ဂဂ
.........၂၁
Showing posts with label အမွတ္တရ. Show all posts

Saturday, August 8, 2009
Tuesday, July 7, 2009
Sunday, March 29, 2009
2007 june လ တုန်းက ရေးခဲ့တာပါ။ အဲဒီ ဘလောက ဖျတ်ချခဲ့တော့ ဒီစာတွေ မရှိတော့ဘူးလို့ ထင်ထားခဲ့တာ။ ကံကောင်းချင်တော့ မိတ္တု ကူးထားခဲ့မိတယ်။ ဖိုင်တွေ ရှင်းရင်းနဲ့ ပြန်တွေလို့တင်လိုက်တယ်။
-------------------------------------------------------------------
လေက သည်းသည်းထန်ထန် တိုက်နေတုန်းဖြစ်သည်။ တောင်စောင်းတလျှောက် ခါးလယ်လောက်ရှိမယ့်
သက်ကယ်ပင်များ ယိမ်းထိုးလှုပ်ခါလို ့။ ဟိုးတဖက်ခြမ်းမှာတော့၊ ခရမ်းပန်းရောင်တွေ။ မိုးသားတို ့က
မိုးကုတ်စက်ဝိုင်းကို လွမ်းထားဆဲ။ ဆောင်းရာသီမှာ မိုးရွာလျှင် ရင်ထဲ၌ လွမ်းလေ့ရှိသည်။
နေရထိုင်ရတာ တမျိုး။ ကြည်လင်အေးချမ်းလို ့နေသည်။ မိုးကတော ရွာပြီးသွာပြီ။ အရာအားလုံး
သန် ့သန် ့ရှင်းရှင်း၊လတ်လတ်ဆတ်ဆတ်။ ဟိုးအောက်က မြိုလေးကလည်း အေးချမ်းစွာသက်ငြိမ်လို ့။
ဒီမှာ မွေးဖွားခဲ့ကြသည်။ ဒီမှာ ကြီးပြင်းခဲ့ကြသည်။ ဒီမှာပင်အရိုးထုပ်ကြမယ်သူတွေ၊ ဒီမြိုလေးထဲမှာမ
နည်း။ ဤမြို ့လေးတွင် ရိုင်းစိုင်းခြင်းရှိသည်။ လွတ်လပ်ခြင်းရှိသည်။ ဝမ်းနည်းခြင်းများရှိသည်။ ပျော်ပွဲ
ရွင်ပွဲများရှိသည်။ တယောက်နဲ ့တယောက် သိကြသည်။ တယောက်နဲ ့တယောက်သိပ်ချစ်ကြသည်။
ရိုးစင်းလွန်းလှသည်။
ကောင်းကင်မှာ မိုးသားတို ့ရုံးနှိမ့်သွာကြသည်။ ဝင်ခါစ နေမင်းက အလင်းရောင်ကို လှပစွာ ဖြာချလို ့နေ
သည်။လေထန်တို ့နေရာတွင် လေပြည်တွေဝင်ရောက်လာသည်။ မဖြတ်တာ ကြာပြီဖြစ်တဲ့ ဆံပင်တို ့
ဝဲဝဲ လွင့်သွားသည်။လွမ်းမိသည်။
ဒီတခါ ခွဲခွာပြီးလျှင် ဒီမြိုလေးကို ဘယ်အချိန် ပြန်ရောက်ပါမလဲ။
မိသားစုအတွက်၊ ချစ်သူအတွက်၊ ပညာရေးအတွက်၊ ရှေ ့ရေးအတွက်၊ တွက်ဆမှု ့ပေါင်းအမျိုးမျိုးနဲ ့
လူငယ်လူရွယ်တို ့ ဒီမြို လေးမှ ခွာဖို ့ပြင်ဆင်နေကြသည်။ ကျန်ခဲ့ရမယ့်သူတွေက လွမ်းကြသည်။ သွားရမယ့်
သူတွေလည်းလွမ်းကြသည်။ မြို ့လေး အလယ်က ဒီတောင်ပေါ်ဘုရားမှာ လာပြီး ဆုတွေတောင်းကြသည်။
မျက်ရည်တွေဝဲကြသည်။ ထင်းရှူးပင်ကြီးအောက်မှာ အနမ်းတွေ အလဲအလှယ်လုပ်ကြသည်။ အမှတ်အသား
တွေထားကြသည်။
တောင်အဆင်းလမ်းလေးကလူသူကင်းရှင်းလှသည်။ ကြည်နူးလန်းဆန်းခြင်းများက မြို ့လေးကိုလွမ်းအောင်လုပ်
နေပြန်ပြီ။ ဟောဟိုးမှာ မြေနီနီနဲ ့ ကောလိပ် ဘောလုံးကွင်း။ ဒီခြေထောက်မှာ ဒီမြေနီတွေ ဘယ်အချိန်များ
ပြန်ပြီးပေရေနိုင်ပါတော့မလဲ။ ဝဲလှတဲ့ တောင်ပေါ်သားတို ့ရဲ ့လေသံ၊ ဘယ်အချိန်ပြန်ကြားနိုင်ပါတော့မလဲ။
"တောင်ပေါ် မြို ့လေးတမြိုမှာ မြှူမှုန်တွေကဆိုင်းလာ..
