ဒီနေ့ က ကျွန်တော် စကာင်္ပူဆိုတဲ့ ညစ်ကျယ်ကျယ်ကျွန်းလေးကို ရောက်တာ ၁ နှစ်ပြည့်သွားတဲ့ နေ့ပါ။ လွန်ခဲ့တဲ့ နှစ် Jan 26 2007 က ဒီလို စနေနေ့ပဲပေါ့ မျော်လင့်ချက်တွေ၊ ပျော်ရွင်မှု့တွေ၊ စိတ်လှုပ်ရှားမှု အနည်းငယ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ လားရိုးက လိုက်လာပြီး လိုက်ပို့ခဲ့တဲ့ မေမေ၊ မမမိုး၊ တောင်ပေါ်ကနေ အတူတူဆင်းလာကြပြီး ရန်ကုန်ရဲ့ ပျော်စရာကောင်းတဲ့ နေတွေ့မှာ အတူနေထိုင်ခဲ့ကြတဲ့ ကျွန်တော့် သူငယ်ချင်းများ (ဘာမှ မတော်တဲ့ ညီအကိုများတဲ့) ၊ နောက် ပျော်စရာ ကောင်းလှတဲ့ ကျွန်တော့် တိုင်းပြည်ကို နှတ်ဆက်ခဲ့တယ်။ လေယာဉ်ပေါ်မတက်ခင် လက်ပြနေခဲ့တဲ့ မေမေ၊ မမနဲ့ သူငယ်ချင်း တစ်စုရဲ့မြင်ကွင်း ဟာ ၁ နှစ်လွန်ခဲ့ ပြီဖြစ်ပေ့မယ် လတ်ဆတ်ဆဲပါပဲ။ ပထမဆုံးစီးဖူးတဲ့လေယာဉ်၊ တဖြည်းဖြည်းဝေးကွာ သွားတဲ့ မြေပြင်ကို ကြည့်ပြီး ပထမဆုံး စဉ်းစားမိတာက ငါပြန်လာခဲ့မယ်တဲ့။
လေယာဉ်ပေါ်မှာတော့ ကျွန်တော်ဟာ စက်ာပူ ဆိုတာထက် မမြင်ဖူးတဲ့ ကောင်းကင်မြင်ကွင်းတွေကို ကြည့်ပြီး ပျော်မိတာပါပဲ။ လုပ်ဖူးတယ်ရှိအောင်လေယာဉ်အိမ်းသာထဲဝင်ပြီး ရှူးရှူးတောင် ဇွတ်ပေါက်လိုက်သေးတယ်။ ၂ နာရီကျော် ပျံသန်းနေတဲ့ ခရီးဟာ ခဏလေးလိုပါပဲ။ ဒါပေမယ့် ကဘာ နာမည်ကြီး ချန်ဂီလေဆိပ်ကို ချဉ်းကပ်တဲ့ အချိန်မှာတော့ ကောင်းကောင်းကြီးကို ညရောက်လို့နေပါပြီ။ မီးတွေ ထိန်ထိန်လင်းနေတဲ့၊ အောက်ဘက်မျက်နှာပြင်ကိုကြည့်ပြီး ငါစကာင်္ပူရောက်တော့ မယ်ဆိုတာကို တွေးမိတယ်။ မြေပြင်နဲ့ ထိတွေပြီး ခဏမှာပဲ ကျွန်တော်နဲ့ တူတူပါလာတဲ့၊ ကျွန်တော့်ကို ခေါ်လာတဲ့ အစ်ကိုသူငယ်ချင်းက သူ့ mobile ကို ထုတ်ပြီး ဖုန်းခေါ်ပါတယ်။ လိုင်းပြန်မိပီတဲ့လေ။ ခဏနေတော့ အစ်ကို ့အသံကို ပထမဆုံးကြားရတာပါပဲ။ ၂ နှစ်ကျော်ကွဲကွာနေခဲ့တဲ့ အသံက အဆင်ပြောလား အေး အေးငါတို ့လေဆိပ် ထဲမှာ စောင့်နေတယ် တဲ့ .. ကျွန်တော်က ပြောစရာ စကားမရှိဘူးပေါ့။ ချန်ဂီလေဆိပ်ရဲ့ ခမ်းနားမှု တွေကို ငှေးရင် အိပ်လေးကို ဆွဲလို့ စင်္ကာပူလူဝင်မှု့ကြီးကြပ်ရေးကို ရောက်လာခဲ့တယ်။
"မင်း ဘာလာလုပ်တာလဲ"
"အလည်လာတာ"
