ဆရာသစ္စာနီပါ။ ၂၀၀၅ ခုနစ် ဇွန်လ ရတီမှာ ရေးခဲ့ပါတယ်။ ကြိုက်လို ့ ပြန်မျှဝေပါတယ်။ :)
ဖတ်စေချင်လို ့ကျွန်တော့် ဆီ ပို ့ပေးတဲ့ သူကို လည်း ကျေးဇူးတင်တော့ ပါဝူးလို ့။ :P
-------------------------------------------------------------
အတွင်းခံဘောင်းဘီ
မနေ ့ညက တစ်ညလုံးကျွန်တော် ကောင်းကောင်း အိပ်လို ့မပျော်ခဲ့ဘူး။ ဘာဖြစ်လို ့လဲဆိုတော့ အတွင်းခံဘောင်းဘီအကြောင်း တွေးနေမိလို ့။ စိတ်ကူး တစ်ခုကနေ အတွေးနယ်ချဲ ့လိုက်မိတာ မဆုံးတောဘူး ဆိုပါတော့။ အိုင်းစတိုင်းရဲ ့ နှိုင်းရဓ္ဓမအကြောင်း၊ခေးအော့စ်အကြောင်း၊ ဟော့ကင်းရဲ ့ မဟာပေါက်ကွဲမှုသီအိုရီအကြောင်း၊ နောက်ဆုံး လက်မထပ်ရသေးတဲ့ ချစ်သူအကြောင်း စဉ်းစားမိတာမဟုတ်ပဲ အတွင်းခံဘောင်းဘီအကြောင်းကြောင့် အိပ်ရေးပျက်တယ် ဆိုတာကတော့ သိပ်မဟုတ်သေးပါဘူးလို ့ထင် စရာပဲပေါ့။ ဒါပေမယ့် အတွင်းခံဘောင်းဘီ ကိစ္စကလည်း တူးဆွကြည့်မယ်ဆိုရင် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ပြသာနာတွေ ပေါ်ထွက်လာနိုင်ပါတယ်။
စတွေးမိတာက ဒီလိုပါ။ မကြာခင်က ကမ္ဘာ့ကဗျာနေ ့ဆိုတဲ့ အခမ်းအနားလေး တစ်ခုမှာ မရှောင်သာ အလွှဲသာဘဲ ကျွန်တော် ကဗျာရွတ်ရတယ်။ အမှန်တော့ ကျွန်တော်က ဒီလို လူရှေ ့သူရှေ ့ ထွက်ရပ်ရတဲ့ အလုပ်မျိုး လုပ်လေ့မရှိဘူး။ ကျွန်တော်က ကိုယ့်ကို လောကကြီးက ကြည့်စေချင်တဲ့ လူမဟုတ်ဘူး။ ကိုယ်ကသာ လောကကြီးကို ကြည့်နေချင်တဲ့သူ။ ထားပါတော့။ အဲဒီလို လူရှေ ့ထွက်ကဗျာရွတ်ရတော့ ကျွန်တော်မှာ စိုးရိမ်စိတ် တစ်ခုပဲ ရှိတယ်။ ဒါက မတော်တဆ ပုဆိုးကျွတ်ကျမှာကိုဘဲ။ ဒါကြောင့်လည်း ကဗျာရွတ်ကြတဲ့ မင်းထက်မောင်တို ့၊ ငြိဏ်းဝေတို ့၊ မိုးဇော်တို ့ ဘောင်းဘီရှည် ဝတ်ထားကြတာကိုးလို ့ တွေးမိတယ်။ စန်းဦး(M S O) တော့ပုဆိုးနဲ ့ ခပ်တည်တည်ပဲ ရွတ်သွားတယ်။ (သူက အတွင်းခံဘောင်းဘီ ဝတ်ထားပုံရပါတယ်။) အဲဒီက စပြီး အတွင်းခံဘောင်းဘီအကြောင်း စိတ်ရောက်သွားတယ် ဆိုပါတော့။