ဒီအချိန်နင်သွားတော့မှာ၊ နေရာဟောင်းကို ထားခဲ့လို ့..
ဒါ . အနာဂတ်အတွက်ပါ..
နင်ဆိုပြီး သွားခဲ့တော့လဲလေ... မတားရက််ဘူး.."
ဆွေးဆွေးလေးလွမ်းသွားသည်။ ခေါင်းငုံလိုက်မိတော့၊ ဆံပင်တို ့ဝဲကျလာပြန်သည်။
"ချယ်ရီပင် တွေ ကြားထဲ၊ အတူတူပျော်ပါးခဲ့ကြဖူးတယ်..
ကလေးဘဝရဲ.. အရင်အချိန် မြို ့လေးထဲ.. နင်မေ့ပြီလား..
ချယ်ရီပင် အို သွားလည်း.. နင်သာ တကယ်တမ်းပြောင်းလဲမသွားရင်.."
အသံတို ့ဝေးဝေးသွားသည်။
ကျန်ရစ်ခဲ့ရမယ့်သူတွေ လွမ်းကြသည်။ သွားရမယ့်သူတွေလည်းလွမ်းကြသည်။
ဒီမြိုလေးက လူတွေ တယောက်ကို တယောက် အရမ်းချစ်ကြသည်။
ဒီမြိုလေးက လူတွေ..... တယောက်ကို.. တယောက် .အရမ်းချစ် ..ကြသည်။
ဒီမြိုလေးက လူတွေ......... တယောက်ကို..... တယောက် ...အရမ်းချစ် ....ကြသည်။
ဒီမြိုလေးက လူတွေ............ တယောက်ကို........ တယောက် ......အရမ်းချစ် .......ကြသည်။
နတ်ဆိုး
Tuesday, 12 June 2007
21:41

Friday, February 13, 2009
ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။
ဖေဖေါ်ဝါရီ ၁၃ ဆိုတာ ငယ်ငယ်ကတည်း ငါစွဲလန်းခဲ့တဲ့ နေ့ရက်။ ဒီနေ့ဆို ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၉၄ နှစ်ရှိခဲ့ပြီ။ သူလိုလူမျိုးကို မြန်မာပြည်ဟာ ပြန်မရသေးဘူး။ သူ့ရဲ ့ ရိုးသားခိုင်မာတဲ့သဘောဟာ ငါ့ကို ငယ်ငယ်လေးကတည်းက ထူးထူးခြားခြား ဆွဲဆောင်ခဲ့တယ်။ ငါ အကြိုက်ဆုံး အနှစ်သက်ဆုံး ရုပ်ရည်ရှိတဲ့ လူဖြစ်တယ်။ သူ ့ မျက်နှာဟာ ထူးထူးခြားခြား ရှင်းလင်း ရိုးသားတယ်။ ဇာတာကို ဘုရားစင်ပေါ်ကနေ ယူပြီး မကြည့်မိသေးတဲ့အချိန်ထိ သူမွေးခဲ့တဲ့ နေ့ရက်နဲ့လမှာ ငါကိုမွေးခဲ့တယ်ဆိုပြီ ၁၃ နှစ်သား လောက်အထိ ဂုဏ်ယူခဲ့တယ်။ ငါက သူ့ထက် ၁၀ ရက် နောက်ကျမွေးတယ်။ ဒါပေမယ့် အရည်အချင်းကျတော့ ၁၀ သန်း စာလောက်ကွာသွားတယ်။ သူ့ကို လေးစားတဲ့ ငါ့ရဲစိတ်တွေဟာ သေတဲ့အထိ ပျောက်မှာမဟုတ်ဘူး။ ငါ အလေးစားဆုံး လူသားတစ်ယောက်ပဲ။
ကမ္ဘာ့နိုင်ငံခေါင်းတွေထဲမှာ သူ့ထက် ပိုပြီး နာမည်ကြီးတဲ့ သူတွေ ရှိတယ်။ ကြီးကျယ်တဲ့ကိစ္စတွေကို လုပ်ခဲ့သူတွေရှိတယ်။ ဒါပေမယ့် သူ့ရဲ ့ ရိုးသားမှု၊ ပွင့်လင်းမှုနဲ ့ အစွဲကင်းမှုမှာ သူဟာ ကျန်သူအားလုံးနဲ ့ ရဲရဲကြီး ရှင်ပြိုင် အနိုင်ယူနိုင်တယ်။ အတ္တ ထက် အကျိုးရှိမှုကို ရှေရူ ့လုပ်ခဲ့တယ်။ သူရဲ ့ခေါင်းဆောင်မှုမှာ အတုယူစရာတွေ များစွာရှိတယ်။ သူဟာ ငါတို ့ မြန်မာနိုင်ငံသား အားလုံးအတွက် သူရဲကောင်းသာ ဖြစ်တယ်။
