စနေနေ့၌ မိုးခိုခြင်း
ကောင်းကင်က ...
ပင်လယ်တခု မှောက်ကျလာသလိုမျိုး
မိုးဟာ ...
နေရောင်ခြည်တွေ ရွှဲစိုလောက်အောင်ရွာလို့
အသံဗလံတွေ မျောပါသွားလောက်အောင်ရွာလို့
အချိန်နာရီတွေ နစ်မြုပ်ကုန်လောက်အောင်ရွာလို့။
ငါကတော့ ...
မှောင်ကျကျ လက်ဖက်ရည်ဆိုင်မှာ
မိုးခိုမိပေါ့။
ဟိုမှာ ...
တံစက်မြိတ်အောက်က ခိုတစ်ကောင်
အသုံမကျတဲ့ အတောင်နဲ့၊
မှောင်လည်းမှောင်၊ တိတ်လည်း တိတ်ဆိတ်
(မိုးသံကလွဲလို့ပေါ့လေ)။
ဒီလိုနဲ့ ...
မိုးကလွဲလို့
အားလုံးနဲ့ လွဲခဲ့ပေါ့။
သစ္စာနီ
Showing posts with label ကူးယူဖေါ်ပြခြင်း. Show all posts

Sunday, August 21, 2011
Tuesday, March 18, 2008
ငါတို့မြူးသည်၊ ထူးကဲချိန်ခါ၊
လသာညများ၊ ပြေးသွားလျင်စွာ၊
တောမှလှည့်ရင်း၊ မြင်ကွင်းကျယ်ကျယ်၊
လိုက်ဖွယ်အမဲ၊ ပေါများဆဲပင်၊
ကျွမ်းကျင်ကျစ်လစ်၊ တို့အားသစ်ဖို့-
အရုဏ်တက်၏၊ နှင်းစက်ပုလဲ၊
မပျက်ကွဲခင်၊
ချိုရွင်ရနံ့၊ တောလုံးပျံ ့ဖို့-
လန့်ထွက်သားကောင်၊ မိအောင်လိုက်ရင်း၊
မြူခွင်းပြေးလွှား၊ တို့ကစား့-
ပြေးလမ်းပိတ်၍၊ ထိပ်တိုက်လှည့်ခံ၊
ဆတ်အော်သံနှင့်၊
ဝံပုလွေသံ၊ တောလုံးညံဖို့-
ဘေးအန္တရာယ်၊ ကျရောက်လွယ်လည်း၊
အံ့ဖွယ်ဆန်းပြား၊ တောညများတွင်
ပျော်ရွင်မြူးကြွား၊ တို့ကျက်စားဖို့-
နေ့လည်နေ့ခင်း၊ ကိုယ့်ဝပ်ကျင်း
ဘေးကင်းရန်ကင်း၊ အိပ်ရင်းနားဖို့-
ငါတို့ရန်သူ ရင်ဆိုင်စို့။
ငါတို့တိုက်ဖို့ ထွက်ကြစို့။
အို အချင်တို့
ဟစ်ကြကြွေးကြစို့။
(တောဟေဝန် စွန့်စားခန်းများ)
နတ်ဆိုး
လသာညများ၊ ပြေးသွားလျင်စွာ၊
တောမှလှည့်ရင်း၊ မြင်ကွင်းကျယ်ကျယ်၊
လိုက်ဖွယ်အမဲ၊ ပေါများဆဲပင်၊
ကျွမ်းကျင်ကျစ်လစ်၊ တို့အားသစ်ဖို့-
အရုဏ်တက်၏၊ နှင်းစက်ပုလဲ၊
မပျက်ကွဲခင်၊
ချိုရွင်ရနံ့၊ တောလုံးပျံ ့ဖို့-
လန့်ထွက်သားကောင်၊ မိအောင်လိုက်ရင်း၊
မြူခွင်းပြေးလွှား၊ တို့ကစား့-
ပြေးလမ်းပိတ်၍၊ ထိပ်တိုက်လှည့်ခံ၊
