ကျွန်တော်လား..
သိပ်ထွေထွေထူးထူးမရှိပါဘူး။
ငယ်ငယ်တုန်းက အနာဂတ်အကြောင်းတွေးတယ်၊ အချိန်မတိုင်ခင် ဒီအသက်အရွယ်မှာ အတိတ်အကြောင်းတွေးနေတက်တယ်။ ကောင်းတယ်လို ့ပဲပြောရတော့မယ်။ အခု ပစ္စုပန်မှာနေဖို့စပြီး ကြိုးစားနေတယ်။
မိန်းမတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေမှာ ရှေးရိုးဆန်တယ်။ သူတို့ကိုတန်းဖိုးထားတက်တဲ့ နှလုံးသားလည်းရှိတယ်။ မည်မျှ ခင်မိသော သူငယ်ချင်းဖြစ်စေ၊ မိန်းကလေးတစ်ယောက်ကို လက်လွတ်စပယ်ပြောလျှင် ချဉ်သွားတက်သည်။ သိပ်ခင်လျှင် ဗြောင်ပြောလွတ်တက်သည်။ သိပ်မခင်လျှင် အဆက်အဆံ လုပ်တာကျဲသွားတက်သည်။
ကာတွန်းကားတွေကို နှစ်နှစ်ချိုက်ချိုက် ကြိုက်တယ်။ ကာတွန်းရုပ်တွေကိုလည်း ကြိုက်တယ်။ နောက်တစ်ခုကတော့ တရုတ်သိုင်းဝတ္တုနဲ့သိုင်းကားကို ကြိုက်တာပဲ။ ချင်ချင်းတက်လာတဲ့ အခါမျိုးဆို တညနဲ့တရက် မအိပ်၊ မစားပဲ သိုင်းဝတ္တုဖတ်တက်တယ်။
ဂီတကို ဗီသိုဗင်၊ ဟန်ဒယ် တို့လို ကလက်စစ်ကယ် ကနေ မတ်တယ်လ်၊ ရောခ်၊ အော်တာနေးတစ် တွေ အထိ ခံစားနှစ်ချိုက်တယ်။ အထက်တန်းပြီးတဲ့ အချိန်ကစလို့တက္ကသိုလ်ပြီးတဲအထိ တယောကို ၄ နှစ်သင်ဖူးခဲ့ပြီး အခုအချိန်မှာတော့ အနှမြှောဆုံး ဆုံးရှုံးသွားတဲ့ အရာအဖြစ်ကျန်နေခဲ့တယ်။ ဂီတမျိုးစုံကို နားထောင်တက်တယ်။ မြန်မာဂီတကိုလည်းကြိုက်တယ်။ ပတ္တလား တီးတာကို နားထောင်ရတာကြိုက်တယ်။
လူအတော်များများကတော့ လူတော်လို့သတ်မှတ်ကြတယ်။ တစ်တောင်ပေါ် တစ်တောင်ဆင့်တာ ကြုံရတိုင်း သူတို့ထင်တာ မှားတယ်လို့ခံစားရတယ်။ အခုချိန်ထိတော့ အသာလေးကြိုးစားပြီး ဖြစ်မြောက်နေတာတွေနဲ့နေသားကျနေတယ်။ သူများတွေကတော့ ကြိုးစားတယ်ထင်ကြတယ်။ ကိုယ့်ကိုကိုယ်အသိဆုံးကတော့ ကြိုးစားမှုဆိုတာ ကိုယ်လုပ်တဲ့ အရာတွေထဲမှာပြောပလောက်အောင် မပါသေးတာပဲ။ အဲဒါကြောင့်လည်း ထိပ်ဆုံးဆိုတာကို ဘယ်တော့ကမှ မရောက်ခဲ့ဖူးဘူး။ တကယ်ကြိုးစားရင်လည်း ရောက်ချင်မှ ရောက်မှာပါ။ မသိနိုင်ဘူး။
ကျွန်တော့်ကို ငပျင်းလို့သိတဲ့ သူငယ်ချင်းအုပ်စု ရှိတယ်။ ပျင်းတဲ့ နေရာမှာ စံထူလောက်လို့။ တေးမွန် နင်လေ..တို့. မင်းကွာ.. တို့ဆိုတာ ခဏခဏ ကြားရတဲ့ စကားပဲ။ ကျွန်တော်ကိုတွေ့ရင် လူတော်လိုဆက်ဆံတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ မတက်နိုင်ဘူး။ သူများထင်တာတွေကို အကုန်လိုက်မရှင်းနိုင်ဘူး။
