရမ်သွင်းထားတဲ့ နှလုံးသားနဲ ့ရှာ

(အကြိမ်ကြိမ်.... အကြိမ်ကြိမ်)

လောဂျစ်အရမှန်တယ်ဆိုပြီး

လွတ်လပ်ခြင်းတွေကို ပယ်ပယ်နယ်နယ်ထိုးကျွေး

ရယ်သံတွေ မှာ အသက်မပါပေမယ့်

သတ္တုရနံ့တွေ ပါတယ်

ပါးနှစ်ဖက်တက် ပါစပ်ကျယ်သွားတဲ့ အပြုံး

တည့်တည်စိုက်ကြည့် ဘာလာနတ္တိ မျက်လုံး

ဒီလို လုပ်နိုင်လာတော့

ငါဟာ ရိုဘော့ဖြစ်ခဲ့ပြီပေါ့။



ခါးကော့ ရင်ချီ ခေါင်းကိုမော့မော့ထား

လူသားဆိုတဲ့ ဟာတွေကို

၀ါးလုံးကွဲ ရယ်

(စိမ်းဖန့်ဖန့်အသံတွေနဲ့..စိမ်းဖန့်ဖန့်အသံတွေနဲ)

စကားကို ကျယ်ကျယ်ပြော

ခပ်တည်တည် လေလည်တက်တဲ့

ရိုဘော့တွေထဲမှာ ငါဟာ မြို့သားစစ်စစ်

(ငါဟာ မြို့သားစစ်စစ်)



အပြေးအလွှားသွား၊ အပြေးအလွှားပြန်

ဟီးဟီးဟားဟား နဲ

အမော မဆို့တက်သလို

ကိုယ့်ကိုကိုယ် လိမ်ညာနေခဲ့တာကြာ

မျက်စွန်နှစ်ဖက်မှာ အရစ်ရာတွေ ထင်လာရော

ရင့်ကျက်ခြင်းတဲ့လား

(ဒါ ရင့် ကျက်ခြင်းတဲ့လား)



လျှက်စစ်ရထားကြီးကို စီး

ညူကလီးယားစွမ်းအားနဲ့

ငါ့ ညတွေက ထိန်ထိန်လင်းလို့

အိမ်မက် ပင်တွေ မပျိုးမိ

ဖန်တီးခြင်းကင်းမဲ့ ငွေပဒေသာပင်တွေပျိုးခဲ့တယ်

(ငါ..ငွေပဒေသာပင်တွေပျိုးခဲ့တယ်)

လရောင်ဖြာတဲ့ကောင်းကင် ကြယ်စင်ဆိုတာ မသိ

Screen saver သာ ငါခံစားရာ သဘာဝ အနုပညာ



အုန်း ခနဲ..

အုန်း ခနဲ .. တဝုန်းဝုန်း ပေါက်ကွဲ

ကမ္ဘာဂြိုလ််အနှံ့

(မီးခိုးလုံးတွေ ... မီးခိုးလုံးတွေ)

လူတွေ အတုံးအရုံး (လူတွေ အတုံးအရုံး)

ဒါပေမယ့် ငါ့လို ရိုဘော့တွေလေ

သက်မှတ်ထားတဲ့

အဲလ်ဂိုရစ်သမ်ကို ကျော်လွန်ပြီးမလုပ်နိုင်

ချစ်ခြင်းမေတ္တာဆိုတာ ပရိုဂရမ်ထဲမှာ မပါ

ယဉ်ကျေးစွာ စာနာချင်ယောင်ဆောင်နေကြတော့တယ်



တကယ်ရူးသွားခဲ့တာလား



(တကယ်ရူးသွားခဲ့တာလား)



ငါ တကယ်....ရူး...သွား...ခဲ့..တာ..လား



(ငါ တကယ်....ရူး...သွား...ခဲ့..တာ..လား)



ချ!!!

ချလိုက်တော့

ငါ့ရဲ့လူသားဖြစ်တည်မှု စာပနကို

ရိုဘော့တို့ရဲ့ဖြစ်တည်မှု စာပနကို

(ချလိုက်တော့)

ကြယ်တွေနဲ့ဝေး ကမ္ဘာမြေနဲ့ဝေးတဲ့ ညတွေမှာ

အမေကို မှ သတိမရရင်

ကိုယ့်ရဲ့စာပနကို ကိုယ်ကိုတိုင် ချလိုက်တော့

(ကိုယ်ကိုတိုင်သာ ချလိုက်ပါတော့)





နတ်ဆိုး

Feb 5,2008



* အဲလ်ဂိုရစ်သမ် = ဘာပြီးရင် ဘာလုပ်မည်၊ဘာဖြစ်ရင် ဘာလုပ်မည် စသည်တို ့ကို အဆင့်ဆင့် ဖော်ပြထားသည့် အရာ
နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Monday, February 4, 2008

တခုသော တနင်္ဂနွေ နေ့လည်ခင်း



မိုးတွေဖွဲဖွဲရွာတယ်။

ကွန်ပြုတာဖန်သားပြင်ပေါ်က ရုပ်ပုံတွေ

ပျင်းပျင်းနဲ့ကြည့်

လေ တစ်ချက်တစ်ချက် တိုက်ရင်

နှစ်နှစ်ချိုက်ချိုက် အေးစိမ့်သွားလို့

ပြတင်းပေါက်အပြင်ကို ကြည့်မိတယ်ဆိုရင်ပဲ

ကော်ဖီတစ်ခွက်နဲ့

ငါအခန်းလေးဟာ ငြိမ်းချမ်းရာဘုံ။



နတ်ဆိုး

၃ ဖေဖေါ်ဝါရီ ၂၀၀၈