အကယ်၍ မြန်မာနိုင်ငံသာ ကမ္ဘာ့မှာ တင့်တယ်နေရင် သူဟာလည်း ကမ္ဘာ့သူ ကမ္ဘာသားတွေရဲ ့ လေးစားရမယ့် ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာမှာပဲ။ ဒါပေမယ့် လက်ရှိ ငါတို့ မြန်မာတွေဟာ သောက်သုံးမကျဘူး။ ဒီလောက်ပဲပြောချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာတွေ လေ့လာရမယ့် စာအုပ်တစ်အုပ်ဆိုလည်းဟုတ်တယ်။ ဒီစာအုပ်ကို ငါတို့တတွေ စာအုပ်စင်ပေါ်တင်မထားသင့်တော့ဘူး။ စာအုပ်ရှိတာလေးကို ဂုဏ်ယူပြီး ပြောနေရုံသက်သက်၊ လူအထင်ကြီးရုံသက်သက် မဖြစ်သင့်တော့ဘူး။ ဒီစာအုပ်ရဲ ့ သက်တမ်းဟာ အခုဆို ၉၄ နှစ်ရှိနေပြီ။ ဖတ်သင့်ပြီ။ လေ့လာသင့်ပြီ။ ကျင့်ကြံသင့်ပြီ။ လေးစားစိတ်ကို စိတ်ထဲမှာ နက်နက်နဲနဲ ထားကြပါ။ ပြီးရင် ဖွင့်ထုတ်ပြကြပါ။ လူတွေသိပါစေ။
ဗိုလ်ချုပ်သို ့ အမှတ်ရလျှက်-
Labels:
ခံစားချက်,
ဗိုလ်ချုပ်အောင်ဆန်း,
သံဓိဠာန်,
အမှတ်တရ
Thursday, February 12, 2009
ရိုးသားခြင်းကို အရင်းခံ
ယုံကြည်ခြင်းကို ကိုးစား
ညီနှောင်များအကြား
မျှတမှု...တိုးတက်မှု...
စည်ပင်ဝပြောမှုတွေအတွက်...
ငြိမ်းချမ်းရေးအတွက်...အနာဂါတ်အတွက်...
စည်းလုံးခြင်းသက်သေ
ပြည်ထောင်စုမြေ။
တနေ့နေ့တော့ ဒီလိုဖြစ်ပဲဖြစ်လာပါစေ။
( ဖေဖေါ်ဝါရီ ၁၂ ၁၉၄ရခု ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စုနေ့သို့)

Sunday, January 4, 2009
Tuesday, November 18, 2008
ပလုံဂွမ်ဆရာ
တကယ့်ကို ပလုံဂွမ်ဆရာပါပဲ။ ကွန်ပြုတာနှင့် စထိတွေ့တော့ အများနည်းတူ MS Word၊ Excel၊ စတဲ့ အသုံးချအပြော့ထည် (Application Software) မျိုးတွေနဲ ့စခဲ့တာပဲ။ မမေ့နိုင်တဲ့ ဆရာမလေးကြောင့် ပရိုဂရမ်ဘက်ရောက်လာခဲ့တယ်။ (ဆရာမလေးက ရိုးရိုးနော်။ သူများလို ချစ်သူလည်းမဟုတ်ဘူး။ ချစ်လို ့လည်းမဟုတ်ဘူး။ တောင်တောင်အီအီတွေးမှာလည်း စိုးရသေးတယ်။) ဆရာမလေးက ကျွန်တော်တို ့ကို အသုံးချအပြော့ထည် သင်ပေးတဲ့ဆရာမလေးပါ။ ချောချောလေး။ (ဟိ..ဒါတော့ သိသား)။ ကျွန်တော်က လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရင် လုပ်ချင်ရာလျှောက်လုပ်တော့၊ စိတ်ကူးပေါက်ရာလျှောက်လုပ်တော့ ဆရာမနဲ ့ ရင်းနီးနေတယ်။ ကျွန်တော်တစ်ခုခုလုပ်နေရင် သူကနောက်ကနေ တိတ်တိတ်လေး လာကြည်နေတက်တယ်။ (သူတို ့ကဒီလိုပဲ တတန်းလုံးပါတ်ကြည့်နေတက်တာ)။ ဒီလိုနဲ ့ ရင်းနီးတော့ ဂိမ်းကစားခွင့်ပေးဖို ့ ဂျီကျတာပေါ့။ ၁ဝတန်း ပြီးခါစဆိုတော့ လူကတဇွတ်ထိုးရယ်။ ဒီလိုနဲ ့ ကျွန်တော်နဲ ့သူငယ်ချင်းတို ့ဂိမ်းကစားခွင့်ရတယ်။ ဂိမ်းက အခုခေတ်လိုမဟုတ်ပါဘူး။ သေးသေးလေးရယ်။ အတွက်အချက်လုပ်ပြီး ကစားရတဲ့ဂိမ်းမှာ ကျွန်တော်ကပွဲတိုင်းနိုင်နေတယ်။ ဆရာမက နောက်ကကြည့်ပြီး