တကယ်တော့ အတွင်းခံဘောင်းဘီဆိုတာ ပေါ့သေးသေး အရာတော့မဟုတ်ပါဘူး။ ကမ္ဘာ့သမိုင်းမှာ လူသားတွေ စတင် ဝတ်ဆင်ခဲ့တဲ့ ပထမဆုံးအဝတ်အစားဟာ အတွင်းခံဘောင်းဘီပါပဲ။ ကမ္ဘာဦးလူသားဟာ လွန်ခဲ့သော နှစ်ပေါင်း အသိန်းအသောင်းလောက်က သူ ့ရဲ ့အရှက်ကို ကာကွယ်ဖို ့ တွေးမိပြီး အတွင်းခံဘောင်းဘီတွေကို တီထွင်ခဲ့ကြတယ်။ အဲဒီစိတ်ဓာတ်ကို အရိုင်းကနေ အယဉ်ကို ကူးပြောင်းတဲ့ စိတ်ဓာတ်လို ့ ခေါ်နိုင်တော့ စကားကြီး စကားကျယ် ပြောတက်တဲ့ သူသာဆိုရင် အတွင်းခံဘောင်ဘီဆိုတာ ယဉ်ကျေးမှု ့ရဲ ့ ဖခင်ကြီး ဒါမှမဟုတ် ဗိသုကာကြီးလို ့ပြောမှာ သေချာတယ်။ ဒီတုန်းက အတွင်းခံဘောင်းဘီဆိုတာက အခု ခင်ဗျားတို ့ဝတ်နေကြတဲ့ အတွင်းခံဘောင်းဘီတွေနဲ ့ လုံးလုံးကြီးတော့ မတူသေးဘူးပေါ့။ တစ်ထွာတစ်မိုက်သာသာ တိရစာန်အရေကို ပေါင်ဆုံ ခွကြားမှာ စုချည်နှောင်ထားတဲ့ ပုံစံပေါ့။ နှစ်တွေ မြောက်များစွာ ကြာမြင့်လာခဲ့ပေမယ့် အခုခေတ် အတွင်းခံ ဘောင်းဘီ ပုံစံတွေဟာ ကမ္ဘာဦးခေတ်နဲ ့ပုံစံတွေ သိပ်တော့မကွာလှဘူးလို ့ ကျွန်တော် ထင်ပါတယ်။ လူ ့သမိုင်းတစ်လျှောက် အတွင်းခံဘောင်းဘီနဲ ့အတူ အပေါ်ခဲ့တဲ့ ဒိုင်နိုဆောတွေ၊ အမွှေးရှည် ဆင်တွေသာ မျိုးတုံး ပျောက်ကွယ်သွားမယ်၊ အတွင်းခံဘောင်းဘီက ဆက်လက်ရှင်သန်မြဲပါပဲ။ နောက်ဆုံးကမ္ဘာပေါ်မှာ ဟမ်ဘာဂါ၊ ကွန်မြူနှစ်ဝါဒနဲ ့ရေနံတွေသာ ပျောက်ကွယ်ချင် ပျောက်ကွယ်သွားမယ်။ အတွင်းခံဘောင်းဘီကတော့ ကျန်နေခဲ့ဦးမယ် ထင်ပါတယ်။ (မော်စီတုံးလို လူတစ်ယောက်ကသာ အတွင်းခံဘောင်းဘီ တော်လှန်ရေးတွေ ဘာတွေ လုပ်ခဲ့ဘူးဆိုရင်ပေါ့
လေ။)
တကယ်တော့ အတွင်းခံဘောင်းဘီဆိုတာ ကမ္ဘာပေါ်မှာ လူသားတွေနဲ ့ မကင်းနိုင်ဆုံး အရာတွေထဲက အရေးပါတဲ့ တစ်ခုပါပဲ။ (ကျွန်တော်လို လူမျိုးက အနည်းသား ထင်ပါတယ်။) ခင်ဗျားပဲ စဉ်းစားကြည့်လေ။ အတွင်းခံဘောင်းဘီကို ရက်အင်ဒီးယန်းလည်း ဝတ်တာပဲ၊ တရုတ်လည်း ဝတ်ထာပဲ၊ ကျူဘားလည်း ဝတ်တာပဲ၊ ကပ္ပလီနီဂရိုးလည်း ဝတ်တာပဲ၊ ဟိမဝန္တာတာ တောင်ပေါ်က လူတွေလည်းဝတ်တယ်၊ ပစ္စဖိတ်ပင်လယ်ထဲက လူတွေလည်း ဝတ်တယ်၊ အသားဖြူလည်းဝတ်တယ်၊ အသားမည်းလည်း ဝတ်တယ်၊ ခရစ်ယာန်လည်းဝတ်တယ်၊ မွတ်စလင်လည်း ဝတ်တယ်၊ ပန်းချီဆရာလည်း ဝတ်တယ်၊ အကြမ်းဖတ်သမားလည်း ဝတ်တယ်၊ ူမူဆိုလီနီဝတ်တယ်၊ ဂျွန်းလင်နွန် ဝတ်တယ်၊ ဗီယက်နမ်က ကုန်စိမ်းစျေးသည်မလည်း ဝတ်တယ်၊ အဲလိဇဘတ် ဘုရင်မကြီးလည်း ဝတ်တယ်၊ ပုပ်ရဟန်းမင်းကြီးလည်း ဝတ်တယ်လို ့မျော်လင့်ရတာပဲ။ မဟတ္တမ ဂန္ဒီရော ဝတ်သလား၊ အဲဒါတော့ သိပ် မသေချာဘူး။
ကမ္ဘာပေါ်မှာ လူသိအများဆုံး ဇာတ်ကောင်တစ်ကောင် ရှိတယ်။ အဲဒါက အကောင်းစားတန်ဖိုးကြီးဝတ်စုံတွေကို ထည်လဲဝတ်ပြတဲ့ဂျိမ်းစ်ဘွန်း မဟုတ်ဘူး။ သူက အတွင်းခံဘောင်းဘီလေး တစ်ထည်ပဲ အမြဲ ဝတ်ခဲ့သူ။ ခင်ဗျား သိပြီ မဟုတ်လား၊ တာဇံလေ။ မြန်မာနိုင်ငံမှာတောင် သူ ့ကို တောကြိုတောကြားက ကလေးတွေအထိ သိကြတယ်။ ကဲ..... အတွင်းခံဘောင်းဘီကြောင်း စိတ်ဝင်စားစရာမကောငး်ဘူးလား။ မိန်းမဝတ် အတွင်းခံဘောင်ဘီတွေလည် ခင်ဗျား မြင်ဖူးမှာပေါ့။ မန္တလေးက နေမျိုးကတော့ ထူးတယ်။ လမ်းပေါ်လျှောက်သွားရင်း တိုက်ပေါ်က လေလွင့်ပြုတ်ကျလာတဲ့ အတွင်းခံဘောင်းဘီတစ်ထည်ဟာ ငယ်ထိပ်ပေါ် တည့်တည့်ကျတယ်တဲ့။ အဲ့ဒီလို သူ ့ဝတ္တုတစ်ပုဒ်တည်းမှာ ရေးထားတာ ဖတ်လိုက်ရတာပဲ။ ကျွန်တော်ပြောချင်တာက မိန်းမဝတ် အတွင်းခံဘောင်းဘီတွေ ဟာ ယောကျင်္ားဝတ်အတွင်းခံဘောင်းဘီတွေနဲ ့ ပုံစံချင်း သိပ်မကွာလှဘူး ဆိုတာပဲ။ ဒီတော့ အတွင်းခံဘောင်းဘီဆိုတာ ထူးထူးခြားခြား ယောကျင်္ား၊ မိန်းမရဲ ့ ဘုံဆန်တဲ့ လက္ခဏာတစ်ရပ်လို ့ဆိုနိုင်တာပဲ။
အတွင်းခံဘောင်ဘီတွေကို အရောင်ကွဲများများထုတ်လေ့မရှိဘူး။ အဲဒါ ဘာကြောင့်လည်း သုတေသန ပြုကြည့်သင့်တယ်။ပန်းရောင်ဆိုတာ လိင်ကိစ္စကို နှိုးဆွစေတက်တဲ့ အရောင်လို ့ ဆိုကြတယ်။ များသောအားဖြင့် မိန်းမတွေဟာ အနီရောင်ဝတ်တာ များတယ်ထင်တာပဲ။ အဝတ်အနည်း ဆုံးက အဖြူရောင်ပဲ။ တကယ်တော့ အတွင်းခံဘောင်းဘီဟာ နန်းကျဘုရင်နဲ ့တူတယ်။ သူက ထင်ထင်ပေါ်ပေါ် ဘဝကနေ အတွင်းကနေ အပြင်ရောက်သွားရတဲ့ အရာမဟုတ်လား။ သူနဲ ့ ဆန် ့ကျင်ဘက် အတွင်းကနေအပြင်ရောက် လာတာကတော့ ကျွန်တော်တို ့ ငယ်ငယ်က စွပ်ကျယ်လို ့ခေါ်တဲ့ တီရှပ်လေ။ လူဆိုတာ မသေမချင်း အတွင်းခံဘောင်းဘီနဲ ့မကင်းဘူး ထင်ပါတယ်။ သေပြီးတာတောင် မချွတ်တဲ့ အတွင်းခံဘောင်းဘီဝတ် မသာတွေလည်း ရှိနိုင်တာပဲ။
တကယ်တွေးကြည့်ရင် အတွင်းခံဘောင်းဘီရဲ ့ အနက်အဓ္ဓိပါယ်လည်း ကျယ်ဝန်းလှပါတယ်။ ကွယ်ဝှက်ထိန်းချုပ်မှု ၊ တန်ဖိုးထားခြင်း၊ သိကာနဲ ့အရှက်တရား၊ အလှအပကို သွယ်ဝိုက်ဖေါ်ပြခြင်း၊ ဆွဲဆောင်ဖမ်းစားမှု ့၊ တစ်ကိုယ်ရေ သင်္ကေတ၊ စည်းကမ်း စသည်ဖြင့် အများကြီးပဲ။ ဒီအတိုင်းဆို မစ်ကီးဝေးခေါ်တဲ့ ကြင်စင်စုတွေဟာ စကြဝဠာရဲ ့ အတွင်းခံဘောင်းဘီတွေပေါ့။ နှင်းဖုံးတောင်တန်းတွေဟာ ကမ္ဘာကြီးရဲ ့ အတွင်းခံဘောင်းဘီတွေပေါ့။ ပန်းပွင့်တွေဟာ သစ်တောရဲ ့ အတွင်းခံဘောင်းဘီတွေပေါ့။ အဇ္ဇတစရိုက်လက္ခဏာ ကို တဲ့တိုး မဟုတ်ဘဲ သွယ်ဝိုက်ဖော်ပြတာကို အနုပညာလို ့ခေါ်တယ်ဆိုရင် ကဗျာ ဆိုတာလည်း လူ ့စိတ်ရဲ ့ အတွင်းခံဘောင်းဘီပေ့ါ။
(lawrence Ferlinghetti ၏ Underwere ကဗျာကို အနည်း ငယ် မှီငြမ်းပါသည်။)
Monday, January 28, 2008
Sunday, January 27, 2008
စကာၤပူတဲ့လား
ဒီနေ့ က ကျွန်တော် စကာင်္ပူဆိုတဲ့ ညစ်ကျယ်ကျယ်ကျွန်းလေးကို ရောက်တာ ၁ နှစ်ပြည့်သွားတဲ့ နေ့ပါ။ လွန်ခဲ့တဲ့ နှစ် Jan 26 2007 က ဒီလို စနေနေ့ပဲပေါ့ မျော်လင့်ချက်တွေ၊ ပျော်ရွင်မှု့တွေ၊ စိတ်လှုပ်ရှားမှု အနည်းငယ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ လားရိုးက လိုက်လာပြီး လိုက်ပို့ခဲ့တဲ့ မေမေ၊ မမမိုး၊ တောင်ပေါ်ကနေ အတူတူဆင်းလာကြပြီး ရန်ကုန်ရဲ့ ပျော်စရာကောင်းတဲ့ နေတွေ့မှာ အတူနေထိုင်ခဲ့ကြတဲ့ ကျွန်တော့် သူငယ်ချင်းများ (ဘာမှ မတော်တဲ့ ညီအကိုများတဲ့) ၊ နောက် ပျော်စရာ ကောင်းလှတဲ့ ကျွန်တော့် တိုင်းပြည်ကို နှတ်ဆက်ခဲ့တယ်။ လေယာဉ်ပေါ်မတက်ခင် လက်ပြနေခဲ့တဲ့ မေမေ၊ မမနဲ့ သူငယ်ချင်း တစ်စုရဲ့မြင်ကွင်း ဟာ ၁ နှစ်လွန်ခဲ့ ပြီဖြစ်ပေ့မယ် လတ်ဆတ်ဆဲပါပဲ။ ပထမဆုံးစီးဖူးတဲ့လေယာဉ်၊ တဖြည်းဖြည်းဝေးကွာ သွားတဲ့ မြေပြင်ကို ကြည့်ပြီး ပထမဆုံး စဉ်းစားမိတာက ငါပြန်လာခဲ့မယ်တဲ့။