"မင်း အလုပ်လာလုပ်တာမဟုတ်ဘူးလား"
"ငါအလည်လာပြီး ကျောင်းကိစ္စစုံစမ်းမလို့.. ငါ့အစ်ကို လည်း ဒီမှာရှိတယ်.. "
"မင်း ပိုက်ဆံ ဘယ်လောက်ပါလဲ"
"ပါတယ် .. ဒါပေမယ် အိပ်ထဲမှာ ပါသွားပြီ.. နောက်ပြီး ပိုက်ဆံအတွက် ပူစရာမလိုဘူး.. ငါ့အစ်ကို ရှိတယ်
ဟိုဟာ လည်း ငါ့ အစ်မပဲ.. "
ဆိုပြီး ကျွန်တော်ကို ခေါ်လာတဲ့ အကိုသူငယ်ချင်းကို ညွန်းပြလိုက်တယ်.. အဲဒီ လူဝင်မှုကဘွားတော် က ကြည့်ပုံမရဘူး။
ကျွန်တော့်ပုံကလည်း ကြည့်ချင်စရာမရှိပါဘူး။ သူများလေသံမာ ရင် ကိုယ်ပါလိုက်မာလာတာ အကျင့်ပဲ။ သူဖသာ ဘာကြီးဖြစ်ဖြစ်။
"မင်း ကျောင်းကိစ္စ နဲ့လာတာဆိုရင် ၁၄ ရက်ပဲပေးမယ်၊ လုံလောက်တာပဲ ပြီး ရင်ပြန်တော့"
"ကိစ္စမရှိဘူး"
တကယ်တော့ ကျွန်တော် တင်းသွားတာပါ။ ရင့်လှချည်လားပေါ့။ စိတ်ထဲကနေတွေးနေခဲ့တယ်။ သိကြသေးတာပေါ့ကွာ။
ငါကို ဘာကောင်မှတ်နေလဲ လို့။
အပြင်ရောက်တော့ အစ်ကို ကပြုံးပြီး ကြိုတယ်လေ။ ကျွန်တော်တော့ တင်းနေတုန်းပဲ။ သူငယ်ချင်းတွေ တအုပ်ကြီးနဲ ့လေဆိပ်မှာ ဟမ်ဘာဂါစားကြတယ်၊ ပက်ပစီသောက်ကြတယ်၊ ကျွန်တော်လည်း အူလည်လည်နဲ ့ ၀ါးတာပေါ့။ ဒါမျိုးတော့လာစမ်းလို ့ဘယ်ရမလဲ။ :P
MRT လို့မသိသေးတဲ့ ရထားကြီးကို အနောက်အစွန်မှာ ရှိတာလို့မသိသေးတဲ့ ဘွန်းလေဆီ အရှေ့အစွန်မှာရှိတာလို့မသိတဲ့ ချန်ဂီကနေ ပျင်းအောင် စီးရပီး လာခဲ့ပါတယ်။ ဘူတာမှာ အထူးအဆန်းဖြစ်မိတာက ဘူတာမှာရပ်ထားတဲ့ ပြိုင်ဘီး (စက်ဘီး)တွေ အများကြီးကိုပါ။ ငါလည်း တစ်စီးလောက်ဝယ်စီးဦးမယ်တဲ့။
အိမ်ရောက်တော့ သန်ကောင်တောင် ရောက်ပါတော့မယ်။ အစ်ကိုပေးတဲ့ အိပ်ရာကို ကြည့်ပြီး ငါရန်ကုန်မှာ နေခဲ့ရတဲ့ အဆောင်အခန်းထက်မိုက်တာပဲတဲ့။ နှစ်နှစ်ချိုက်ချိုက်အိပ်လိုက်ပြီး မနက်ကျတော့ ဘွန်းလေစျေးထဲ သွားပြီး စျေးဝယ်ကြတယ်။ ချက်စားကြမယ်လေ။ လမ်းတလျှောက် အသစ်အသစ်သော ရန်ကုန်တုန်း က အင်တာနတ်ကနေကြည့်ခဲ့ရတဲ့ ကားတွေ ကြည့်ပြီး သရေကျနေမိတယ်။ သန့်ရှင်သပ်ရပ်နေတဲ့ အိမ်ရာတွေ၊ လမ်းတွေ ၊ သစ်ပင်တွေ နဲ့ စကာင်္ပူကို ချီးချူးမိတယ်။ တနှစ်ပတ်လုံး ရွာတယ်
