ငါကြွေရင်
တောင်းဆုပြုမဲ့သူတွေ ပြည့်ပါစေ။
လေပြည်လေညှင်းတွေ ဖွေးဖွေးတိုက်တယ်
ဘဝတွေမွေးဖွားတယ်
တောင်ကုန်းလေး
သေစာရင်းကို ရင်ဘတ်ထဲ ထည့်သိမ်းတယ်
အမေ
ကလေးကို ပုံပြောရင်း ချောသိပ်တယ်
ပြုတင်းတံခါးတွေ ပွင့်တယ်
ကာလတွေပြောင်းလဲတယ်
ရင်ဘတ်တွေ ပိတ်ထားတယ်
ကျောက်ချရပ်နားခဲ့တဲ့ အိမ်မက်အိုတွေ
စုန်းစုန်းမြုပ်တယ်
ပြတိုက်ထဲက ရုပ်ထုတွေ မျက်ရည်ကျတယ်
ပန်းခြုံအကွယ်မှာ ချစ်သူတွေ ကြည်နူးတယ်
သေနတ်ပိုက်ထားတဲ့ စစ်သားတယောက်
နေရာမှာတင် သေတယ်
ကုလားအုပ်
တကောင်တည်း အဖော်မဲ့တယ်
ယမကာမူးနေတဲ့ ကောင်မလေး
စင်ပေါ်မှာ ကိုယ်ခန္ဒာကို ကြွားတယ်
ကလေးငယ်တယောက် အိမ်မက်ထဲမှာ
ဘုရားသခင်နဲ့တွေ့တယ်
နေပြည်တော်တွေ ပြိုပျက်တယ်
အဲဒီညပေါ့
ကြယ်တပွင့်ဟာ ကြွေကျရတယ်
အဲဒီညပေါ့
ကြယ်တပွင့်ဟာ မြေခရတယ်
အဲဒီညပေါ့
ဘယ်သူမှမသိလိုက်ကြဘူး....အဲဒီညကပေါ့
သူဆုတောင်းသွားတယ်
သူ ဆု တောင်း သွား ခဲ့ တယ်။
နတ်ဆိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment