နိဒါန်း။
နေပူပူအောက်က ဘောလုံးကွင်းအတွင်းမှာ ရောက်နေခြင်းဖြစ်သည်။
နှစ်ဖက်အသင်းသားများ နေရာယူကာ စတင်ကန်ကြလေသည်။ ကန်နေရင်းနှင့် ပထမဂိုးကို ရှူးလိုက်မိချိန်မှ သတိထားမိလိုက်သည်မှာ တဖက်အသင်းသားများသည် သီလရှင်များဖြစ်နေကြသည်။ တော်တော်အံ့သြသွားသည်။ သီလရှင်များက ဘောလုံးကောင်းကောင်း မကန်တက်ကြ။ တဖုန်းဖုန်းနဲ့ ရှူးခံနေရသည်။ ဒီဖက် အသင်းသားများက တဂိုးရှူးလိုက် လှောင်လိုက်ကြ၊ ပြောင်လိုက်ကြ လုပ်နေကြသည်။ ဘယ်နှစ်ဂိုးရှိနေပြီလည်းပင် မမှတ်မိ။ စိတ်တော့ မကောင်းမိသလို ခံစားရသည်။ ဒီလိုနှင့် ရုတ်တရက် အမှောင်ကြီးကျလာကာ ကောင်းကင်က မိုးကြိုးပစ်ချသည်။ ဘောလုံးကွင်းအတွင်းမှ မြေကြီးများလည်း အက်ကွဲကြောင်းများပေါ်လာသည်။ အားနည်းသူသီလရှင်တွေကို အနိုင်ကျင့် လှောင်ပြောင်သည့်အတွက် မြေမျိုခြင်း၊ မိုးကြိုးပစ်ခြင်းခံရမည်ဟု၏။ မည်သူက စပြောသည်မသိပါ။ လူတွေ ကြောက်လန့်တကြား အော်ကြသည်။ ဦးတည်ရာသို့ စွက်အတင်းကာရော ပြေးကြသည်။ မြေကြီးများ စတင်ပြိုကျသည်။ လူများလည်း ဒရောသောပါးလိမ့်ကျကုန်သည်။ ကြောက်ရွံခြင်းကြီးစွာနဲ့အော်သံ၊ မြေပြိုသံ၊ မိုးကြိုးပစ်သံတို့ဖြင့် မြင်မြင်သမျှ ဝုန်းဒိုင်းကြဲနေလေတော့သည်။
ဘာမှတွေးမနေနှင့်။
ကိုယ့်ကိုကိုယ် သတိပေးရင်း စတင်ပြေးလေတော့သည်။ ဘေးတွင် သီလရှင်မလေး နှစ်ယောက်လည်း ပါလာသည်။ ပြုံးပြလိုက်ပြီး ပြေးနိုင်မှလွတ်မယ်လို့အားပေးရင်း ကြုံးရုန်းပြေးကြသည်။ နောက်ပေ ၃၀ ခန့်အကွာနောက်မှ မြေပြိုခြင်းက တောက်လျှောက်လိုက်နေသည်။ ပြေးနေရင်းနှင့်ပင် မြေပြိုသည်က တဖြည်းဖြည်း နီးကပ်လာသည်။ နောက်လှည့်ကြည့်ရင်းတွေးမိသည်။ လွတ်ပါတော့မလား။ နောက်နားက လက်ခြင်းချိတ်ပြီးပြေးနေကြသော သီလရှင်မလေးနှစ်ယောက်ကို လက်လှမ်းဆွဲလိုက်ကာ အားကုန်ထည့်ပြီးဆွဲပြေးသည်။ ဘယ်နားရောက်လျှင် လွတ်မည်လဲ။ အဖြေမရှိ။ ပြေးစရာရှိတာပြေး။ သီလရှင်မလေး နှစ်ယောက်လည်း ဒရွတ်တိုက်ပြေးရင်း ပါလာသည်။ မြေပြိုသံက နောက်ကျောပြင်နားကို တဖြည်းဖြည်း ကပ်လာနေသည်ကို ခံစားနေရသည်။ နောက်ဆုံး ဆူည့ံသံတွေကြားမှာ အရာအားလုံး မည်းမှောင် လွှင့်ပျောက်သွားတော့သည်။
အားလုံးပြီးသွားပြီဟု အသိဝင်လာတော့ ခေါင်းထောင်ကြည့်လိုက်မိသည်။ ကုန်းမြေဖြစ်ခဲ့သော နေရာဒေသများအားလုံး ဘယ်ရောက်ကုန်ပြီလဲ။ အဆုံးမရှိသော ပင်လယ်ကြီးကိုသာ မြင်ရသည်။ ဟိုနားမနီးမဝေးမှာတော့ အနည်းငယ်ကြီးသော ကျွန်းလေးတစ်ခု။ ဒါဆို မသေသေးဘူး။ အားယူထလိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ကျူပင်တွေနှင့် ပြည့်နေသည့် ကျွန်းသေးသေးလေးတစ်ခု၏ တောင်ချွှန်းပေါ်တွင် ရောက်နေခြင်းဖြစ်သည်။ ဘေးနားတွင်လည်း လက်ဆွဲပြေးခဲ့သော သီလရှင်မလေး နှစ်ယောက် မေ့လှဲကျနေကြသည်။ အသက်ရှူနေကြသေးတော့ သူတို့လည်း မသေကြသေး။ ကျောက်နံရံကိုမှီပြီး ထိုင်နားနေလိုက်သည်။
ရေ။ ရေဆာသည်။ တောင်အောက်ဆင်း ရှာသည်။ အနည်းငယ်ခပ်ယူလာပြီး တောင်ပေါ်တက်လာတော့ သီလရှင်မလေးနှစ်ယောက်လည်း ပင်လယ်ပြင်ကြီးကိုကြည့်ပြီး အံ့သြနေကြသည်။ သူတို့လည်း အသက်ရှင်နေကြသေးတော့ ဝမ်းသာကြသည်။ ရေပေးလိုက်တော့ သူတို့နှစ်ယောက် အငမ်းမရသောက်ကြသည်။ ညစ်ပတ်ပေရေနေသောဝတ်ရုံနှင့် မျက်နှာများက သူတို့အလှကို မဖျက်ဆီးနိုင်။ သူတို့တွင် ကြည်နေသောမျက်လုံးများနှင့် ရိုးရှင်းသော အလှကို တွေ့ရသည်။ မျက်နှာကိုလွှဲလိုက်ပြီး ဘာလုပ်ရမည်ကို စဉ်းစားသည်။
ဟိုးမနီးမဝေးက ကျွန်းကြီးကို ကြည့်ရင်း ဒီကျွန်းလေးက သေးကြောင်း၊ တကျွန်းလုံး ကျူပင်တွေနှင့် ပြည့်နေကြောင်း၊ ကျွန်းကြီးဆီကို လှေလုပ်ပြီး သွားမှသာလျှင် အဆင်ပြေမည့်အကြောင်းတွေကို သီလရှင်မလေးနှစ်ယောက်ကို ပြောပြရသည်။ သူတို့နှစ်ယောက်က ဘာလုပ်လုပ် နောက်ကလိုက်လုပ်ကြမည့်ပုံပင်။ ဒီလိုနှင့် ကျူပင်တွေကိုသုံးပြီး လှေဆောက်ကြသည်။
ထိုအချိန်တွင် လှေတစီး ဒီကျွန်းဖက်ဆီ လှော်ခက်လာသည်ကို မြင်ရသည်။ လှေပေါ်တွင် ခြေသလုံးအကျပ် ဘောင်းဘီကို ဝတ်ထားသော ရှေးခတ်အင်္ဂလိပ်လူမျိုး တစ်ယောက်နှင့် အခြားဝေခွဲမရနိုင်သော လူတစ်ယောက်တို့ လိုက်ပါလာသည်။ သူတို ့လည်း ကျွန်းကြီးဆီသွားကြမလို့ဟု ပြောကြသည်။ လမ်းကြုံရင်လိုက်ခဲ့ဟု ဖိတ်ခေါ်သည်။ ဒါမျိုး မငြင်းကောင်း။ ဆောက်လက်စလှေကို ထားခဲ့ပြီး သူတို့နှင့်အတူလိုက်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် စုစုပေါင်း ၅ ယောက်သား ကျွန်းကြီးဆီသို့ ဦးတည် လှော်ခဲ့ကြတော့သည်။
ကျွန်းက လှပလွန်းလှသည်။ ရေစပ်မှ တောက်လျှောက်တက်သွားသော ကုန်းမြင့်မြင့်လေး တလျှောက် အုတ်လေးခါးလေးရှိလေသည်။ မထင်မှတ်စရာပင်။ ထိုလေခါး၏ အဆုံးတွင် အဆောင်ဆောင်တို့ဖြင့် တည်ဆောက်ထားသော အိမ်ရှိသည်။ ရှေးဟောင်း အင်္ဂလိပ်လူမျိုးကြီးက ဒီအဆောင်တွေထဲတွင် အလွန်အစွမ်းထက်သာ ရှားပါး ဓါးတစ်ချောင်းရှိသည်။ သူက အဲဒါကိုလာရှာခြင်းဖြစ်ကြောင့် ပြောပြသည်။ လှေကားထစ်တွေကို တက်ရင်း ဓါးအကြောင်း ပြောဖြစ်သည်။ ထိုဓါးသည် အလွန်အစွမ်းထက်ကြောင်း နားလည်လိုက်သည်။
အိမ်နားရောက်ခါနီးတွင် သီလရှင်မလေးနှစ်ယောက်နှင့် အင်္ဂလိပ်ကြီးရဲ ့နောက်လိုက်ကို အပြင်မှစောင့်ရန်မှာခဲ့ပြီး အိမ်ထဲဝင်သည်။ ဓါးကို နှစ်ယောက်ခွဲရှာကြသည်။ နောက်ဆုံး ကျောက်နံရံ အံ့ဝှက်ထဲတွင် သိမ်းထားသော ဓါးကို ရလေသည်။ သံကျေးတက်နေသော ဓါးကို ကိုင်သွယ်ပွတ်သပ်ကြည့်နေတုန်း အင်္ဂလိပ်ကြီးက သူ၏ ရှေးဟောင်းတလုံးထိုးသေနပ်ဖြင့် ချိန်ကာ ဓါးပေးရန်တောင်းဆိုလေသည်။ ဒီဓါးသည် ကိုယ်ရသည်ဖြစ်၍ မပေးနိုင်။ ထိုဓါးဖြင့် ပြန်ချရန်လုပ်မိသည်။ ထူးဆန်းစွာပင် အင်္ဂလိပ်ကြီးက ကြောက်သွားကာ မင်းနဲ့ထိုက်တန်လို့ရတာ။ ငါ မယူဝံ့ဘူးဟု ပြောရင်း ထွက်သွားလေသည်။
အပြင်ပြန်ထွက်လာသောအခါ သီလရှင်မလေးနှစ်ယောက်လည်းမရှိတော့။ ဒီလိုနှင့် နေ ့မြင် မိုးချုပ် ဦးတည်ရာမဲ့လျှောက်သွားခဲ့သည်။ ဘယ်ဒေသတွေ ရောက်နေမှန်းလည်း မသိ။
တညနေ နေဝင်ရိုးရီမိုးချုပ်ခါစအချိန်တွင် သစ်ပင်အောက်မှာမီးဖိုနေရင်း ကောင်မလေးသုံးယောက် တည့်တည့်လျှောက်လာသည်။ ရှေဆုံးက မျက်နှာကို ပါ၀ါပါးလေးလေးဖုံးထားသော ကောင်မလေးက အဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး ကျန်နှစ်ယောက်က အနီရောင်ကို ဝတ်ထားသည်။ ဘာလုပ်ရမှန်းမသိတော့ ခပ်အေးအေးပဲ ထိုင်ကြည့်နေမိသည်။ သူတို့ဘာလုပ်မည်မှန်းလည်း မသိကိုး။ ခြေလှမ်း ဆယ်လှမ်းအကွာလောက်တွင် ရပ်သွားကြပြီး ၀ိုင်းကြည့်နေကြသည်။ ထိုင်လေဟု ဖိတ်ခေါ်မိတော့ ထိုကောင်မလေးက ရယ်လေသည်။ ပြီးတော့ ကပြမယ် ကြည့်မလားဟု မေးလာသည်။ မိန်းကလေးတယောက်ကပြတယ်ဆိုတာ ကြည့်ကောင်းတဲ့ ကိစ္စပဲ။ ပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။
