အိမ်သို ့ အပြန်။
သီပေါ ဘော်ကြိုဘုရား
------------------------------------------
ကားလမ်းတစ်လျှောက်လုံး ဒီလို ပန်းအဝါ ရိုင်းတွေနဲ ့ လှတယ်။
------------------------------------------
ဆောင်းရာသီဆိုတော့ ရိပ်သိမ်းချိန်ပေါ့။
------------------------------------------
နှမ်းခင်းတွေ လည်း အများအပြား။
------------------------------------------
ဒီလိုမြင်ကွင်းတွေလည်း တောင်ပေါ်ဆောင်းရာသီမှာ ကောင်းကောင်းမြင်ရတာပေါ့။
Natt Soe
Saturday, November 29, 2008
Tuesday, November 18, 2008
ပလုံဂွမ်ဆရာ
တကယ့်ကို ပလုံဂွမ်ဆရာပါပဲ။ ကွန်ပြုတာနှင့် စထိတွေ့တော့ အများနည်းတူ MS Word၊ Excel၊ စတဲ့ အသုံးချအပြော့ထည် (Application Software) မျိုးတွေနဲ ့စခဲ့တာပဲ။ မမေ့နိုင်တဲ့ ဆရာမလေးကြောင့် ပရိုဂရမ်ဘက်ရောက်လာခဲ့တယ်။ (ဆရာမလေးက ရိုးရိုးနော်။ သူများလို ချစ်သူလည်းမဟုတ်ဘူး။ ချစ်လို ့လည်းမဟုတ်ဘူး။ တောင်တောင်အီအီတွေးမှာလည်း စိုးရသေးတယ်။) ဆရာမလေးက ကျွန်တော်တို ့ကို အသုံးချအပြော့ထည် သင်ပေးတဲ့ဆရာမလေးပါ။ ချောချောလေး။ (ဟိ..ဒါတော့ သိသား)။ ကျွန်တော်က လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရင် လုပ်ချင်ရာလျှောက်လုပ်တော့၊ စိတ်ကူးပေါက်ရာလျှောက်လုပ်တော့ ဆရာမနဲ ့ ရင်းနီးနေတယ်။ ကျွန်တော်တစ်ခုခုလုပ်နေရင် သူကနောက်ကနေ တိတ်တိတ်လေး လာကြည်နေတက်တယ်။ (သူတို ့ကဒီလိုပဲ တတန်းလုံးပါတ်ကြည့်နေတက်တာ)။ ဒီလိုနဲ ့ ရင်းနီးတော့ ဂိမ်းကစားခွင့်ပေးဖို ့ ဂျီကျတာပေါ့။ ၁ဝတန်း ပြီးခါစဆိုတော့ လူကတဇွတ်ထိုးရယ်။ ဒီလိုနဲ ့ ကျွန်တော်နဲ ့သူငယ်ချင်းတို ့ဂိမ်းကစားခွင့်ရတယ်။ ဂိမ်းက အခုခေတ်လိုမဟုတ်ပါဘူး။ သေးသေးလေးရယ်။ အတွက်အချက်လုပ်ပြီး ကစားရတဲ့ဂိမ်းမှာ ကျွန်တော်ကပွဲတိုင်းနိုင်နေတယ်။ ဆရာမက နောက်ကကြည့်ပြီး တေးမွန် နင်က ပရိုဂရမ်အတန်းတက်ရမှာ တဲ့။ အဲဒါက ဒီလိုဂိမ်းတွေရေးတာမျိုးကို သင်ပေးတာတဲ့။ C programming တန်းတက်တဲ့။ ကျွန်တော်ကတော့ ဒီလိုဂိမ်းတွေလုပ်တာသင်ပေးတာဆိုတော့ စိတ်ဝင်စားသွားတာပေါ့။ ဆရာမက ကျွန်တော်ကိုတော်တော်ချစ်ပါတယ်။ သူကိုယ်တိုင်ဆရာကို လိုက်ပြောပေးတယ်။ စိတ်ဝင်တစား လာကြည့်တယ်။ အားပေးတယ်။ လမ်းမှာတွေ ့ရင်မမြင်ရင်တောင် လမ်းခေါ်ပြီးနှတ်ဆက်တယ်။ ကျွန်တော် ချစ်တဲ့ ဆရာ ၊ ဆရာမတွေအနည်းငယ်ထဲမှာ အဲဒီဆရာမလေးလည်းပါတယ်။ စိတ်မကောင်းတာက ဆရာမလေးရဲ ့နာမည်တောင် ကျွန်တော်မမေးခဲ့ရဘူး။ အဲဒီဆရာမလေးကြောင့် ကျွန်တော်လည်း C Programming ကို ကြိုက်သွားတယ်။ အဲဒီအချိန် ကွန်ပြုတာတက္ကသိုလ်ကို လျှောက်ပြီးနေပြီ။ နောက် ကျွန်တော်တို ့မြို ့ကိုရုတ်တရက်ပြန်သွားတော့ ဆရာမနဲ ့လေးထပ်မတွေ ့ဖြစ်တော့ဘူး။ ဒါပေမယ့် ပြန်တွေးမိတိုင်း အဲဒီဆရာမလေးကို လေးစားတာရော၊ ကျေးဇူးတင်တာရောနဲ ့သတိရတယ်။
ဒါပေမယ့် ကွန်ပြုတာတက္ကသိုလ်တက်နေတဲ့ ကာလတစ်လျှောက် ကြောက်စရာကောင်းတဲ့ ရန်သူမျိုး တစ်ပါးကြောင့် အိမ်ကစီးပွားကျနေတော့ ကွန်ပြုတာတောင် ဝယ်ဖို ့မတောင်းဆိုချင်ခဲ့ဘူး။ ဒီလိုနဲ ့ စိတ်လေလေနဲ ့သီအိုရီတွေကြည့်ထိုင်ဖတ်၊ နောက်တော့ ကျောင်းကလည်းမကောင်းတော့ စာလည်း စိတ်မဝင်စား။ အတန်းလည်းမတက်။ တက်လည်း မသင်တဲ့ အချိန်ကမသင်နဲ ့။ ဒါပေမယ့် ဆရာမလေးကျေးဇူးအရှိန်နဲ ့ C အကြောင်း၊ Database အကြောင်း၊ Software Engineering အကြောင်း၊ Operating System (OS) အကြောင်းတို ့ဆိုစိတ်ဝင်တစားဖတ်တယ်။ နားထောင်တယ်။ ကျန်တဲ့ Business တို ့၊ Accounting တို ့နဲ ့ဆိုင်တဲ့ဟာတွေ ဆို သိကိုမသိခဲ့ဘူး။ ဒီလိုနဲ ့ ၄ နှစ်တက်ပြီးတော့ဘွဲရလာခဲ့တယ်။ ကွန်ပြုတာနဲ ့ငါနဲ ့တော့ ဘာမှမဆိုင်တော့ဘူးလို့တွေးပြီး စီးပွားရေးလုပ်မဟဲ့လို့ ကြံတော့တာပေါ့။ ဒါပေမယ့် အလုပ်ကလည်း မဖြစ်တော့ ဂုဏ်ထူးတန်းလေးတက်ပြီး ကျောင်းမှာသွားသွားအိပ်နေတာပေ့ါ။ အခန် ့ မသင့်ရင် ကျောင်းကမာန်ကြီးတဲ့ (တကယ်တော့ မာန်တက်တဲ့လို့ ပြောချင်တာ) ဆရာမတွေနဲ ့တောင် မကျေမလည် ဖြစ်လိုက်သေး။ (ကိုယ်ကလည်း ငယ်မာန်တက်နေခဲ့တာကိုး)။ ဒါပေ့မယ့် ဒီမှာလည်းကျွန်တော် ကံကောင်းပါတယ်။ ရန်ကုန်ရောက်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်က သူအသိကနေတဆင့် အပြော့ထည် (software) တွေရေးတဲ့ကုမ္ပဏီတစ်ခုမှာ လုပ်မလားဆိုတော့ ချင်ခြင်းပဲအထုတ်ဆွဲပြီး ရန်ကုန်ဆင်းလာလိုက်တာ ပလုံဂွမ်ဆရာဘဝစတော့တာပဲ။
ရန်ကုန်မဆင်းခင် အင်တာဗျူးက မန္တလေးကို ဖုန်းကနေတဆင့် ဗျူးတယ်။
HTML သိလား ၊( မသိဘူးအကို။ )
Web page ရောသိလား ( မသိဘူးအကို)
Database ရောသိလား။(စာတွေတော့ဖတ်ဖူးတယ်အကို။)
C# ကော။ (ကြားဖူးတယ် ၊ C တော့ သိတယ်အကို။)
.Net (dot Net) ကောသိလား။ (မသိဘူးဗျ)
XML ရော ကြားဖူးလား။ (မကြားဖူးဘူး)
အေးအေး၊ မင်းဘယ်နေ ့လာနိုင်မလဲ။ နောက်တပတ်လောက်ဆင်းခဲ့လေ။ ဒီကြားထဲ HTML တို ့C#တို ့ လေ့လာထားပေါ့။ အကိုတို ့က အဲဒါတွေနဲ ့လုပ်ကြတာ။
ဟား..ဟား။ ဒီလိုနဲ ့အလုပ်ရခဲ့တာ။ ရယ်ရတာရှိသေးတယ်။ ပြောပေးတဲ့သူက အဲဒီအကို ကို ဘာပြောထားလည်းဆိုတော့ မန္တလေးမှာ သူအရမ်းတော်တဲ့လူကိုတွေ ့ခဲ့တယ်။ (သဘောကတော့ တကယ့် တောထဲကနေ ထွန်းပေါက်မယ့်သူကို သေချာရှာတွေ ့ထားသလိုမျိုး အဲလိုပြောထားတာ။ ဟား..ဟား။) အဲဒီ အကိုကကျွန်တော် သိပ်လေးစားတဲ့ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ သူဆီမှာအလုပ်လုပ်တဲ့တလျှောက် သေချာသင်ပေးတယ်။ ကွန်ပြုတာပရိုဂရမ်ဘာသာရပ်တင်မကဘူး၊ ဗုဒ္ဓ ဓမ္မနဲ ့ ဆိုင်တဲ့ဟာတွေပါ ပြောဆိုသင်ပေးခဲ့တယ်။ တကယ်ကို ကျေးဇူးကြီးခဲ့တဲ့သူတွေထဲကတစ်ယောက်။ အခုတော့ သူလည်းဒီမှာ။ အခုအချိန်အထိ ဖုန်းဆက်လိုက်ရင် ညီ မင်း စာဆက်ဖတ်ဖြစ်သေးလား။ သေချာလုပ်။ အေး ဒီဇိုင်း ပုံစံ (Design Pattern) မတက်ပဲ ရှေ ့ ့ဆက်လျှောက်ဖို ့မလွယ်ဘူး စသည်ဖြင့် ပြောဆိုအားပေးတုန်း။ (ဆရာတွေထဲမှာ တယောသင်ပေးခဲ့တဲ့ဆရာရယ်၊ ဒီဆရာရယ်ကို တော်တော်သဘောကျတာ)။
ရန်ကုန်ရောက်တော့ ညမအိပ် နေ ့မအိပ် ဖတ်လိုက်ရတဲ့ စာတွေ။ ကံကောင်းပြန်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Top Boys ဆိုတဲ့ကုမ္ပဏီက နာမည်ကြီးမဟုတ်ပေမယ့် ပညာကိုတအားဦးစားပေးတယ်။ အဲဒီကလူတွေကလည်း စိတ်ရော ၊ လူရော တော်တော်ကောင်းကြတယ်။ အဲဒီမှာ ၁ နှစ်ကျော်လောက် လုပ်လိုက်ရတယ်။ စလုံးထွက်ဖို ့ စိတ်ကူးမိတယ်။ နောက်တော့ ဒီရောက်လာတာပေါ့။ အလုပ်ရမယ်လို ့ မသိနိုင်ပဲနဲ ့ ခပ်တည်တည် ထွက်လာတာ။ အတွေ ့အကြုံတောင် သိပ်မရှိသေးဘူး။ (ဒါပေမယ့် ကျောင်းတုန်းကပြောသလို ပြောရရင် "ခပ်တည်တည်". . .ဟဲ..ဟဲ)။
ပလုံဂွမ်ဆရာလို ့သာခေါ်သာ ကျွန်တော်က ကျွန်တော်လုပ်နေရတဲ့ ၊ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကလွဲရင် ကျန်တာတွေသိပ်မသိဘူး။ မသိဆို တော်တော်မသိတာပါ။ Face Book၊ FriendSter၊ Forums၊ Chat Room ဘာဆိုဘာမှမသိခဲ့တာပါ။ အခုထိလည်း စိတ်မဝင်စားဘူး။ internet ကိုလျှောက်လည်ရင် သတင်းနဲ ့ ကိုယ်ရှာချင်တာရှာနေတာနဲ ့ ပြီးသွားခဲ့တာ။ အခုတော့ ဘလောဖတ်တာလည်းပါလာတယ်ပေါ့။ ဘလောတောင် အင်ဂလုန်ရောက်နေတဲ့ သူငယ်ချင်းမ စိုးကြည် ကောင်းမှုနဲ ့သိတာ။ HTML ကိုကောင်းကောင်းနားလည်ပေမယ့် ဘယ်လောက်တက်လည်းဆိုတာတော့ ကျွန်တော်ဘလောပဲ ကြည့်ပေါ့။ ပေစုတ်စုတ်ရယ်။ ဟီး။ ဂရပ်ဖစ် လုံးဝမသိဘူး။ တခါတလေ ဘလောပေါ်က ဆရာတွေ သူတို ့ဘလောလေးကို အလန်းလေး တွေဖြစ်နေအောင်လုပ်ကြတော့ အားကျပါတယ်။ နာမည်ကြီးတွေကိုလည်း အားကျပါတယ်။ ဟိုကောင်မလေးကလာပြီး အကူအညီတောင်းလိုက်၊ ဒီကောင်မလေးကလာပြီးနှတ်ဆက်လိုက်နဲ ့.. ဟိ.. အားပဲကျနိုင်တာပါ။
ဟိုတနေ ့ကကို ပန်ဒိုယာနဲ ့ ဂျစ်တူး ဘလောတွေမှာ Twitter ဆိုတာတွေ့တာနဲ ့ ဘာလဲလို ့ ပန်ဒိုယာကို မေးကြည့်မိပါတယ်။ IT သမားဖြစ်ပြီး မသိဘူးလားတဲ့။ အော် .. တော်တော်ဆိုးတဲ့ဘဝ။ ခွေးမှီးကုတ်သွားသလိုပဲ။ ခံစားလိုက်ရတာ ပြောပါတယ်။ ဂဂျစ်တွေ (Gadgets )၊ ရှိပြီးသား တန်းပလိတ်တွေ သုံးဖို ့လည်း မကြိုက်တော့ မလုပ်ဖြစ်။ ဒီလိုနဲ ့ ဘလောစုတ်စုတ်လေးမှာပဲ ရေးနေရတာပေါ့။
လမ်းမှာတွေ ့လို ့ ဘာလုပ်နေတာလည်းဆို ပရိုဂရမ်မာဆို လူတွေကလည်း အထင်ကြီးကြတယ်။ (မတော် ငါ့ကို သူတို ့စက်ပြင်ခိုင်းနေရင်ဒုက္ခလို ့။ မပြင်ပေးချင်လို ့ထက် သိပ်ပြင်တက်တာမဟုတ်ဘူး။ အဲ ကိုယ်စက်ကိုယ်ဆိုရင်တော့ လာထားပဲ၊ သူများစက်ကျတော့ သတိထားရတယ်။) လခ ဘယ်လောက်ရလဲ။ "" လောက်ရတယ်ဆို ဟယ် တဲ့။ ပူလိုက်တဲ့မျက်နှာ။ တကယ်တော့ သူတို ့နဲ ့ယှဉ်ရင်သာ များနေတာ။ သိပ်များတယ်လည်း မဟုတ်ဘူး။ ကိုယ့်လခက မဖြစ်စလောက်ရယ်။ (မြန်မာကလာတဲ့ မြန်မာတွေ အတွက်တော့ အင်ဂျင်နီယာတွေထက် ကွန်ပြုတာသမားတွေက လစာပိုရကြတယ်။) အခုတော့ မရကြတော့ပါဘူး။ ၂၀၀၀ ပတ်ဝန်းကျင်က အသေလိုဖြစ်သွားတယ်။ ဒါတောင် အခု ၁၈၀၀ လောက်နဲ ့လုပ်နေတဲ့ကျောင်းက အသိတစ်ယောက်တွေ ့တော့ ဘာလို ့လုပ်ရတာလည်းဆိုပြီး ပြောမိသေးတယ်။ အခုတော့ မရကြတော့ဘူး။ စီးပွာကျတာရော၊ မပြင်မဆင်ပဲ လိမ့်ဝင်လာတာရော။
ဒီစလုံးမှာလည် တကယ်တော့ လွယ်တယ်လည်းမဟုတ်ပါဘူး။ ခက်လားဆိုလည်း အဲလိုလည်းမခက်ပါဘူး။ ဒါပေမယ့် ပြသာနာရှိတယ်။ ကွန်ပြုတာပိုင်းထက် ဆက်ဆံရေးပိုင်းပါ။ ကုလားဖြူဘာသာရပ်က တခါတလေ ကွန်ပြုတာအသိထက် ပိုအရေးပါနေတက်တယ်။ အခု ကျွန်တော်က ဆက်ဆံရေးကြောင့် အလုပ်မှာ အနှောက်အယှက်ဖြစ်နေတယ်။
ဒါနဲ ့ သတိရလို ့ လွန်ခဲ့တဲ့ တနှစ်ကျော်က ကိုနတ္တိက အလုပ်ထဲက အကြောင်းတွေ ရေးရင်ကောင်းမယ်လို ့ အကြံပြုခဲ့ဘူးတယ်။ အဲတုန်းကတော့ ငြင်းခဲ့ပေမယ့် အခုတော့ အတွေ အကြုံသဘောမျိုးနဲ ့ ရေးဖို ့စဉ်းစားမိတယ်။ ဒါပေမယ့် ကုမ္ပဏီနဲ ့ဆိုင်တာတွေ တော့ ရေးလိုမရဘူးပေါ့လေ။
တကယ်တော့ မလွယ်လိုက်တဲ့ ပလုံဂွမ်ဆရာဘဝ။
(ဟို Google တို ့ဘာတို ့က ဂုရုကြီးတွေတော့ မပါဘူးပေါ့လေ။)
ပန်ဒိုယာက IT သမားမဟုတ်ဘူးလားဆိုတာကြောင့်
သူငယ်ချင်းတစ်ယောက်က မင်းတို ့တော့ အဆင်ပြေနေပြီပေါ့လိုု ့ လှမ်းပြောတာကြောင့်
ရေးဖြစ်သွားတာပါ။
တခါတလေတော့လည်း Google တို ့ Microsoft တို ့ Mozilla တို ့ စသည်ဖြင့် အိမ်မက်တော့ မက်မိခဲ့ပါတယ်။ဟား..ဟား။ :P (အော် အိမ်မက်..အိမ်မက်)
(အခုတော့ မမက်တော့ပါဘူး။ မဖြစ်ချင်တော့ဘူး။) :)
နတ်ဆိုး