လေယာဉ်ပေါ်မှာတော့ ကျွန်တော်ဟာ စက်ာပူ ဆိုတာထက် မမြင်ဖူးတဲ့ ကောင်းကင်မြင်ကွင်းတွေကို ကြည့်ပြီး ပျော်မိတာပါပဲ။ လုပ်ဖူးတယ်ရှိအောင်လေယာဉ်အိမ်းသာထဲဝင်ပြီး ရှူးရှူးတောင် ဇွတ်ပေါက်လိုက်သေးတယ်။ ၂ နာရီကျော် ပျံသန်းနေတဲ့ ခရီးဟာ ခဏလေးလိုပါပဲ။ ဒါပေမယ့် ကဘာ နာမည်ကြီး ချန်ဂီလေဆိပ်ကို ချဉ်းကပ်တဲ့ အချိန်မှာတော့ ကောင်းကောင်းကြီးကို ညရောက်လို့နေပါပြီ။ မီးတွေ ထိန်ထိန်လင်းနေတဲ့၊ အောက်ဘက်မျက်နှာပြင်ကိုကြည့်ပြီး ငါစကာင်္ပူရောက်တော့ မယ်ဆိုတာကို တွေးမိတယ်။ မြေပြင်နဲ့ ထိတွေပြီး ခဏမှာပဲ ကျွန်တော်နဲ့ တူတူပါလာတဲ့၊ ကျွန်တော့်ကို ခေါ်လာတဲ့ အစ်ကိုသူငယ်ချင်းက သူ့ mobile ကို ထုတ်ပြီး ဖုန်းခေါ်ပါတယ်။ လိုင်းပြန်မိပီတဲ့လေ။ ခဏနေတော့ အစ်ကို ့အသံကို ပထမဆုံးကြားရတာပါပဲ။ ၂ နှစ်ကျော်ကွဲကွာနေခဲ့တဲ့ အသံက အဆင်ပြောလား အေး အေးငါတို ့လေဆိပ် ထဲမှာ စောင့်နေတယ် တဲ့ .. ကျွန်တော်က ပြောစရာ စကားမရှိဘူးပေါ့။ ချန်ဂီလေဆိပ်ရဲ့ ခမ်းနားမှု တွေကို ငှေးရင် အိပ်လေးကို ဆွဲလို့ စင်္ကာပူလူဝင်မှု့ကြီးကြပ်ရေးကို ရောက်လာခဲ့တယ်။
"မင်း ဘာလာလုပ်တာလဲ"
"အလည်လာတာ"
"မင်း အလုပ်လာလုပ်တာမဟုတ်ဘူးလား"
"ငါအလည်လာပြီး ကျောင်းကိစ္စစုံစမ်းမလို့.. ငါ့အစ်ကို လည်း ဒီမှာရှိတယ်.. "
"မင်း ပိုက်ဆံ ဘယ်လောက်ပါလဲ"
"ပါတယ် .. ဒါပေမယ် အိပ်ထဲမှာ ပါသွားပြီ.. နောက်ပြီး ပိုက်ဆံအတွက် ပူစရာမလိုဘူး.. ငါ့အစ်ကို ရှိတယ်
ဟိုဟာ လည်း ငါ့ အစ်မပဲ.. "
ဆိုပြီး ကျွန်တော်ကို ခေါ်လာတဲ့ အကိုသူငယ်ချင်းကို ညွန်းပြလိုက်တယ်.. အဲဒီ လူဝင်မှုကဘွားတော် က ကြည့်ပုံမရဘူး။
ကျွန်တော့်ပုံကလည်း ကြည့်ချင်စရာမရှိပါဘူး။ သူများလေသံမာ ရင် ကိုယ်ပါလိုက်မာလာတာ အကျင့်ပဲ။ သူဖသာ ဘာကြီးဖြစ်ဖြစ်။