ကသည်။ အဲဒီကောင်မလေး ကသည်။ ပြီးတော့ သူ့နောက်က နှစ်ယောက်လည်းလိုက်ကသည်။ တော်တော်လှသည်။ တသက်လုံးတွင် အကောင်းဆုံးအက၊ ဆွဲဆောင်မှုအရှိဆုံးအက၊ မမေ့နိုင်တော့မည့်အက ကို မြင်ဖူးခြင်းဖြစ်သည်။ ရင်ခုန်ဖို့ မေ့လျှော့နေသည်။ ကောင်မလေးက မျက်နှာပေါ်က ပဝါပါးပါးကို ဖယ်လိုက်တော့ လှပလွန်းသည်။ ဝတ်ရုံတွေ လွင့်နေသည်။ လက်တွေဝဲနေသည်။ ကိုယ်ခန္ဒာတွေ လုပ်ရှား ယိမ်းနွဲ့နေသည်။ မျက်နှာပေး ကောင်းလွန်းသည်။ ခြေထောက်တွေ ပျော့ပြောင်းသည်။ နောက်က ကောင်မလေးနှစ်ယောက် ရပ်လိုက်သည်။ ဘယ်နှပတ်မှန်းမသိ ခန္ဒာကိုယ်ကို လှည့်ပတ်ပြီးတော့ သူလည်း ရပ်လိုက်သည်။ ရင်ထဲတွင် မောလျှ ကျေနပ်နေသလိုပင်။ သူတို့အကတွင် အငိုက်မိသွားသည်။
နောက်က ကောင်မလေးနှစ်ယောက် ဘယ်ထွက်သွားမှန်းမသိလိုက်။ အဖြူရောင်ဝတ်စုံနှင့် ကောင်မလေးသာကျန်ခဲ့သည်။ သူက ထိုင်ရာမှမထမိ။ အံ့အားသင့်နေတုန်းပင်။ ထိုအခိုက် ကောင်မလေးက ကြည်ပြုံးနေသောမျက်လုံးများနှင့် ရင်ဝတ်လွှာကို ဆွဲခွာချလိုက်သည်။...........။
==============++++++++++++++++++++++++++++==========================
အခန်း(၁)။
အဲဒါ ဇာတ်လမ်းအစအဆုံးဖြစ်သည်။ ရေကန်ဘေးမှာ ရေခွက်ကိုကိုင်ပြီး ဦးနှောက်နှင့် မှတ်ညဏ်ကို သူအကြီးအကျယ် အလုပ်ပေးနေသည်။ မျက်နှာသစ်ဖို့ပင် သတိမရသလို။ ညက အိမ်မက်ထဲတွင် ကောင်မလေး ရင်ဝတ်လွှာကျသွားချိန် သူဘာမှ မမြင်ခဲ့ရ။ အိမ်ယာမှ လန့်နိုးလာသည်လည်း မဟုတ်ဘဲနှင့် အိမ်မက်က မှောင်သွားကာ ပြီးဆုံးခဲ့သည်။ လုံးလုံးမကျေနပ်မိ။ လန့်နိုးလာသည်ဆိုလည်း ထားဦး။ အခုတော့။ ဘယ်လောက်ပင် စဉ်းစားစဉ်းစား ဒါပဲ ဖြစ်သည်။ ကောင်မလေး ရင်လွှာလျှောချလိုက်သည်။ ပြီးတော့ ချက်ခြင်းလိုလို မှောင်သွားက အိမ်မက် ပြီးသွားသည်။ ဒီထက်မပိုတော့။
ဇာတ်သိမ်း။
ဒီလိုနှင့် အဲဒီမနက်က လက်ဘက်ရည်ဆိုင်သို့သာ ရူးသိုးသိုးနှင့် ထွက်ခဲ့မိတော့သည်။
-----------
နတ်ဆိုး
5/1/09
Showing posts with label စိတ္ကူး. Show all posts

Sunday, June 21, 2009
Saturday, April 4, 2009
အရှိန်တင်ပြီး သွက်သွက်လှမ်းလိုက်သည်။ မိုးအုံ့မနေသော အပူပြင်းပြင်းနံနက်ခင်းက ခံစားချက်ကိုပိုမိုလှုံ့ဆော်လာစေသလိုပင်။ ကျောပိုးအိပ်နဲ့ ကပ်နေတဲ့ကျောပြင်တစ်ခုလုံး ချွှေးစို့လာသည်။ ၁ဝမိနစ်လောက်လျှောက်ရသော ဒီလမ်းခရီးသည် ဒီနေ့မှ ပိုမိုအလှမ်းကွာဝေးနေသလို။ နွေရာသီနံနက်ခင်းလို့ပြောလို့ရသည်လား။ မသိပါ။ ဒီပုံမျိုးနှင့်ဆို နေ့လည် ချစ်ချစ်တောက်ပူမည်ဟုရော ပြောလို့ရမည်လား။ မသေချာ။ ရာသီဥတုက အပြောင်းအလဲမြန်လွန်းလှသည်။[မိန်းမနှင့် ရာသီဥတု အတော်တူသည်ဟုတော့ ကြားဖူးသည်။ ဒါလည်း ဟုတ်မဟုတ် မသိ။] မနက်နေက ပြင်းပြင်းထန်ထန်ပူပေမယ့် နေလည်တွင် မိုးတွေရွာ၊ မိုးကြိုးတွေ အကြီအကျယ်ပစ်နေတက်တာတွေက ရိုးနေပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက သစ်ရွက်တွေကြွေနေတော့ နွေဦးဟု ကြည်ကြည်နူးနူးတွေးမိလိုက်သည်။ နှစ်ရက်လောက်ပဲကြာသည်။ နှစ်ပတ်လောက် မိုးဆက်တိုက်ရွာလေသည်။ ဒီတော့လည်း လှလှပပမိုးကြိုးပစ်၊ လျှက်စီးလက်နေတာကို ဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့သေးသည်။