အိမ်ကတော့မှာ အုတ်ခဲတော့ အုတ်ခဲပဲ။ ဘာအုတ်ခဲလဲမသိဘူးတဲ့။ အငယ်ဆုံးဆိုတော့ သူတို့ထင်ချင်တာထင်။ ပြန်ပြောရင် အာပေါက်တယ်။ ခတ်တယ်။ အိမ်မှာ အငယ်ဆုံးဆိုတော့ တခါတလေ အပြင်မှာ ဆက်ဆံတဲ့ အခါ အငယ်ပုံပေါက်နေတယ်။၂၂ နှစ်မှာ ဦးလို့ခေါ်တဲ့ ကောင်မလေးကို ကြည့်ပြီး ငါမငယ်တော့ဘူးဆိုတာ စတွေးမိတယ်။ အဲဒီကလေးမကတော့ သူ အသက်ငယ်ချင်လို့ခေါ်တာနေမှာပါ။
ဆန့်ကျင်ဘက်တွေ အများစုနဲ့ဖွဲစည်းထားတယ်။
မန္တလေး အထက်တန်းကျောင်းက သူငယ်ချင်းတွေ ကျွန်တော်ကို ဂျစ်ကန်ကန် လူတစ်ယောက်အနေနဲ့ပဲ သိကြတယ်။ ဒါပေမယ့် စိတ်ထားက နုတယ်။ မိုးရွာပြီးတိုင်း ခြံထဲမှာ ပုရွတ်ဆိတ်တွေကို သစ်ရွက်တစ်ရွက်နဲ့ ကယ်ဆယ်ရေးလုပ်နေတက်ပြီး၊ ရုပ်မာတဲ့ လူမျိုးကျတော့ အသေသတ်ပစ်တာ အကောင်းဆုံးလို ့ ခံစားတက်တာမျိုး။ တရုတ်သိုင်းဝတ္တုဖတ်တဲ့ အခါ ကောင်မလေးကို အဓမ္မကျင့်သွားရင် အဲဒီစာအုပ်ကို ဆက်မဖတ်နိုင်ပဲ၊ မင်းသားကိုသည်လိုအမြင်ကပ်ပြီး စာအုပ်ကို လွှင့်ပစ်တက်တယ်။ သောက်သုံးမကျတဲ့ ကောင်ဆိုပြီး။ ပြီးမှ ပြန်ဖတ်တာပေါ့။
တိရိစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင်ကို တွေ့ဖူးတဲ့ လူတွေ အားလုံးထက် အလေးထားတယ်။ လူသားတွေ့ရဲ့ခံစားချက်ကို အခွင့်အရေး၊ ငွေကြေးတို့ထက်အလေးထားတယ်။
ငယ်ငယ်က သမိုင်းထဲက မြန်မာသူရဲကောင်းတွေ၊ သိုင်းဝတ္တု၊ ဦးစံရှား၊ မင်းသိင်္ခ၊ ဗုဒ္ဓဇာတ်တော်တွေ၊ ကွန်ဖြူးရှပ်လို တရုတ်အတွေးအခေါ်တွေနဲ့ရင်နှီခဲ့ရပြီး အခုအချိန်ထိ လူငယ်အရွယ်နေထိုင်မှုမှာ အဲဒီလွမ်းမိုးမှုတွေ အများကြီးပါနေခဲ့တယ်။ ၁၇ နှစ်လောက်မှာ ဗုဒ္ဓ ဓမ္မကို အမေကနေ စတင်လေ့လာရတယ်။ နောက်တော့ စာအုပ်တွေ။ အကျင့်မပါတဲ့ အခါ အဲဒါတွေက ဘာမှမသိသလိုပါပဲ။
တခါတလေ ဝေဝေ၀ါးဝါးနဲ့အော် ငါဘဝ ဒီလိုပဲ ပြီးတော့ မှာပါလားလို့ဟုတ်သလိုလို တွေးတက်သည်။ မိန်းမယူလိုက်လျှင် ကောင်းမလားလို့တွေးတက်သည်။ ကောင်မလေးက တောင်းဆိုလျှင် မငြင်းတော့။
ရှက်စရာကိစ္စတွေကို တစ်ယောက်တည်းလည်းရှက်တက်တယ်။ အရင်က ရှက်ပြီဆို ခြေပစ်လက်ပစ် ဖြစ်ပြီး မျက်နှာ ပူထူနေတက်တယ်။ အနားမှာ ဘယ်သူမှလည်း မရှိပဲနဲ့။ အခုတော့ သိနေလိုက်ပါဆိုတဲ့ အမေ့စကားကို တဖြည်းဖြည်း ကျင့်သုံးမိတယ်။