"မင်း ကျောင်းကိစ္စ နဲ့လာတာဆိုရင် ၁၄ ရက်ပဲပေးမယ်၊ လုံလောက်တာပဲ ပြီး ရင်ပြန်တော့"
"ကိစ္စမရှိဘူး"
တကယ်တော့ ကျွန်တော် တင်းသွားတာပါ။ ရင့်လှချည်လားပေါ့။ စိတ်ထဲကနေတွေးနေခဲ့တယ်။ သိကြသေးတာပေါ့ကွာ။
ငါကို ဘာကောင်မှတ်နေလဲ လို့။
အပြင်ရောက်တော့ အစ်ကို ကပြုံးပြီး ကြိုတယ်လေ။ ကျွန်တော်တော့ တင်းနေတုန်းပဲ။ သူငယ်ချင်းတွေ တအုပ်ကြီးနဲ ့လေဆိပ်မှာ ဟမ်ဘာဂါစားကြတယ်၊ ပက်ပစီသောက်ကြတယ်၊ ကျွန်တော်လည်း အူလည်လည်နဲ ့ ၀ါးတာပေါ့။ ဒါမျိုးတော့လာစမ်းလို ့ဘယ်ရမလဲ။ :P
MRT လို့မသိသေးတဲ့ ရထားကြီးကို အနောက်အစွန်မှာ ရှိတာလို့မသိသေးတဲ့ ဘွန်းလေဆီ အရှေ့အစွန်မှာရှိတာလို့မသိတဲ့ ချန်ဂီကနေ ပျင်းအောင် စီးရပီး လာခဲ့ပါတယ်။ ဘူတာမှာ အထူးအဆန်းဖြစ်မိတာက ဘူတာမှာရပ်ထားတဲ့ ပြိုင်ဘီး (စက်ဘီး)တွေ အများကြီးကိုပါ။ ငါလည်း တစ်စီးလောက်ဝယ်စီးဦးမယ်တဲ့။
အိမ်ရောက်တော့ သန်ကောင်တောင် ရောက်ပါတော့မယ်။ အစ်ကိုပေးတဲ့ အိပ်ရာကို ကြည့်ပြီး ငါရန်ကုန်မှာ နေခဲ့ရတဲ့ အဆောင်အခန်းထက်မိုက်တာပဲတဲ့။ နှစ်နှစ်ချိုက်ချိုက်အိပ်လိုက်ပြီး မနက်ကျတော့ ဘွန်းလေစျေးထဲ သွားပြီး စျေးဝယ်ကြတယ်။ ချက်စားကြမယ်လေ။ လမ်းတလျှောက် အသစ်အသစ်သော ရန်ကုန်တုန်း က အင်တာနတ်ကနေကြည့်ခဲ့ရတဲ့ ကားတွေ ကြည့်ပြီး သရေကျနေမိတယ်။ သန့်ရှင်သပ်ရပ်နေတဲ့ အိမ်ရာတွေ၊ လမ်းတွေ ၊ သစ်ပင်တွေ နဲ့ စကာင်္ပူကို ချီးချူးမိတယ်။ တနှစ်ပတ်လုံး ရွာတယ်
ဆိုတဲ့ မိုးကို စောစောစီးစီး ကြုံရပါတယ်။ ထီးမပါတဲ့ ကျွန်တော်တို နှစ်ယောက် တိုက်တွေ အောက် ကို ရောက်အောင်ပြေးရတယ်။ တိုက်အောက်ရောက်ရင် အိုကေပီတဲ့။ ဟုတ်တယ် တိုက်အောက်လည်းရောက်သွားရော ကျွန်တော်နေတဲ့ နေရာကို ရေမဆိုပဲ ပြန်ရောက်လာတယ်။
