နေသာတဲ့တနေ့ သားအဖနှစ်ယောက် ငါးမျှားထွက်ခဲ့ကြတယ်။ လှေပေါ်မှာ ငါးမျှားနေကြရင်းနဲ့ ကောင်လေးက ရုတ်တရက် သူပတ်ဝန်းကျင်ကို သတိထားမိသွားပြီး သူ့အဖေကိုမေးပါတယ်။
“ဖေဖေ၊ လှေကရေပေါ်မှာ ဘယ်လိုပေါ်နေတာလဲဟင်”
“ငါ သေချာမသိဘူး”
ခဏနေတော့ ကောင်လေးကထပ်ပြီးမေးပြန်တယ်။
“ဖေဖေ၊ ငါးတွေ ရေထဲမှာ ဘယ်လိုအသက်ရှင်ကြတာလဲ”
“အင်း.. ဖေဖေ သေချာမသိဘူး”
ခဏလောက်တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငါးဆက်မျှားကြပြန်တယ်။ တအောင့်ကြာတော့ ကောင်လေးကထပ်မေးတယ်။
“ဖေဖေ၊ ကောင်းကင်ကြီးက ဘာလို့ပြာနေတာလဲဟင်”
“အေး.. အဖေ သေချာမသိဘူးကွ”
ကောင်လေးဟာ သူအဖေများစိတ်ဆိုးသွားမလားလို့ တွေတွေလေးကြည့်နေခဲ့တယ်။ နောက်ဆုံးမနေနိုင်တော့ပဲ ထပ်မေးမိတယ်။
“အဖေ၊ ခုနက သားမေးခွန်းတွေ မေးတာကို စိတ်တိုုလားဟင်”
“ဘယ်တိုမလဲ သားရ၊ မင်းသာ သိရှိနားလည်ချင်ရင်၊ မေးခွန်းတွေ မေးမှရမှာပေါ့။”
---------------------------------------------------------------------------
စေ့စေ့တွေးပြီး ပြုံရလို့ ဘာသာပြန်ပြီး ပြန်တင်ပေးလိုက်ပါတယ်။ တခါတလေ ဆရာကြီးလုပ်ရင် ကိုယ်လည်း ဆရာတော့ ဖြစ်သင့်တယ်လို့။ ဖတ်ဖူးသည်၊ ကြားဖူးသည်နှင့်တော့ တခါတလေ မလုံးလောက်လို့ပါ။ ဒီလိုအဖြစ်မျိုး ကိုယ်တိုင်ရော၊ ရှေ ့မှာရော မကြာခဏ မြင်နေကြားနေရတယ်။
Subscribe to:
Post Comments (Atom)
3 comments:
eek.. ပထမမေးခွန်းကို မသိလို့.. Google မှာလိုက်ရှာလိုက်ရသေးတယ်တော့. *_*
soekyi
ha.ha..
စိုးကြည့်ရ... နာလည်း မသိဘူးဟ .. ဟိ..ဟိ
မေးပါစေ. မေးတိုင်းဖြေစရာမလိုသလို ဖြေနိုင်စရာလည်းမလိုပါဘူး.
Post a Comment