ထွေရာလေးပါး ပြောချင်တယ်ဗျာ။ တောင်ရောက်မြောက်ရောက်ပေါ့။ ဟိုမရောက် ၊ ဒီမရောက်ဆိုလည်း မှန်တာပဲ။
ခင်ဗျားတို့ သတိထားမိကြလား။ ဖေဖေါ်ဝါရီလေ။ အတော်လှတဲ့ ရာသီဗျ။ နာမည်ကိုက ရသပါနေတယ်။ ကျွန်တော်တို ့ မြန်မာပြည်မှာဆို တပေါင်းလနဲ့တူတာပေါ့။ လေရူးတွေ စပြီးတိုက်တယ်။ ရာသီဥတုက နေ့ပူ ညချမ်း။ နှင်းမှုန် ဖွဲဖွဲ လေးတွေ ကျတယ်။ စက္ကုပန်းနီညိုတွေ လည်း အားရပါးရပွင့်တဲ့ အချိန်။ မြောက်ပြန်လေ လည်းတိုက်တယ်။ အဲဒီမြောက်ပြန်လေက အတော် ချစ်ဖို့ကောင်းတဲ့လေဗျ။ လွမ်းဖို လည်းကောင်းတယ်။ မြောက်ပြန်လေတိုက်ခံရတဲ့သူဟာ ချစ်သူမရှိရင်တောင် ကြည်နူးပြီး လွမ်းတက်တယ်တဲ့ဗျ။ နေ့လည်ဆို ကောင်းကင်ကြီးကိုက လန်းဆန်းဖို့ကောင်းတယ်။ ကြည်ပြီး ပြာလဲ့နေတဲ့ ကောင်းကင်အခံမှာ တိမ်ဖြူဖြူ အတွေက လွင့်လို့။ တကယ်ပါဗျာ။ စိတ်တွေလည်း ရူးလို့ပေါ့။ လွတ်လပ်နေတာပဲ။ အထက်တန်းကျောင်းသားဘဝမှာ ဒီအချိန်က ကျောင်းတွေ စပိတ်လိုက်တဲ့ အချိန်ဆိုတော့ တာဝန်တွေ ကလွတ်ကင်းသွားတဲ့ ခံစားချက်ရော။ သူငယ်ချင်းတွေ နဲ့ မတွေ ရတဲ့ ခံစားချက်ရော။ လေရူးတိုက်တာရော။ ဘာလုပ်လို ဘာလုပ်ရမှန်းကို မသိတဲ့ အခါပေါ့ဗျာ။ ကျောင်းထဲရောက်သွားရင်လည်း အမြဲဆူညံ့နေတဲ့ ကျောင်းတော်ကြီးတွေက တိတ်ဆိတ်လို့။ ထီးထီးကြီး။ ခင်ဗျားတို့အဲလို ရောက်ဖူးကြလားဗျ။ စိတ်ကူးဆိုတာလည်း အစွမ်းကုန်လွင့်ထုတ်လို့ကောင်းတဲ့ ရာသီပေါ့ဗျာ။
ဒီရာသီဖွားတွေ ကို မိန်ရာသီဖွားလို့ခေါ်တယ်ဗျ။ ငါးနှစ်ကောင် အမြီးကိုက်နေတဲ့ ပုံလေ။ မိန်ရာသီဖွားဆိုတာ လွတ်လပ်မှု ပျော်ရွင်မှု ရိုးသားမှု့နဲ့ဒွန်တွဲနေတဲ့ သူတွေလို့ကျွန်တော် သတ်မှတ်တယ်။ ထပ်ပြောရင်လည်း ကျွန်တော် လွန်တယ် ဖြစ်ဦးမယ်။ ရာသီနာမည် တွေမှာလည်း မိန်က အလှပဆုံးဗျ။ တချို ဆို ဗြိစ္တ တို့ပြိတ္တာ တို့ဆိုလားပဲ။ ကြည့် ဘယ်လောက် ဆိုးဝါးလဲ။ မေထုန်ဆိုတာကြီးက ရှိသေးတယ်။ အူယားလိုက်တာဗျာ နာမည်ကြီးက။ အဲဒီရာသီမှာ မွေးခဲ့ရင် ကျွန်တော်များ အူယားပြီး သေသွားနိုင်တယ်။