တစ်ချိန်လုံး အလုပ်ကို ကြိုးစားပမ်းစာရှာ၊ တွေသမျှ ပရိုဂရမ်မာပိုစ်တွေ ကို လျှောက်၊ အင်တာဗျူးခေါ်ရင် ဂိုက်(guide) စာအုပ်လေးကိုင်ပြီး သွားဖြေ။ ဒီလိုနဲ့ နောက်တစ်ခေါက် နေထိုင်ရက် ထက်တိုးရပါတယ်။ ဒီတခါတော့ သဘောင်းကောင်းတဲ့ စကာင်္ပူမက ၁ လတိုးပေးလိုက်တယ်။ အပြုံး အကြီးကြီး ပြုံးပြခဲ့ပြီး ပြန်လာပါတယ်။ နောက် ကျွန်တော်မွေးနေ့ ရောက်တော့ မွေးနေ့လက်ဆောင် interview ရပီး အလုပ်ပါရခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့။ (ဒါကြောင့် ပြောတာ ဖေဖေါ်ဝါရီဆိုတာ လတွေထဲမှာ အလှဆုံးလပါ လို့၊ ရာသီက လည်း မိန်ရသီလေ :) ) စလုံးမြေကို စထိပြီး ၁ လအကြာ 27 ဖေဖေါ်ဝါရီမှာ စာချုပ်ချုပ်ခဲ့တယ်။
တဖြည်းဖြည်းနဲ့ အလုပ်တွေ ကို အားသွန်းခွန်စိုက်လုပ်ခဲ့၊ ရောက်စက မလှဘူးထင်ခဲ့တယ် စလုံးမလေးတွေကို လည်း အလှ ခံစားတက်လာခဲ့၊ ပျော်မလို ရှိပေမယ့် ပျင်းစရာကောင်းတဲ့ ဒေသလို့ထင်လာခဲ့၊ စလုံးစရိုက်တွေ၊ လုပ်နည်းလုပ်ဟန်တွေ လေ့လာစရာ၊ ပစ်ပယ်စရာတွေကိုလည်း သိလာခဲ့ ဒီလိုနဲ့ ဖြတ်သန်းခဲ့တာ အခုဆို ၁ နှစ်ပြည့်ပြီ။
ဘာတွေတိုးတက်လာလဲ??
ဘာတွေရခဲ့ပီလဲ??
ဘာတွေ ပြောင်းလဲခဲ့ပီလဲ??
တကယ်တော့ အခုမမေးတော့ ပါဘူး ဒါမျိုးတွေ။ အရင်တုန်းက တော့ မေးတာပေါ့။
ကိုယ်တက်နိုင်သမျှ လုပ်ဖို့ပဲ စဉ်းစားမိတော့တယ်။ ဘာကြီး ဖြစ်မလာလို့ဝမ်းနည်း ရအောင် ကလေးလည်း မဟုတ်တော့ဘူးလေ။ ကြိုးစားစရာရှိတဲ့ ကိစ္စ တွေ ဆက်ကြိုးစား၊ လုပ်စရာတွေကို အကောင်းဆုံးဆက်လုပ်၊ ဘဝဆိုတာ ဒီလိုပဲပေါ့။
ဘာပဲဖြစ်ဖြစ် ဒီမှာ အလုပ်လာလုပ်ခဲ့တဲ့ အတွက် ဖေဖေ၊ မေမေ တို့ပျော်ရွင်စရာတွေ ဖြစ်ခဲ့တယ် ဆိုတော့ ဝမ်းသာရတာပေါ့။
ဒါပေမယ့် လွမ်းတယ်ဗျာ ။
ဖေဖေ၊ မေမေတို့ကိုလည်း လွမ်းတယ်။
အမိမြန်မာပြည်ကိုလည်းလွမ်းတယ်။
မြန်မာ ရနှံ့တွေကို လွမ်းတယ်။
သူငယ်ချင်းတွေကို လွမ်းတယ်။
အရာရာကို လွမ်းတယ်။
အချစ်ဆိုတာကို အခုအချိန်ထိ မယုံကြည့်ပေမယ့်
အခုအချိန်ထိ နားမလည်ပေမယ့်
အဲဒီကောင်မလေးကိုလည်း လွမ်းတယ်။
(အဟိ.. ကောင်မလေးတွေကို လည်း လွမ်းတယ် :P )
ဒါကတော့ ဖေဖေရယ်၊ မေမေ၊ ရယ် ဟဲ..ဟဲ.. ကမ်ဘာ့ ဘာဖြစ်လာမယ်မှန်း မသိသေးတဲ့ ကျွန်တော် ရယ်ပေါ့။

Sunday, January 20, 2008