ယောက်ျားလေးသူငယ်ချင်းကတော့ ပေပေတေတေ နဲ့ရိုးသားပျော်ရွင် ဘော်ဒါစိတ်ရှိတဲ့ သူအားလုံးနဲ့ အဆင်ပြေတယ်။ ကိုယ်ကိုကိုယ် ဂရုစိုက်လွန်းတဲ့၊ အသန့်ကြိုက်လွန်းတဲ့၊ ဘော်ဒါစိတ်မရှိတဲ့၊ မိန်းမလိုကောင်တွေကို ကြည့်မရဘူး။
သူငယ်ချင်းကတော့ ပြောတယ်။ သူများမပြောနဲ့မင်းလည်ပုံစံက ပျော့တာပဲတဲ့။ ဟုတ်လို့လားဆိုတော့ ဟုတ်တယ် မင်ကြည့်လိုက်ရင် ပျော့တယ်။ ပေါင်းကြည့်မှ ပေတေမှန်း၊အပင်ပန်းခံနိုင်မှန်းသိတာတဲ့။ ကျွန်တော်ကို ကျွန်တော် ပြန် ကြည့်လို့ရခဲ့ရင် ကိုယ့်ကိုကိုယ် မုန်းမယ်ထင်ပါရဲ့။ ကွန်ပြူတာတက္ကသိုလ်က သူငယ်ချင်းမကတော့ နင်ပုံက လွတ်လပ်နေတာပါလို့ပြောတယ်။ တကယ်အပြီးလွတ်လပ်နေ ရင်ကောင်းမယ်လို့တွေးမိခဲ့တယ်။
ဆယ်တန်းပြီးတော့ အလွတ်မှတ်ခြင်းကို တွန်းလှန်ရမယ်ဆိုပြီး လုပ်လိုက်တာ အခုအခါ ဦးနှောက်မှာ မှတ်တာတွေတောင် မှတ်ညဏ်မှာ မကျန်တော့ဘူး။ အဖြစ်အပျက်မျိုးတွေကိုပဲ မှတ်ညဏ်ကမှတ်တော့တယ်။ မေ့ပလိုက်မယ်ဆိုတဲ့ အရာကို လုံးဝမေ့သွားတက်တယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေကတော့ သဘာဝအရ ဒီလိုလေ.. လို့ပြန်အစချီတဲ့ အခါ မှတ်မိတယ်။ အလို မဟုတ်ခဲ့ရင် လုံးဝ သတိမလည်တော့ဘူး အဲဒီကိစ္စကို။ အခုတော့ အဖြစ်အပျက်တွေကို ပါမှတ်ညဏ်ကနေ ဆွဲထုတ်ပလိုက်ချင်တယ်။ အခုထိတော့မှတ်မိနေသေးတော့ ရေးရသေးတာပေါ့။
ထူးခြားမှုတစ်ခုကတော့ တစ်ယောက်တည်း အစကနေလုပ်ရင် အရမ်းကောင်းတာဖြစ်ဖို့ခတ်ခဲ့တက်ပေမယ့်၊ သူများလုပ်ပြီးတာကို တော့ ကြည့်ပြီး ပြင်ပြီး အရမ်းကောင်းတာမျိုးကို တွေ့မိတက်တယ်။ အတော်စိတ်ညစ်ဖို့ကောင်းတဲ့ အရာပဲ။
အသိညဏ်ရှိ လူသားဖြစ်တယ်။ မေတ္တာလည်းရှိသင့်တာထက် နည်းနည်းပိုရှိတဲ့ လူသားဖြစ်တယ်။ တခြား ထူးထူးခြားခြား အရည်အချင်း ရှာမတွေ့သေးဘူး။
လွတ်လပ်မှု ကို လွန်လွန်မင်းမင်း နှစ်သက်တယ်။ လွတ်လပ်မှုလို့ဆိုရာမှာ စိတ်ပိုင်း၊ လွတ်လပ်မှုကို လိုချင်ခဲ့တာ။ အခုအချိန်ထိတော့ ဗုဒ္ဓ တရားတော်ကို နည်းလမ်းအဖြစ်လက်ခံထားတယ်။
လူမျိုးများစွာ၏ ဘဝကို မြင်ဖူး၊ ဆက်ဆံဖူး၊ နေထိုင်ဖူးလို့လူမျိုးစွဲမရှိ။ ရိုင်းစိုင်းတဲ့ လူမျိုးတချို့ကိုတော့ နည်းနည်း မုန်းသည်။ လူ့ကျင်ဝတ်ပိုင်းဆိုင်ရာကိစ္စတွင် အနောက်၏ စံသတ်မှတ်ချက် တချိုကို လုံးဝ လက်မခံနိုင်သေး။