ဆတ်အော်သံနှင့်၊
ဝံပုလွေသံ၊ တောလုံးညံဖို့-
ဘေးအန္တရာယ်၊ ကျရောက်လွယ်လည်း၊
အံ့ဖွယ်ဆန်းပြား၊ တောညများတွင်
ပျော်ရွင်မြူးကြွား၊ တို့ကျက်စားဖို့-
နေ့လည်နေ့ခင်း၊ ကိုယ့်ဝပ်ကျင်း
ဘေးကင်းရန်ကင်း၊ အိပ်ရင်းနားဖို့-
ငါတို့ရန်သူ ရင်ဆိုင်စို့။
ငါတို့တိုက်ဖို့ ထွက်ကြစို့။
အို အချင်တို့
ဟစ်ကြကြွေးကြစို့။
(တောဟေဝန် စွန့်စားခန်းများ)
နတ်ဆိုး
Monday, January 28, 2008
အတွင်းခံဘောင်းဘီ
ဆရာသစ်စာနီပါ။ ၂၀၀၅ ခုနစ် ဇွန်လ ရတီမှာ ရေးခဲ့ပါတယ်။ ကြိုက်လို ့ ပြန်မျှဝေပါတယ်။ :)
ဖတ်စေချင်လို ့ကျွန်တော့် ဆီ ပို ့ပေးတဲ့ သူကို လည်း ကျေးဇူးတင်တော့ ပါဝူးလို ့။ :P
-------------------------------------------------------------
အတွင်းခံဘောင်းဘီ
မနေ ့ညက တစ်ညလုံးကျွန်တော် ကောင်းကောင်း အိပ်လို ့မပျော်ခဲ့ဘူး။ ဘာဖြစ်လို ့လဲဆိုတော့ အတွင်းခံဘောင်းဘီအကြောင်း တွေးနေမိလို ့။ စိတ်ကူး တစ်ခုကနေ အတွေးနယ်ချဲ ့လိုက်မိတာ မဆုံးတောဘူး ဆိုပါတော့။ အိုင်းစတိုင်းရဲ ့ နှိုင်းရဓ္ဓမအကြောင်း၊ခေးအော့စ်အကြောင်း၊ ဟော့ကင်းရဲ ့ မဟာပေါက်ကွဲမှုသီအိုရီအကြောင်း၊ နောက်ဆုံး လက်မထပ်ရသေးတဲ့ ချစ်သူအကြောင်း စဉ်းစားမိတာမဟုတ်ပဲ အတွင်းခံဘောင်းဘီအကြောင်းကြောင့် အိပ်ရေးပျက်တယ် ဆိုတာကတော့ သိပ်မဟုတ်သေးပါဘူးလို ့ထင် စရာပဲပေါ့။ ဒါပေမယ့် အတွင်းခံဘောင်းဘီ ကိစ္စကလည်း တူးဆွကြည့်မယ်ဆိုရင် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ပြသာနာတွေ ပေါ်ထွက်လာနိုင်ပါတယ်။
စတွေးမိတာက ဒီလိုပါ။ မကြာခင်က ကမ္ဘာ့ကဗျာနေ ့ဆိုတဲ့ အခမ်းအနားလေး တစ်ခုမှာ မရှောင်သာ အလွှဲသာဘဲ ကျွန်တော် ကဗျာရွတ်ရတယ်။ အမှန်တော့ ကျွန်တော်က ဒီလို လူရှေ ့သူရှေ ့ ထွက်ရပ်ရတဲ့ အလုပ်မျိုး လုပ်လေ့မရှိဘူး။ ကျွန်တော်က ကိုယ့်ကို လောကကြီးက ကြည့်စေချင်တဲ့ လူမဟုတ်ဘူး။ ကိုယ်ကသာ လောကကြီးကို