အား...။
ရင်ထဲမှာ အသံက ပဲတင်ထပ်သွားသည်။ သူ ဆက်ပြီး မခံစားနိုင်တော့။
ကိုယ်မှာ လုပ်ပေးနိုင်စွမ်းမရှိပဲ စိတ်ကောင်းရှိနေခြင်းဟာ ဒုက္ခတစ်မျိုးလား။ အလိုမကျမှုတို ့က စိတ်ထဲတွင် တရစ်ပြီးတရစ် တိုးဝင်ရစ်ပတ်လာသည်။ မွန်းကျပ်မှုက သူမျက်နှာတစ်ခုလုံးကို တင်းမာနေစေသည်။ လည်ချောင်းတစ်ခုလုံး ဝမ်းနည်းမှုတို ့နဲ ့ပိတ်ဆို ့နေသလို ခံစားရသည်။ သည်းမခံနိုင်သည့် အဆုံး မြင်မြင်သမျှအရာအားလုံးကို ပိတ်ချလိုက်သည်။ ကွန်ပြုတာ မျက်နှာပြင်တစ်ခုလုံး အနက်ရောင်ပြောင်းသွားတဲ့အထိ သူ မျက်လုံးပိတ်ထားခဲ့သည်။ ခေါင်းငိုက်စိုက်၊ လက်များက ဆံပင်များကြားထိုးလျှက်။ ကွန်ပြုတာပုံးထဲက ပန်ကာသံရပ်သွားတော့မှ ပြုတင်းပေါက် ရှေ ့ရပ်ပြီး အပြင်ကိုကြည့်မိသည်။ ပုံရိပ်တွေက အာရုံမှာ စွဲထင်ဆဲ။
ကောင်းကင်ကို ကြည့်မိသည်။ နေညိုလေပြီ။ ငှက်တွေကတော့ အပူပင်ကင်းကင်း အနောက်အရပ်ကို ပျံသန်းသွားကြသည်။ သူ ပင်ပန်းနွမ်နယ်နေသည်။ ကိုယ့်အားကို ကိုးဖို ့လိုအပ်နေပြီဆိုတာကို သေသေချာချာ ခံစားသိရှိလိုက်သည်။ အသက်ကို ပြင်းပြင်းရူသွင်းနေလိုက်သည်။ သွေးသားတို ့ ရဲရဲ လည်ပတ်လာသည်။ မနက်ခင်းအတွက် ဒီည ဒီအမှောင်တွေကို သူကြောက်လို ့ မဖြစ်တော့။ ကောင်းကင်မှာ ကြယ်တွေလင်းလာသည်။ သူ စူးစူးစိုက်စိုက်ကြည့်နေသည်။
နတ်ဆိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment