“ ကြည့်ပြီး အားကျရတာ မောလာပြီကွာ။ "
ပြောပြီးတော့ သူ စာကို ငုံ့ပြီး ဆက်ဖတ်နေသည်။
၁၀ ကျော်သက်အရွယ် စကတည်းက တစ်ခုပြီး တခုအားကျခဲ့တာ အခုဆို တော်တော် များလှပြီ။ ဘီဂိတ်၊ အမေရိကန်သမ္မတ၊ simple plan၊ scorpions၊ yanni ၊ဘက်ခမ်၊ ရွန်နီ၊ စီရော်နယ်ဒို၊ ဂျီးလ်လတ် (the blue no where ထဲက ဟတ်ကာဖြူ) ၊ လင့်ကူချုံး၊ ၁၃ ချောင်းမြှောက် ဓါးပျံ။
“ဟုတ်တယ် ။ ငါတို့ လုပ်ချင်တာကို ၊ စိတ်အစွဲအလမ်း မရှိပဲ၊ အာရုံမများပဲ လွတ်လွတ်လပ်လပ် လုပ်ရမဲ့ အချိန်ဖြစ်နေပြီ။ ကလေးတွေလို ဟိုဟာ မြင် ဟိုဟာ ဖြစ်ချင်၊ ဒီဟာ မြင် ဒီဟာ ဖြစ်ချင်လို့မရတော့ဘူး။”
လွန်ခဲ့တဲ့ အပတ်က ဘုရားမှာ ကန်တော့ ပြီး ဆုတောင်းဖို့တွေးမိတော့ မထင်မှတ်ပဲ ဘဝရဲ့ ပထမဆုံး ဆုတောင်းမျိုးကို တောင်းလိုက်မိသည်။ဆုတောင်းပြီးတော့မှ သတိထားမိသလို တော်တော်လည်း အားပြည့်သွားသည်။
“ဘယ်လိုလုပ်ရမယ်ဆို တာမျိုးကို တော့ စိတ်ထဲမှာ သိနေပြီ။ စူးစူးနစ်နစ် လုပ်ဖို့ပဲလိုမယ်။ ဘာဖြစ်ချင်လဲ ဆိုတာလည်း အရေးကြီးတယ်။”
“အဟတ်.. ငါက ငယ်ငယ်ကတည်းက HERO ဖြစ်ချင်တာကွ။ HERO တစ်ယောက်နဲ့ ဆန့်ကျင်တဲ့ အောက်တန်းကျတယ်လို့ ယူဆမိတာတွေကို မလုပ်ခဲ့ဘူး။ အခုလည်း မလုပ်ပါဘူး။ ဒါပေမယ့် HERO လည်း မဖြစ်ချင်တော့ဘူး။”
သူငယ်ငယ်ကတည်းက သူရဲကောင်းမျိုးကို အလွန်လေးစားသည်။ဘုရင် ဖြစ်ချင်သူမဟုတ်၊ သူရဲကောင်းဖြစ်သူမျိုးဖြစ်သည်။ ဘုရင် တပါးလို တိုင်းပြည်ကို အုပ်ချုပ်ခြင်သူမဟုတ်၊ သူရဲကောင်းတစ်ယောက် လို ရဲရင့်လိုသူဖြစ်သည်။ ဘုရင်တိုင်း ကောင်းတာမဟုတ်ပေမယ့် သူရဲကောင်းတိုင်းတော့ ရဲရင့်ပါသည်။
“ငါ အခု ကောင်းကင်ကြီးလိုပဲ လွတ်လပ်နေချင်တော့တယ်။” ဆက်ပြောဖြစ်သည်။
“ငါ က အခု ကမ္ဘာမြေကြီးလို လူတွေ ကို အကျိုးပြုချင်တယ်။” ရှေ့တည့်တည့်က ကွင်းပြင်ကြီးကို ကြည့်ပြီး ရယ်လိုက်ကြသည်။
“ငါ လျှောက် ထားခဲ့တဲ့ ခရီးတွေ ရပ်နေတာလည်း အတော်ကြာပြီပဲ။” သူ ခပ်ဝေးဝေးကို ငှေးကြည့်နေလိုက်သည်။
၁၂ ခုမြှောက် ပစ္စည်းတွင် ရပ်တန့်သွားတော့ သူ့လေ့လာမှုကို သတိရနေသည်လေလား။
“ကြယ်တွေစုံတဲ့ ညကိုမြင်ရတိုင်း ငါ ပညာစုံဖို့လိုတယ်ဆိုတာကို အမြဲ အမှတ်ရတယ်။”
“ပညာစုံချင်ရင် သမာဓိ၊ အာရုံစူးစိုက်မှု ကောင်းရတယ်ကွ”
“သတိနဲ့ ၀ိရိယပေါင်းရင် သမာဓိပဲ” ပြုံးစိစိနှင့်ပြောသည်။
“မင်းနဲ့ငါပေါင်းရင်ရော.. ”မျက်နှာများ ငြိမ်သွားကြသည်။
အတန်ကြာမှာ စကားတခွန်းဆိုသည်။
“အချိန်တွေက တိုတောင်းတယ်။”
+------------------------------------------+<
