Sunday, December 27, 2009
Thursday, December 24, 2009
Saturday, December 12, 2009
ဒီဗမာမလေးကို ဘလောမှာတင်ဖို့လုပ်နေတာကြာပီ။ မတင်ဖြစ်ဘူး။ ၆ လလောက်တောင်ရှိတော့မယ်ထင်တယ်။ သူသီချင်းတွေက ကျွန်တော် ရုံးမှာ အလုပ်လုပ်ရင်းနားထောင်တဲ့ သီချင်းတွေထဲက တချို့ပေါ့။ ကျွန်တော်အမြင် ပြောရရင်တော့ မြန်မာပြည်က တချို့အဆိုတော်လုပ် ခွေထုတ်နေတဲ့သူတွေထက်ကို နားထောင်လို့ကောင်းတယ်။ ဟိုတလောက အနောနီးမက်စ် အဖွဲဆိုလား။ ကိုရီးယားယောကျင်္ားလေးအဖွဲ့တဖွဲ့ သီချင်း(i don't love anybody but u)ကိုကော်ပီကူးပြီး အဲကိုရီးယားအဖွဲ့အတိုင်း တပုံစံတည်းလိုက်ကပြီး ယူကျုတ် မှာတင်ထားတာကို သူငယ်ချင်ကလာကြည့်ဆိုပီး ပြတယ်။ စစချင်းတော့ အဲ ငါတို့မြန်မာတွေ မဆိုးဘူး။ စတိုင်လ်တော့ လုပ်တက်လာပီလို့ထင်လိုက်တယ်။ (ဒါတောင် ယောက်ျားလေးတွေဖြစ်ပြီး မိန်းမတွေလို ညို့အားပြင်းတဲ့ မျက်လုံးမျိုးကြည့်တွေနဲ့ ကြည့်ကြည့်နေတာကို ရွံမိသေးတယ်)။ ကော်ပီမှန်းလည်းမသိကိုး။ နောက်မှ အကြောင်းလည်းသိရော အတော်ရှက်ပီး စိတ်ပျက်သွားတယ်။ ဟန်ထူးလွင်ရဲ့ သီချင်းကိုသတိရမိတယ်။ "ဘယ်နေရာကြည့်ကြည့် ရိန်းပဲ။ မြန်မာ့စိတ်ဓာတ် ရှက်ဖွယ်။ ကိုရီးယား လမ်းနီးကြတယ်" ဆိုတဲ့ဟာ။ ဟား.ဟား။
အခု မေရီဝင်းလို စစ်မှန်တယ်လို့ခံစားရတာလေးတွေကို မျှပေးပါတယ်။ http://www.marywinmusic.com/
အိုးဂရကျဂိုရီ (OLD GREGORY)
တစုံတယောက်က ကြည့်နေတယ် (SOMEONE IS WATCHING)
အခု မေရီဝင်းလို စစ်မှန်တယ်လို့ခံစားရတာလေးတွေကို မျှပေးပါတယ်။ http://www.marywinmusic.com/
အိုးဂရကျဂိုရီ (OLD GREGORY)
တစုံတယောက်က ကြည့်နေတယ် (SOMEONE IS WATCHING)
Tuesday, December 8, 2009
မရီတာပိုစ်ဖတ်ပီး သူကို ဘယ်လိုထင်လဲလို့မေးလာတယ်။ ဒါနဲ့ I don't think she is honest. လို့ဖြေလိုက်တယ်။ ပြီးမှ ငါပြောချင်တာ မပေါ်သေးဘူးဆိုပီး။ And not mature လို့။ :D သူရဲ ့ အယူအဆပိုင်းကို မေးတာဆိုရင်တော့ မေးတဲ့လူကို စိတ်ဆိုးတယ်။ ဒါပေမယ့် လက်တွေ့မှာလည်း အဲလိုဖြစ်နေတာတွေ အများကြီးပဲ။ လက်တွေ့ဖြစ်နေတာကို သိနားလည်တာနဲ့ လုပ်ရမယ်အရာ၊ ပြောရမယ်အရာကို လုပ်တာပြောတာက မတူဘူးလို့ထင်ပါတယ်။ မရိုးသားဘူးလို့ဖြေမိတာက သူဟာ လိမ်တက်တယ်။ ညာနေတာ။ အဲလိုသဘောမဟုတ်ပါဘူး။ သူပြောတဲ့ ပိုစ်နဲ့ ကွန်မန့်တွေဖတ်ပီး အဲလိုခံစားရလို့ ပြောလိုက်တာ။ ဒါ တခါတလေ ကျွန်တော်တို့လူတော်တော်များများလည်း အဲလို မရိုးသားတာမျိုးကို လုပ်ဖြစ်တက်တယ်။ ဒါနဲ့ အဲဒီထဲမှာ သတိတခုထားမိတယ်။ ကိုညီလင်းဆက်က ကြိုက်တယ်။ ချီးယားလို့ပြောသွားတာလေးပါ။ တွေးမိတယ်။ သူလည်း ဒီလို ကန့်လန့်မျိုးလေးတွေဆို သဘောကျတက်တယ်ပဲ။ ;)