Monday, November 17, 2008
Sunday, November 16, 2008
Dear Ba Gyi San
How are you?
It has been a long time that I don't even write a letter to you. Though I knew, you will be waiting for my letter, it was very difficult for me to write a letter since last year - every day was full of sadness and disappointment. I remember, the last time I sent a letter to you was a day last August, slightly over 1 year ago. Since then, I have a lot of things to share with you but they are not going according to the way I want.
As I mentioned in my previous letters, this - small but developed - country has a lot of things to learn from both good or bad aspects. You laughed me when I told you about my feeling at the time I see this country's developments. Everything emerges from nothing makes me impress, on the other hand, their social problems in the society warn me not to follow, and make me respect to our own culture. Beside, with the given slim freedom, I wonder it will lead this country to a difficult situation in the future. Yes, Ba Gyi San, I also do believe what you told me that our homeland can be one of the best nations in Asia, if we have a government of free ,equal and good. One day, I do believe all the goodness will be materialized. Yes, Deal! Ba Gyi San.
Ba Gyi San, do you know that I am facing a downturn at work? But I never forget that I am a Burmese and never give up in this kind of situation. Now I am trying to recover, but it is still a big problem to decide where I ought to go. I really admire you because you could make a strong decision even when you were younger than my age, and followed it without betraying.
You know, Ba Gyi San, now this tiny country is also facing the global financial crisis which was started from United States by some greedy companies, perhaps, you have already known about it. I have been heard that some of the foreign workers, including Burmese, are unemployed as a consequence of the crisis. The experts say following year will be worse than now. There will be more troubles for our Burmese. I don't mean to make you sad and worry. Yes, Ba Gyi San, there are a lot to tell you about global recession, DR Congo civil war, US president election, and about Burmese inside, or outside. But I don't want to tell about them now. I will do in the next letters and wait for it :) .
Hope you will be fine and happy , Ba Gyi San.
Yours,
Tay Mon
*[update for learning English: put some commas, dashes, semi-colons, and colons for better reading. 11Mar2009

