မေမေ့ကိုလွမ်းတယ်.
ဖေဖေ့ကိုလွမ်းတယ်..
"သား၊ သူတို ့က သားကို စကာင်္ပူစရောက်ခါစ အလုပ်ခေါ်ထားတော့ သူတို ့မှာကျေးဇူးရှိတယ်။ သူတို ့ဆီမှာ ဆက်လုပ်စေချင်တယ်။ လခမတိုးလည်း ၁ နှစ်လောက်ဆက်လုပ်လိုက်ပေါ့"
အမေက အလိုပြောတော့ အဖေကလည်းထောက်ခံပါတယ်။
အဲဒီအချိန်မှာ အလုပ်နဲ ့ ပတ်သတ်ပြီး ကျွန်တော်တွေးနေခဲ့တာက လခဘယ်လောက်ရမလဲ။ အခွင့်အလမ်း ဘယ်လိုရှိလဲ။ အလုပ်က စာချုပ်သက်တန်းကုန်ဖို ့ ၂ ပတ်လောက်လိုတဲ့အထိ ဘာမှမပြောလို ့စိတ်တိုနေခဲ့တာ။ မင်းတို ့လုပ်ချင်တိုင်း လုပ်ခံမယ်လို ့ထင်နေလို ့လား။ မကျေနပ်ရင်တော့ ထွက်မှာပဲ။ အလုပ်ထပ်ရှာမရရင် မြန်မာပြန်မယ်။ ဘာမှတ်နေလို ့လဲပေါ့။ လူက ခပ်အေးအေး၊ ခပ်ပေါ့ပေါ့နေ နေခဲ့ ပေမယ့် စိတ်ထဲမှာ တင်းနေတာ။
အဲဒီအချိန်၊ ကျေးဇူးဆိုတဲ့ စကားကြားလိုက်တော့ နားထဲအထူးအဆန်းဖြစ်သွားတယ်။ ကျေးဇူးဆိုတာ ကျွန်တော် အတွေးထဲမှာ လုံးဝရှိမနေခဲ့ ဘူး။အဲဒါကြားပြီးတော့ တိုနေတဲ့ စိတ်တွေ ပျောက်သွားတယ်။ နောက်နေ ့ အေးအေးပဲ ရုံးက လူ ့အရင်းအမြစ်ဌာနကို အီးမေလ်ပို ့လိုက်တယ်။ သိပ်မကြာပါဘူး။ အရာအားလုံးဟာ လက်ခံချင်စရာ အခြေအနေနဲ ့ပြီးသွားခဲ့တယ်။ မြန်မာလူမျိုးတို ့ရဲ ့စိတ် အပြည့်အဝရှိနေတဲ့ အဖေနဲ ့အမေအတွက် ကျွန်တော် ကျေနပ်တယ်။
နတ်ဆိုး
Subscribe to:
Posts (Atom)