Saturday, September 20, 2008


တပွင့်လည်း ပန်း..

နှစ်ပွင့်လည်း ပန်း..

သုံးပွင့်လည်း ပန်း..

နှစ်ပွင့်က ကြီးကြီး.. တစ်ပွင့်က သေးသေး

အရောင်စုံအရွက်၊ အခက်အဖူးနဲ့ဆိုတော့

ရှင်သန်ခြင်းလို့ ပြောရင်လည်းပြောမယ်

ဖွင့်ဖြိုးခြင်းလို့ မြင်ကြဦးမယ်

မိသားစုလို့ တွေးရင်လည်း တွေးမယ်

ဒါပေမယ့် ပန်းဆိုမှတော့ ပန်းပဲပေါ့လေ

ဘာဖြစ်ရဦးမှာလည်း

ဖူးမယ်၊ ပွင့်မယ်၊ ဝင့်မယ်၊ လွင့်မယ်

ပြီးတော့ ကြွေမယ်

သင်္ကေတတွေဆိုပြီး

လေးစားချင်လည်း လေးစားကြ

အလှတရားရယ်လို့ ဆိုချင်လည်း ဆိုကြ

သံဝေဂတရားတွေလည် ရချင် ရကြ

ကျွတ်ကျွတ်ဝါးတိုင်း ကြေတယ်လို ့တော့ မထင်ကြလေနဲ့

ကျွန်တော်ပြောတယ် အဲဒါ ပန်းပွင့်ပဲ

ခင်ဗျားတို့ သိလား

လောကဆိုတာ…. မာယာ…. များတယ်။



နတ်ဆိုး

4 comments:

  1. ဒီကဗျာ ကြိုက်တယ်
    ငါ့စွန်လေးလည်း ပြန်တင်ပေးဦးဟာ

    ReplyDelete
  2. :D

    ငါ့စွန်လေး ပြန်ရှာလိုက်ဦးမယ်.. ရှိမယ်တော့ မထင်တော့ဘူး.. စက်အဟောင်းထဲမှာ..

    ReplyDelete
  3. ရဲဘော် .. ဒီပုံက ကိုယ်တိုင်ဆွဲတာလား ။

    ReplyDelete
  4. ဟုတ်တယ်.. ကိုယ်တိုင်ဆွဲတာ
    ဟီး. ဒါပေမယ့် အညွန်တွေက ဓာတ်ပုံထဲမှာ ကြည့်ဖူးပြီးသား..

    ReplyDelete