Monday, November 10, 2008
ဒီနေ ့ ပက်စ်ပိုတ့်သက်တမ်းက ၅ လကျန်သေးသော်လည်း သက်တမ်းတိုးဖို ့ သွားခဲ့သည်။ မသွားခင် သွားနှင့်ပီးသော သူငယ်ချင်းများထံမှ သတင်းစုသည်။ အမျိုးမျိုးဖြစ်နေ သည်မဟုတ်ပါလား။ တပတ်တမျိုးလောက် ပြောင်းနေကြတော့။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပီး ၄ နာရီ သံပတ်ပေးလိုက်သည်။ သံပတ်ကတော့ အချိန်မှန်စွာ အော်သည်။ လူက အချိန်မမှန်လို ့ မထချင်။ သို ့သော်မဖြစ် - မသွားမပီး၊ မတီးမမည် - ဆိုတဲ့ စကားလည်း ရှိသေးသည်ဆိုတော့။ (ဟီး.. ရှိမရှိမသိဘူးနော်။ လာပီး မရစ်နဲ ့။ ) ဒီလိုနဲ ့မျက်နှာသစ်၊ သွားတိုက်၊ ပလုပ်ကျင်း၊ မျက်နှာသုတ်၊ အိပ်ရာသိမ်း ၊ သမ်းဝေ (အမှန်တော့ အဲဒီ မူလတန်းကျောင်းဖတ်စာမှာ သမ်းဝေပါထည့်ရမှာ) ဘောင်းဘီလေး၊ အကျင်္ ီလေးလည်း အဝတ်ဟောင်း တောင်းထဲကနေ ပြန်ထုတ်ပီး ဝတ်တာလည်းပါသည်ပေါ့၊ နောက် တက်ကစီခေါ်ပီးသကာလ၊ ငိုက်စိုက်ငိုက်စိုက် နှင့် သွားသည်ပေါ့။
၄ နာရီခွဲကျော်တွင့် သံရုံးရှေ ့သို ့ ရောက်သွားသည်။ ခပ်ချောချောကောင်မလေး တစ်ယောက်အပါအဝင် လူ ၄၊ ၅ ယောက်လောက်ထိုင်နေကြသည်။ နံပတ်အစဉ်ကိို ကြည့်တော့ ၂၄။ (နောင်မှသိရသည်မှာ ထိုကောင်မလေးက နံပါတ် ၂ ဖြစ်ပီး၊ မနက် ၂ နာရီကတည်း လာထိုင်နေခြင်းဖြစ်သည်။) ကိုယ်လည်း စာရင်းတွင် မြန်မာ အနာဂါတ်သမ္မတ၏ နာမည် ဝင်ရေးပီးသော်၊ ဘာလုပ်ရမှန်းမသိ။ အချိန်ဖြုန်းတက်သူမဟုတ်လေတော့။ :D ဖုန်းထဲမှာပါတဲ့ဂိမ်းလေးကို ကစားလိုက်တာ ၄၅ မိနစ်လောက် ကုန်သွားသည်။ မဆိုး။ ပီးတော့ ဘာလုပ်ရမည်နည်း။ စာအုပ်လည်းပါမလာခဲ့။ သူများတွေလိုဆော့စရာ ဂိမ်းပလေယာလည်း မရှိ။ ကောင်မလေးကို ရှေ ့တည်တည့်ကထိုင်နေပြီး အကြာကြီး ကြည့်နေလို ့လည်းမဟုတ်။ ရှိတာမှ ဒီ ၄၊ ၅ ယောက်လောက်ဆိုတော့ နားလည်ပေးရမည်ပေါ့။ တောင်လှည့်မြောက်လှည့်၊ ဖင်ကုတ် ခေါင်းကုတ်ပီးသော အချိန်ကတော့ မိုးစင်စင်လင်းပီ။ ဗိုက်ကလည်းစာသည်။ ခွေးမသားတွေ (ကြိတ်ဆဲရုံတင်ပါ)။
၆ ခွဲလောက်တွင် ရွှေတို ့ ဖြစ်နေကြများ ဖြစ်ကြလေသည်။ လူတစ်ယောက်က ရောက်လာပီး သံပုံးလေးထဲမှာထည့်ထားသည့် စာရွက်ကို ထုတ်လာကာ အဲဒီစာရွက်ကို အတည်လုပ်လေသည်။ သူပြောသည်မှာ မနေ ့ည ၁၁ နာရီကတည်းလာရေးပီး ၊ ပန်းခြံထဲမှာ သွားအိပ်နေသည်တဲ့။ ကောင်းလိုက်လေခြင်း။ ကြည့်လိုက်တော့ သူ ့စာရွက်ထဲမှာ လူ ၁၇ ယောက်လောက်ရှိသည်။ ကိုယ်တို ့ရေးထားသော စာရွက်က အယောက် ၄၀ ကျော်နေပီ။ နံပါ ၂ ကောင်မလေးက သူ ၂ နာရီထဲက လာစောင့်ကြောင်း၊ ဒီစာရွက်ကိုမတွေ ့လို ့ ခုံပေါ်တင်ထားတဲ ့ စာရွက်ပေါ်မှာသာဖြည့်ကြောင်း ပြောလေသည်။ ကိုယ်လည်းဝင်ပြောသည်။ ခင်ဗျားတို ့ အစောကြီးရေးထားတယ်ဆိုလည်း ထိုင်စောင့်ပေါ့။ အခုတော့ ဘယ်သူက သိမလဲလို ့။ ကောင်မလေးကို သနားလို ့.. ဟိ။ နောက်တော့ သူတို ့ဟာက ပိုပြည့်စုံတယ် စသည်ဖြင့် ဟိုလိုလို ဒီလိုလိုတွေပြောကြပီးတော့ အဲဒီလူပြန်သွားသည်။ (သူတို ့ ကို မှားသည်မှန်သည် မပြောပါ။) ကိုယ်တို ့ရေးထား တဲ့စာရွက်ထဲမှာပါတဲ့ အမလေးတစ်ယောက်က စိတ်မြန်သည်ပုံ။ သူတို ့ထဲက လူတွေကို ကိုယ်တို ့ စာရွက်ထဲ ကူးထည့််ပေးလိုက်သည်။ အေးရော။
ဒီလိုနှင့် ၈ နာရီ အကျော်လေးမှာ သံရုံးတံခါး (တံခါးနော်) ဖွင့်သည်။ အထဲဝင်ပီးထိုင်လို ့ရတာပေါ့လေ။ ၉ နာရီလောက်မှာ တိုင်းပြည်၏ ဝန်ထုတ်ဝန်ပိုးများ ကားတစ်စီးဖြင့်ရောက်လာကြပီး အတော်ကြာသော် စတင်အလုပ်လုပ်လေသည်။
ခြေညှောင်းအောင် ရပ်နေရပီး (မလောက်ငှသောခုံကို အမျိုသမီးများဦးစားပေးသောအားဖြင့် မထိုင်ချင်၊ ကိုယ်က နိုင်ငံကြီးသားမဟုတ်လား) နာမည်ခေါ်သံကြားသည်။
"ဟုတ်ကဲ့ အမ ၊ ကျွန်တော် ဒီဇင်ဘာအထိ အကုန်ဆောင်မှာပါ။ သက်တမ်းလည်း တိုးမယ်။"
အဒေါ်၊ ဒါမှမဟုတ် အန်တီဆိုသော စကားလုံးကို မခေါ်ဖြစ်အောင် ကြိုးစားထိန်းနေရသည်။ တောက်.. ငါနှယ့်။
"ဒီဇင်ဘာထိဆောင်တာ ရတယ်။ EP ဆိုတော့ ၁၂၀ ပေးရမယ်။ ဒီတော့ ၁၀ လစာ ၁၂၀၀ ၊ သက်တမ်းတိုးခ ၃၀၀ ။ စုစုပေါင်း ၁၅၀၀။ ဆောင်မှာလား။ "
ကိုယ်က သိပ်ပီးနှမျောတက်တဲ့သူမဟုတ်။ သုံးစရာရှိရင် သုံးသည်။ ဒါပေမယ့် ဒီတခါတော့ အတော် နှမြောသွားသည်။ တောက်.. ကျပြောက်သွားတာမှ ငါကောင်းကောင်းနေသာနိုင်ဦးမယ်။ စစ်လို ့လည်း ရမည်မဟုတ်။ စကားလည်း များများမပြောချင်။ ရွှေခေါင်းတော်သာ အသာ ငြိမ့်ဖြစ်သည်။ လုပ်ထားကြနှင့်ဦးပေါ့ကွာ။
အဲ.. ပီးသွားတော့ နောက်ထပ် ၂ ခွဲ နာရီးနီးပါးလောက် ထပ်ပီးစောင့်ရသည်။ ခြေဖဝါးတွေ ပူလို ့။ နောက်ဆုံး ကိုယ်က ၁၅၀၀ ပေးတော့ သူကလည်း ၃ နှစ်သက်တမ်းတိုးပေးထားသည့် တံဆိပ်တုံးထုထားသော ပတ်စပိုတ်နဲ ့ ပြေစာကို ပေးသည်။ နှတ်မဆက်ပဲ ပြန်ခဲ့သည်။ဒီလိုနေရာမျိုး ပြန်မလာချင်။
လမး်တွင်မိုးကလည်း ရွာသည်။ မိုးရွာထဲ လမ်းမလျှောက်ရသည်တောင် ကြာပီ။ ခြေထောက်တွေ စိုရွဲရွဲနဲ ့ ဆေးခန်းဝင်သည်။ ကောင်မလေးတစ်ယောက်က ဘယ်ဒေါက်တာနှင့် တွေ ့မလဲတဲ့။ နာမည်ဖတ်ကြည့်ပီး ဘယ်သူနှင့် တွေ ့ရမှန်းမသိ။ မြန်မြန်ပီးတဲ့သူနဲ ့တွေ ့မယ်လို ့ပြောလိုက်သည်။ ခဏနေတော့ ဆရာဝန်ခန်းမှ ဒေါက်တာမ ငယ်ငယ်လေးထွက်လာသည်။ ချစ်စရာလေး။ :D ငါနှယ် ဒီနေ ့ကံကို မကောင်းဘူး။ ကိုယ့်ရဲ ့ဒေါက်တာက ယောကျင်္ားကြီးဖြစ်နေမှန်း အထဲဝင်တော့သိလိုက်သည်။ နောက်ဆို စလုံး ကျားမ နာမည် ကွဲတာတွေ ကို လေ့လာထားဦးမှ။ ဒီလိုနဲ ့ အဲဒီ ယောင်္ကျား ဒေါက်တာကြီးကို ဝင်ပီး ညာသည်။ မတက်နိုင်ဘူးလေ ယောင်္ကျားကြီးဆိုလည်း ညာရမှာပဲ။ သူလည်း သိသိကြီးနှင့် ပြုံးပြုံးကြီး လက်ခံလိုက်သည်။ အိပ်ပြန်ရောက်တော့ အိပ်မောကျသွားတော့သည်။

Saturday, November 8, 2008
မနေ ့က သူငယ်ချင်း အသစ်ရောက်တော့ ဒီနေ ့ ဘူးဂစ်(စ) ဖက် လျှောက်သွာမိတယ်။ တိုက်ကို အရောင်ချယ်ထားတာ သူများနဲ ့ မတူလို ့ လှနေသလိုပဲ။
ဘယ်လိုကနေတာလဲမသိဘူး။
ဘာပဲဖြစ်ဖြစ်.. စွဲလန်းချင်စရာလေး.. :D (နာဘူးလို ့တော့ မတွေးနဲ ့.. နောက်တောက်တောက်ရယ်ပါ)
လတောင်ပြည့်တော့မယ်။
MRT ပေါ်၊ လမ်းလျှောက်နေတဲ့ အခါမျိုး မှာ အတွေးတွေ များပြီး နေပေမယ့်.. အိမ်ပြန်ရောက်တာနဲ ့ အာရုံမရတော့လို ့ ဘလော့ပေါ်မှာလည်း ဘာမှရေးစရာမရှိဘူး။ ဒီတော့ ပေစုတ်စုတ် ဘလော့ ဆိုတော့ ပေစုတ်စုတ် ပုံလေးတွေပဲ တင်ပါတယ်။ ပေစုတ်စုတ် ကောင်လေး တစ်ယောက်လည်းပါတယ်ပေါ့။ အေးလေ ပေစုတ်စုတ် ဘဝလေးပဲကိုး။ ဒီတော့ ပေစုတ်စုတ် လူတွေ ပဲ လာဖတ်ကြမယ်။ (ဟိ..ဟိ.. နောက်တာနော်။ ဆွဲဆန် ့စဉ်းစားလိုက်တာ ရှည်သွားတယ်။ :D) ပေစုတ်စုတ် ဖြစ်မှာကြောက်ပီး.. ပေစုတ်စုတ် ကွန်မန် ့လေး မပေးပဲ ပြန်မသွားနဲ ့ဦး.. :P

