star
behind the
sky
skip to main
|
skip to sidebar
Showing posts with label
ပုံဆွဲခြင်း
.
Show all posts
ပုံဆွဲခြင်း
.
Show all posts
Monday, April 13, 2009
သင်္ကြန်ရေ.. ပိတောက်ရေ..
နှစ်သစ်ရေ..
ပျော်ရွင်ပါစေ..အေးမျှပါစေ။
(တကယ်တော့ စိတ်တွေ ဂယောက်ဂယက်ဖြစ်နေလို့၊ ယောင်တောင် ပေါင်တောင် ထအော်မိတာပါ ။ ၁၆ ဧပြီ ၂၀၀၉)
Tuesday, September 23, 2008
မကြည့်ပါနဲ့ ကောင်မလေးရေ
အလို မျက်ဝန်းမျိုးနဲ့
ငါရဲ့ စိတ်တွေ... လွင့်မျော
နတ်ဆိုး
Saturday, September 20, 2008
တပွင့်လည်း ပန်း..
နှစ်ပွင့်လည်း ပန်း..
သုံးပွင့်လည်း ပန်း..
နှစ်ပွင့်က ကြီးကြီး.. တစ်ပွင့်က သေးသေး
အရောင်စုံအရွက်၊ အခက်အဖူးနဲ့ဆိုတော့
ရှင်သန်ခြင်းလို့ ပြောရင်လည်းပြောမယ်
ဖွင့်ဖြိုးခြင်းလို့ မြင်ကြဦးမယ်
မိသားစုလို့ တွေးရင်လည်း တွေးမယ်
ဒါပေမယ့် ပန်းဆိုမှတော့ ပန်းပဲပေါ့လေ
ဘာဖြစ်ရဦးမှာလည်း
ဖူးမယ်၊ ပွင့်မယ်၊ ဝင့်မယ်၊ လွင့်မယ်
ပြီးတော့ ကြွေမယ်
သင်္ကေတတွေဆိုပြီး
လေးစားချင်လည်း လေးစားကြ
အလှတရားရယ်လို့ ဆိုချင်လည်း ဆိုကြ
သံဝေဂတရားတွေလည် ရချင် ရကြ
ကျွတ်ကျွတ်ဝါးတိုင်း ကြေတယ်လို ့တော့ မထင်ကြလေနဲ့
ကျွန်တော်ပြောတယ် အဲဒါ ပန်းပွင့်ပဲ
ခင်ဗျားတို့ သိလား
လောကဆိုတာ…. မာယာ…. များတယ်။
နတ်ဆိုး
Tuesday, September 9, 2008
သနပ်ခါးနဲ့ သင်းနေတဲ့ ပါးပြင်
လေညင်းသွဲ့သွဲ့ညနေခင်း
ကျယ်ကျယ်ပြန့်ပြန့် လွင်ပြင်
မစားဖြစ်တော့မယ့် သစ်သီး
အနှစ် နှစ်၊ အလ လ အလွမ်း
ဆံပင်တွေ လွှင့်မျောလို့.. လည်တိုင်မှာရစ်ပတ်လို့...
ဒီအချိန်ဆိုရင်..။
(စက်ဘီးတစ်စီးလှဲလို့ နေတယ်။ ကောင်မလေးတစ်ယောက် မတ်တပ်ရပ််ပြီး နေဝင်ချိန်ကို ကြည့်တယ်။ လက်ထဲမှာ သစ်သီးတစ်လုံးရှိတယ်။ သူ့ရင်ထဲမှာ ကောင်လေး တစ်ယောက်ကို လွမ်းလို့ နေမယ်။)
နတ်ဆိုး
Older Posts
Home
Subscribe to:
Posts (Atom)