ခံစားချက်က တစ်ကိုယ်လုံးကအကြောအချဉ်တွေကို တင်းမာလာစေပြန်ပြီ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ နားသယ်မှ ချွှေးစေးတို့စီးလာသည်။ တကယ်တမ်းတွင် ချွှေးထွက်မှုနည်းသည်ဆိုတော့ ဒီလိုချွှေးပြန်လာတာ ကျန်းမာရေးအတွက် ကောင်းမည်ထင်သည်။ လှုပ်ရှား အားကစားတမျိုးမျိုးမလုပ်ပဲနှင့် ချွှေးထွက်လေ့မရှိ။ ကိုယ်ခန္ဒာ အနှံ့မထွက်သော လူမျိုးဟု ကျေနပ်ခဲ့ဖူးသည်။ စိတ်မောလှစွာနှင့် ကြည်လင်နေသောကောင်းကင်ကို မော့ကြည့်လိုက်သည်။ လေပူတွေကို တစ်ချက်မှုတ်ထုတ်ပြီး အသက်ပြင်းပြင်းတချက် ရှူလိုက်သည်။ အောက်စီဂျင်ရလျှင် ဦးနှောက်ကပိုပြီးလန်းဆန်းလာတက်သည်မဟုတ်လား။ ဒါဆို ထိန်ချုပ်အားလည်း ပိုကောင်းလာပေမည်။
ပြသာနာက ညညအိပ်ရာဝင်နောက်ကျခြင်းကစသည်။ အိပ်ရာဝင်နောက်ကျတော့ အိမ်သားအားလုံးက မနက်ဆိုလျှင် အိပ်ရာထနောက်ကျသည်။ ပြိုင်တူနီးပါးထကြတော့ ရေးချိုးခန်းဝင်ဖို့ တန်းစီစောင့်ရသည်။ နောက်ဆုံးမှ အမြဲဝင်ရပြီး နောက်မကျရေးအတွက် အလျှင်အမြန်ရေချိုးရသည်မှာ နေစဉ်ဖြစ်နေကျအဖြစ်အပျက်ဖြစ်သည်။ ဒီနေ့လည်း မထူးခြားနား။ အလုပ်နောက်မကျရေးအတွက် ဒီလိုလုံးပန်းကြရသည်။ ဟိုသီချင်းထဲကလိုဆိုရလျှင် မဟာလူတန်းစားအိမ်မက်များနှင့် အိပ်ခန်းထဲမှာ တံခါးပိတ်ပြီးကျိတ်ငိုနေရသော ဘဝများပင်ဖြစ်မည်။
နေရောင်ကိုလှန်ပြီးကြည့်မိတော့ တဖက်လမ်းမှကောင်မလေးတစ်ယောက် ဖြတ်ကူးလာသည်ကိုတွေ့သည်။ မြန်မာလူငယ်တွေ အသုံးပြုနေသော အသုံးအနှံးနှစ်မျိုးရှိသည်။ အလန်းလေး နှင့် အလန်လေး။ ဒီတစ်ယောက်ကတော့ အတော်ကိုအလန်းလေးဖြစ်ပြီး နည်းနည်းလန်လေသည်။ လန်းခြင်းသည် ကောင်းမွန်ခြင်းဖြစ်ပြီး၊ လန်ခြင်းကတော့ ကြည့်ကောင်းပြီး မြင်မကောင်းသောအရာဟုဆိုလျှင် မှန်မည်လားမပြောတက်။ တော်တော်ကိုပြေပြစ်လှပသော ကောင်မလေးဖြစ်သည်။ စကဒ်တိုတိုလေးနှင့်၊ စွတ်ကျယ်ဟုပဲခေါ်ရမည့်အဝတ်ကို အနက်ရောက်အပေါ်ထပ်လေးနှင့်တွဲဝတ်ထားသည်မှာ ကြည့်ကောင်းလေသည်။ ဒီမှာတော့ ကောင်မလေးတော်တော်များများ ခြေထောက်လှကြသည်။ အရပ်မြင့်ကြသည်။ ဝတ်စားဆင်ယင်တက်သည်။ ခါး၊ရင်၊တင် စသည်ဖြင့်ပြောလျှင်တော့ နားဘူးကျသည်ဖြစ်တော့မည်။ မျက်နှာကတော့ အတော်တော်များများ "ချစ်စရာကောင်းသည်" ဖြစ်ကြပြီး လှပသည်ကရှားလေသည်။
ရောက်လာသော မြန်မာသူငယ်ချင်းတွေကို ပြောရလေ့ရှိသည်။ ဒီလှပဂေးလေးတွေကို ဂေါ်တောမျက်စိ နှင့် မကြည့်ဖို့။ မမြင်ဖူး၍လည်းကောင်း၊ နားမလည်သောကြောင့်လည်းကောင်း မြန်မာပြည်တွင် ဒီလောက်မကြည့်ဖြစ်ကြပေမယ့် ဒီရောက်တော့ကြည့်မိကြလေသည်။ ဒီလူမျိုးတွေ တဏှာရူးကြသည်ဟု ထင်ခံရခြင်းမဖြစ်ဖို့လိုသည်။ အရိုုင်းအစိုင်းဟုဆိုလျှင်တော့ လူသားဆန်သော၊ လွတ်လပ်သော ယဉ်ကျေးမှုတရပ်ပဲဖြစ်သည်။
အတွေးမှမဆုံးသေး ရုတ်တရက် လှုံ ့ဆော်မှုကသိသိသာသာဖြစ်ပေါ်လာပြန်သည်။ ထိန်ချုပ်ထားရသည်အတွက် သွေးလည်ပတ်မှုက ပြင်းထန်မြန်ဆန်နေပေလိမ့်မည်။ ကြွက်သားများလည်း မာကျောတောင့်တင်းနေပေမည်။ တောင်ရောက်မြောက်ရောက်အတွေးတွေကြောင့် ခဏမေ့ပျောက်နေပေမယ့် သဘာဝတရားက လွန်ဆန်ဖို့မဖြစ်နိုင်။ ဟိုးရှေးနားဆိုလျှင်တော့ရောက်ပြီ။ လှုပ်လီလှုပ်လဲ့မဟုတ်ပေမယ့် ဆွဲဆောင်မှုရှိစွာလျှောက်သွားနေသည် ကောင်မလေးကို ကျော်တက်လိုက်သည်။ ရေမွှေးန့ံသင်းသင်းလေးက အနည်းငယ်တော့ အကြောအချဉ်များပြေလျှော့သွားစေသည်။