Saturday, November 1, 2008
ဗုဒ္ဒဘုရားရှင်က သူ ငါဟု၍ မရှိ၊ ရုပ်နမ် သာရှိသည်။ သို့မဟုတ် ခန္ဒာငါးပါးသာ ရှိသည်။ စိတ် ၊ စေသတိသ် တွေ သာဖြစ်သည်။ ဒီလိုဟောကြားခဲ့သည်။ အဝိဇ္ဇာ အမှောင်များဖုံး လွှမ်းနေခြင်းကြောင့်သာ ယုံမှား ကြခြင်းဖြစ်ဟုဆိုသည်။ အကျိုးအကြောင်းဆက် စပ်ကြည့်သောအခါ မြင်မှု၊ ကြားမှု၊ ထိတွေ့မှု စသည် အာရုံ ၅ ပါး ကြောင့် နှစ်သက်ခြင်း၊ လိုချင်တက်မက်ခြင်း စသော စိတ်များ ဖြစ်လာကြသည်။ ထိုမှတဆင့် စေသတိသ်တွေ ဖြစ်သည်။ အမြင်ကြောင့် သော်လည်းကောင်း၊ အသံကို ကြားရသောကြောင့် သော်လည်းကောင်း၊ ထိတွေ့ရသောကြောင့် သော်လည်းကောင်း ဒီကောင်မလေးတော့ ငါချစ်သွားပြီ။ ဒီကောင်လေးတော့ ငါနှစ်သက်သွားပြီ စသည်ဖြင့် သညာ အားဖြင့် မှတ်သား ခေါ်ဆိုကြာသည်။ ထို သညာအားဖြင့် ခေါ်ဆိုကြသော ချစ်ခြင်းသည်လည်းကောင်း၊ မုန်းခြင်းသည်လည်းကောင်း၊ တက်မက်ခြင်းသည်လည်းကောင်း အဝိဇ္ဇာကြောင့် ငါချစ်သည်၊ ငါလိုချင်တက်မက်သည် ဟု၍ ဖြစ်လာကြရသည်။ အတ္တဟုသည် မရှိပါပဲလျှက် ရှိသည်ဟု ယုံမှားထင်မြင်လာကြသည်။ ထိုအခါ အချစ်သည်လည်းကောင်း တက်မက်ခြင်းသည်လည်းကောင်း အလွန်လွှမ်းမိုးသော အနေအထားဖြင့် လူသားတို့၏ဘဝတွင် ပါဝင်ပတ်သက်လာသည်။ ချစ်သောသူနှင့် ကွေးကွင်းရခြင်းသည် ဒုက္ခ ဟု ဆိုကြရသည်။ မရှိဟု ဆိုရမည်ဖြစ်သောလည်း မသိသူတွေများလာသော အခါ ဖြစ်လာသော အရာများကို လက်ခံ သိထားရသည်။ လေ့လာရမည်။
အာရုံအမျိုးအမျိုးပေါ်မူတည်၍ ဖြစ်ပေါ်လာသော ထိုစိတ်များသည်လည်း အမျိုးမျိုး ကွဲပြားနေသည်။ ချစ်သည်ဟုပင် ခေါ်စေကာမူ၊ သူချစ်သည် နှင့် ကိုယ်ချစ်သည် မတူ။ ကိုယ်ခန္ဒာပေါ် တည်၍ ဖြစ်လာသော ချစ်ခြင်းမျိုးလည်းရှိသည်။ အပြုအမူများပေါ် တည်၍ ဖြစ်လာသော ချစ်ခြင်း၊ အသံပေါ်တည်၍ ဖြစ်လာသော ချစ်ခြင်း၊ လေးစားသောကြောင့် ဖြစ်လာသော ချစ်ခြင်း၊ အနေကြာ အမြင်ကြာလာသောကြောင့် တည်လာသော ချစ်ခြင်း၊ စွမ်းရည်တခုခုကို နှစ်သက်ရာမှာ တည်လာသော ဖြစ်ခြင်း အမျိုးမျိုး အပြားပြား ရှိလေသည်။ ထိုအခါ ကွဲပြားသော အချစ်များဖြင့် ကွဲပြားသော လူတို့နားလည်လက်ခံနေထိုင်ကြသည်။ ချစ်ခြင်း၊ ထိုစိတ်သည် ယောကျ်ား ၊ မိန်းမ သဘာဝတွင်သာမဟုတ်၊ ကိုယ်နေထိုင်ခဲ့သော နေရပ်၊ တိုင်းပြည်၊ လူမျိုး စသည်တို့အပေါ်တွင်လည်း ဖြစ်လေသည်။ အလှတရားပေါ်တွင်လည်း ဖြစ်သည်။ သဘာဝတရားပေါ်တွင်လည်းဖြစ်သည်။ ပညာရပ်တစ်ခုပေါ်တွင်လည်းဖြစ်သည်။ သို့သော် သေချာသည်မှာ ထိုသို့ဖြစ်စေရန်အတွက် ခိုင်လုံသော အကြောင်းတရား များစွာ ပေါင်းစပ်ထားသည်။ လူတဦးတယောက်၏ ဆင်ခြင်နိုင်စွမ်း၊ ပင်ကို မူလ စိတ်အခံ၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင်၊ တန်ဖိုးထားမှု စသည် များစွာသော အကြောင်းတရားတို့ ဖြင့်ဖွဲ့စည်းထာသည်။ ထိုအကြောင်းများ ကွဲလွဲလာသည်နှင့်အမျှ ချစ်ခြင်းဆိုသော စိတ်များလည်း ကွဲလွဲလာသည်။ ဤနည်းဖြင့် အချစ်သည် လူသားတို့အတွက် ပြောပြရန်ခက်ခဲသော အကြောင်းအရာ တစ်ခုဖြစ်လာတော့သည်။
သို့သော် နေထိုင်ရှင်သန်ကြသည်အခါ လူသားများသည် အချစ် စိတ်တခုတည်ဖြင့် နေထိုင်ကြသည်မဟုတ်။ ထို့ပြင် အချစ်စိတ်ကို ဖြစ်စေသော အကြောင်းတရားများကုန်ဆုံးသွားသောအခါ၊ နည်းပါးလာသောအခါ သို့တည်းမဟုတ် လက်မခံနိုင်တော့ သောအခါ ထို့ကြောင့်ဖြစ်လာသော အချစ်သည်လည်း လျှော့ပါးလာရသည်။ ကိုယ့်အနေအထားအလိုက် ပေါင်းစပ်ညှိယူ လက်ခံနေထိုင်မှုသည် အချစ်စိတ်လိုပင် အရေးကြီးလာသည်။ ထိုအခါ နားလည်လက်ခံနိုင်ခြင်း၊ နူညံ့သိမ်မွေ့ ခြင်း၊ သည်းခံခြင်း၊ ကောင်းမြင်တက်ခြင်း၊ အမှန်မြင်တက်ခြင်း ၊ လိုက်လျှော အလျှော့ ပေးခြင်း၊ တဦးအပေါ်တဦး ရိုးသားခြင်း စသည်တို့သည်လည်း အရေးကြီးသော ကိစ္စများဖြစ်လာသည်။ ဘဝတခုဖြစ်သဖြင့် အခြေအနေ အချိန်အခါနှင့် နေထိုင်တက်ရန် အရေးကြီးသည်။
အချစ်ဆိုသည့် ထိုစိတ်ကြောင့် ဖြစ်သော ပြသာနာများသည်လည်း နေစဉ်နေထိုင်ကြသည် ဘဝတွင် အလွန်လွှမ်းမိုးလွန်းသည်။ အများစုမှာ အဝိဇ္ဇာကြောင့်၊ မသိမှုကြောင့် ဖြစ်သည်။ အချစ်ကြီးလို့အမျက်ကြီးသည်။ ချစ်သူနှင့် ကွဲကွာသွား၍ ဘဝ၏အချိန်အတော်များများ အဓိပ္ပါယ်မရှိဖြစ်ရသည်။ အချစ်ကြောင့် အသက်ဆုံးရသည်။ အချစ်ကြောင့် စစ်ဖြစ်ရသည်။ မည်သို့ဆိုစေ မသိမှုသည် အဓိက ပြသာနာဖြစ်သည်။ တကယ်တကယ် ချစ်တက်ရန်၊ ထိုသို့သော စိတ်ဖြစ်ပေါ်ရန် အသိ လိုသည်။ အသိရှိမှ အချစ် စစ်မှန် သော စိတ်ကို ဖြစ်စေမည်။ ထိုအခါ ပူလောင်မှု နည်းစေမည်။ ချစ်ခင် စိတ်ရှိသော်လည်း စွဲလန်းမှုကို နည်းစေမည်။ ဖြစ်ပျက်နေသည်များကို သိသောအခါ ပြသာနာမှာ မကြီးကျယ်တော့။ အမှန်တကယ် ချစ်ခြင်လျှင် မှန်ကန်စွာ စိတ်သွင်းနိုင်ဖို့လိုသည်။
ယောနိသော မနသီကာရ
မှန်ကန်စွာ နှလုံးသွင်းခြင်း ဖြစ်ရမည်။ ထိုအတွက် အသိလိုသည်။ အသိရှိရန်အတွက် ၀ိရိယ နှင့် သတိလို သည်။ [ကျွန်တော်က requirement referential circle ဟုခေါ်သည်။ ]ထိုသို ့လူသားတိုင်းအတွက် ဖြစ်ရန်မှာ စိတ်ကူးမျှသာ ဖြစ်နိုင်သည်။ လူတိုင်းမကျင့်ကြံနိုင်။ ထိုအခါ လူတို့သည် ထိုပြသာနာများနှင့် ပါဝင်ပတ်သတ်နေဦးမည်သာဖြစ်သည်။ ရှောင်လွှဲ၍ မဖြစ်နိုင်။ တရားတခုအနေနှင့် လက်ခံရန်သာဖြစ်သည်။ ကိုယ် လုပ်နိုင်လျှင် လုပ်ရန်သာဖြစ်သည်။
စိတ်တခုဖြစ်တဖြင့် တရားတခုသာဖြစ်သည်။ မလွန်ဆန်နိုင်။ ဖြစ်ပေါ်သည်။ ပျောက်ပျက်မည်။ တစ်ယောက်တည်းကို ချစ်နိုင်သည်။ နှစ်ယောက်လည်း ဖြစ်နိုင်သည်။ တစ်ယောက်ကို ချစ်ပြီး နောက်တစ်ယောက် ပြောင်းချစ်သည်လည်း ဖြစ်နိုင်သည်။ ချစ်ပြီးမှ မုန်းသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ အချစ်စိတ်တစ်ခုတည်းဖြင့် မဆုံးဖြတ်သင့်။ သူမပါဝင်ပဲနှင့်လည်း မဆုံးဖြတ်သင့်။ မည်သို့ပြုမူခြင်းသည် အကောင်းဆုံးဖြစ်သည်ကိုတော့ ပိုမိုပြည်စုံလာသောတနေ့ ပိုမိုသိလာမည်။
ရှိရှိသမျှသော လူများအတွက် အချစ်ကို ဆိုရန်မှာ မည်သို့မှမဖြစ်နိုင်။ အကြောင်းတရားတို့ မတူသောကြောင့်ဖြစ်သည်။ ခက်ခဲ ရှုပ်ထွေးလွန်းသော ပုဒ်စာ မဟုတ်။ သို့သော် ကိုယ်ဖသာ သာ ဖြေရှင်း၍ ရနိုင်သည်။ အဖြေတို့သည်နီးစပ်တူညီနိုင်သည်။ ကြိုးစားကြပါလေ။ဘဝသည် အချစ်တခုတည်းနှင့် ဖွဲစည်းထားခြင်း မဟုတ်ကြောင်းကိုလည်း သတိပြုကြသင့်သည်။ အရေးကြီးသည်လည်း မဟုတ်၊ မကြီးဘူးလည်း မဟုတ်၊ အစိုးမရသော အသေ မဟုတ်သော လောကတွင် အရှင် နေထိုင်၊ တွေးတော၊ ကျင့်ကြံဖို့လိုသည်။
---
ကျွန်တော်အတွက်တော့ အချစ်သည် ပြသာနာ မဖြစ်ခဲ့။ ကိုယ်တွင် ကိုယ့်အကြိုက်ရှိသည်။ ကျွန်တော် ချစ်သော ကောင်မလေးများသည် ကျွန်တော် ကြိုက်သော အနေအထားရှိသူများသာဖြစ်မည်။ သေချာသည်။ ရုပ်ကိုသာပြောသည်မဟုတ်၊ စိတ်ပိုင်းကိုလည်းပြောသည်။ စိတ်ကို ဘယ်လိုသိသလဲဆိုသည်ကတော့ ပြောပြရန်ခက်ခဲသည်။ ကိုယ်အလေ့အကျင့် နှင့် ကိုယ်သာဖြစ်သည်။ ကျွန်တော် နှစ်သက်သော အရေအသွေး၊ စိတ်နေစိတ်ထား၊ သဘောထား၊ ရုပ်ရည် ရှိသူများကို သာ ချစ်ခြင်းဆိုတဲ့ စိတ်ဖြစ်ပေါ်သည်။ ချောမောလှပခြင်းသည် ကျွန်တော့်အတွက် ကြည့်လိုစိတ်ရှိသော်လည်း ချစ်လိုစိတ် ဖြစ်ဖို့မသေချာ။ ချောသော်လည်း မချစ်ဖြစ်သည်ကိုတွေ့ခဲ့သည်။ ကျွန်တော် ချစ်သော ကောင်းမလေးသည် ကျွန်တော်ကို ပြန်ချစ်မည်ဆိုတာကို လည်း အသေအချာ ယုံသည်။ (မချစ်ဘူးဆိုရင်လည်း မတက်နိုင်ဘူးပေါ့လေ) :P
နတ်ဆိုး။
(အဒေါ်ကြီး ၀၀ ပန်ဒိုယာ တက်လို့ ရေးရတာ ဖြစ်သည်။)

Tuesday, October 28, 2008
One morning last September, I was sitting in front of the computer, surfing the internet, reading the blogs and was feeling angry at the article written by a famous Burmese blogger, when I saw her on the street walking toward the bus stop, and I started aware of my quick heart-beating. She was going to pass through under my house. I ran to the back window, looking forward with an excitement. A moment later, she appeared elegantly to my view - not noticing that someone was looking interestingly at her. Nice height. And great shape! She was wearing a blouse, a mini-skirt and a pair of one or two inches high-heel. She is different from the others in this country that she is always walking so gently, attracting all the people while the rest are rushing for their uncertainty.
I did feel shy for looking a girl passionately from the back - but somehow it was stubbornly refused to turn back till she disappeared from my sight. When I sat back, I could feel my warm and quick circulation twisting turning with several images of her. Several questions in my brain too. What is she doing? Where she is going to? Is she a Burmese or a girl born in this land? I got no answer and at the end, I did not want to do anything except carelessly laid down on the sofa, and was watching a Chinese martial art movie to get away every thought of her. Given the state of my situation loving, interesting or having a desire for a beautiful girl like her is totally imprudent as I am an ugly guy. Fortunately, or unfortunately, I never see her again at that place since then.
I saw it was 4 minutes, shown on the Station’s TV, to wait for the next train going to the east while I was walking up to the Station. I heard a voice calling my name and a guy was coming over to me quickly, and seemed happily. It was my friend migrated to this country nearly 1 year earlier than me - now he is settling in here with a good earning. After greeting each other with the big smiles, and friends-say-words, I noticed that a girl was standing after him, at a near distance. She was looking at us with curious and nearly smiling eyes. I took aback for a few seconds as she was the one giving me the dreams for days ago. I simply thought that I was going to be a lucky guy and all the destinies were helping well to me to see her again.
*[update for learning English: put some commas, dashes, semi-colons, colons, and little changes for better reading.
11Mar2009
(ကလားဖြူဘာသာဖြင့်ရေးချင်လို့  စိတ်ကူးပေါက်ရာ လျှောက်ရေးထာတာဖြစ်သည်။)

Monday, October 27, 2008
စီးပွားရေးကျလို ့လားမသိ၊ သင်္ဘောတွေ အရင်ကထက် နည်းနေသလိုပဲ။
တညလုံးမအိပ်ခဲ့ရ၊ (ဖဲရိုက်နေလို့ :D)
မနက်ရောက်တော့ နေထွက်ချိန်လေးကို ထောက်တိုင်လေး ထောင်ပီးစောင့်သည်။
သို့သော် နေက ထွက်မလာခဲ့။ အော်သူတို့လို ကြည်ကြည်နူးနူးဆိုလည်း အကောင်းသား။ (အခုတော့ အိပ်ချင်မူးတူး)။ ဘာပုံမှ ထက်မရိုက်ပဲ စန့်စန့်ကြီး အိပ်ခဲ့သည်။ (တယောက်တည်း)
နှစ်ဘူးတော့ နှစ်ဘူးပါပဲ။ စိတ်ကူးယှဉ်စရာ တော့ မပါ။
ကိုယ်နဲ့တော့ မဆိုင်။ ဒါပေမယ့် ကျေးဇူး။ အလုပ်တရက် ပိတ်သည်။