ကျွန်တော်ကို ချစ်တယ်လို့ပြောတဲ့ ကျွန်တော်ကြောင်သလို လိုက်ကြောင်မဲ့ ကောင်မလေးရှိသည်။ အချစ်ဆိုတာကို အခုချိန်ထိ မယုံ။ သံယောဇဉ်၊ တန်ဖိုးထားမှု ၊ နားလည်မှုများနှင့်တော့ ခိုင်မြဲသည်။ နှလုံးသားတွင်း တခြားယောက်ျားလေးများလို့နှင့်နှင့် ပိုးပိုးချစ်တက်တဲ့ အချစ်များမရှိပါ။ ယုံလည်းမယုံပါ။ တစ်ချိုသည် စွဲလန်းခြင်းကို အချစ်လို့ပြောသည်။ အချစ်ဟုတ်မဟုတ် မသိ။ မရသောအခါတွင် လူက ပိုစွဲလန်းတက်သည်။
၀ိဇ္ဇာ ကာတွန်းရုပ်များ၊ ဂျပန် ကာတွန်းရုပ်များ၊ ဒစ္စနေးကားတွန်းရုပ်များကို သဘောကျသည်။
ချောတဲ့ ကောင်မလေးများတွေ့လျှင် ကြည့်တက်တယ်။ ငမ်းတယ်လို့ပဲပြောရမှာပဲ။ ပျော်ရွင်နေသော အချိန်ဖြစ်လျှင် လိုက်ပြီး နှောက်ပြောင်တက်တယ်။
စကားတွေ များများမပြောဘူးဟု အမြဲတွေးလေ့ရှိသောလည်း တချို နှင့် ဆိုလျှင် အတော်ပြောဖြစ်တက်တယ်။
စဉ်းစားရမဲ့ ကိစ္စတွေကို အလျှင်အမြန်နှားလည်ပြီး၊ ခေါင်းထဲမှ အလျှင်အမြန်ပျောက် သွားတက်သည်။ နောက်တစ်ခါ လုပ်လျှင် အစကနီးပါ ပြန်စဉ်းစားယူရသည်။
လောကကြီးတွင် ယောက်ျားလေးတစ်ယောက်အတွက် ချစ်သူမရှားသလို ၊ ကောင်မလေးတစ်ယောက်အတွက်လည်း မရှားဟုထင်သည်။ ရည်းစား ဘယ်နှစ်ယောက်ရှိတာလို့ပြောသောသူများကို စိတ်ဆိုးပြီး သနားတက်သည်။
အကြံညဏ်လာတောင်းလျှင် ဆရာကြီးလုပ်ပြီးပေးတက်သည်။
ဘောလုံးပွဲကို လောင်းကစားရော၊ အားပေးသူရော၊ အသင်းစွဲရော လုပ်ဖူးသည်။ အခုတော့ ပွဲကောင်းပဲကြည့်ချင်သည်။ ပွဲကြည့်နေရင်း တဖတ်ကို အားပေးလိုက်သည်။တခါတလေ စစပိုင်း တစ်ဖက် နောက်ပိုင်းတစ်ဖတ် အားပေးနေတက်သည်။ ဘောပွဲရသကို ကောင်းကောင်းသိသည်။ ပုံမှန်တော့ မန်ချက်စတာ၊ အင်္ဂလန်၊ အီတလီ ကိုကြိုက်သည်။ အရင်နှစ်တွေတုန်းက ကိုယ်အသင်းဖလားလုပွဲတွင်၊ အရေးကြီးပွဲတွင်ရုံးလျှင် မအိပ်နိုင်အောင်ဖြစ်တက်သည်။
အဆုံးတွင် သာမန်လူငယ်တစ်ယောက်အဖြစ် သာ ဖြတ်သန်းခဲ့ပြီး၊ ဘာမှ ထွေထွေထူးထူး မရှိပါ။ ညာလေ့မရှိသော်လည်း ညာစရာရှိလျှင် အလိုအလျှောက် ညာတက်သည်။ ပြီးမှ စိတ်ညစ်လျှင် ညစ်မည်။ ဒီတော့ ယုံချင်သူများယုံပြီး မယုံသူများမယုံကြကုန်လော့။
ဒီနေ့ ၂၅ နှစ်ပြည့်သည်။
နတ်ဆိုး
ဖေဖေါ်ဝါရီ ၂၃ ၂၀၀၈
Saturday, February 23, 2008
Subscribe to:
Post Comments (Atom)
6 comments:
ငါထင်တာလေးလဲ ပြောအုံးမှပဲ..