ခြံဝင်းထဲကိုဝင်လိုက်တော့ အစွမ်းကုန်ဆန္ဒပြနေပြီဖြစ်သည်။ အဆောက်အအုံတံခါးကိုဖွင့်ပြီးဝင်လိုက်သည်နှင့် လေးအေးပေးစက်ဖြင့် အေးစက်နေစေသော ခန်းမကြီးကဆီးကြိုသည်။ ဒါပေမယ့် ဒီအပူမျိုးကို သူလည်းအေးမျှအောင်မလုပ်ပေးနိုင်။ ကဒ်ကို လုံခြုံရေးဝန်ထမ်းကို ပြလိုက်ပြီး ဟိုးရှေ ့ကဒေါင့်ချိုးလေးဆီကို အပြေးတပိုင်နှင့်လျှောက်သွားလိုက်သည်။ အပေါ်ကိုတက်နေကျဓာတ်လေကားကိုကျော်ပြီး ဒေါင့်ချိုးကိုကွေ့လိုက်ချိန်မှာ ဘဝကြီးတစ်ခုလုံးမှောင်မိုက်သွားတော့မယောင် ခံစားလိုက်ရသည်။ တင်းထားစမ်း။ အားတင်းမိသည်။ ကမ္ဘာ့နေရာအနှံ့အပြားမှာတွေရလေ့ရိသော မတ်တပ်ရပ်နေသည့် အမျိုးသားပုရိသတယောက်၏ဟန် ဆိုင်းဘုတ်လေးကတော့ ခေါင်းအထက်မှလျှင်မြန်စွာ ကျန်ရစ်ခဲ့လေသည်။
ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရခြင်းသည် မည်မျှပင်ပန်းနွမ်းနပ်သည်ဆိုတာကို ထိုအရာကို အောင်မြင်စွာလွတ်ချနိုင်တော့မှ အေးအေးဆေးဆေးပြန်တွေးနိုင်တော့သည်။ သို့သော် ထိုအချိန်မျိုးတွင် လောကကြီးတစ်ခုလုံးက ပေါ့ပါးပြီးအဓိပ္ပါယ်ရှိနေလေသည်။ ကျေနပ်လွတ်လပ်ခြင်းများက တကိုယ်လုံးပျံ ့နေလေသည်။ စောစောကထွက်ခဲ့သောချွှေးစေးတို့ တဖြည်းဖြည်း လျှော့နည်းသွားသည်။ ခေါင်းကို လက်နှစ်ဖက်နှင့်အုပ်ပြီး စိတ်လွတ်လက်လွတ် ဖြေလျှော့နေမိသည်။ သန့်ရှင်းခြောက်သွေ့သော ရေအိမ်ကလည်း စိတ်ချမ်းသာစရာပင်ဖြစ်သည်။ ဘဝကြီးသည် တခါမှဒီလောက် အဓိပ္ပါယ်ရှိလှသည်ဟု မခံစားခဲ့မိဖူးသလိုပင်။ ဒီလိုစိတ်အခြေအနေမျိုးသာ အမြဲတမ်းဖြစ်နေခဲ့မည်ဆိုလျှင် ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်နိုင်လောက်သောအောင်မြင်မှုမျိုးသည် ကိုယ်နှင့်ဝေးကွာနေမည်မဟုတ်တော့။ ဘဝတွင်အောင်မြင်လိုလျှင် အိမ်သာတက်ပြီးသောအခါ ပေါ့ပါးကျေနပ်သော၊ လွတ်လပ်သော၊ အဓိပ္ပါယ်ရှိသော စိတ်ဓာတ်မျိုးနှင့်လုပ်ကိုင်ဟု ညီငယ်၊ ညီမငယ်တွေကို ပြောဆိုဆုံးမရမည်။
ဒီလိုနှင့် အိမ်သာထိုင်ကမုတ်ပေါ်မှနေ၍ အဓိပ္ပါယ်ပြည့်ဝသော မနက်ခင်းတစ်ခုကိုဖြတ်သန်းနေမိသည်။ အတွေးတစ်ခု ဖျက်ခနဲ့ပေါ်လာသည်။ ခုနကတွေ့ခဲ့သော စွဲမက်ဖွယ်ရာ၊ လှလှပပကောင်မလေးလည်း အိမ်သာထဲတွင်ထိုင်နေလျှင် ဒီလိုပင်ဖြစ်နေလိမ့်မည်။ စိတ်ထဲတွင် တမျိုးကြီးဖြစ်သွားသည်။ တော်ပြီ။ တော်သင့်ပြီ။ စောစောစီးစီး ရပ်ထားတာကောင်းမည်။
ရပ်သွားသည်ဟု ယုံကြည်ရလေသည်။ ။

Tuesday, February 10, 2009
တညနေ ကျွန်တော် ရုံးကနေ အိပ်ပြန်လာခဲ့တယ်။ ညို့နေတဲ့ မျက်ကွင်းနဲ့ အရာရာဟာ အားအင်ဖျော့လျှော့စွာ မြင်နေရတာမျိုးပေါ့။ တလမ်းလုံးလည်း အရူးမီးဝိုင်းနေကြတာဆိုတာ့ ပြောစရာလည်းသိပ်မရှိပါဘူး။ ခြေလှမ်းတွေကို တည်ငြိမ်အောင်ထိန်းလိုက်တယ်။ လမ်းတလျှောက်မှာ နောက်ကောက်ကျကျန်နေခဲ့မှာ စိုးလိုထင်ပါရဲ့ ဘေးနားကဖြတ်သွားသူတွေကတော့ အရှိန် အမြန်တင်လို့ ။ အဖြေကသိပြီးသားပဲ။ သွားနှင့်ကြပါစေ။ တစ်.... နှစ်......... သုံး.......... လို့ စိတ်ထဲက တိတ်တိတ်လေး ကြိတ်ရေလိုက်ပြီးတော့ ခေါင်းမော့လိုက်တယ်။ ညောင်းညာနေတဲ့စိတ်က ဇတ်ကို အလိုလိုပြန်ငိုက်စင်း လာစေခဲ့တယ်။ တကယ်တော့ တဘဝလုံး တစ်၊ နှစ်၊ သုံးလို့ ရေခဲ့ရပေါင်းလည်းများပြီ။ ဆက်ပြီးလည်း ရေတွက်နေရဦးမှာပဲ။ လိုအပ်ချက်ဆိုတာ အကြိမ်းများစွာလုပ်ပြီးတိုင်း မလုပ်သင့်တောဘူးလို့မှ မဟုတ်ပဲလေ။ အထပ်ထပ်အခါခါ လုပ်ဆောင်ခြင်းမှာ စွမ်းအားတော့ ရှိမပေါ့။