Thursday, October 23, 2008
Tuesday, October 14, 2008
သီတင်းကျွတ်ပြီ
ကောင်းကင်ပေါ်မှာ မီးပုန်းပျံလည်း မတွေ့ဘူး။
အိမ်တွေပေါ်မှ ဆီမီးလည်းမတွေ့ဘူး။
သာသာ ထိန်နေတဲ့ လမင်းလည်းမရှိဘူး။
ပျော်ဝင်နေတဲ့ ခံစားချက်တွေလည်း မတွေ့ဘူး။
မီးပုန်းတွန်းနေတဲ့ ကလေးတွေရဲ့ အသံလည်း မကြားရဘူး။
မီးသရဲဆိုတာလည်း မမြင်ရဘူး။
သီချင်းဆိုသံ၊ ပျော်ရွင်အော်ဟစ်သံတွေ မကြားရဘူး။
ကြည်နူးစရာမရှိဘူး။ လွတ်လပ်မှုမရှိဘူး။
တကယ်ပါ။ ငါ့တိုင်းပြည်ကို ငါချစ်တယ်။ ငါ့ဓလေ့တွေကို ငါ နှစ်သက်တယ်။
ငါ့ယဉ်ကျေးမှုတွေကို ငါမြတ်နိုးတယ်။ ငါတို့လူမျိုးကို ငါအထင်ကြီးတယ်။
ငါ့တိုင်းပြည်မှာ ရှင်သန်ခွင့် ရခဲ့တဲ့အတွက် ငါ ဂုဏ်ယူတယ်။

Tuesday, October 7, 2008
Monday, October 6, 2008
ကောင်းကင်တစ်ခုလုံး မှိုင်းညိုနေသည်။ ကားလမ်းမကြီးတစ်လျှောက် လူတွေ၊ ကားတွေလည်း ရှင်းလာသည်။ လေကလည်း တိုက်လို ့ လာသည်။ မိုးသည်းသော မိုးများသော အရပ်မဟုတ်ပေမယ့်လို ့ တောင်ပေါ်မိုး က တခါတလေ သည်းကြီးမဲကြီး ရွာတက်သည်။
သားအမိနှစ်ယောက် ကားလမ်းမအတိုင်း စက်ဘီးကိုတွန်းရင် သုတ်သုတ် လျှောက်လာကြသည်။ မိခင်ရော သားငယ်ကပါ မိုးမိမည်ကို စိုးရိမ်နေကြသည်။
"သားရေ၊ သွက်သွက်လျှောက် မိုးက ကြီးမယ်ထင်တယ်"
"ဟုတ်တယ် အမေ"
"ဒီ သားကြီးတစ်ယောက်လည်း ဘယ်လျှောက်သွားနေမှန်းမသိဘူး။ မိဘကို လာကြိုခိုင်းလိုက်ရင် ပေါ်မလာတော့ဘူး"
ကောင်းကင်က မှောင်သည်ထက် ပိုမှောင်လာသည်။ တိမ်မည်းမည်းတွေက ကောင်ကင်နေရာ အနှံအပြား ရွှေလျှားနေကြသည်။ လျှက်စီး တွေလည်း တချက်တချက် လင်းသည်။ သည် မိုးကြောင့်ပဲ စျေးစောစော သိမ်းခဲ့ကြသည်။
"အမေ၊ သားတို ့နင်းသွားတာကောင်းမယ်" ၄ တန်းကျောင်းသား သားငယ်က လူကြီးစီး မိန်းမစီး စက်ဘီးကိုတွန်းရင် သူ ့အမေကို ပြောလိုက်သည်။
"အေး၊ ဟုတ်တယ် အမေ့ကို တင်ပြီးတော့ သားနင်းနိုင်ပမလား"
စိုးရိမ်ပေမည်။ သူဖသာဆိုလျှင် ကောင်းကောင်း စီးနင်းနိုင်ပေမယ့် အမေကိုတင်ပြီးတော့ နင်းနိုင်ပလား။ တောင်ပေါ်ဒေသနှင့် လျှော်ညီစွာ အတက်အဆင်းက ရှိသေးသည်။ အသက်ကလည်း အတော်ကို ငယ်နေသေးသည်။ စက်ဘီးတောင် အိမ်နီးနား ပတ်ဝန်းကျင်တွင်သာ စီးဖူးသေးသည်။
မိခင်ကလည်း စက်ဘီး မစီးတက်။
"ရမယ်ထင်တယ်။ စီးကြည့်မယ်လေ အမေ"
"အေး၊ ဒါဆိုလည်း ဧရိပ်သာ ကုန်းကျော်သွားမှ စီးကြမယ်။ လာ..သား"
ဧရိပ်သာကုန်းပေါ်ရောက်တော့ သားငယ်က စက်ဘီးကို ခွပြီး စနင်းသည်။ ယိုင်တိုင်တိုင်နှင့် နည်းနည်း သွားပြီးတော့ သူအမေကို လှမ်းခေါ်သည်။
"အမေ တက်တော့ ရပြီ"
"အေး၊ သားဖြည်းဖြည်းနင်းနော်၊ အမေ တက်ပြီ"
စက်ဘီးက ယိုင်ထွက်သွားသည်။ သုံးလေးခါလောက် ဘယ်ညာရမ်းသွားတော့ မိခင်က စိုးရိမ်စိတ် နှင့် ခုန်ဆင်းလိုက်သည်။
"အဲ... သားရပမလား"
"ရတယ်အမေ၊ ပြန်တက် .. ခုန်မဆင်းနဲ ့ .. သားထိန်းနိုင်တယ်"
မိခင်က စက်ဘီးပေါ် ဖြည်းဖြည်းတက်လိုက်သည်။ သုံးလေးခါလောက် ထပ်ရမ်းသွားပြီးတော့ သူ စက်ဘီးကို ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ သားငယ်က အားထည့်ပြီး စက်ဘီး ကို စနင်းသည်။ သူမှာ ထိုင်ခုံပေါ်မှာတောင် ထိုင်ဖို ့မမှီ။ သူမျက်နှာက စက်ဘီး လက်ကိုင်ကို ကျော်ရုံ။ သူ မတ်တပ်ရပ်ပြီးနင်းသည်။ မိခင် မိုးမိမှစိုးသောကြောင့်နင်းသည်။ စက်ဘီးလေး ဟိုယိမ်း ဒီယိမ်း နှင့် လမ်းမကြီးအတိုင်း သွားလေသည်။ မိုး မရွားသေး။ လျှက်စီများတော့ လက်လို ့ နေသည်။
--------------------------------------------------------
အကိုလတ် မင်္ဂလာ ဆောင်တော့မည်။ ငယ်ငယ်က ငါ့ကို အမေပြောပြဖူးတဲ့ အကြောင်းအရာလေး အမှတ်တရပေါ့။ အဲနေ ့က မိုးမမိခဲ့ကြ။

Saturday, October 4, 2008
F1 ဓာတ်ပုံတွေပေါ့။
ဒီလို အားရပါးရ အားပေးကြတယ်။
ဒီလောက်မြန်တဲ့ ကားတွေကို မရမက ကြိုးစားရိုက်ယူကြတယ်။
စင်ပေါ်မှာကော၊ စင်အောက်မှာကော အုံလို့
အနော်ကတော့ ဒီလို လေးတွေ ပဲ လိုက်ရှာနေတာ.. ဟိ
သူလေးလညး် ပင်ပန်းမှာပဲ၊ ကျွန်တော်ဟိုဟိုဒီဒီ သွားပြီးတဲ့ အထိ ဒီကလေးမက ဒီမှာပဲ.. ခြေသလုံးလေးတွေတော့ ညောင်းနေဦးမှာပဲ.. :D
ဖာရာရီကတော့ နေရာတကာပါပဲ .. သူကား တစ်စီလောက်တော့ အိမ်မက်မက်လိုက်ဦးမယ်.. အဟိ.
နောက်ဆုံး.. ရေအိမ်မှာ နတ်ဆိုး တစ်ကောင်းတွေ ့တာ.. လက်ကလည်း မနေဘူး။

Today, I am not feeling well. I got cold two days ago and felt sick at yesterday morning. As very lazy to go to the doctor, I went to the office, instead, and working, finishing my jobs with huge efforts to against the running hot eyes, the running nose, and rough and painful throat . Keying two lines of code, wiping out the streaming liquid from the nose with a tissue, trying to clear my throat with a husky sound, thinking and keying again. I was really busy the whole day. The nostril started to feel hurt as teared by rushing so many time with the tissues. Every time I sneezed, I reluctantly said sorry in whisper, and everybody pretended as it was nothing. I felt the whole body was cold for a second or two then went normal.
Though it was sunny outside and the temperature was around 20° C inside by the air conditioner. I was very cold like 5° C, seemingly my hand were going to freeze. This kind of cold is totally different from the one we enjoy in winter. I had to drink several cup of hot water to make the body warmed. Among the worse, it was one that the air conditioner was right above my head. I opened the Winamp player, chose some of my favorite songs randomly, and followed them to be looked like I was fine. It is a Friday and I did not want it to be a bad day. But sadly it did.
Every time I feel sick, I am thinking of making exercise with a good understanding of the value of health, just like others. I am thin but healthy and robust originally, but after years of careless living for the health and getting older, now my body is starting to change to be weak. Since I got a job as a programmer few months after the final year exam in UCSM, most of my time was used in front of the 14", 15", 17" computer screens. As I have been living in Virtual World for 4 years now I almost forget about hiking, making unsmooth trips around the rural areas, playing energetic games with my friends. All these are just a sweet memory for me now. All what I am doing is typing, keying, reading, chatting, and thinking during these 4 years. Additionally, I have come to wear a glass to be clear my vision on the world. So sad? Absolutely.
It seems like the time in Singapore is faster than in Burma. Months pass before you notice then years come to us silently. I do not feel sad as it is out of our hands and we have to enjoy every moment - whatever it is 16 years old or 40 years old.
Well, it is better of doing than saying - let's avoid wasting the time.
Be a great day! :)
NattSoe