ဆိုတဲ့ မိုးကို စောစောစီးစီး ကြုံရပါတယ်။ ထီးမပါတဲ့ ကျွန်တော်တို နှစ်ယောက် တိုက်တွေ အောက် ကို ရောက်အောင်ပြေးရတယ်။ တိုက်အောက်ရောက်ရင် အိုကေပီတဲ့။ ဟုတ်တယ် တိုက်အောက်လည်းရောက်သွားရော ကျွန်တော်နေတဲ့ နေရာကို ရေမဆိုပဲ ပြန်ရောက်လာတယ်။
တစ်ချိန်လုံး အလုပ်ကို ကြိုးစားပမ်းစာရှာ၊ တွေသမျှ ပရိုဂရမ်မာပိုစ်တွေ ကို လျှောက်၊ အင်တာဗျူးခေါ်ရင် ဂိုက်(guide) စာအုပ်လေးကိုင်ပြီး သွားဖြေ။ ဒီလိုနဲ့ နောက်တစ်ခေါက် နေထိုင်ရက် ထက်တိုးရပါတယ်။ ဒီတခါတော့ သဘောင်းကောင်းတဲ့ စကာင်္ပူမက ၁ လတိုးပေးလိုက်တယ်။ အပြုံး အကြီးကြီး ပြုံးပြခဲ့ပြီး ပြန်လာပါတယ်။ နောက် ကျွန်တော်မွေးနေ့ ရောက်တော့ မွေးနေ့လက်ဆောင် interview ရပီး အလုပ်ပါရခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့။ (ဒါကြောင့် ပြောတာ ဖေဖေါ်ဝါရီဆိုတာ လတွေထဲမှာ အလှဆုံးလပါ လို့၊ ရာသီက လည်း မိန်ရသီလေ :) ) စလုံးမြေကို စထိပြီး ၁ လအကြာ 27 ဖေဖေါ်ဝါရီမှာ စာချုပ်ချုပ်ခဲ့တယ်။
တဖြည်းဖြည်းနဲ့ အလုပ်တွေ ကို အားသွန်းခွန်စိုက်လုပ်ခဲ့၊ ရောက်စက မလှဘူးထင်ခဲ့တယ် စလုံးမလေးတွေကို လည်း အလှ ခံစားတက်လာခဲ့၊ ပျော်မလို ရှိပေမယ့် ပျင်းစရာကောင်းတဲ့ ဒေသလို့ထင်လာခဲ့၊ စလုံးစရိုက်တွေ၊ လုပ်နည်းလုပ်ဟန်တွေ လေ့လာစရာ၊ ပစ်ပယ်စရာတွေကိုလည်း သိလာခဲ့ ဒီလိုနဲ့ ဖြတ်သန်းခဲ့တာ အခုဆို ၁ နှစ်ပြည့်ပြီ။
ဘာတွေတိုးတက်လာလဲ??
ဘာတွေရခဲ့ပီလဲ??
ဘာတွေ ပြောင်းလဲခဲ့ပီလဲ??
တကယ်တော့ အခုမမေးတော့ ပါဘူး ဒါမျိုးတွေ။ အရင်တုန်းက တော့ မေးတာပေါ့။
ကိုယ်တက်နိုင်သမျှ လုပ်ဖို့ပဲ စဉ်းစားမိတော့တယ်။ ဘာကြီး ဖြစ်မလာလို့ဝမ်းနည်း ရအောင် ကလေးလည်း မဟုတ်တော့ဘူးလေ။ ကြိုးစားစရာရှိတဲ့ ကိစ္စ တွေ ဆက်ကြိုးစား၊ လုပ်စရာတွေကို အကောင်းဆုံးဆက်လုပ်၊ ဘဝဆိုတာ ဒီလိုပဲပေါ့။
ဘာပဲဖြစ်ဖြစ် ဒီမှာ အလုပ်လာလုပ်ခဲ့တဲ့ အတွက် ဖေဖေ၊ မေမေ တို့ပျော်ရွင်စရာတွေ ဖြစ်ခဲ့တယ် ဆိုတော့ ဝမ်းသာရတာပေါ့။
ဒါပေမယ့် လွမ်းတယ်ဗျာ ။
ဖေဖေ၊ မေမေတို့ကိုလည်း လွမ်းတယ်။
အမိမြန်မာပြည်ကိုလည်းလွမ်းတယ်။
မြန်မာ ရနှံ့တွေကို လွမ်းတယ်။
သူငယ်ချင်းတွေကို လွမ်းတယ်။
အရာရာကို လွမ်းတယ်။
အချစ်ဆိုတာကို အခုအချိန်ထိ မယုံကြည့်ပေမယ့်