အမှန်ဆို အဲဒီီညနေဟာ လေလည်း ဖြူးဖြူးတိုက်တယ်။ နေဝင်ချိန်ကလည်း လှတယ်။ အလုပ်တွေလည်း ကောင်းကောင်းပြီးခဲ့တယ်။ ရုံးပြန်ချိန်ဆိုတာလည်း လန်းဆန်းနေရမယ်လေ။ ဘာလို့လဲ။ တခါတလေ မေးခွန်းတွေ မေးပြီး ၊ အဖြေတွေ ဖြေနေတာမျိုးဟာ အဓိပါယ်မရှိဘူး။ ပေးချက်တွေ ပေးပြီး အဖြေရှာရတာ ပျင်းစရာကောင်းတာမျိုး။ အကြောင်းအရာတွေဟာ ပစ်ပစ်ခါခါရော လုပ်ကောင်းရဲ့ လား။ ဒါမှမဟုတ် တဘဝလုံး သက်သက်သာသာပဲ နေခဲ့မိတာများလား။ မျက်နှာတွေရော အများကြီးရှိခဲ့တာလား။ စိတ်တွေပဲ ထွေပြားခဲ့တာလား။ မျော်လင့်ချက်တွေ တင်းထားခဲ့တာလား။ လုပ်ခဲ့သမျှပဲ အချီးအနှီးဖြစ်ခဲ့တာလား။ မေးမိပြန်ပြီ။ ဟန်ဆောင်ရာ ကမ္ဘာမြေ ဆိုတော့လည်း။ ခေါင်းတွေလည်း လေးလာတယ်။ လှမ်းနေတဲ့ ခြေထောက်တွေလည်း နွမ်းလာတယ်။ သေချာတာကတော့ ဟိုအဝေးမှာ ငှက်တအုပ် ပျံသန်းသွားခဲ့တယ်။
လမ်းဒေါင့်ကို ချိုးလိုက်တော့ ထိုင်သူမရှိတဲ့ ခုံတွေ စီတန်းနေတာကိုမြင်လိုက်ရတယ်။ ရှေ့မှာတော့ ကွင်ပြင်ကျယ်ကျယ် ကုန်းစောင်းလေးတစ်ခု။ ကုန်းစောင်းမြက်ခင်းပေါ်သွားလှဲလိုက်ပြီးတော့ လှပလန်းဆန်းနေတဲ့ ကောင်ကင်ကိုကြည့်မိတယ်။ နေဝင်ချိန်ဆိုတော့ အရောင်တွေ စုံတာပေါ့။ ပြုံးမိသေးသလားပဲ။ဒီမျက်လုံးတွေ မှိတ်ဖို့ တန်ပြီ။ တစ်.... နှစ်......... သုံး.......... လို့ စိတ်ထဲမှာ ရေလိုက်တယ်။ ပြီးတော့ မျက်လုံးတွေကို အသာအယာမှိတ်ပြီး အသက်ကို မှန်မှန်ရှူနေလိုက်တယ်။ အရာရာဟာ တဖြည်းဖြည်းချင်း ငြိမ်သက်ကျဆင်းသွားသလိုပဲ။
အဆုံးမရှိတဲ့ လွတ်လပ်နယ်ဟာ တသားတည်းပဲလေ။

Sunday, January 25, 2009
"ကော်ဖီတစ်ခွက်လောက် သောက်ရရင် ကောင်းမယ်။ "
သူ ဖတ်လက်စစာအုပ်ကို မြေကြီးပေါ်ချရင်း ပြောလိုက်သည်။ နွေလည် နေ့ခင်းက ပြင်းပြင်းထန်ထန်ပူသည်။ လေရူးက သူသာမဟုတ် လူကိုပါ ရူးအောင်လုပ်နေသလိုပင်။ မလှမ်းမကမ်းတွင် ကောင်းကင်သို့ ဆန့်ဆန့်တန်းတန်း ထွက်နေသောအပင်မှ လက်ပံပွင့် နီနီရဲရဲတို့ အုပ်စုလိုက် ကြွေနေကြသည်။ ဒီ ကုက္ကိုလ်ပင်ကတော့ အရိပ်ကောင်းကောင်း ပေးလေသည်။
အညှောင်းအညာ ဆန့်လိုက်ပြီးတော့ ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာတပိုင်းတစကို သူ ခပ်ကျယ်ကျယ်ဆိုလိုက်သည်။ အပျင်းရောဂါ စွဲကပ်လာ မြန်စွာ ကုဖို့ပြင်၊ မကုစားပဲ အပျင်းစွဲ ငမွဲ ငနုံပင်။ ရယ်ကျဲကျဲဖြစ်နေသော မျက်နှာနှင့် ကောင်းကင်မှ လွင့်မျောနေသော တိမ်တို့ကို ကြည့်နေလိုက်သည်။
"ရန်လုံတောင် မင်းလောက်မပျင်းဘူး။ "
ဒါတော့ ဒီကောင် အတိဿယဝုတ္တိ အလင်္ကာသုံးခြင်း ဖြစ်မည်။ နိယာမ အကြောင်းများထဲတွင် ဥတုနိယာမဆိုတာ ရှိသည်။ ဥတု၏ သက်ရောက်မှုကို ခံရခြင်းဖြစ်သည်။
"ဒီလိုနေ့မျိုး မပျင်းလိုက်ရရင် လူမဟုတ်မှာ စိုးရတယ်။ ပျင်းစရာရှိရင် ပျင်းမှကွ။ နောက်ပြီး ပျင်းတဲ့လူတွေက အသိညဏ်ပိုရှိတယ်လို့ ငါထင်တယ်။"