Wednesday, September 24, 2008
ငါ့စွန်လေး ကော့သွားပြီ
အခုတော့ ငါလည်း ပြောင်းလည်းခဲ့ပြီပဲ။
လွန်ခဲ့တဲ့နှစ် အနည်းငယ်ကဆို ငါစိတ်ကူးတွေက လန်းဆန်းလို့. တက်ကြွလို့..
စိတ်ကူးနဲ့ငါ့ကြားမှာ ငါ့ချစ်သူတောင်မရှိခဲ့ဘူး။
လက္ဘက်ရည်ဆိုင်ထိုင်ရင်း၊ မြို့ထဲပလက်ဖောင်းတွေပေါ်လမ်းလျှောက်ရင်း...
တိမ်တွေကြည့်ရင်း၊ တောင်တွေတက်ရင်း...
ယူကလစ်ပင်ကြီးမှီရင်း..
လေတံခွန်လွှတ်ရင်းနဲ့
ငါ့အတွေးတွေကို ဆန့်ထုတ်ဖို့လုပ်နေခဲ့တယ်။
၀ါးပင်လေးခိုးလာ.. ၀ါးရုံလေးဖြစ်တဲ့အထိပျိုးရင်း
၀ါးရုံရဲ့အလှတရားကို အကြားကြီးငါ ကြည့်ခဲတယ်။
ဘာမှမဟုတ်ပေမယ့် သွားတိုက်ဆေးနည်းနည်းကို ရေကန်ထဲထည့်
ပတ်ချာလည်နေတာကိုလည်း အခါများစွာ စွဲစွဲလမ်းလမ်းကြည့်ခဲ့တယ်။
အဲဒီတုန်းကဆို..
လတ်ဆတ်တဲ့ စိတ်ကူးတွေနဲ့ငါ့နေ့ရက်တွေကို လွတ်လွတ်လပ်လပ် ဖြတ်သန်းလို့..
နှစ်တွေအနည်းငယ်ကြာလာ.. အခု ငါဟာ မအိုသေးပါဘူး.
စိတ်ကူးတွေကသာ အိုးမင်းသွားခဲ့တာ
ကောင်းကင်ကြီးကို ကြည့်မိတော့..
ငယ်ငယ်တုန်းကကောင်းကင်နဲ့အခု ကောင်းကင် အတူတူ ပဲနော်... ဆိုရော
လုပ်ဖော်ကိုင်ဖက်တွေကဝိုင်းရယ်ကြတယ်။
တကယ်ဆို သူတို့ကမသိတာပါ။
ငါ့အတွက်တော့ ငယ်ငယ်တုန်းကကောင်းကင်နဲ့ အခုကောင်းကင်
အတူတူပဲ။
တခုပဲလေ...........။ ငါ့ စွန်လေးကို မမြင်ရတော့ဘူး။
နတ်ဆိုး
Thursday, 7 June 2007 21:28
မနှစ် က တင်ထားခဲ့တဲ့ ဟာပါ။ ဘာလိုလိုနဲ့ ၁ နှစ်တောင် ကျော်သွားပြီ။ ဒီ လောကနဲ့ရင်းနီးတာ၊ ဒီလူတချို့နဲ့ခင်မင်တာ။ ဒါပေမယ့် စွန်လေးကတော့ အခုအချိန်အထိ ပြန်မရတော့ဘူး။ တနေ့တနေ့ အလုပ်တွေကြား၊ တာဝန်တွေကြား လူးလား ရှုတ်ရှပ်ခက်ရင်း၊ emotional ဆန်တဲ့ ကျွန်တော် professional ဆန်အောင် မရမက လုပ်ရင်း.. ရှုပ်ထွေးစွာတွေးလာတက်တဲ့ အတွေးတွေကို မရှင်းနိုင်သမျှတော့ ဒီလိုပဲ ဆက်သွားနေဦးမှာပဲ။
တနေ့တော့ လို့ ယုံကြည်ပြီး အသက်ဆက်ရမှာပဲလေ။ ငြင်းဆန်ရုန်းကန်နေသမျှတော့ မျော်လင့်ချက်ဆိုတာ ရှင်သန်နေဦးမှာပဲ။
ပုံက ပန်ဒိုယာ ဆီက တောင်းပြီး တင်ပါတယ်။
Saturday, September 20, 2008
တပွင့်လည်း ပန်း..
နှစ်ပွင့်လည်း ပန်း..
သုံးပွင့်လည်း ပန်း..
နှစ်ပွင့်က ကြီးကြီး.. တစ်ပွင့်က သေးသေး
အရောင်စုံအရွက်၊ အခက်အဖူးနဲ့ဆိုတော့
ရှင်သန်ခြင်းလို့ ပြောရင်လည်းပြောမယ်
ဖွင့်ဖြိုးခြင်းလို့ မြင်ကြဦးမယ်
မိသားစုလို့ တွေးရင်လည်း တွေးမယ်
ဒါပေမယ့် ပန်းဆိုမှတော့ ပန်းပဲပေါ့လေ
ဘာဖြစ်ရဦးမှာလည်း
ဖူးမယ်၊ ပွင့်မယ်၊ ဝင့်မယ်၊ လွင့်မယ်
ပြီးတော့ ကြွေမယ်
သင်္ကေတတွေဆိုပြီး
လေးစားချင်လည်း လေးစားကြ
အလှတရားရယ်လို့ ဆိုချင်လည်း ဆိုကြ
သံဝေဂတရားတွေလည် ရချင် ရကြ
ကျွတ်ကျွတ်ဝါးတိုင်း ကြေတယ်လို ့တော့ မထင်ကြလေနဲ့
ကျွန်တော်ပြောတယ် အဲဒါ ပန်းပွင့်ပဲ
ခင်ဗျားတို့ သိလား
လောကဆိုတာ…. မာယာ…. များတယ်။
နတ်ဆိုး
Thursday, September 18, 2008
Wednesday, September 17, 2008
I incur the downfall as the result of lacking concentration through out the previous period at work. Since last September, I have been looking for more on my country than myself. I woke up with the thought of what happened the previous night to Burma. I ate with the news of arresting, protests, and prediction about Burmese's future. I stared at the computer screen the whole day and thought about what would be right; what would be wrong; which would be the best way; what would be the meaning of the most famous and popular words 'DEMOCRACY' for us;whose words were the most dramatic and realistic way for the freedom of my homeland; how to built a free and equal, develop physically mentally and multinational republic nation along with some kinds of big open and best mind, etcetera etcetera. I did it emotionally, hopefully and enthusiastically. I even dropped some of my long-lost tears for the photo shots and videos of the events. I listened the songs of Ga Bar Ma Khay, Do BaMar, and 8888 with big voraciousness of the freedom for my homeland.
As a young man, my opinion fall onto the area of revolution by any means as our National Father Bo Gyote Aung San did though I still believe in people power as the only possible way so far. I wanted to be a part of it. But I knew that something was not right for me. I didn't have enough courage for going back to the home and doing it. I am sure if I were in Yangon last September, I would be at the front line and no one would be able to predict my life now. I sorrowfully come to know and accept as many young Burmese like myself do not have enough courage or enough knowledge to do it, to risk their life or, more than that to risk their family members life. They also do not believe in the current environment of fighting for democracy. True words hurt us sometime.
"It's not enough to care about the world. Caring and feeling emotions is a waste of time and energy. Unless we get up and do something about the things we care about, it would be irrelevant."
[1997 Nobel Peace Laureate, Jody Williams]
The above words clean me a lot of my confusion. I got this from a famous Burmese blog, The One Whose Name Gyittu's odds and ends. It is absolutely right to me. We may get some advantages for caring others or worrying about them without going through with any exercise. Nobody doubts it will be definitely better and more productive if we exercise it.But knowing and exercising is still a bit, perhaps a big, different to me. I am not a hero. Sadly, I understand that without the young Burmese active efforts there will not be any freedom to our future as the only way to effect change is to participate by all Burmese. I also do feel it like my responsibility though, honestly, I am still afraid of picking it up to my shoulders. At last, I have to accept I am still an ordinary Burmese who does not have anything enough to fight from the front line and being like this is also a main reason of full of oppression in Burma instead of freedom. But I believe strongly that our bad era will surely come to demise one day in which we all boldly united and now I am trying to be there.
++++++++++++++ +++++++++++++++
(NOTE: I am just practicing to improve Ka Lar Phyu language and inject some of my feeling and opinion in it. Neglect my primary student style writing. :D )
NattSoe
*[update for learning English: put some commas, dashes, semi-colons, colons for better reading. 10Mar2009

Monday, September 15, 2008
Tuesday, September 9, 2008
သနပ်ခါးနဲ့ သင်းနေတဲ့ ပါးပြင်
လေညင်းသွဲ့သွဲ့ညနေခင်း
ကျယ်ကျယ်ပြန့်ပြန့် လွင်ပြင်
မစားဖြစ်တော့မယ့် သစ်သီး
အနှစ် နှစ်၊ အလ လ အလွမ်း
ဆံပင်တွေ လွှင့်မျောလို့.. လည်တိုင်မှာရစ်ပတ်လို့...
ဒီအချိန်ဆိုရင်..။
(စက်ဘီးတစ်စီးလှဲလို့ နေတယ်။ ကောင်မလေးတစ်ယောက် မတ်တပ်ရပ််ပြီး နေဝင်ချိန်ကို ကြည့်တယ်။ လက်ထဲမှာ သစ်သီးတစ်လုံးရှိတယ်။ သူ့ရင်ထဲမှာ ကောင်လေး တစ်ယောက်ကို လွမ်းလို့ နေမယ်။)
နတ်ဆိုး
Friday, September 5, 2008
Thursday, August 28, 2008
Today, it is raining again. It has been at least drizzling almost all days during these two weeks. When the time was getting near to dawn, the air was colder my hands were searching for a blanket but did not get one. "Is it raining?" Then they found the blanket down on the floor. "Hummm. Life is not a miserable sleeping." I was in dreaming again.
"Hey Yaung, wake up! It is 7 o'clock!"
A terrible voice come out loudly. Shit, he should be dead for long time ago. It is really unacceptable. Inmmmm, I am not ready to get up, I mean, my body is not ready. I hardly open my eyes a little and decide I need to sleep more. I can hear the sound of the raindrops and my body does not want to get out of the blanket.It is really warm like a paradise which my Dad calls laziness.I turn to the side secure my paradise and fall asleep. Is there anybody who do not do this? Yeah, I am not that stupid.
"Ah, Hey Yaung, It is almost 7:35. Come on, wake up."
Warrrr, I hate the world, the whole world. What the hell is going on this world. Damn! Damn Life!
"Hey, you have to go to the office."
Yeah, I hate my employee life. It is not comfortable with my nature. My Dad will say not comfortable with my laziness. Okay, I will try to be an employer and there will be no such kind of miserable morning then. Yeah! It's true. But now, I have to get up. NO! No, I don't. I want to sleep more. A spark of thought appears in my head. MC! My precious medical leaves. Thought of MC is turning around in my brain.
No, I also hate to go to the doctor without feeling sick. You know Dad, I may be lazy but I am not such kind of lier. You have to wait 1 hour on the clinic seat with such stupid face pretended to be tired. In front of the doctor, though he knows that you are in good health, he will ask you stupid questions and you have to give stupid answers. No, I will not do this.
When I open the eyes, my friend is changing his suits. He has already finished taking bath.
"What time is it?" I ask him by trying to against the shutting eyes.
"7:40, Hey man, I am going. Don't forget to eat the bread for breakfast." then he leaves.
I am thinking something or ,perhaps, nothing for a while. I take a deep breath I wipe out some saliva and collect all my energy to stir myself then moving unsteadily to the bath room.
It is still raining outside. A day has begun.
Nat Soe