ကြည့်နေချင်တဲ့သူ။ ထားပါတော့။ အဲဒီလို လူရှေ ့ထွက်ကဗျာရွတ်ရတော့ ကျွန်တော်မှာ စိုးရိမ်စိတ် တစ်ခုပဲ ရှိတယ်။ ဒါက မတော်တဆ ပုဆိုးကျွတ်ကျမှာကိုဘဲ။ ဒါကြောင့်လည်း ကဗျာရွတ်ကြတဲ့ မင်းထက်မောင်တို ့၊ ငြိဏ်းဝေတို ့၊ မိုးဇော်တို ့ ဘောင်းဘီရှည် ဝတ်ထားကြတာကိုးလို ့ တွေးမိတယ်။ စန်းဦး(M S O) တော့ပုဆိုးနဲ ့ ခပ်တည်တည်ပဲ ရွတ်သွားတယ်။ (သူက အတွင်းခံဘောင်းဘီ ဝတ်ထားပုံရပါတယ်။) အဲဒီက စပြီး အတွင်းခံဘောင်းဘီအကြောင်း စိတ်ရောက်သွားတယ် ဆိုပါတော့။
တကယ်တော့ အတွင်းခံဘောင်းဘီဆိုတာ ပေါ့သေးသေး အရာတော့မဟုတ်ပါဘူး။ ကမ္ဘာ့သမိုင်းမှာ လူသားတွေ စတင် ဝတ်ဆင်ခဲ့တဲ့ ပထမဆုံးအဝတ်အစားဟာ အတွင်းခံဘောင်းဘီပါပဲ။ ကမ္ဘာဦးလူသားဟာ လွန်ခဲ့သော နှစ်ပေါင်း အသိန်းအသောင်းလောက်က သူ ့ရဲ ့အရှက်ကို ကာကွယ်ဖို ့ တွေးမိပြီး အတွင်းခံဘောင်းဘီတွေကို တီထွင်ခဲ့ကြတယ်။ အဲဒီစိတ်ဓာတ်ကို အရိုင်းကနေ အယဉ်ကို ကူးပြောင်းတဲ့ စိတ်ဓာတ်လို ့ ခေါ်နိုင်တော့ စကားကြီး စကားကျယ် ပြောတက်တဲ့ သူသာဆိုရင် အတွင်းခံဘောင်ဘီဆိုတာ ယဉ်ကျေးမှု ့ရဲ ့ ဖခင်ကြီး ဒါမှမဟုတ် ဗိသုကာကြီးလို ့ပြောမှာ သေချာတယ်။ ဒီတုန်းက အတွင်းခံဘောင်းဘီဆိုတာက အခု ခင်ဗျားတို ့ဝတ်နေကြတဲ့ အတွင်းခံဘောင်းဘီတွေနဲ ့ လုံးလုံးကြီးတော့ မတူသေးဘူးပေါ့။ တစ်ထွာတစ်မိုက်သာသာ တိရစာန်အရေကို ပေါင်ဆုံ ခွကြားမှာ စုချည်နှောင်ထားတဲ့ ပုံစံပေါ့။ နှစ်တွေ မြောက်များစွာ ကြာမြင့်လာခဲ့ပေမယ့် အခုခေတ် အတွင်းခံ ဘောင်းဘီ ပုံစံတွေဟာ ကမ္ဘာဦးခေတ်နဲ ့ပုံစံတွေ သိပ်တော့မကွာလှဘူးလို ့ ကျွန်တော် ထင်ပါတယ်။ လူ ့သမိုင်းတစ်လျှောက် အတွင်းခံဘောင်းဘီနဲ ့အတူ အပေါ်ခဲ့တဲ့ ဒိုင်နိုဆောတွေ၊ အမွှေးရှည် ဆင်တွေသာ မျိုးတုံး ပျောက်ကွယ်သွားမယ်၊ အတွင်းခံဘောင်းဘီက ဆက်လက်ရှင်သန်မြဲပါပဲ။ နောက်ဆုံးကမ္ဘာပေါ်မှာ ဟမ်ဘာဂါ၊ ကွန်မြူနှစ်ဝါဒနဲ ့ရေနံတွေသာ ပျောက်ကွယ်ချင် ပျောက်ကွယ်သွားမယ်။ အတွင်းခံဘောင်းဘီကတော့ ကျန်နေခဲ့ဦးမယ် ထင်ပါတယ်။ (မော်စီတုံးလို လူတစ်ယောက်ကသာ အတွင်းခံဘောင်းဘီ တော်လှန်ရေးတွေ ဘာတွေ လုပ်ခဲ့ဘူးဆိုရင်ပေါ့