တကယ်တော့ ရန်လုံးလည်း ပျင်းပျင်းနှင့် အိပ်ပျော်နေသည်မှာ ခြေနှစ်ချောင်းတောင် မိုးပေါ်ထောင်လို့ နေပြီ။ ဒီလို အချိန်အခါမျိုးတွင် ဘဝဆိုတာ တွေးကြည့်မိလျှင် ဘာမှ မဟုတ်တော့ သလိုပင်။ ဆန္ဒဇောများဖြင့်လုပ်ဆောင်ခဲ့သော အရာတွေသည် အဓိပ္ပါယ်မရှိတော့သလို ခံစားရသည်။
ချွေးသံရွဲရွဲနှင့် ရေခဲချောင်းသည်ကြီး စက်ဘီးနင်းလာသည်ကို မြင်တော့ သူ့ရေခဲချောင်းတွေ စားလို့ကောင်းမှာပဲဟု မဆီမဆိုင် တွေးမိသည်။ နို့အေးထုပ် နှစ်ထုပ်ဝယ်လိုက်သည်။ ရေခဲချောင်းသည်ကြီး အဝေးရောက်ပျောက်သွားပြီးမှ ရန်လုံအိပ်ရာနိုးလာကာ အမြှီးလာနန့်လေသည်။
"၂ ထုပ်ပဲရှိတာဟ။ မင်းကျွေးလိုက်။ မင်းက ရန်လုံကို ပိုချစ်တယ်။"
"ရန်လုံက မင်းနားကတောင်းနေတာပဲ။ မင်းကျွေးလိုက်ပေါ့။"
အချီအချ ငြင်းခုန်နေကြပေမယ့် ရန်လုံက မျော်လင်ချင်အပြည့် ဖြင့်မျော်ကြည့်နေဆဲ။ သူ့သခင်တွေကို ယုံပုံရသည်။ သခင်တွေကတော့ ဒီလိုနေ့လည်မျိုးမှာ ဒီနို့အေးထုပ်ကို မစွန့်လွတ်နိုင်။ သူကျွေး ငါကျွှေး ဖြင့် သခင်တွေ တွက်ကပ်နေသည်ကို ရန်လုံ သိလျှင် သူသစ္စာ စောင့်သိရသည်ကို နောင်တရနေမလားမသိ။ နို့အေးထုပ်ကို တချက်ကိုက်လိုက်တော့ ရန်လုံက သူလည်း စားချင်ကြောင်း အသံထွက်လာသည်။
"ဒီလိုလုပ် ငါတဝက်စားပြီး ကျန်တာ ရန်လုံကို ကျွေးမယ်။ မင်းလည်း တဝက်ကျွေး။ ဒါဆို အတူတူပဲ။"
"အေး ရတယ်။"
ဒီလိုနှင့် ရန်လုံက ၁ ထုပ်စားပြီး သခင်များက တဝက်ဆီစားလိုက်ကြသည်။ အာသာပြေသလိုဖြစ်သွားသော စိတ်ဆန္ဒများက နွေရာသီနေ့လည်ခင်းကို ကောင်းကောင်း ကြည့်နိုင်သွားကြသည်။ ဘေးနားမှာ ပေါက်နေသော ရိုးတံရှည်မြက်ပင်ကို ယူပြီးကိုက်နေလိုက်သည်။ သည်မြက်ပင်လေးများ တော်တော်လှသည်။
နွေရာသီ အပူရှိန်ကြောင့် မြေပြင်မှာ တံလှပ်ထသည်။ ဟိုးအဝေးဆီမှ လေတံခွန်လေး တစင်းကလည်း ဝဲလိုက်၊ ၀ိုက်လိုက် လုပ်နေသည်။ ရန်လုံကတော့ လျှာကြီးထုတ်ပြီး အသက်ပြင်းပြင်းရှူကာ အအေးခံလို့ ကောင်းတုန်း။ ကောင်းကင်ပြာပြာမှာ လေယာဉ်ပျံတစ်စီးဖြတ်သွားသည်။ အဖြူရောင် အငွေ့တန်းကြီးက လေယာဉ်နောက်တလျှောက် အရှည်လိုက်ကျန်ရစ်ခဲ့လေသည်။ မနီးမဝေးဆောက်လက်စ တိုက်ပေါ်မှာတော့ အလုပ်သမားတွေက နွေရာသီဆိုတာကို ဂရုမစိုက်အားကြ။ တခါတလေ ဖြတ်သွားသော ထော်လာဂျီသံမှလွဲ၍ လေရူးတိုက်သောကြောင့် သစ်ရွက်တွေတိုးသံသာ ထင်ထင်ရှားရှား ကြားနေရသည်။
နတ်ဆိုး
ဇန်နဝါရီ ၂၅ ၂၀၀၉

Wednesday, January 14, 2009
It was around 3 am when a terrible dream made me woke up. By the time I opened the eyes, I felt that I was deep in the heavy sweat, and thirsty. My hand was sticking out for the water bottle, and after drinking seriously a half of it, I could take all those bloody feelings out with a sigh as I realized it was a dream. Luckily, the room was not also scary with the complete darkness because the faded light from the outside got through the window, and it made me ease a little. The night was decorated with silence except the fade and harsh sounds from a distance made continuously, for a while, by the insects.