Tuesday, August 26, 2008
အိမ်လွမ်းသူ...
ယုံကြလားဗျို ့?? အခုချိန်ထိ ကိုယ်ဖသာ ကိုယ် ဘယ်တော့ မှာ အိမ်ကို ဖုန်းမခေါ်ဖူးဘူး။ ဖုန်းပြောမယ်ဆို အကိုဆီသွားလိုက်တာပဲ။ သူကပြော ကျွန်တော်က ဘေးကနေ ရယ်ပေါ့။ မေမေက အငယ်ကောင်ဆိုမှ ဟဲ..ဟဲ နေကောင်းလားအမေ ဘာညာပေါ့။ 1818 ကတ်လည်း အခုထိ ကောင်းကောင်းမခေါ်တက်ဖူး။ ဒါက လူများကတ်တွေ။ :D
ကျွန်တော် မိုဘိုင်းကလည်း ၃ ရက်နေလို ့ မှ ၁ ခါမြည်ချင်မှ မြည်တာ။ မြည်လိုက်ရင်လည်း အကို ့ဖုန်းဘဲ။ သူများတွေများ ဖုန်းလေးနဲ ့ပွားနေကြတာ မြင်တော့ ငါလည်း ပွားမဟဲ့ဆို ဘယ်သူ ပွားရမှန်းမသိ။ လူကမရှိ။
ဒီတော့ အခုရောက်လာတဲ့ သူငယ်ချင်းကသူဖုန်း မဝယ်ရသေးလို ့ ခဏ ပေးထားလိုက်တယ်။ အေးရော။ ညနေပြန်လာလို ့ ဟေရောင် ငါ့ဖုန်းလာလား ဆို လာဘူး။ မက်ဆေ့ ကော။ လာဘူးပဲ။ အေးတာပေါ့။
တိုပိုင်ရိုး...
သွားဖြစ်တိုင်း ဘုန်းကြီးကျောင်းသွားရတယ်လို့ မခံစားရတဲ့ နေရာ။ ဘုရားမြင်တော့ ရှိန်တော့ရှိန်ပါတယ်။ မနှစ်က အလုပ်လျှောက်နေတုန်း မရေသေးခင်၊ တိုပိုင်းရိုးရောက်တော့ ၃ ထပ်က နတ်မင်းကြီးနှစ်ပါးကို အလုပ်ရအောင်လုပ်ပေးလို့ မျက်လုံးကို တည့်တည့်ကြည့်ပြီး တိတ်တိတ်လေး နားပူနားဆာတိုက်လိုက်တယ်။ သူတို့ရုပ်က ပြုံးနေကြတော့ ဟဲ..ဟဲ.. ရမှာပဲလို့ယုံကြည်ခဲ့သေးတာပေါ့။
ဟဲ..ဟဲ.. ပန်းသီးစိမ်းကို တခြားအသီးတွေထက်ကြိုက်တယ်။ ဒီလို စာဖတ်နေတုန်း ကင်မရာနဲ့ ကောက်ရိုက်ထားတာ။ ပန်းသီးစိမ်းအေးအေးက က ပူတဲ့ ညတွေဆို သည်လို စားလို့ကောင်းတယ်။ မယုံရင် ဝယ်စားကြ။ နွားနိုကတော့ အားကုန်နေလို့ လို့ မတွေးကြပါနဲ့။ ဗိုက်စာနေပြီး စားစရာ မချက်ရသေးလို့။
စင်္ကာပူ...
သံယောဇဉ်တော့ရှိတာပါပဲ။ ( စကတ်တိုတို စလုံးမလေးတွေကြောင့် ဆိုတာ ဘယ်သူတိမလဲ)။ သူနိုင်ငံကို မြင်တိုင်း ငါ့နိုင်ငံအတွက် စိတ်ထိခိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဆက်ပြီးတိုးတက် အောင်မြင်နေပါစေ။ ဒီထက် လွတ်လပ် ကျယ်ပြန့်တဲ့အနေအထားကို လည်းရပါစေ။ စလုံးမလေးတွေလည်း ဆက်ပြီး တိုနိုင်ကြပါစေ။ ငါကိုလည်း ဒီနှစ် လခ (အနည်းဆုံး ၁၀၀၀၀ S$ လောက်)နဲ့ အလုပ်ခန့်နိုင်ပါစေ။ :D။
နတ်ဆိုး
Sunday, August 24, 2008
ဗုဒ္ဓ၏ ထူးခြားချက်များ
ဗုဒ္ဓသည် မိုးရာသီတွင် နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို ့ ခရီးလှည့်လည်ပြီးလျှင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ခါရံတွင်မူ သာသတ္တိ၊ ဝေသာလီစသောမြို ့ကြီးများတွင် သီတင်းသုံးတော်မူ၏။ မဇ္ဇိမနိကယ် အရိယပရိသေသနသုတ်၏ နိဒါန်းတွင် ဗုဒ္ဓသည် သာဝတ္တိမြို ့တွင် သီတင်းသုံးနေတော်မူစဉ် တစ်နေ ့တာ မည်သို ့ကုန်လွန်စေပုံကို ဖော်ပြထား၏။
တနေ ့သော နံနက်စောစောတွင် ဗုဒ္ဓသည် သင်းပို်င်ကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြို ့တွင်းသို ့ ဆွမ်းအလို ့ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို ့သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို ့ မကြားနာရသည်မှာ ကြာပြီဖြစ်၍ ကြားနာလို ကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို ့အား ဒမ္မကပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို ့သွား၍ နေကြရန်ပြော၏။ ရဟန်းတို ့သည် ထိုကျောင်းသို ့သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျှင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို ့ကြွသွားတော်မူ၏။ ထိုကျောင်းတွင် တစ်နေကုန် နေတော်မူပြီးသော အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို ့ ကြွသွား၍ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏား၏ကျောင်းသို ့ ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို ့ ကြွသွား၏။
ရဟန်းတို ့သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ် အပြင်ဘက်တွင်ရပ်လျှက် စကားအဆုံးကိုဆိုင်းငံ့နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန် ့၍ တခါးရွက်ကို ခေါက်၏။ ရဟန်းတို ့က တံခါးကိုဖွင့်၍ ဗုဒ္ဓသည် ခင်းထားအပ်သောနေရာတွင် ထိုင်ပြီးလျှင် "ရဟန်းတို ့၊ ယခု ငါဘုရား ကြွလာသောအခါ အဘယ်စကားဖြင့် သင်တို ့စည်းဝေး၍ ဟောပြောနေကြကုန်သနည်း" ဟု မေး၏။ ရဟန်းတို ့က မြတ်စွာဘုရားအကြောင်းကို ပြောဆိုနေကြပါသည်ဟု လျှောက်ထားကြသော် ဗုဒ္ဓသည် မိမိ ဘုရားမဖြစ်မီက ကြုံတွေ ့ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေသနသုတ်ကို ဟောတော်မူ၏။
ထိုတရားပွဲများတွင် တခါတရံ ရဟန်းတပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓား အခွင့်ပန်ကြားပြီးနောက် မိမိသိလိုသော အချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဉ့်နက်မှ ပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။
ဗုဒ္ဓနှင့် ရဟန်းသံဃာတို ့၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်တွင် အဇာတသတ်မင်းသည် ဘုရားရှင်အားဖူးမြှော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို ့သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို ့ရောက်သောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန် ့သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင့်အတူ ကျောင်းတိုက်ထဲတွင် သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုသံ၊ ချေသံ တစ်ချက်မျှမကြားရပဲ အလွန်တိတ်ဆိတ်နေသောကြောင့်ဖြစ်၏။ ဇီဝကက အားပေးနှစ်သိမ့်မှ အဇာတသတ်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို ့ဝင်ပြီးနောက် ဗုဒ္ဓကို ဖူးမြော်လေသည်။
ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တော်ထဲသို ့ကြွသွား၍ သစ်ပင်များအောက်တွင် နေတော်မူလေ့ရှိ၏။ ရဟန်းတို ့အား စကားပြောလျှင် တရားစကားကို သာပြောကြရန်၊ သို ့မဟုတ် ဆိတ်ဆိတ်နေရန် မကြခဏ သတိပေး၏။ တခါသော် ဗုဒ္ဓကိုဖူးမြှောက်ရန် ရောက်လာကြသော ရဟန်းတို ့သည် အချင်းအချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့် ကျောင်းမှ နှင်ထုတ်ခံကြရ၏။ (မဇ္ဇိမ နိကာယ် ၊ စာတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓ နှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို ့သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကိုမြင်သော် အချင်းတို ့အသံမပြုကြကုန်လင့်၊ ဗုဒ္ဓ၏ တပည့်သည် လာနေ၏။ သူတို ့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ဟု အချင်းအချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။ (အင်္ဂုတ္တရ-ကိ ံဒိဠိကသုတ်)
ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို ့စိတ်ကူးဖြင့် ခန် ့မှန်းကြည့်ရန် ခဲယဉ်း၏။ အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုများသည် ဂရိ(ခေါမ) လက်ရားများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နှစ်ပေါင်းအတော်ကြာသည့် တိုင်အောင် ဗုဒ္ဓရုပ်တုများ ထုလုပ်ကိုးကွယ်သော အလေ့အထ မရှိခဲ့ချေ။ အင်္ဂလိပ်ပညာရှင် ဆာချားစအဲလီး၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် "သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲတွင် မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည် ဘားနတ်အရပ်တွင် တွေ ့ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ထုမာျးသည်သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန်မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ုပ်ထင်ပါသည်။ ထိုရုပ်ထုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင် အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက် ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ သို ့မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှ ယုတ္တရှိ၏။ အကယ်၍ သူသည် ရဟန်းမပြုခဲ့ပါက နာမည်ကျော် စစ်သူကြီးဖြစ်မည် အမှန်ဖြစ်၏။"
ဗုဒ္ဓသည် ကျန်းမာတောင်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋ္ဋိကတ်စာပေတွင် ထင်ရှား၏။ ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း၊ အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို ့ ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်တွင်ရောဂါဝေဒနာအပြင်းအထန် ခံစားရပြီးသည့်နောက်ပင် မိုင်ပေါင်းများစွာဝေးသော ကုသိနာရုံသို ့ ခြေလျင်ကြွသွားခြင်း စသည်တို ့ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့ခိုင်တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ။
ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင့်တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။ ဗုဒ္ဓသည် အစားသောက်တွင် မယုတ်မလွန် ခြိုးခြံ၏။ " ရဟန်းတို ့၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏၊ ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏၊" (မဇ္ဇိမနိကာယ်၊ ကိဋ္ဋာဂီရိသုတ်)။ လောကတွင် ကျန်းမာ၍ အသက်ရှည်သောသူတို ့သည် အများအားဖြင့် ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သောသူများ ဖြစ်၏။ ဗုဒ္ဓသည် လူသတ္တဝါတို ့ကို သံသရာဝဋ္ဋ်ဆင်းရဲ မှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသောအခါတွင်ပင် သုဘဒ်ရဟန်းအား ဟောပြောဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော။
ဗုဒ္ဓအား အထူးကျန်မာ အသက်ရှည်စေသော အဓိကအကြောင်းအရာမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို ့သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်းနှင့် သီတင်းသုံးနေတော်မူ၏။ ဟတ္တားအာဠဝက မင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို ့ ချဉ်းကပ်ပြီးလျှင် "မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော" ဟု မေးလျှောက်၏။ ဗုဒ္ဓက "မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည်" ဟုပြန်ပြော၏။
ထိုအခါ မင်းသားသည် များစွာအံ့အြ၍ "အရှင်ဘုရား၊ ယုခုအချိန်သည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို ့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို ့သည် ကျဲရရဲ ရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသောလေတိုက်ခတ်နေ၍ ဆီးနှင်းတို ့သည် တဖွဲဖွဲကျလျက်ရှိပါ၏။ သို ့ဖြစ်ပါလျက် ငါသည် ချမ်းသာစွာ အိပ်ရသည်ဟု အရှင်ဘုရားမိန် ့တော်မူဘိ၏" ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောကတွင် ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ရာတွင် အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည်မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာရာဂမီး ပယ်သတ်ပြီးပြီးဖြစ်၍ မည်သည့်နေရာမျိုးတွင်မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန် ့တော်မူလေသည်။ (အဂုင်္တ္တရနိကာယ်၊ တိကဒဟတ္တာဠဝကသုတ်)
ဗုဒ္ဓ၏ စိတ်ငြိမ်းအေးချမ်းသာမှုသည် ရုပ်လက္ခဏာအဆင်းသဏ္ဍာန်တွင် အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို ့ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ်တွေ ့မြင်ရသော ဥပက တက္ကတွန်းက "ငါရှင်၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ န္ဒြေတို ့သည် ကြည်လင်လှ၏ ၊ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏ " ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန်ဆုံးဖြတ်ထားသော ပဥ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကိုမြင်ရုံနှင့်ပင် မိမိတို ့၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြို ပြုကြ၏။
ဗုဒ္ဓ၏ တင့်တယ်ခန် ့ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူများ ရှိသည်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ်သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရသာတီ၊ သောဏဒန္တ စေသောအလွန်ဇာတ်ကြီး၊ မာနာကြီးသည့် ဗြဟ္မာဏခေါင်းဆောင်တို ့သည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက် ဖူးတွေ ့လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋ္ဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို ့ဖြစ်၏။ သူတို ့သည် ဗုဒ္ဓထံ သို ့လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို ့ကို လက်ဖြင့်ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဇိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင့် ဓမ္မ စေတီယသုတ်)
ကောသလမင်းသည် ဓမ္မစေတီယသုတ်၌ ဗုဒ္ဓကို လူတို ့မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏တရားပွဲ၌ တရားနာပရိသတ်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြားသောကြောင့် တစ်စုံတယောက်ချောင်းဟန် ့သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့် ခရီးထွက်သွား၍ ညစခန်းချသောအခါ က္ကုသိဒတ္တ နှင့် ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို ့၏ အရှင်သခင် ဘုရင်ရှိရာဘက်ကိုခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကိုကား ခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှှောက်ထား၏။
ပရိဗိုလ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမကများစွာသော ပရိသတ်အား တရားဟောနေစဉ် တစ်စုံတယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန် ့ခြင်း မပြုပဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်ကုန်သောတပည့်တို ့သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကို သာလျှင်ဆိုလေ့ရှိသည်။ သူတပါးကို မကဲ့ရဲ ့ပဲ မိမိတို ့ကိုယ်ကိုသာ ကဲ့ရဲ ့ကြပါသည် ဆို၏။ (မဇ္ဖိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)
ွှွှွှွှွှွှ
ဤသို ့များစွာသော လူတို ့၏ ကြည့်ညိုလေးစားခြင်းကိုခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်းကြည်ညိုသော ဝက္ကလိရဟန်းအား မိန် ့ကြားချက်သည် ရှင်လင်းပြတ်သား၏။ "ဝက္ကလိ၊ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။ " (သံယုတ္တနိကာယ်၊ ခန္ဓသံယုတ်၊ ဝက္ကလိသုတ်)
စင်စစ်ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန် ့ကျင်သည့် ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သတ်သော ဗုဒ္ဓမိန် ့ကြားချက်များကို ရှေ ့၌ဆိုပြပါအံ့။
ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျုးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို ့ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓ ကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ ့ဆက်မသွားပဲ ရပ်တန် ့၍နေ၏။ မင်းသားက ပုဆိုးဖြူကိုအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို ့ ဝင်တော်မူ၏။ (မဇ္ဇိမနိကာယ်၊ ဗောဓိရာဇကုမာရသုတ်)
လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ ပြောလေ့ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ ခြိုးခြံမှုမှာ အချို ့သော တပည့်ရဟန်းတို ၏ ခြိုးခြံစွာကျင့်မှုနှင့်စာသော် ဘာမျှမပြောပလောက်ပါ။ ထိုတပည့် ရဟန်းတို ့က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန် ့ကြား၏။ (မဇ္ဇိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)
တစ်နေ ့သောညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိစဉ် "ရဟန်းတို ့၊ သင်တို ့သည် အကယ်၍ ငါ၌ ကိုယ်နှင့် နှုတ်နှင့် စပ်သော အပြစ်တစုံတရာတွေ ့မြင်ခဲ့ပါက ငါအား လျှောက်ထားကြကုန်လော့" ဟု မိန် ့တော်မူ၏။ (သဂါထာသဂ္ဂသံယုတ်၊ ၀ င်္ဂီသသုတ်)
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ စိတ်သဘောထားမြင့်မြတ်မှု၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုစသော ဂုဏ်များကိုအထူး ပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒိဃနိကာယ်မှ မဟာ ပရိနိဗ္ဗာနသုတ်ဖြစ်၏၊ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှုကို ထင်ဟပ်နေသော နောက်ဆုံးမိန် ့ကြားချက်များကို ဖော်ပြပါအံ့။
ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ၏ ဝက်သားဟင်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန်ရောဂါ အပြင်းအထန် ခံစားရ၏။ သို ့ရာတွင် ဥန္ဒအား စိတ်မကောင်းမဖြစ်စေလိုသောကြောင့် ဘုရားရှင် နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို ့ထက် အကျိုးအာနိသင် ကြီးမားသည်ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့၏။
အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည့်သံဃာတို ့အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ့လိမ့်မည်ဟု မိမိ ယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓမိန် ့ကြားသော စကားမှာ အောက်ပါအတိုင်းဖြစ်၏။
"အာနန္ဒာ၊ ငါဘုရားအား သင်တို ့အဘယ်ကြောင့် ဤမျှလောက် တောင့်တနေ ဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ။ သင်တိုသည် ငါ၏ နောက်လိုက်ဖြစ်သည်၊ ငါသည် သင်တို ့၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ့ချေ။ အာနန္ဒာ၊ ငါသည် ယခု အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို ့ရောက်ရှိနေပေပြီ၊ ထို ့ကြောင့် သင်တို ့သည် မိမိကိုယ်သာ မှီခိုကိုးကွယ်ရာပြု၍ နေကြကုန်လော့။ တရားမှတပါး မှီခိုကိုးကွယ်ရာမရှိဘဲ တရားသာလျင် မှီခို ကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော "
တစ်နေရာ၍ အရှင်သာရိပုတ္တရာက သဗ္ဗညုတဉာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မဏသည် ရှေးကမရှိခဲ့၊ နောင်ရှိမည်လည်း မဟုတ်၊ ယခုလည်းမရှိဟု ကျွနိုပ် ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက " သာရိပုတ္တရာ၊ သင်သည် ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ ့သော ဘုရားရှင်တို ့၏ စိတ်ကို သင်၏ ညဏ်ဖြင့် ပိုင်းခြား၍ မသိပါဘဲလျက် အဘယ်ကြောင့် ဤသို ့ကြီးကျယ်ခန် ့ညားလှသော၊ တိကျလှသော စကားကို ဆိုဘိသနည်း" ဟု မိန် ့တော်မူ၏။
ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာများစွာတို ့သည် လာရောက်၍ ဗုဒ္ဓအား ပူဇော်ကြ၏။ ထိုအခါ ဗုဒ္ဓက "အာနန္ဒာ၊ နတ်ဗြဟ္မာတို ့သည် ဤသို ့ပူဇော်ကာမျှဖြင့် ငါဘုရားအား မြတ်နိုးသည် မမည်သေး၊ အကြင်ဥပါသကာ ဥပါသိကာမ တို ့သည်လည်းကောင်း၊ ရဟန်းယောကျင်္ား၊ ရဟန်းမိန်းမတို ့သည် လည်းကောင်း ငါဟောကြားအပ်သောတရားနှင့်အညီ ကျင်ကြံနေထိုင်ကြ၏။ ထိုသူတို ့သည်သာလျင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည်မည်၏" ဟု မိန် ့တော်မူသည်။ အရှင်အာနန္ဒာက "အရှင်ဘုရား၊ ကိုယ်တော်မြတ်နိဗ္ဗာန်လားခဲ့သော် အလောင်းတော်အား ကျွန်ုပ်တို ့ ပြုဖွယ်ကိစ္စကို အဘယ်သို ့ ပြုရပါအံ့နည်း " ဟု မေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက " အာနန္ဒာ ၊ ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်းစသည်တို ့၌ သင်တို ့ မကြောင့်ကြကုန်လင့်။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာသာ များစွာလုံ ့လပြုကြကုန်လော " ဟု မိန် ့တော်မူ၏။
ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား "အာနန္ဒာ၊ ငါ၏ တပည့် ရဟန်းသံဃာတို ့သည် ငါ ပရိနိဗ္ဗာန်စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟု ထင်မှတ်ကြပေလိမ့်မည်။ ထိုသို ့ မထင်မှတ်သင့်။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို ့ဆရာဖြစ်လတ္တံ ့။ ထို ့ကြောင့် ငါလွန်သောအခါ ငါရှိသည် ဟုသာ ကောင်းစွာမှတ်အပ်၏" ဟု မိန် ့ကြား၍ ရဟန်းတို ့အား မိမိ၏ တရား၍ တစ်စုံတစ်ရာယုံမှားရှိလျှှင် မိမိမလွန်မီ မေးလျှောက်ကြရန်၊ သတိပေး၏။ သို ့ရာတွင် ရဟန်းတို ့က မည်သို မျှ မမေးလျှောက်ကြချေ။ ထို ့နောက် ဗုဒ္ဓသည် "ရဟန်းတို ့၊ သင်္ခါရတရားတို ့သည်ပျက်စီးတက်သော သဘောရှိကြကုန်၏။ သင်တို ့သည် မမေ့မလျော့သော သတိဖြင့် ကျင့်ကြံအားထုတ် ကြကုန်လော" ဟုနောက်ဆုံး မိန် ့ကြားပြီးလျှင် ပရိနိဗ္ဗာန်ပြုတော်မူ၏။
ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျှား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသောသုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်ကောင်းနှလုံးကောင်းရှိသော သူတို ့သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း ဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတပါးကို အပြစ်မြင်၊ အထင်သေးခြင်း၊ စာနာထောက်ထားမှု မရှိခြင်း သူတပါး၏ ဂရုစိုက်မြှောက်စားမှုကို လိုလားခြင်း၊ စသော စရိုက်လက္ခဏာများကို ပြတက်ကြ၏။ ဗုဒ္ဓသည်ကား ရောဂါဝေဒနာ ခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်၌ပင် မိမိအား အကြောင်းပြု၍ သူတစ်ပါး စိတ်မကောင်းမဖြစ် စေလိုခြင်း၊ သူတစ်ပါးကို အထင်အမြင်မသေးစေလိုခြင်း၊ (အရှင်သာရိပုတ္တရာအား မိန် ့ကြားချက်) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း၊ စသောလက္ခဏာများဖြင့် မြင့်မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည်။
သို ့ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့စာပေ၌ အခံ့ညားဆုံး စိတ်အား တက်ကြွဖွယ်အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါပေသည် (၁) ဟု ရေးသားခဲ့၏။ စင်စစ် မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို ့က လွန်ကဲသော သဒ္ဒါယုံကြည်စိတ်ဖြင့် ဖန်တီးထားသော အနန္တဘုန်းတော်ရှင် မဟုတ်တော့ပဲ အလွန် စိတ်ဓာတ်မြင့်မြတ်၍ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ့ စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။
(၁) Bryan de Krester, "Man in Buddhism and Christianity' P-67
-------------------------------------------------------------------------------------------------------------------------------
စိတ်ထဲထွေနေတာနဲ ့ခြောက်ကပ်ကပ်စာအုပ်စင်ပေါ်က မြန်မာကနေယူလာခဲ့တဲ့ ဦးအေးမောင်(ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒကျမ်းပြု) ရေးသားတဲ့ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ၏ ထူးခြားချက်များ ကို ဖတ်ရင်းနဲ ့ တခါတည်းရိုက်ပြီး တင်လိုက်တယ်။ အားလုံး ဆရာကြီးရေးထားတဲ့ အတိုင်းပါပဲ။ တချို ့စာလုံးပေါင်းမှားနေတာကလွဲရင် (မရိုက်တက်လို ့)။ ဒါက အခန်း (၁) ပါ။
နတ်ဆိုး
ွှ

Wednesday, August 20, 2008
ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဂျော်ဂျီယာနဲ ့ ရုရှတို ့ စစ်ဖြစ်ခဲ့ကြတယ်။ အင်နဲ ့ အားနဲ ့ တိုက်ခိုက်ကြတာကို ဗီဒီယို အတိုလေးတွေကြည့်ပြီး အ့ံသြနေမိတယ်။ သူတို ့စစ်တိုက်တယ်ဆိုတာ သေနတ်နဲ ့့ ပြီးသွားတာမဟုတ်ဘူး။ အဲလို သေနတ်ပစ်သလို ဒုံးတွေကို ပစ်နေကြတယ်။ ဒါပေမယ့် ဂျော်ဂျီယာက စုစုပေါင်းမှ စစ်အင်အား ၂သောင်းကျော်ပဲရှိတဲ့ အတွက် မယှဉ်နိုင်ခဲ့တော့ နောက်ဆုံး သူတို ့မြို ့တော်ကို ကာကွယ်ဖို ့ နေရာအားလုံး ကနေဆုတ်ခွာခဲ့တယ်။ အနောက်နိုင်ငံတွေ ဖိအားနဲ ့ရုရှကလည်း ထိုးစစ်ကို ရပ်တန် ့ ခဲ့ရတယ်။
့ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ကျွန်တော် အကြောင်းအရာတစ်ခု၊ စာတစ်ကြောင်းကို သွားပြီး စိတ်ဝင်စားနေမိတယ်။ အပစ်အခက်ရပ်ဆဲရေးကို မကြေညာခင် ဂျော်ဂျီယားမြို ့တော် တဘလီစီမှာ ဂျော်ဂျီယာပြည်သူတွေက သူတို ့သမ္မတကို ထောက်ခံကြောင်း ၊ ပြန်လည်တိုက်ခိုက်မှာဖြစ်ကြောင်းကို ပြောဆိုကြတယ်။ တသွေးထဲဆိုတာကို ပြောဆိုကြတယ်။ ဒီအချိန်ဟာ အငြင်းအခုံလုပ်ရမဲ့ အချိန်မဟုတ်ဘူးတဲ့။ တကယ်တော့ ဂျော်ဂျီယာက စစ်ရေးအရရှုံးနှိမ့်ခဲ့တာပါ။ ဒီစစ်ပွဲကြောင့် လူပေါင်းများစွာလည်း ဒုက္ခရောက်နေကြတယ်။ နယ်မြေတော်တော်များများလည်း ရုရှအောက်ကို ရောက်နေတယ်။ ဒါပေမယ့် ဒီအချိန်ဟာ သွေးကွဲရမဲ့အ ချိန်မဟုတ်ဘူးလို ့ ဂျော်ဂျီယန်တော်တော်များများက ဆိုခဲ့ကြတယ်။
National unity rather than political fighting တဲ့။ နိုင်ငံရေး၊ ၀ါဒ၊ လူ၊ စတာတွေ မကြည့်ပဲ နိုင်ငံအတွက် ဘုံရန်သူ ရုရှကိုပဲ ကြည့်ကြတယ်။ နိုင်ငံရေးထက် အမျိုးသားညီညွတ်ရေးကို ဦးစားပေးကြတယ်။ အဲဒီအတွက် ဂျော်ဂျီယန်တွေကို ကျွန်တော် လေးစားမိတယ်။ ကျွန်တော်တို ့မြန်မာဦးဆောင်သူတွေ၊ ပြည်သူတွေ ရော နိုင်ငံရေးဆိုတာထက် အမျိုးသားရေးအနေနဲ ့လုပ်ရင် ကောင်းမယ်လို ့ တွေးမိတယ်။ မျှော်လင့်မိတယ်။ တကယ်တော့ ဒါဟာ အမျိုးသားရေးလည်းဖြစ်နေပြီလို ့ထင်ပါတယ်။ လက်နဲ ့ မှရေတွက်လို ့မဆန် ့တဲ့ မြန်မာ အဖွဲ ့တွေ ဘယ်တော့များ နိုင်ငံအတွက် အကျိုးတူပေါင်းစည်းကြမလဲ။ ပေါင်းစည်းနိုင်တဲ့နေ ့တော့ရှိမယ်လို ့ ယုံချင်တယ်။

Subscribe to:
Posts (Atom)