star
behind the
sky
skip to main
|
skip to sidebar
Showing posts with label
လွမ်းဆွတ်ခြင်း
.
Show all posts
လွမ်းဆွတ်ခြင်း
.
Show all posts
Thursday, October 23, 2008
အမေ....
ဒီ စကားလုံးနှစ်ခုတည်းနဲ့တင် အရာရာ ပြီးပြည့်စုံနေသော...
အမေ စာအုပ်ဘေးမှာချကာ နေကြာစေ့ စားနေသည်။
Tuesday, October 14, 2008
သီတင်းကျွတ်ပြီ
ကောင်းကင်ပေါ်မှာ မီးပုန်းပျံလည်း မတွေ့ဘူး။
အိမ်တွေပေါ်မှ ဆီမီးလည်းမတွေ့ဘူး။
သာသာ ထိန်နေတဲ့ လမင်းလည်းမရှိဘူး။
ပျော်ဝင်နေတဲ့ ခံစားချက်တွေလည်း မတွေ့ဘူး။
မီးပုန်းတွန်းနေတဲ့ ကလေးတွေရဲ့ အသံလည်း မကြားရဘူး။
မီးသရဲဆိုတာလည်း မမြင်ရဘူး။
သီချင်းဆိုသံ၊ ပျော်ရွင်အော်ဟစ်သံတွေ မကြားရဘူး။
ကြည်နူးစရာမရှိဘူး။ လွတ်လပ်မှုမရှိဘူး။
တကယ်ပါ။ ငါ့တိုင်းပြည်ကို ငါချစ်တယ်။ ငါ့ဓလေ့တွေကို ငါ နှစ်သက်တယ်။
ငါ့ယဉ်ကျေးမှုတွေကို ငါမြတ်နိုးတယ်။ ငါတို့လူမျိုးကို ငါအထင်ကြီးတယ်။
ငါ့တိုင်းပြည်မှာ ရှင်သန်ခွင့် ရခဲ့တဲ့အတွက် ငါ ဂုဏ်ယူတယ်။
Thursday, September 18, 2008
Tuesday, September 9, 2008
သနပ်ခါးနဲ့ သင်းနေတဲ့ ပါးပြင်
လေညင်းသွဲ့သွဲ့ညနေခင်း
ကျယ်ကျယ်ပြန့်ပြန့် လွင်ပြင်
မစားဖြစ်တော့မယ့် သစ်သီး
အနှစ် နှစ်၊ အလ လ အလွမ်း
ဆံပင်တွေ လွှင့်မျောလို့.. လည်တိုင်မှာရစ်ပတ်လို့...
ဒီအချိန်ဆိုရင်..။
(စက်ဘီးတစ်စီးလှဲလို့ နေတယ်။ ကောင်မလေးတစ်ယောက် မတ်တပ်ရပ််ပြီး နေဝင်ချိန်ကို ကြည့်တယ်။ လက်ထဲမှာ သစ်သီးတစ်လုံးရှိတယ်။ သူ့ရင်ထဲမှာ ကောင်လေး တစ်ယောက်ကို လွမ်းလို့ နေမယ်။)
နတ်ဆိုး
Saturday, July 19, 2008
မေ့မရသော အာဇာနည်နေ့ 
၂ (မြန်မာလွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့  ဖို့  ဂျန်ပန်ပြည်မှာကွယ်
တကယ်ပဲအသက်နဲ့ လဲလို့  ဆင်းရဲ့ ဒုက္ခခံကာကြံစည်တယ်
သူရဲ့ ကောင်းရဲ့  ဗိုလ်အောင်းဆန်းနဲ့  အာဇာနည်တွေရယ်)
ငါဒို့ မြန်မာပြည် မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို့ သူရဲကောင်းမျိးမွေးရမယ်
ငါဒို့ မြန်မာပြည် မိဘအပေါင်းတို့ ကကွယ်
အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ်
အော်.. ဘုရင့်နောင်နဲ့  ရာဇာဓိရာစ်တို့ လို့ 
မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့ လိုကွယ်
မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့
မကြောက်တန်း မရွံတန်း
မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်
[ ၂ (ရာဇ၀င်.. အထ္ထုပတ္တိလည်းရှိရမယ်
မော်ကွန်း လည်းထိုးလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)
တိုင်းပြည်အကျိုးစွန်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ ဒို့ များကို ကျွန်တွင်းမှာကယ်
ဒို့ မြန်မာတွေစိုးမိုးဖို့  မျှော်ကြရှာလို့  ပေါ်လာတယ်]
၂ (မြန်မာနိုင်ငံ ထူထောင်ရန်တဲ့
မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
နေမျိုးဇာနည် မြန်မာပြည်လက်ရုံး
မြန်မာနိုင်လုံး ထင်ပေါ်စေတယ်
စိတ်အားသန်သန် မာန်ကို မလျှော့တဲ့
ငါဒို့ လူမျိုးတန်ခိုးရှိဖို့  သူရဲကောင်းတွေ ကြံစည်တယ်
တကယ်ပင် သတိုး မဟာဗန္ဒုလနဲ့ 
အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်
သားကောင်းများလို့ ခေါ်လောက်ရပေတယ်
ဥဒါန်းတွင်စေကွယ်
မြန်မာသူရဲကောင်းအပေါင်းတွေရယ်)
Older Posts
Home
Subscribe to:
Posts (Atom)