ဘာရယ်မဟုတ်ဘူး။ ပြောစရာလည်း သိပ်မရှိပါဘူး။
ဘာရယ်မဟုတ်ဘူး။ ပြောစရာလည်း သိပ်မရှိပါဘူး။
Friday, December 4, 2009
ည ၂ နာရီထိုးပြီ။ မိုးတစိမ့်စိမ့်ရွာနေသေးသည်။ မိုးတစိမ့်စိမ့်ဆိုမှ သတိရမိသည်။ ကျွန်တော်တို့ ၁၀ တန်းစာမေးပွဲကြီးတွင်မေးသော စာစီစာကုံးမှာလည်း မိုးတစိမ့်စိမ့်။ စာစီကုံးသည်ပညာတွင် ည့ံလွန်းတော့ တခြားရွှေးစရာမရှိ၊ ဒီတော့ မိုးတစိမ့်စိမ့်ကိုပင် ဖျစ်ညစ်ရေးခဲ့သည်ကို မှတ်မိနေသေးသည်။ အခုလို ညကြီးမင်းကြီးမှာ မိုးရွာနေလျှင် စိတ်က အလိုလို လန်းဆန်းတည်ငြိမ်နေတက်သည်။ သစ်ပင်၊ မီးလုံးတွေ လှုပ်ရှားနေသော်လည်း လောကကြီးက သက်ငြိမ်သဘောဆောင်နေသည်။ မိုးပေါက်သံ၊ လေတိုက်သံတွေကြားနေပေမယ့် တိတ်ဆိတ်နေသောရသ ရှိသည်။
သဘာဝတရားကိုချစ်သော စိတ်ရှိသည်ဟု ကိုယ့်ကိုကိုယ် ယုံမိသည်။ သဘာဝတရားတွင် ကောင်မလေးတွေကောပါသည်လား။ တယောက်တည်းပြုံးရယ်နေတာတွေ့လျှင် ဆယ်ကျော်သက်ဟု ထင်ခံရဦးမည်။ လျှစ်စစ်မီးရောင်တွေအောက် မိုးပေါက်တွေကျနေသည်ကို ကောင်းကောင်းမြင်ရသည်။ ဒီရက်ပိုင် ဆရာတော်ဦးဇောတိက၏လွတ်လပ်သောစိတ် ဆိုသော စာအုပ်ကို နည်းနည်းချင်းဖတ်နေမိသည်။ အသက်တွေကြီးလာ၍လားမသိ။ စာအုပ်တအုပ်ကို ဖတ်သည်အခါ လနှင့်ချည်၍ ကြာမြင့်တက်လာသည်။ လွတ်လပ်သောစိတ်ဆိုလျှင် ၄၊ ၅ ရွက်ထက် ပိုဖတ်၍မရနိုင်အောင်ဖြစ်ရသည်။
ဒါနှင့် ဒီနောက်ပိုင်း မာန်မရှိလာသည်ကို သတိထားနေမိသည်။ ဘာကြောင့်မှန်းမသိ။ တဖြည်းဖြည်းမာန်နည်းပါးလားသည်ကိုတွေ့နေရသည်။ အကြောင်းတခုခုကြောင့် မာန်တက်နေသူများကိုတွေ့လျှင်လည်း နားလည်နေတက်သည်။ စားမာန်(စမန်)တက်လေ့ရှိသော အိမ်ကကြောင်လေး အာဗြဲမကိုလည်းသတိရတက်သည်။ အသက်ကြီးလာ၍ပဲ ထင်သည်။
တချက်တချက် လေတိုးဝှေလာလျှင် လန်းဆန်းခြင်းများကိုယ်ထဲ တိုးဝင်သွားသလိုခံစားရသည်။ ညဖြစ်၍ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရခြင်းသည်ပင် နှစ်သက်ဖွယ်ရာကောင်းနေသည်။ တရားလေးလည်း လေ့ကျင့်ဦးမှပဲ။ တရားမထိုင်ဖြစ်သည်တောင် အတော်ကိုကြာနေပြီ။ မေမေပြောသောစကားကို ကြားယောင်မိသည်။ သားက အတ္တနည်းပြီးသားတဲ့။ ဟုတ်ပါစေဟု ဆန္ဒပြုမိသည်။ ဒါပေမယ့် လုပ်စရာတွေအများကြီးရှိနေသေးသည်။ တီထွင်ဖန်တီးမုများထဲတွင် ကိုယ့်ဘဝကိုယ် တီထွင်ဖန်းတီးပြီးနေခြင်းသည် ကောင်းကြောင်းကို လွတ်လပ်သောစိတ်စာအုပ်ထဲမှ မှတ်သားမိသည်။ မိုးကတော့ ဆက်ရွာနေသည်။ ဟိုးတုန်းကလို လွတ်လွတ်လပ်လပ်ဆိုလျှင် တညလုံးထိုင်နေဖြစ်လိမ့်မည်။
(ဒီစိတ်အတွေးလေးကို ကုလားဖြူဘာသာရပ်နှင့် ရေးနိုင်ရန် ကြိုးစားရဦးမည်။ အမှန်တွင် အင်္ဂလိပ်လိုရေးသားချင်သည်။)
တေးမွန်။
နိုဝင်ဘာ ၁၄ ၂၀၀၉။ ၁နာရီ ၅ဝမိနစ်။

Subscribe to:
Posts (Atom)