Saturday, May 9, 2009
ဒီဓာတ်ပုံကိုကြည့်ပြီး သူငယ်ချင်းတစ်ယောက်က - မူးနေပြီးနေမှာ ပြုံးနေတာပဲ - လို့ပြောတယ်။ [ကိုယ့်ကိုကိုယ့်ကြည့်ပြီးတော့ ရယ်မိတယ်။ ခါးလေးကုန်းနေပြီး အဘိုးလေးနဲ ့တူနေသလိုပဲ။] ဒါကို စိတ်ထွက်ပေါက်၊ ပျော်စရာ၊ လူ ့ဘဝလို ့ ကျွန်တော် မယူဆပါဘူး။ ဒါမျိုးတွေကို အဆုံးသတ်ဖို ့ လုပ်နေပါတယ်။
တကယ်တော့ ဘီယာ အရက် ကျွန်တော်ကြိုက်တယ်လည်းမဟုတ်ဘူး။ အရသာကိုပြောတာ။[သောက်ပြီး မူးပြီး သူငယ်ချင်းတွေနဲ ့ပျော်ရတာတော့ အလွန် ကြိုက်ပါတယ်။] ဒါပေမယ့် ဒီလိုပဲ သောက်ဖြစ်ခဲ့ပါတယ်။ အခါအခွင့်သင့်ရင်။ အခါအခွင့်ကလည်း သင့်ချင်တိုင်းသင့်နေကြတာဆိုတော့...။ ဒါပေမယ့် ဘီယာ တစ်ခါသောက် ရိုးရိုးဆိုင်ဆိုရင် တစ်ယောက်ကို ၁၅ ကျပ်လောက်ကုန်ပြီး။ ရေးဗားဆိုဒ်ကဆိုင်တွေမှာလို သွားသောက်ရင် တစ်ယောက်ကို ၁၀၀ ပတ်ဝန်းကျင်ကုန်ပါတယ်။ ပုံမှန်တော့ ကျွန်တော်မနှမြောတက်ဘူး။
ပြီးခဲ့တဲ့နှစ်က အလှူတစ်ခုလုပ်ဖြစ်တယ်။ နာဂစ်ဖြစ်ပြီးကျောင်းတက်ဖို့ခက်ခဲနေတဲ့ကလေးတွေကို ကူညီတဲ့အလှူပါ။ ကလေးတစ်ယောက်ရဲ ့ တလ ကျောင်းတက်ဖို ့ဖြစ်နိုင်တဲ့ငွေက စလုံးငွေ ၁၅ကျပ် ကနေ ၃၀ အထိရှိပါတယ်။ လစဉ် လှူရပါတယ်။ နွေရာသီကျောင်းပိတ်မှ ခဏနားပါတယ်။ မနှစ်က ကျွန်တော် ၄ ယောက်စာ ကူညီဖို ့တာဝန်ယူခဲ့တယ်။ သူငယ်ချင်းက တစ်ယောက် ကူခဲ့တယ်။ အဲဒီမှာ စပြီး နှမြောမိတာပါပဲ။
ကို်ယ့်ဖြုန်းတီးမှုက တချိ ့ ဘဝတွေအတွက် အရေးကြီးတဲ့ ငွေကြေးဖြစ်နေတာပါပဲ။
ကျွန်တော်သူငယ်ချင်းက ဆေးလိပ်သောက်တယ်။ ၂ရက်၊ ၃ ရက်ကို ၁ ဘူးလောက်သောက်ပါတယ်။ ၁ ဘူးကို ၁၁ ကျပ်ပေးရတယ်။ သူများတွေ ဒုက္ခရောက်နေချိန်မှာ ဒီလိုမျိုး ကုန်ကျတာကို စပြီး နှမြောမိလာပါတယ်။ ပုံမှန် စားသောက်တာမျိုးကို မနှစ်မြောဘူး။ နေ ့လည်စာကို ၁၈ ကျပ်ဆိုလည်း စားဖို ့ကောင်းတယ်၊ သင့်လျှော်တယ်ဆိုရင် စားတာပဲ။ ဒါပေမယ့် ဘီယာသောက်ပြီးကုန်တာမျိုး၊ မလိုအပ်ပဲ သုုံးဖြစ်သွားတာမျိုး၊ အသုံးမကျတာတွေအတွက် သုံးမိတာတွေကို စပြီး နှမြောတက်လာပါတယ်။ [အသက်ကြီးလာတာလည်း ပါမလား မသိဘူး။] ရုပ်ရှင်တခါကြည့်ရင် ဘာမှမစားဖူးဆိုရင်တောင် တစ်ယောက်ကို ၁၀ ကုန်ပါမယ်။ စားမယ်သောက်မယ် ဘော်ဘော်တွေလည်း ပါတယ်ဆိုရင်တော့ စုစုပေါင်း ၆၀ ၊ ၇၀၊ ၈၀ ပါပဲ။
ဒီလိုနဲ ့ အခု ဘီယာ၊ အရက်မသောက်ဖို ့ဆုံးဖြတ်ပါတယ်။ ရုပ်ရှင်ကြည့်တာမျိုးလို မလိုအပ်ပဲ ကုန်ကျမှာမျိုးကို မဖြစ်အောင်လုပ်ဖို ့ ဆုံးဖြတ်ပါတယ်။ မလိုအပ်ပဲ စျေးကြီးတဲ့အဝတ်အစားကို မဝယ်ဖြစ်အောင်နေဖို ့ဆုံးဖြတ်ပါတယ်။ အခု မေလဆိုတော့ မကြာခင် မြန်မာပြည်ကကလေးတွေ ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ အလှုက အခုထိဘာမှမပြောသေးပေမယ့် လာမယ်လို ့ မျော်လင့်ထားပါတယ်။ သူတို့အတွက် လှူရပါမယ်။
လူဆိုတာကလည်း ခတ်ပါတယ်။ ကိုယ့်အတွက်၊ ကိုယ်မိန်းမ၊ ကိုုယ်သားသမီး [တကယ်တော့ ကိုယ်နဲ ့စပ်ဆက်နေလို ့] သုံးတယ်လို ့တွေးမိရင် ၅၀၀ လောက်ကုန်သွားပါစေ။ ဘာမှမဟုတ်တတာအပေါ် သုံးမိရင်တောင် သိပ်ပြီး မတွန် ့တိုတက်ကြဘူး။ သူများအတွက် ပေးဖို ့ကတော့ ၅ ကျပ်လောက်လည်း ၅၀၀၀ လောက်တွေးမိပြီး တွန် ့တိုကြတာပါပဲ။ ဒုက္ခရောက်သူတိုင်းကို ကူညီဖို ့၊ အလိုလည်း ပြောတာမဟုတ်ပါဘူး။ [ကူညီနိုင်ရင်တော့ အကောင်းဆုံးပေါ့။] ဒါပေမယ့် မြန်မာ ပြည်က သူတွေကတော့ ကျွန်တော်တို ့တမျိုးသားတည်း၊ တနိုင်ငံသားတည်းဆိုတာ သတိရစေချင်တယ်။ သူတို ့ကို ကူညီဖို ့ နိုင်ငံခြားရောက် ဝင်ငွေရှိတဲ့သူတွေမှာ တာဝန်ရှိတယ်လို ့ ယုံကြည်ပါတယ်။ ၂၀၊ ၃၀၊ ၅၀၊ ၁၀၀ ကျပ် လောက်ကို တွန် ့တိုမနေသင့်ဘူး။ ဝင်ငွေ အတိုင်းအတာတခုထိ မဆိုးဘူးလို ့ ယူဆရသူတွေအတွက်ပါ။ မတွန် ့တိုကြပါနဲ ့။ တိုက်တွန်းပါတယ်။