လေ။)
တကယ်တော့ အတွင်းခံဘောင်းဘီဆိုတာ ကမ္ဘာပေါ်မှာ လူသားတွေနဲ ့ မကင်းနိုင်ဆုံး အရာတွေထဲက အရေးပါတဲ့ တစ်ခုပါပဲ။ (ကျွန်တော်လို လူမျိုးက အနည်းသား ထင်ပါတယ်။) ခင်ဗျားပဲ စဉ်းစားကြည့်လေ။ အတွင်းခံဘောင်းဘီကို ရက်အင်ဒီးယန်းလည်း ဝတ်တာပဲ၊ တရုတ်လည်း ဝတ်ထာပဲ၊ ကျူဘားလည်း ဝတ်တာပဲ၊ ကပ္ပလီနီဂရိုးလည်း ဝတ်တာပဲ၊ ဟိမဝန္တာတာ တောင်ပေါ်က လူတွေလည်းဝတ်တယ်၊ ပစ္စဖိတ်ပင်လယ်ထဲက လူတွေလည်း ဝတ်တယ်၊ အသားဖြူလည်းဝတ်တယ်၊ အသားမည်းလည်း ဝတ်တယ်၊ ခရစ်ယာန်လည်းဝတ်တယ်၊ မွတ်စလင်လည်း ဝတ်တယ်၊ ပန်းချီဆရာလည်း ဝတ်တယ်၊ အကြမ်းဖတ်သမားလည်း ဝတ်တယ်၊ ူမူဆိုလီနီဝတ်တယ်၊ ဂျွန်းလင်နွန် ဝတ်တယ်၊ ဗီယက်နမ်က ကုန်စိမ်းစျေးသည်မလည်း ဝတ်တယ်၊ အဲလိဇဘတ် ဘုရင်မကြီးလည်း ဝတ်တယ်၊ ပုပ်ရဟန်းမင်းကြီးလည်း ဝတ်တယ်လို ့မျော်လင့်ရတာပဲ။ မဟတ္တမ ဂန္ဒီရော ဝတ်သလား၊ အဲဒါတော့ သိပ် မသေချာဘူး။
ကမ္ဘာပေါ်မှာ လူသိအများဆုံး ဇာတ်ကောင်တစ်ကောင် ရှိတယ်။ အဲဒါက အကောင်းစားတန်ဖိုးကြီးဝတ်စုံတွေကို ထည်လဲဝတ်ပြတဲ့ဂျိမ်းစ်ဘွန်း မဟုတ်ဘူး။ သူက အတွင်းခံဘောင်းဘီလေး တစ်ထည်ပဲ အမြဲ ဝတ်ခဲ့သူ။ ခင်ဗျား သိပြီ မဟုတ်လား၊ တာဇံလေ။ မြန်မာနိုင်ငံမှာတောင် သူ ့ကို တောကြိုတောကြားက ကလေးတွေအထိ သိကြတယ်။ ကဲ..... အတွင်းခံဘောင်းဘီကြောင်း စိတ်ဝင်စားစရာမကောငး်ဘူးလား။ မိန်းမဝတ် အတွင်းခံဘောင်ဘီတွေလည် ခင်ဗျား မြင်ဖူးမှာပေါ့။ မန္တလေးက နေမျိုးကတော့ ထူးတယ်။ လမ်းပေါ်လျှောက်သွားရင်း တိုက်ပေါ်က လေလွင့်ပြုတ်ကျလာတဲ့ အတွင်းခံဘောင်းဘီတစ်ထည်ဟာ ငယ်ထိပ်ပေါ် တည့်တည့်ကျတယ်တဲ့။ အဲ့ဒီလို သူ ့ဝတ္တုတစ်ပုဒ်တည်းမှာ ရေးထားတာ ဖတ်လိုက်ရတာပဲ။ ကျွန်တော်ပြောချင်တာက မိန်းမဝတ် အတွင်းခံဘောင်းဘီတွေ ဟာ ယောကျင်္ားဝတ်အတွင်းခံဘောင်းဘီတွေနဲ ့ ပုံစံချင်း သိပ်မကွာလှဘူး ဆိုတာပဲ။ ဒီတော့ အတွင်းခံဘောင်းဘီဆိုတာ ထူးထူးခြားခြား ယောကျင်္ား၊ မိန်းမရဲ ့ ဘုံဆန်တဲ့ လက္ခဏာတစ်ရပ်လို ့ဆိုနိုင်တာပဲ။