တေးမွန် နင်က ပရိုဂရမ်အတန်းတက်ရမှာ တဲ့။ အဲဒါက ဒီလိုဂိမ်းတွေရေးတာမျိုးကို သင်ပေးတာတဲ့။ C programming တန်းတက်တဲ့။ ကျွန်တော်ကတော့ ဒီလိုဂိမ်းတွေလုပ်တာသင်ပေးတာဆိုတော့ စိတ်ဝင်စားသွားတာပေါ့။ ဆရာမက ကျွန်တော်ကိုတော်တော်ချစ်ပါတယ်။ သူကိုယ်တိုင်ဆရာကို လိုက်ပြောပေးတယ်။ စိတ်ဝင်တစား လာကြည့်တယ်။ အားပေးတယ်။ လမ်းမှာတွေ ့ရင်မမြင်ရင်တောင် လမ်းခေါ်ပြီးနှတ်ဆက်တယ်။ ကျွန်တော် ချစ်တဲ့ ဆရာ ၊ ဆရာမတွေအနည်းငယ်ထဲမှာ အဲဒီဆရာမလေးလည်းပါတယ်။ စိတ်မကောင်းတာက ဆရာမလေးရဲ ့နာမည်တောင် ကျွန်တော်မမေးခဲ့ရဘူး။ အဲဒီဆရာမလေးကြောင့် ကျွန်တော်လည်း C Programming ကို ကြိုက်သွားတယ်။ အဲဒီအချိန် ကွန်ပြုတာတက္ကသိုလ်ကို လျှောက်ပြီးနေပြီ။ နောက် ကျွန်တော်တို ့မြို ့ကိုရုတ်တရက်ပြန်သွားတော့ ဆရာမနဲ ့လေးထပ်မတွေ ့ဖြစ်တော့ဘူး။ ဒါပေမယ့် ပြန်တွေးမိတိုင်း အဲဒီဆရာမလေးကို လေးစားတာရော၊ ကျေးဇူးတင်တာရောနဲ ့သတိရတယ်။
ဒါပေမယ့် ကွန်ပြုတာတက္ကသိုလ်တက်နေတဲ့ ကာလတစ်လျှောက် ကြောက်စရာကောင်းတဲ့ ရန်သူမျိုး တစ်ပါးကြောင့် အိမ်ကစီးပွားကျနေတော့ ကွန်ပြုတာတောင် ဝယ်ဖို ့မတောင်းဆိုချင်ခဲ့ဘူး။ ဒီလိုနဲ ့ စိတ်လေလေနဲ ့သီအိုရီတွေကြည့်ထိုင်ဖတ်၊ နောက်တော့ ကျောင်းကလည်းမကောင်းတော့ စာလည်း စိတ်မဝင်စား။ အတန်းလည်းမတက်။ တက်လည်း မသင်တဲ့ အချိန်ကမသင်နဲ ့။ ဒါပေမယ့် ဆရာမလေးကျေးဇူးအရှိန်နဲ ့ C အကြောင်း၊ Database အကြောင်း၊ Software Engineering အကြောင်း၊ Operating System (OS) အကြောင်းတို ့ဆိုစိတ်ဝင်တစားဖတ်တယ်။ နားထောင်တယ်။ ကျန်တဲ့ Business တို ့၊ Accounting တို ့နဲ ့ဆိုင်တဲ့ဟာတွေ ဆို သိကိုမသိခဲ့ဘူး။ ဒီလိုနဲ ့ ၄ နှစ်တက်ပြီးတော့ဘွဲရလာခဲ့တယ်။ ကွန်ပြုတာနဲ ့ငါနဲ ့တော့ ဘာမှမဆိုင်တော့ဘူးလို့တွေးပြီး စီးပွားရေးလုပ်မဟဲ့လို့ ကြံတော့တာပေါ့။ ဒါပေမယ့် အလုပ်ကလည်း မဖြစ်တော့ ဂုဏ်ထူးတန်းလေးတက်ပြီး ကျောင်းမှာသွားသွားအိပ်နေတာပေ့ါ။ အခန် ့ မသင့်ရင် ကျောင်းကမာန်ကြီးတဲ့ (တကယ်တော့ မာန်တက်တဲ့လို့ ပြောချင်တာ) ဆရာမတွေနဲ ့တောင် မကျေမလည် ဖြစ်လိုက်သေး။ (ကိုယ်ကလည်း ငယ်မာန်တက်နေခဲ့တာကိုး)။ ဒါပေ့မယ့် ဒီမှာလည်းကျွန်တော် ကံကောင်းပါတယ်။ ရန်ကုန်ရောက်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်က သူအသိကနေတဆင့် အပြော့ထည် (software) တွေရေးတဲ့ကုမ္ပဏီတစ်ခုမှာ လုပ်မလားဆိုတော့ ချင်ခြင်းပဲအထုတ်ဆွဲပြီး ရန်ကုန်ဆင်းလာလိုက်တာ ပလုံဂွမ်ဆရာဘဝစတော့တာပဲ။
ရန်ကုန်မဆင်းခင် အင်တာဗျူးက မန္တလေးကို ဖုန်းကနေတဆင့် ဗျူးတယ်။