နောက်တခုက ကောက်ရိုးမီးတောက် အလှူပါ။ အဖြစ်အပြက် တစ်ခုခု အရှိန်ရနေချိန်မှာ အုန်းအုန်းကျက်ကျက် လှူကြတက်တာမျိုးပါ။ ကောင်းပါတယ်။ ဒါပေမယ့် လစဉ်လှူရမှာမျိုးတွေမှာလည်း အာရုံထားပြီး လုပ်ကြစေချင်တယ်။ တကယ့် အကျိုးအမြတ်က လစဉ် (နည်းရင် နည်းပါစေ) လှူတာက ပိုများပါတယ်။ ကျွန်တော်တို ့စိတ်ရှည်ရှည်၊ အမြော်အမြင်ရှိရှိ လှူဒါန်းတက်ဖို ့လိုပါတယ်။ တခါလှူပြီး တသက်လုံးစာ မမှတ်ဖို ့လည်း သတိပေးချင်ပါတယ်။
မလုပ်ခင်သာ ၁၅ကျပ် ၂၀ ဟာ များတယ်လို ့ခံစားရပါမယ်။ ပြီးသွားတော့လည်း အဲဒီ ၁၅ကျပ် ၂၀ မရှိလို ့ကိုယ့်ဘဝ ဘာမှမဖြစ်ဘူးဆိုတာ သိလာကြမှာပါ။ ဒီတော့ လစဉ် နည်းနည်းချွှေတာပြီး ကျပ်၂၀ လောက် ဒုက္ခရောက်နေသူများအတွက် လှူဒါန်းရင် ပျော်စရာကောင်းမယ်ဆိုတာ အာမခံပါတယ်။
မြန်မာပြည်မှက နာဂစ်ဒုက္ခသည်တင်မကပါဘူး။ တခြား ထောက်ပံသင့်၊ လှူဒါန်းသင့်တာတွေ အများကြီးပါ။
ဒါလောက်ပဲဗျာ။ ဘလော သိပ်ရေးဖြစ်ဦးမယ်မထင်ဘူး။ စိတ်ကောင်းလေး မွေးမြူနိုင်ဖို ့၊ မွေးမြူပြီးရင်လည်း ရေရှည်ခံအောင် လုပ်နေနိုင်ဖို ့ဆုတောင်းပေးပါတယ်။ လုပ်ဖို ့လည်း တိုက်တွန်းပါတယ်။
Subscribe to:
Post Comments (Atom)
9 comments:
သာဓု ခေါ်သွားပါတယ်။ နည်းနည်းလေးလို့ ထင်ရပေမယ့် အများကြီး တာသွားတာတွေ ရှိပါတယ်။
မှန်ပါတယ်
လုပ်ခဲ့သမျှတွေအတွက်လည်း သာဓုခေါ်ပါတယ်
သာဓုခေါ်ပါတယ်။ လူငယ်တယောက်အနေနဲ့ ဘယ်သူကမှ တိုက်တွန်းမနေရဘဲ ရေရှည် ဇွဲရှိရှိ လုပ်နိုင်တဲ့အတွက်လည်း ချီးကျူးပါတယ်။ မြန်မာတပြည်လုံးရဲ့ ရေရှည်အကျိုးအတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ တိုးချဲ့ပါဝင်နိုင်ပါစေလို့ တိုက်တွန်းဆုတောင်းလိုက်ပါတယ်။
သာဓု သာဓု သာဓု ငါ့တူနယ်ဂျင်း. ဆက်လက်ပီး ဆထက်တပိုး လှူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်. ငါလဲ အဲ့လိုဖြစ်နိုင်အောင် ကြိုးစားလိုက်အုံးမယ်.
ဒါနဲ့ နင့်ကိုမမြင်ရတာကြာလို့ ပိုတောင် ချောလာသလိုပဲ ( အမှောင်ထဲမှာ နေနေလို့ဖြစ်မယ် :D ).