တေးမွန်လား..
ရုပ်ပိုင်း အသံပိုင်းကတော့ အနုပညာသမားပဲ.... အရမ်းနူးညံ့ပျော့ပျောင်းတယ်..
စိတ်ပိုင်းဆိုင်ရာကျ ... ပရိုဂရမ်သမားတစ်ယောက်ပီပီ လောဂျစ်ကျကျ တွေးခေါ် စဉ်းစား ဆုံးဖြတ်တတ်တယ်..
ဆင်ခြင်အမျိုးမျိုးပေးပီးးး ပျင်းတတ်တယ်.. ဥပမာ.. Friday တောင် နောက်ဆုံးရက်မို့ ပျင်းတယ်တဲ့....
စိတ်လဲရှည်တယ်.. သူများပြောတာကို သေချာနားထောင်ပေးပီးး မထင်မှတ်ပဲ တန်ဖိုးရှိတဲ့ စကားတွေမှုတ်ထွက်လာတတ်တယ်.
ပုံမှန်တော့ဟုတ်ပုံမရ၀ူးး... ဘာမဟုတ်တဲ့ မေးခွန်းတွေကို ဦးနှောက်ချောက်ခံပီးး စဉ်းစားတတ်လို့.... ဟီးး
ကဲပါ.. နောက်နေတာ.. ချိတ်ချိုးမနေနဲ့...
Happy Birthday To You!
Happy Birthday To Youu!!
Happy Birthday To တေးမွန်!!!!!
ဘ၀ရဲ့အနှစ်ကိုရှာတွေ့ပီးး အေးချမ်းပျော်ရွှင်ပါစေ...
ကဲ ဘာကျွေးမှာလုံး.. ဗိုက်ချာပီဟ..
ချိုးကြည်... ဟွန်း.. ဘာမဟုတ်တဲ့ မေးခွန်းကို နင်ပဲလာမေးပြီးတော့..
ဟီး.. အနှစ်ကို ဘယ်မှာတွားရှာရမှာလဲရင်.. အနှစ်က ချောရား..
ကျွေးဖိုကတော့ နင် အကြွေး txt ဖိုင်ထဲ မှတ်ထားလိုက်လေ..ဟီး.. ဘာချားချား ကျွေးမယ်။
တေးမွန်
တေးမွန်ဆိုတဲ့ သူ ကိုမသိပေမယ့် ရင်းနှီးနေခဲ့တာ..အခုတော့ သူ့အကြောင်းတွေ သိသွားပြီ...။
၂၅ ပြည့်တာဆိုတော့ စားလို့ကောင်းမယ့်မုန့် ၂၅ မျိုးလောက်ကျွေးရင်ကောင်းမယ်...။
ချမ်းမြေ့ ပါစေ..။
ခင်တဲ့
လေးမ
လေးမ
၂၅ မျိုးတောင်ချားမှာလား.. နေကြာစေ့၊ ဇီးယို တို့ ဆို.. မိန်းကလေးတွေ တယ်ကြိုက်လို့ ပြောတယ်။။ ဟုတ်တယ်မလား ..ဟီးး. :D
ချမ်းမြေ့ပါစေလို့ .. ဆုတောင်းပေးလို့  ပျော်ပါတယ်ဗျာ :)
တေးမွန်
ဟေ့ကောင်လေးရေ နောက်ကျမှ မွေးနေ့ဆုတောင်း ပေးတော့ နာ့ကို စိတ်ဆိုးကြည့်လိုက်ပါလား။ ဟဲဟဲ..
ကိုယ်သိသော နတ်ဆိုးကတော့ ဘလော့ဂါ အစ်မတွေကို အလွန်ရိုသေသော အကူအညီပေးသော ပေါ့ပေါ့ပါးပါး ကြောင်တောင်တောင် ကောင်လေးတစ်ယောက်.
နာ့ညီမနဲ့ သဘောတူဖို့တော့ စဉ်းစားဦးမယ်ဟာ။
ပန်ဒိုယာ..
ညီမလေးပေးဖို့ ချင်းချားဦးမှာလား..
ဒီလောက် သဘောကောင်း၊ ရုပ်ချော၊ စိတ်ထားဖြူ ၊ သတ္တိရှိ၊ အလုပ်ကြိုးစား၊ ရိုးသား။။ ပီးတော့.. ကောင်းတာတွေ အကုန်လုန်းရှိတဲ့ သူကို..
ဟိ..ဟိ
နတ်ဆိုး
Post a Comment