HTML သိလား ၊( မသိဘူးအကို။ )
Web page ရောသိလား ( မသိဘူးအကို)
Database ရောသိလား။(စာတွေတော့ဖတ်ဖူးတယ်အကို။)
C# ကော။ (ကြားဖူးတယ် ၊ C တော့ သိတယ်အကို။)
.Net (dot Net) ကောသိလား။ (မသိဘူးဗျ)
XML ရော ကြားဖူးလား။ (မကြားဖူးဘူး)
အေးအေး၊ မင်းဘယ်နေ ့လာနိုင်မလဲ။ နောက်တပတ်လောက်ဆင်းခဲ့လေ။ ဒီကြားထဲ HTML တို ့C#တို ့ လေ့လာထားပေါ့။ အကိုတို ့က အဲဒါတွေနဲ ့လုပ်ကြတာ။
ဟား..ဟား။ ဒီလိုနဲ ့အလုပ်ရခဲ့တာ။ ရယ်ရတာရှိသေးတယ်။ ပြောပေးတဲ့သူက အဲဒီအကို ကို ဘာပြောထားလည်းဆိုတော့ မန္တလေးမှာ သူအရမ်းတော်တဲ့လူကိုတွေ ့ခဲ့တယ်။ (သဘောကတော့ တကယ့် တောထဲကနေ ထွန်းပေါက်မယ့်သူကို သေချာရှာတွေ ့ထားသလိုမျိုး အဲလိုပြောထားတာ။ ဟား..ဟား။) အဲဒီ အကိုကကျွန်တော် သိပ်လေးစားတဲ့ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ သူဆီမှာအလုပ်လုပ်တဲ့တလျှောက် သေချာသင်ပေးတယ်။ ကွန်ပြုတာပရိုဂရမ်ဘာသာရပ်တင်မကဘူး၊ ဗုဒ္ဓ ဓမ္မနဲ ့ ဆိုင်တဲ့ဟာတွေပါ ပြောဆိုသင်ပေးခဲ့တယ်။ တကယ်ကို ကျေးဇူးကြီးခဲ့တဲ့သူတွေထဲကတစ်ယောက်။ အခုတော့ သူလည်းဒီမှာ။ အခုအချိန်အထိ ဖုန်းဆက်လိုက်ရင် ညီ မင်း စာဆက်ဖတ်ဖြစ်သေးလား။ သေချာလုပ်။ အေး ဒီဇိုင်း ပုံစံ (Design Pattern) မတက်ပဲ ရှေ ့ ့ဆက်လျှောက်ဖို ့မလွယ်ဘူး စသည်ဖြင့် ပြောဆိုအားပေးတုန်း။ (ဆရာတွေထဲမှာ တယောသင်ပေးခဲ့တဲ့ဆရာရယ်၊ ဒီဆရာရယ်ကို တော်တော်သဘောကျတာ)။
ရန်ကုန်ရောက်တော့ ညမအိပ် နေ ့မအိပ် ဖတ်လိုက်ရတဲ့ စာတွေ။ ကံကောင်းပြန်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Top Boys ဆိုတဲ့ကုမ္ပဏီက နာမည်ကြီးမဟုတ်ပေမယ့် ပညာကိုတအားဦးစားပေးတယ်။ အဲဒီကလူတွေကလည်း စိတ်ရော ၊ လူရော တော်တော်ကောင်းကြတယ်။ အဲဒီမှာ ၁ နှစ်ကျော်လောက် လုပ်လိုက်ရတယ်။ စလုံးထွက်ဖို ့ စိတ်ကူးမိတယ်။ နောက်တော့ ဒီရောက်လာတာပေါ့။ အလုပ်ရမယ်လို ့ မသိနိုင်ပဲနဲ ့ ခပ်တည်တည် ထွက်လာတာ။ အတွေ ့အကြုံတောင် သိပ်မရှိသေးဘူး။ (ဒါပေမယ့် ကျောင်းတုန်းကပြောသလို ပြောရရင် "ခပ်တည်တည်". . .ဟဲ..ဟဲ)။
ပလုံဂွမ်ဆရာလို ့သာခေါ်သာ ကျွန်တော်က ကျွန်တော်လုပ်နေရတဲ့ ၊ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကလွဲရင် ကျန်တာတွေသိပ်မသိဘူး။ မသိဆို တော်တော်မသိတာပါ။ Face Book၊ FriendSter၊ Forums၊ Chat Room ဘာဆိုဘာမှမသိခဲ့တာပါ။ အခုထိလည်း စိတ်မဝင်စားဘူး။ internet ကိုလျှောက်လည်ရင် သတင်းနဲ ့ ကိုယ်ရှာချင်တာရှာနေတာနဲ ့ ပြီးသွားခဲ့တာ။ အခုတော့ ဘလောဖတ်တာလည်းပါလာတယ်ပေါ့။ ဘလောတောင် အင်ဂလုန်ရောက်နေတဲ့ သူငယ်ချင်းမ စိုးကြည် ကောင်းမှုနဲ ့သိတာ။ HTML ကိုကောင်းကောင်းနားလည်ပေမယ့် ဘယ်လောက်တက်လည်းဆိုတာတော့ ကျွန်တော်ဘလောပဲ ကြည့်ပေါ့။ ပေစုတ်စုတ်ရယ်။ ဟီး။ ဂရပ်ဖစ် လုံးဝမသိဘူး။ တခါတလေ ဘလောပေါ်က ဆရာတွေ သူတို ့ဘလောလေးကို အလန်းလေး တွေဖြစ်နေအောင်လုပ်ကြတော့ အားကျပါတယ်။ နာမည်ကြီးတွေကိုလည်း အားကျပါတယ်။ ဟိုကောင်မလေးကလာပြီး အကူအညီတောင်းလိုက်၊ ဒီကောင်မလေးကလာပြီးနှတ်ဆက်လိုက်နဲ ့.. ဟိ.. အားပဲကျနိုင်တာပါ။
ဟိုတနေ ့ကကို ပန်ဒိုယာနဲ ့ ဂျစ်တူး ဘလောတွေမှာ Twitter ဆိုတာတွေ့တာနဲ ့ ဘာလဲလို ့ ပန်ဒိုယာကို မေးကြည့်မိပါတယ်။ IT သမားဖြစ်ပြီး မသိဘူးလားတဲ့။ အော် .. တော်တော်ဆိုးတဲ့ဘဝ။ ခွေးမှီးကုတ်သွားသလိုပဲ။ ခံစားလိုက်ရတာ ပြောပါတယ်။ ဂဂျစ်တွေ (Gadgets )၊ ရှိပြီးသား တန်းပလိတ်တွေ သုံးဖို ့လည်း မကြိုက်တော့ မလုပ်ဖြစ်။ ဒီလိုနဲ ့ ဘလောစုတ်စုတ်လေးမှာပဲ ရေးနေရတာပေါ့။
လမ်းမှာတွေ ့လို ့ ဘာလုပ်နေတာလည်းဆို ပရိုဂရမ်မာဆို လူတွေကလည်း အထင်ကြီးကြတယ်။ (မတော် ငါ့ကို သူတို ့စက်ပြင်ခိုင်းနေရင်ဒုက္ခလို ့။ မပြင်ပေးချင်လို ့ထက် သိပ်ပြင်တက်တာမဟုတ်ဘူး။ အဲ ကိုယ်စက်ကိုယ်ဆိုရင်တော့ လာထားပဲ၊ သူများစက်ကျတော့ သတိထားရတယ်။) လခ ဘယ်လောက်ရလဲ။ "" လောက်ရတယ်ဆို ဟယ် တဲ့။ ပူလိုက်တဲ့မျက်နှာ။ တကယ်တော့ သူတို ့နဲ ့ယှဉ်ရင်သာ များနေတာ။ သိပ်များတယ်လည်း မဟုတ်ဘူး။ ကိုယ့်လခက မဖြစ်စလောက်ရယ်။ (မြန်မာကလာတဲ့ မြန်မာတွေ အတွက်တော့ အင်ဂျင်နီယာတွေထက် ကွန်ပြုတာသမားတွေက လစာပိုရကြတယ်။) အခုတော့ မရကြတော့ပါဘူး။ ၂၀၀၀ ပတ်ဝန်းကျင်က အသေလိုဖြစ်သွားတယ်။ ဒါတောင် အခု ၁၈၀၀ လောက်နဲ ့လုပ်နေတဲ့ကျောင်းက အသိတစ်ယောက်တွေ ့တော့ ဘာလို ့လုပ်ရတာလည်းဆိုပြီး ပြောမိသေးတယ်။ အခုတော့ မရကြတော့ဘူး။ စီးပွာကျတာရော၊ မပြင်မဆင်ပဲ လိမ့်ဝင်လာတာရော။
ဒီစလုံးမှာလည် တကယ်တော့ လွယ်တယ်လည်းမဟုတ်ပါဘူး။ ခက်လားဆိုလည်း အဲလိုလည်းမခက်ပါဘူး။ ဒါပေမယ့် ပြသာနာရှိတယ်။ ကွန်ပြုတာပိုင်းထက် ဆက်ဆံရေးပိုင်းပါ။ ကုလားဖြူဘာသာရပ်က တခါတလေ ကွန်ပြုတာအသိထက် ပိုအရေးပါနေတက်တယ်။ အခု ကျွန်တော်က ဆက်ဆံရေးကြောင့် အလုပ်မှာ အနှောက်အယှက်ဖြစ်နေတယ်။
ဒါနဲ ့ သတိရလို ့ လွန်ခဲ့တဲ့ တနှစ်ကျော်က ကိုနတ္တိက အလုပ်ထဲက အကြောင်းတွေ ရေးရင်ကောင်းမယ်လို ့ အကြံပြုခဲ့ဘူးတယ်။ အဲတုန်းကတော့ ငြင်းခဲ့ပေမယ့် အခုတော့ အတွေ အကြုံသဘောမျိုးနဲ ့ ရေးဖို ့စဉ်းစားမိတယ်။ ဒါပေမယ့် ကုမ္ပဏီနဲ ့ဆိုင်တာတွေ တော့ ရေးလိုမရဘူးပေါ့လေ။
တကယ်တော့ မလွယ်လိုက်တဲ့ ပလုံဂွမ်ဆရာဘဝ။
(ဟို Google တို ့ဘာတို ့က ဂုရုကြီးတွေတော့ မပါဘူးပေါ့လေ။)
ပန်ဒိုယာက IT သမားမဟုတ်ဘူးလားဆိုတာကြောင့်
သူငယ်ချင်းတစ်ယောက်က မင်းတို ့တော့ အဆင်ပြေနေပြီပေါ့လိုု ့ လှမ်းပြောတာကြောင့်
ရေးဖြစ်သွားတာပါ။
တခါတလေတော့လည်း Google တို ့ Microsoft တို ့ Mozilla တို ့ စသည်ဖြင့် အိမ်မက်တော့ မက်မိခဲ့ပါတယ်။ဟား..ဟား။ :P (အော် အိမ်မက်..အိမ်မက်)
(အခုတော့ မမက်တော့ပါဘူး။ မဖြစ်ချင်တော့ဘူး။) :)

Monday, October 6, 2008
ကောင်းကင်တစ်ခုလုံး မှိုင်းညိုနေသည်။ ကားလမ်းမကြီးတစ်လျှောက် လူတွေ၊ ကားတွေလည်း ရှင်းလာသည်။ လေကလည်း တိုက်လို ့ လာသည်။ မိုးသည်းသော မိုးများသော အရပ်မဟုတ်ပေမယ့်လို ့ တောင်ပေါ်မိုး က တခါတလေ သည်းကြီးမဲကြီး ရွာတက်သည်။
သားအမိနှစ်ယောက် ကားလမ်းမအတိုင်း စက်ဘီးကိုတွန်းရင် သုတ်သုတ် လျှောက်လာကြသည်။ မိခင်ရော သားငယ်ကပါ မိုးမိမည်ကို စိုးရိမ်နေကြသည်။
"သားရေ၊ သွက်သွက်လျှောက် မိုးက ကြီးမယ်ထင်တယ်"
"ဟုတ်တယ် အမေ"
"ဒီ သားကြီးတစ်ယောက်လည်း ဘယ်လျှောက်သွားနေမှန်းမသိဘူး။ မိဘကို လာကြိုခိုင်းလိုက်ရင် ပေါ်မလာတော့ဘူး"
ကောင်းကင်က မှောင်သည်ထက် ပိုမှောင်လာသည်။ တိမ်မည်းမည်းတွေက ကောင်ကင်နေရာ အနှံအပြား ရွှေလျှားနေကြသည်။ လျှက်စီး တွေလည်း တချက်တချက် လင်းသည်။ သည် မိုးကြောင့်ပဲ စျေးစောစော သိမ်းခဲ့ကြသည်။
"အမေ၊ သားတို ့နင်းသွားတာကောင်းမယ်" ၄ တန်းကျောင်းသား သားငယ်က လူကြီးစီး မိန်းမစီး စက်ဘီးကိုတွန်းရင် သူ ့အမေကို ပြောလိုက်သည်။
"အေး၊ ဟုတ်တယ် အမေ့ကို တင်ပြီးတော့ သားနင်းနိုင်ပမလား"
စိုးရိမ်ပေမည်။ သူဖသာဆိုလျှင် ကောင်းကောင်း စီးနင်းနိုင်ပေမယ့် အမေကိုတင်ပြီးတော့ နင်းနိုင်ပလား။ တောင်ပေါ်ဒေသနှင့် လျှော်ညီစွာ အတက်အဆင်းက ရှိသေးသည်။ အသက်ကလည်း အတော်ကို ငယ်နေသေးသည်။ စက်ဘီးတောင် အိမ်နီးနား ပတ်ဝန်းကျင်တွင်သာ စီးဖူးသေးသည်။
မိခင်ကလည်း စက်ဘီး မစီးတက်။
"ရမယ်ထင်တယ်။ စီးကြည့်မယ်လေ အမေ"
"အေး၊ ဒါဆိုလည်း ဧရိပ်သာ ကုန်းကျော်သွားမှ စီးကြမယ်။ လာ..သား"
ဧရိပ်သာကုန်းပေါ်ရောက်တော့ သားငယ်က စက်ဘီးကို ခွပြီး စနင်းသည်။ ယိုင်တိုင်တိုင်နှင့် နည်းနည်း သွားပြီးတော့ သူအမေကို လှမ်းခေါ်သည်။
"အမေ တက်တော့ ရပြီ"
"အေး၊ သားဖြည်းဖြည်းနင်းနော်၊ အမေ တက်ပြီ"
စက်ဘီးက ယိုင်ထွက်သွားသည်။ သုံးလေးခါလောက် ဘယ်ညာရမ်းသွားတော့ မိခင်က စိုးရိမ်စိတ် နှင့် ခုန်ဆင်းလိုက်သည်။
"အဲ... သားရပမလား"
"ရတယ်အမေ၊ ပြန်တက် .. ခုန်မဆင်းနဲ ့ .. သားထိန်းနိုင်တယ်"