ချိုးကြည်
သာဓု လာခေါ်တဲသူတွေ ကျေးဇူးပါပဲ။ သာဓုခေါ်တယ်ဆိုတာ ကောင်းမှူ့ ကို မျှဝေတာပဲ။ :)
ပုံ၇ိတ်ရေး.. အမှန်ပဲ.. ဒါပေမယ့် များများလုပ်ရင် ပိုပြီးများများတာသွား တာကတော့ ငြင်းမရဘူး။ များများလုပ်ဖို့လိုတယ်။ :)
မှန်တယ် မပန်.. :)
ကိုပေါရေ.. ကျွန်တော်လည်း အပြန် ဆုတောင်းပေးပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်ကြစေ။
တူနယ်ဂျင်းကြီး.. လုပ်ဟ.. နေထိုင်ရတာ မဟုတ်ရင် သိပ်ပြီး ပျော်စရာ မကောင်းသလိုဖြစ်မယ်.. နင် ကိုယ်ကိုကိုယ် ယုံကြည်တာလည်းတိုးလာတာပေါ့။ :)
ဒါနဲ့.. ငါက အလင်းထဲမှာလည်း ချောပါတယ်.. (ဘီလူးချော.. :P)
How to donate for that ???
Any contact ???
Sadu x 3
A bit difficult to type Myanmar font in this computer. :)
ဟေး.. Crystal
ဘယ်လိုလှူတာလည်းဆိုတော့ အရင်က ဆရာတစ်ယောက်ဆီကတဆင့် ကုသိုလ်ဆိုတဲ့အဖွဲဆီကို လှူတာပဲ။ အဲဒီ ကုသိုလ်ဆိုတဲ့ အဖွဲ့  က မြန်မာပြည်က ရွှေည၀ါ ဆရာတော်ဆီကနေတဆင့် ကလေးတွေကို လှူတယ်။ အဲဒီလို။
ကိုယ်က တာဝန်ယူရင် တနှစ်လုံးအနေနဲ့တာဝန်ယူရတယ်။ ကိုယ်တာဝန်ယူမယ့် ကလေးရဲ့ နာမည်၊ မိဘအမည်၊ နေရပ်လိပ်စာ၊ အဲဒါမျိုးတွေကိုလည်း အကုန် ပေးထားမယ်။ ကိုယ်က ဘယ်သူကိုတာဝန်ယူ ပြီး ပညာဒါနပြုနေလည်းဆိုတာ သိရတာပေါ့။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က တိုပိုင်းရိုးမှာ ကုသိုလ်အဖွဲ့က တွေ့ဆုံတဲ့ပွဲလုပ်ခဲ့တယ်။ (မသွားဖြစ်ခဲ့ဖူး)။
လှူချင်တယ်ဆိုရင်ကျွန်တော်ကိုပြောလည်းရတယ်။ ဒါမှမဟုတ် ကုသိုလ်အဖွဲ့က တခြားနေရာတွေမှာလည်းရှိတယ်။ သူတို့ဆီမှာ လှူနိုင်တယ်။
ကိုပီတိဆိုတဲ့သူရဲ့  ဒီပိုစ့်မှာလည်း လေ့လာနိုင်ပါတယ်။
http://www.pti31.com/2009/05/blog-post_19.html
လာလည်ပြီး သာဓုခေါ်သွားတဲ့အတွက် ကျေးဇူးပါပဲ။
များများလှူနိုင်ပါစေဗျာ။ :)
ကိုအောင်နိုင်စိုး ဆိုတဲ့သူပါ။ သူဆီကိုလှမ်းပြီးမေးလည်းရပါတယ်။
aungns@gmail.com
ကျွန်တော် အီးမေလ်က pho.nai@gmail.com
:)
တောင်းပန်ပါတယ်.. အချက်အလက်တွေက ရှာနေရလို့.. :)
ဒီကို တိုက်ရိုက်လည်းမေးနိုင်မြန်းနိုင်ပါ၏.. တဲ့
email to:
kutho.org@gmail.com
call at: (65) 9235 1401
Post a Comment