ဖေဖေါ်ဝါရီမှာ အမှတ်ထားရမဲ့ ရက်တွေ လည်း အများကြီးပဲ။ ခင်ဗျားတို ့သိကြလား။ ၁၂ ရက်နေ ့က ပြည်ထောင်စုနေ့။ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။ ၁၄ ရက်ကြတော့ ချစ်တက်သူများနေ့။ ဆက်တိုက်ကြီးကိုဗျာ။ ပြီးတော့ တပေါင်းလပြည့်နေ့။ တပေါင်းပွဲ ဆိုတာ အတော် ပျော်စရာကောင်းတဲ့ ပွဲ။ ရှမ်းပြည်က ဘော်ကျို ပွဲဆို နာမည်ကြီးပေါ့။ နောက်ထပ်တစ်ရက် ရှိသေးတယ်ဗျ။ အဲဒီရက်ကတော့ နောင်မှာ အမှတ်ထားစရာ ဖြစ်လားမယ်ထင်တာပဲ။
ဒါပေမယ့် ဗျာ ဒီအချိန်လေးက ပါးပါးလေးဗျ။ ရက်အနည်းငယ် အတူဖြတ်သန်းလိုက်တယ်ဆိုရင်ပဲ နှုတ်ဆက်ချိန်ကို ရောက်လာတယ်။ အပူတွေ ဝင်လာပြီး နွေရာသီကို ပီပီပြင်ပြင် ဖော်ဆောင်ကြတော့တာပဲ။ အဲဒီအချိန်ဆို ဖေဖေါ်ဝါရီကုန်ပြီပေါ့။ တစ်ယောက်ထဲနေရတဲ့ ခြံဝင်းနဲ့သစ်သားတွေနဲ့ဆောက်ထားတဲ့ အိမ်မြင့်မြင့် သေးသေးလေးမှာ ဂစ်တာကို တီးရင်း ကျွန်တော်ဟာ သီချင်းလေးတစ်ပုဒ်ကို လွမ်းလွမ်းဆွေးဆွေး ခံစားချက် အပြည့်နဲ့ခဏခဏ ဆိုလေ့ရှိခဲ့ဖူးတယ်။
နွေပူတော့မှာလား
အကုန်ခြောက်ခန်းနေတဲ့ မြို့ဟာ လွမ်းဖွယ်
အပြင်းဆုံးနေ့နွေအပူမှာ ... အချစ်မဲ့လမ်းမများ .. မောတယ်
မင်းနဲ့ ခွဲခွာ နွေညလေးထဲ ...
လွမ်းဆွေးရဦးမယ်...
ဒီနွေ အပူဆုံးလိုပဲ..
အတူ နောက်ဆုံးအချိန်က နှင်းကိုလွမ်းတယ်..
အချစ်နဲ့မြောက်ပြန်လေဟာ ... ခဏလေးနဲ့ဖျတ်ကျော်သွား...
မင်းနဲ့ခွဲခွာ နွေညလေးထဲ ... လွမ်းဆွေးရဦးမယ် ... မောတယ်..
ဆွေးရဦးမယ်.. နွေည... ဆွေးမြေ့စရာပဲ
ဖေဖေါ်ဝါရီ ၁၆ ၂၀၀၈
Sunday, February 17, 2008
Subscribe to:
Post Comments (Atom)
5 comments:
မိန္ရာသီကို တစ္ခါမွ ဒီလို မခံစားဖူးဘူး...။
အိုးးအို... ချဲ့ကားနေလိုက်တာ ပီးမပီးနိုင်ဝူးးး
မိန်ရာသီဘွားလို့ ပြောလိုက်တော့ ဘာဖြစ်မှာကျ.. :(
ဒါနဲ့ မွေးနေ့ကျ ဘာကျွေးမှာလုံးးး :D:D
ခံစားကြည့်လေးမ.. ဂယ်ပြောနေတာ. :D
ahmei
ဟွန်း.. ချဲ့ ကားပြောမှပေါ့ဟ..ဟီး..
ဘာမှကျွေးဝူး.. နင်ကော ဘာပေးမှာလည်း.. :P
နတ်ဆိုး
ဟ.. သိတောင်မသိလိုက်ဘူး...
ဘယ်နေတုန်း နင့်မွေးနေ့က
၁၆ရက်နေလား...
ဖြစ်လာနိုင်ပါတယ် နောင်မှာ အမှတ်ထားစရာ...
ဦးနတ်ဆိုးကြီး ဒီဇိုင်းတွေ ဘာတွေ ပြောင်းလို့ပါလား။ စီဗုံး ဘယ်ရောက်သွားလဲဗျ... မွေးနေ့ ဘယ်နေ့တုန်း... လာစားဦးမယ်...
Post a Comment