စစ်တုရင် ကစားချင်ကို သူခုံမင်နှစ်သက်သည်။
သို့သော် ပါရမီရှင်တွေလို့ ကွက်ကျော်မြင်တက်သူမဟုတ်ခဲ့ပါ။
ဂီတကို သူစွဲလန်းနှစ်သက်သည်။
သို့သော် ပါရမီရှင်တွေလို လှလှပပ ဖန်တီးတက်သူ မဟုတ်ခဲ့ပါ။
အရသာရှိအသီးများ နှစ်စဉ် သီးပေးနေတဲ့ မာကာလာပင်ကြီးကို ခြံရှင်းဖို့ ခုတ်ပစ်ပြီးခါးလယ်လောက် အပင်ငယ်လေးကို နေ့တိုင်းရေလောင်းပေးနေတာကို မြင်ရတဲ့ အခါ စစခြင်း သူ ရယ်ခဲ့သည်။ သို့သော်လူ့အတ္တဆိုတာကို လေးလေးနက်နက် သတိထားမိသွားခဲ့သည်။ တနေ့တော့ သူဆိုလာသည်။
“ငါလား…. အရူးလုပ်တော့မယ်။”
+-----------------------------------------------+
မိုးတွေ သဲသဲမဲမဲ ရွာနေချိန်ဖြစ်သည်။ လျှောက်ခဲ့ပြီးတဲ့ လမ်းတိုင်း လူသူကင်းရှင်နေသည်။ ဒီလိုဆိုတော့လည်း တမျိုးကြီးပါလားလို့တွေးလိုက်သည်။ ကောင်းကင်မှာလည်း အုံဆိုင်းမှိုင်းညို့နေသည်။ မိုးရေထဲလမ်းလျှောက်ရတာ လွတ်လပ်ပျော်ရွင်မှု ကိုရသည်။ ရွှဲရွှဲစိုနေသော ရေ၊ သဘာဝကြီးနဲ့ ထပ်တူကျနေ သလိုပင်။ လက်များကို ကောင်းကင်သို့ ဆန့်တန်းလိုက်တော့ ကိုယ်က မိုးရေစက်တွေကြား တိုးဝင်သွားသလို ခံစားလိုက်ရသည်။ လွတ်လွတ်လပ်လပ်ပင် လမ်းဆက်လျှောက်နေလိုက်သည်။။
မိုးစက်တို့ ဖွဲဖွဲပတ်လာတော့ သူ သတိထားမိသွားသည်။ အပြင်မှာ မိုးတွေ ဝုန်းဒိုင်းကြဲနေသည်။ စာအုပ်ကို ချလိုက်ပြီး ပြုတင်းပေါက်က တဆင့် အပြင်ကို လန်းလန်းဆန်းဆန်းကြည့်လိုက်သည်။ အညှောင်းအညာ ပြေသွားသလိုပင်။ မိုးစက်မှုန်တွေ မျက်နှာပေါ်ကျလာသည်ကပင် အရသာတမျိုး။ ရွာနေသော မိုးကို ထိုင်ကြည့်နေ လိုက်သည်။
“ကိုယ်တိုင် ပါဝင် လုပ်ကိုင်နေရတာဟာ တကယ်အရသာကို ပေးတယ်”
စိုနေသေးသော ဆံပင်များကို သပ်တင်လိုက်ပြီး သူပြောသည်။ ဂျာကင်ကို လည်း ဆွဲစိလိုက်သည်။
“ဘေးကနေ ထိုင်ပြီးကြည့်နေရတာက ရှင်းရှင်းလင်းလင်း သိမြင်စေတယ် ပိုပြီး အရသာရှိတယ်”
“အခုလောလောဆယ်တော့ ကော်ဖီသောက်ရတာ အကောင်းဆုံးပါပဲကွာ” သူ ရယ်ရယ်မောမောပြောပြီး တော့ ကော်ဖီခွက်ကို ပြိုင်တူ မော့ချလိုက်ကြသည်။
ကောင်းကင်ကြီးက နီ မော် သန်းနေသည်။ လန်းဆန်းတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့သည်။
+-------------------------------+
သူ ၂ တန်းနှစ်အရွယ် ကောင်မလေးတစ်ယောက်ကို အစလွန်သွားပြီး အဲဒီ ကောင်မလေးက ခဲချွန်ဒါး နဲ့ လိုက်ထိုးတော့ အခန်းထဲမှာ ပတ်ပြေးရင်း ပထမဆုံးအကြိမ် ပျော်ရွင် ရင်ခုန်မှုနဲ့ အကြောက်တရားကို ခံစားလိုက်ရသည်။