ဒီနေ့ဂျစ်တူး၊ ပန်ဒိုယာ၊ ပုံရိတ်၊ လေးမ၊ သိုးမလေး၊ ကိုသန့်ဇော်မင်း တို့ဆီသွားလည်ပြီး ကျွန်တော့် ဘလောခ်လေးကို လွမ်းမိတယ်။ တမ်းတမ်းတတရယ်လို့မဖြစ်ခဲ့ပဲ ဘာရယ်မဟုတ် ဒီဘလောခ်ကို ပြန်ဖန်တီးမိတယ်။ အေးရာအေးကြောင်းလေးတွေ ပေါ့ဗျာ။
တူးတူးပုန်းနေတဲ့ ကောင်းကင်နောက်က ကြယ်
ပြောင်ပြောင်လတ်လတ်ဖြစ်အောင်တိုက် ထားတဲ့ စတီးခွက်
တိုက်ချိုတိုက်မြင့်တွေကြား
လမ်းသွယ်လေးတွေကြား
လျှက်စစ်မီးအားတွေ ဖြတ်သန်းစီးဆင်း
လေပြည်အေးအေး တချက်တိုက်တိုင်း
ငါ့ရင်ဘတ်မှာ နွေးနွေးထွေးထွေး သွေးတစ်ချက်တိုးတယ်
လေးလေးကန်ကန် ခေါင်းတွေနဲ့
သမိုင်းတွေ မရမက ဖြစ်အောင်ဆောင့်ချ
နှလုံးသာတွေကို မာစေခဲ့
အိပ်လို့မပျော်တိုင်း နေ့လို့ ပြောလို့ရမလား
တိတ်တိတ်ဆိတ်ဆိတ်ဆိုတော့လည်း လောကကြီးမှာ အင်အားရှိသလို
ညဆိုမှတော့ ညပဲဖြစ်မှာပေ့ါ
စတီးလ်ခွက် ..
ငါမုန်းတယ်။ စတီးလ်ရောင် နှလုံးသားက စတီးလ်ခွက်ကို မုန်းတယ်
လူတွေသိရင် ရယ်ကြဦးမယ်
ခေါင်းကြီးနဲ့ထပ်စဉ်းစား
ဒါ ကော်ဖီလား ဘာရည်တွေလည်း
တူးတူးခါးခါးဆိုတာ တစ်တစ်ခွခွမဟုတ်ဘူး
ဖြစ်ညစ်ပြီးတော့ဆိုပေမယ့်
ဘဝဆိုတာ လိုအပ်ရင် သုံးဆောင်ရတာမျိုး
တော်ပြီ
ညဟာအိပ်ပျော်နေပြီ
တော်ပြီ
လူတွေဟာ အိပ်ပျော်နေပြီ
တော်ပြီ
ကော်ဖီက ခါးတယ်လား
ငယ်ငယ်က ခူးစားခဲ့တဲ့ သစ်တော်သီးကို သတိရ
ဇီးချဉ်သီးနဲ့ ငုရုပ်သီး တို့စားမိရင် ဖင်ပူတယ်
တစ္စေစျေး ကဗျာကို ပြန်ဖတ်ရရင် ကောင်းမယ်
အဲဒီ အသစ်ကိုလေ မီးမတို့နဲ့ဦးဆိုတာ
ဘုရားက အနတ္တလို့တော့ဟောသွားတာပဲ
သံသရာ ဆိုတာ ရေကူးကန်မဟုတ်
ရေကူးတက်တယ်ဆိုရုံနဲ့ သံသရာက မလွတ်
ညဉ့်ရဲ့ ငှက်ဆိုးထိုးသံ ဟာလည်း နားထောင်လို့ကောင်းတယ်
ဘယ်လိုလုပ်ကြမလဲ
တိတ်တိတ်ဆိတ်ဆိတ်တွေ ပြိုဆင်း
ဝဲဘက်ဝဲယာမှာ အမှောင်တွေရောက်လာ
တော်ပြီ
ကောင်းကင်မှာ ကြယ်တွေဟာ စုံနေပြီ။
တော်ပြီ
ရင်ဘတ်တွေထဲမှာ ကြယ်တွေဟာ စုံနေပြီ။
တော်ပြီ
သမိုင်းတွေမှာ ကြယ်တွေဟာ စုံနေပြီ။
တော်ပြီ
အေးအေးချမ်းချမ်းပဲ..

Subscribe to:
Posts (Atom)