မိခင်က စက်ဘီးပေါ် ဖြည်းဖြည်းတက်လိုက်သည်။ သုံးလေးခါလောက် ထပ်ရမ်းသွားပြီးတော့ သူ စက်ဘီးကို ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ သားငယ်က အားထည့်ပြီး စက်ဘီး ကို စနင်းသည်။ သူမှာ ထိုင်ခုံပေါ်မှာတောင် ထိုင်ဖို ့မမှီ။ သူမျက်နှာက စက်ဘီး လက်ကိုင်ကို ကျော်ရုံ။ သူ မတ်တပ်ရပ်ပြီးနင်းသည်။ မိခင် မိုးမိမှစိုးသောကြောင့်နင်းသည်။ စက်ဘီးလေး ဟိုယိမ်း ဒီယိမ်း နှင့် လမ်းမကြီးအတိုင်း သွားလေသည်။ မိုး မရွားသေး။ လျှက်စီများတော့ လက်လို ့ နေသည်။
--------------------------------------------------------
အကိုလတ် မင်္ဂလာ ဆောင်တော့မည်။ ငယ်ငယ်က ငါ့ကို အမေပြောပြဖူးတဲ့ အကြောင်းအရာလေး အမှတ်တရပေါ့။ အဲနေ ့က မိုးမမိခဲ့ကြ။

Thursday, September 18, 2008
Saturday, July 19, 2008
မေ့မရသော အာဇာနည်နေ့ 

၂ (မြန်မာလွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့  ဖို့  ဂျန်ပန်ပြည်မှာကွယ်
တကယ်ပဲအသက်နဲ့ လဲလို့  ဆင်းရဲ့ ဒုက္ခခံကာကြံစည်တယ်
သူရဲ့ ကောင်းရဲ့  ဗိုလ်အောင်းဆန်းနဲ့  အာဇာနည်တွေရယ်)
ငါဒို့ မြန်မာပြည် မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို့ သူရဲကောင်းမျိးမွေးရမယ်
ငါဒို့ မြန်မာပြည် မိဘအပေါင်းတို့ ကကွယ်
အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ်
အော်.. ဘုရင့်နောင်နဲ့  ရာဇာဓိရာစ်တို့ လို့ 
မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့ လိုကွယ်
မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့
မကြောက်တန်း မရွံတန်း
မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်
[ ၂ (ရာဇ၀င်.. အထ္ထုပတ္တိလည်းရှိရမယ်
မော်ကွန်း လည်းထိုးလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)
တိုင်းပြည်အကျိုးစွန်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ ဒို့ များကို ကျွန်တွင်းမှာကယ်
ဒို့ မြန်မာတွေစိုးမိုးဖို့  မျှော်ကြရှာလို့  ပေါ်လာတယ်]
၂ (မြန်မာနိုင်ငံ ထူထောင်ရန်တဲ့
မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
နေမျိုးဇာနည် မြန်မာပြည်လက်ရုံး
မြန်မာနိုင်လုံး ထင်ပေါ်စေတယ်
စိတ်အားသန်သန် မာန်ကို မလျှော့တဲ့
ငါဒို့ လူမျိုးတန်ခိုးရှိဖို့  သူရဲကောင်းတွေ ကြံစည်တယ်
တကယ်ပင် သတိုး မဟာဗန္ဒုလနဲ့ 
အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်
သားကောင်းများလို့ ခေါ်လောက်ရပေတယ်
ဥဒါန်းတွင်စေကွယ်
မြန်မာသူရဲကောင်းအပေါင်းတွေရယ်)
Thursday, February 7, 2008
နေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Subscribe to:
Posts (Atom)