အခုအချိန်ထိ နားမလည်ပေမယ့်
အဲဒီကောင်မလေးကိုလည်း လွမ်းတယ်။
(အဟိ.. ကောင်မလေးတွေကို လည်း လွမ်းတယ် :P )
ဒါကတော့ ဖေဖေရယ်၊ မေမေ၊ ရယ် ဟဲ..ဟဲ.. ကမ်ဘာ့ ဘာဖြစ်လာမယ်မှန်း မသိသေးတဲ့ ကျွန်တော် ရယ်ပေါ့။
Sunday, January 27, 2008
Subscribe to:
Post Comments (Atom)
6 comments:
တေးမွန်..အေးနင်လဲ.. တစ်နှစ်တောင် ဘာလိုလိုနဲ့.. ရှိတွားပီနော်.. ငါတော့ ငါ့ရဲ့ပထမတစ်နှစ်ကို.. နင့်လို ပြန်တွေးပီ..ချရေးနိုင်တဲ့သတ္တိမရှိဝူးး.. စိတ်ဖိစီးမှုအများဆုံး..အထီးကျန်ဆုံး...သိမ်ငယ်အနှိမ့်ချဆုံး..ကိုယ့်ကိုယ်ကို ဘာမှမဟုတ်ပါလားလို့..သိမြင်လာတဲ့အချိန်..ပညာလဲ အရဆုံးပေါ့..
ခုထိတော့..အဲ့ဒီနှစ်က အဆိုးဆုံးပဲဟာ.. :(((
တော်သေးလို့.. အိမ်ပြန်ရတာပေါ့..အိမ်သာမပြန်ရရင်.. ငါရူးမှာ.. :D:D
နာမည်ကျော်ကြီး တစ်ယောက်ရဲ့ အကြောင်းလဖတ်တယ်ဗျို့... :P
ဟုတ်ပ.. ဘာလိုလိုနဲ့ တစ်နှစ်တောင်ရှိသွားပြီနော်... အချိန်တွေက အကုန်မြန်လိုက်တာ....
အားလုံးအဆင်ပြေပါစေကွာ....
tzm
ahmei ရေး
တကယ်ပါဟာ တစ်နှစ် တစ်နှစ် ဘယ်လို ကုန်သွားမှန်းမသိလိုက်ဘူး.. အခု နာ သတိထားမိတော့ အသက်တွေ တောင် တော်တော်ကြီးလာပြီဟ... နာတို့လည်း မျော်လင့်ချက်တွေ တပွေတပိုက်နဲ့  စက်ရုပ်တွေ လို ဖြစ်လာတယ်.. နင်လည်း စိတ်ရှင်းရှင်း နဲ့ ပဲ ကြိုးစားဟ.. နာတော့ နာ့ စိတ်တွေ ကို လွှင်ထုတ် ပလိုက်ချင်တယ်.. ၇ှိသမျှစွမ်အားတွေကို ဖွင့်ထုတ်သလိုမျိုး
ကိုသန့် ဇော်မင်းရေ ဟုတ်ပဗျာ တကယ် မြန်တယ်.. အဆင်ပြေအောင် နေနေရတာပါပဲဗျာ..
ခင်ဗျားလည်း တွေချင်တယ် :)
နတ်ဆိုး
နတ်ဆိုး .. ဘာပဲဖြစ်ဖြစ် .. တရွာမပြောင်း သူကောင်းမဖြစ် ဆိုတာကို အကောင်းဘက်က ကြည့်လိုက်ပေါ့း)
တစ်နှစ် ... နှစ်နှစ် .. နောက်တော့လည်း ကိုယ်နေချင်တဲ့နေရာမှာ ပြန်အခြေချနိုင်မှာပါ ။ ဆက်လျှောက်ထား ရဲဘော် ... ။
လက်စသတ်တော့ မိန်ရာသီဖွားရဲ့ အလွမ်း..တစ်နှစ်တာမှတ်တမ်းက အထီးကျန်ဇာတ်လမ်းပါလားကွယ်...။
ချမှာပါ ရဲဘော် ..်:)
လေးမ
အောင်မာ .. အထီးကျန်တယ် ဆိုတာ ညဏ်ပညာ အဆင့်အတန်း မြင့်မှားလာခြင်းရဲ့ ပြ ယုဒ်တဲ့.. :P
နတ်ဆိုး.
Post a Comment