အတွင်းခံဘောင်ဘီတွေကို အရောင်ကွဲများများထုတ်လေ့မရှိဘူး။ အဲဒါ ဘာကြောင့်လည်း သုတေသန ပြုကြည့်သင့်တယ်။ပန်းရောင်ဆိုတာ လိင်ကိစ္စကို နှိုးဆွစေတက်တဲ့ အရောင်လို ့ ဆိုကြတယ်။ များသောအားဖြင့် မိန်းမတွေဟာ အနီရောင်ဝတ်တာ များတယ်ထင်တာပဲ။ အဝတ်အနည်း ဆုံးက အဖြူရောင်ပဲ။ တကယ်တော့ အတွင်းခံဘောင်းဘီဟာ နန်းကျဘုရင်နဲ ့တူတယ်။ သူက ထင်ထင်ပေါ်ပေါ် ဘဝကနေ အတွင်းကနေ အပြင်ရောက်သွားရတဲ့ အရာမဟုတ်လား။ သူနဲ ့ ဆန် ့ကျင်ဘက် အတွင်းကနေအပြင်ရောက် လာတာကတော့ ကျွန်တော်တို ့ ငယ်ငယ်က စွပ်ကျယ်လို ့ခေါ်တဲ့ တီရှပ်လေ။ လူဆိုတာ မသေမချင်း အတွင်းခံဘောင်းဘီနဲ ့မကင်းဘူး ထင်ပါတယ်။ သေပြီးတာတောင် မချွတ်တဲ့ အတွင်းခံဘောင်းဘီဝတ် မသာတွေလည်း ရှိနိုင်တာပဲ။
တကယ်တွေးကြည့်ရင် အတွင်းခံဘောင်းဘီရဲ ့ အနက်အဓ္ဓိပါယ်လည်း ကျယ်ဝန်းလှပါတယ်။ ကွယ်ဝှက်ထိန်းချုပ်မှု ၊ တန်ဖိုးထားခြင်း၊ သိကာနဲ ့အရှက်တရား၊ အလှအပကို သွယ်ဝိုက်ဖေါ်ပြခြင်း၊ ဆွဲဆောင်ဖမ်းစားမှု ့၊ တစ်ကိုယ်ရေ သင်္ကေတ၊ စည်းကမ်း စသည်ဖြင့် အများကြီးပဲ။ ဒီအတိုင်းဆို မစ်ကီးဝေးခေါ်တဲ့ ကြင်စင်စုတွေဟာ စကြဝဠာရဲ ့ အတွင်းခံဘောင်းဘီတွေပေါ့။ နှင်းဖုံးတောင်တန်းတွေဟာ ကမ္ဘာကြီးရဲ ့ အတွင်းခံဘောင်းဘီတွေပေါ့။ ပန်းပွင့်တွေဟာ သစ်တောရဲ ့ အတွင်းခံဘောင်းဘီတွေပေါ့။ အဇ္ဇတစရိုက်လက္ခဏာ ကို တဲ့တိုး မဟုတ်ဘဲ သွယ်ဝိုက်ဖော်ပြတာကို အနုပညာလို ့ခေါ်တယ်ဆိုရင် ကဗျာ ဆိုတာလည်း လူ ့စိတ်ရဲ ့ အတွင်းခံဘောင်းဘီပေ့ါ။
(lawrence Ferlinghetti ၏ Underwere ကဗျာကို အနည်း ငယ် မှီငြမ်းပါသည်။)

Subscribe to:
Posts (Atom)