Thursday, February 21, 2008

ကောင်းကင်ပေါ်မှာ လမင်းကြီးက...ဝင်းပ

ပန်းခြုံအကွယ်မှာ အတွဲလေးတွေ...နမ်းကြ

သာသာယာယာ အေးချမ်းလှပတဲ့ .. ည

သာသာယာယာ အေးချမ်းလှပတဲ့ .. ည



ဘုရားစင်ပေါ်မှာ အမေထွန်းထားတဲ့...မီးများ

လမ်းတွေပေါ်မှာ ကလေးများက ဆော့...ကစား

သာသာယာယာ အေးချမ်းလှပတဲ့ .. ည

သာသာယာယာ အေးချမ်းလှပတဲ့ .. ည



ခြံထဲက ပန်းတွေ လန်းပြီ ...

ရနှံ့သင်းပြန့်တဲ့ စံပယ်တွေ ပွင့်ပြီ...

အေးမြတဲ့ လရောင် လွှမ်းခြုံထားတဲ့ ငါ့ခြံလေးကို သတိရ....

အမေထွန်းတဲ့ ဆီမီးနဲ့မမိန့်တမိန် ငါ့အိမ်လေးကို သတိရ.. ..

ကြယ်တွေနဲ့လင်းနေတဲ့ ငါ့အိမ်မက်တွေကို သတိရ....



နတ်ဆိုး

၂၁. ဖေဖေါ်ဝါရီ. ၂၀၀၈

No comments:

Post a Comment