“အဲဒီ နေ ့က ငါ ပတ်ပြေးရင် ပြုံးနေပေမယ့် သူ့မျက်နှာ တည်တည် ကြီးမြင်လိုက်ရတော့ လန်တဲ့ စိတ်လည်း ပေါ်လာတယ်ကွ၊ ဒီကနေ့ထိ အဲဒီ ခံစားချက် ငါမမေ့နိုင်သေးဘူး၊ ဒါပေမယ့် ငါအဲဒီ အရသာကို ကြိုက်သွားတယ်ကွ၊ ဒီလိုနဲ့ငါလည်း စွန့်စားမှု ယူရတာကို ကြိုက်လာတယ်။”
“stable ဖြစ်တဲ့ တည်ငြိမ်နေတဲ့ အခြေအနေက ပိုမကောင်းဘူးလားကွာ။”
“တခါတလေတော့ တည်ငြိမ်အေးချမ်းတာထဲမှာ လူက နေသားတကျဖြစ်သွားတက်ပါတယ်။ စွန့် စားမှုယူရတာကို လည်းကြောက်သွားတက်တယ်။ ဒါပေမယ့် စွန့်စားလို့ရလာတဲ့ ခံစားချက်ကို ငါ ကြိုက်တယ်။”
“ကောင်းတယ်၊ မင်း ဆက်ပြီးရူးကွာ” ပြောပြီးတော့ မာကာလာသီးကို တဂွပ်ဂွပ် ကိုက်စားနေလိုက်သည်။ သူကတော့ မြေပြင်ပေါ်လှဲချလိုက်ပြီး ကောင်းကင်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေသည်။
+----------------------------------------+
Subscribe to:
Post Comments (Atom)
6 comments:
တူနယ်ဂျင်းရ.. နင့်မှာကောင်းကင်လို လွတ်လပ်တဲ့ အတွေးအခေါ်တွေ ရှိတယ်. (အဲ့မို့ ခုလို တောင်ရောက် မြောက်ရောက် ရေးနေတာ..ဟားဟား)
နင်ဖြစ်ချင်တဲ့... ကမ္ဘာမြေကြီးကို အကျိုးပြုတဲ့လူလဲ ဖြစ်နေပီ (ဖတ်ပီး ငါရီရလို့.. :D )
နောက်လဲ ခုလိုမျိုး .. လွတ်လွတ်လပ်လပ် .. များများရေးနိုင်ပါစေ.. :)
ဟီး..
နာလည်း ဖတ်ပီးရီတာပဲ..
ဘာရယ်မဟုတ်ပါဘူး.. ရေးမိရေးရာတွေ တူတူမတူတူ တင်စရာမရှိလို့  တင်ထားတာ
:D
ရေးတာတွေ ကောင်းတာပဲ...
ခုရောသူရဲကောင်းတွေကို အားကျသေးလား..
တကယ်က သူရဲကောင်းဖြစ်ဖို့ဆိုတာ သူများတွေ မစွန့်လွှတ်နိုင်တာတွေကို စွန့်လွှတ်နိုင်မှလို့ဖတ်ဖူးခဲ့တာပဲ။
တကယ်က အမတို့ မျိုးဆက်မှာတော့ သူရဲကောင်းတွေ များတယ်လို့ မြင်မိတယ်။
ဒါနဲ့ စကားမစပ် စီဘောက်တခုလောက် တပ်ပါလား။
မခင်မင်းဇော်
ဟိ.. ဒီလို ပဲ လျှောက်ရေးထားတာပါ။
အင်း.. သူရဲ ကောင်းဆိုတာ.. အဲဒီ အဓိပါယ်လည်း ရမယ်။
ဟုတ်မယ်.. အမတို့  မျိုးဆက်မှာ လူမသိ သူမသိ စွန့် သွားသူတွေ။ လူသိ သူသိ စွန့် သွားသူတွေ အများကြီးပဲ။
သူရဲကောင်းတွေ များမှာပဲ။
တစ်ခုတော့ ရှိတယ်.. စွန့် သွားတိုင်းတော့ သူရဲ ကောင်းမဟုတ်ဘူး။
စီဘောက်စတော့ မတက်တော့ ပါဘူး။ လာတဲ့ သူလည်း သိပ်မရှိတော့ ဒီအတိုင်းပဲ ကောင်းပါတယ်။
နတ်ဆိုး
ကို Ahnai
ဘက်ဂရောင်းလေး ကြိုက်တယ်။ ဘန်နာက သိပ်မပေါ်ဘူး ဖြစ်နေတယ်နော်။ စာအနှစ်တွေကတော့ အရင်လိုပဲ အရသာရှိတယ်။
အေးချမ်းသူ
ဟေး..
အေးချမ်းသူ
အဲဒါ အိမ်နားက ကောင်းကင် နေ၀င်ချိန်ကို ရိုက်ထားတာ..
လာလည်တာ ၀မ်းသားပါတယ်.. :)
Post a Comment