What a terrible dream it was.
I looked through the window and saw the world was falling asleep. The lanes were lit up by multiple neon lights but there was no sign of any creature - even a dog or an angel. I let the breeze to cold down my body, and stared blindly for a few moments at the front space. I still felt a bit dizzy because of the evening heavy drink. I took the wallet, mobile, and got out of the room. It was like going to rain at outside as I was walking along the road.
Get out! A dream is just a dream. Nothing more! I tried not to think about the dream again. I got an idea to call to Nway Mon, a girl who really knows me well, and would like to talk to her. I believed it would appease the feeling of frightening. I pressed the number, but stopped at the half as I knew she would be falling asleep by that time. I did not want her to worry and to sit the whole night for me.
That is why I am here alone at this time. I lust for the cigarette but forget it in the room. Suddenly, I get the memory back that there is one in my jean pocket, I placed it in the afternoon. Yes, there is. By taking several puffs, I feel like happy, get forgetting about the dream for the time being though the cigarette is nearly broken. Mum does not like smoking, drinking and doing all the bad things. I have never been a good boy to her, I sigh. I miss you, Mum.
The whole city is trying to get the darkness away, or the darkness is trying to get the whole city away. Who knows? Perhaps, it is the beauty, or perhaps, it is a sin city. Sin City? I suddenly remember a girl who sat together, look to the sky together, and was telling nearly the whole night about her sin life.At last, she lay down to me, cried, and said sorry, but I was unable to make her feel well though I tried. I still recognize her eyes; the eyes showing me the passion: the eyes telling me about the compassion: the eyes reminding me to the sin. We were talking a lot that night. What will she be doing now? She might be still paying or suffering for her sin. I suddenly feel sad. The city is getting darker. Is it the same as in my dream? Is it going to happen? It is coming. I throw the cigarette away and waiting for it.
I get my consciousness back as the raindrops start touching to my skin. I do not know how long I have been sitting here. It is raining now, isn't it? I lie back and face to the sky - from where the drops come down. They are cold, and soft, but try to show that they cannot be negligible by speedy touching. It seems like the most pleasant rain I have ever seen. I close the eyes and free myself with it.
Dream is just a dream after all.
(It can neither make a life to evil nor... who can say dream comes true?).
NattSoe
တပတ်ကို ၁ ပုဒ် အင်္ဂလိပ်လို့  ရေးမယ်လို့  တွေးထားပေမယ့် မလုပ်နိုင်ခဲ့ဘူး။ အင်္ဂလိပ်စာကလည်း တအားညံ့တော့ ဘာလုပ်ရမှန်းကိုမသိဘူး။ ရေးချင်ရာ လျှောက်ရေးတာတောင် မဖြစ်တော့ ခတ်ပ။ တက်စရှိက တက်ချင်ချင် လို့ ဆိုထားတော့ အားတင်းပီး လုပ်နေရတာပဲ။ ဖတ်ပီး ဘာတွေလည်းလို့ မမေးနဲ့  ကျွန်တော်လည်း မသိဘူး :D။
[update for learning English: put some commas, dashes, semi-colons, colons for better reading. 11Mar2009

Saturday, April 19, 2008
“ ကြည့်ပြီး အားကျရတာ မောလာပြီကွာ။ "
ပြောပြီးတော့ သူ စာကို ငုံ့ပြီး ဆက်ဖတ်နေသည်။
၁၀ ကျော်သက်အရွယ် စကတည်းက တစ်ခုပြီး တခုအားကျခဲ့တာ အခုဆို တော်တော် များလှပြီ။ ဘီဂိတ်၊ အမေရိကန်သမ္မတ၊ simple plan၊ scorpions၊ yanni ၊ဘက်ခမ်၊ ရွန်နီ၊ စီရော်နယ်ဒို၊ ဂျီးလ်လတ် (the blue no where ထဲက ဟတ်ကာဖြူ) ၊ လင့်ကူချုံး၊ ၁၃ ချောင်းမြှောက် ဓါးပျံ။
“ဟုတ်တယ် ။ ငါတို့ လုပ်ချင်တာကို ၊ စိတ်အစွဲအလမ်း မရှိပဲ၊ အာရုံမများပဲ လွတ်လွတ်လပ်လပ် လုပ်ရမဲ့ အချိန်ဖြစ်နေပြီ။ ကလေးတွေလို ဟိုဟာ မြင် ဟိုဟာ ဖြစ်ချင်၊ ဒီဟာ မြင် ဒီဟာ ဖြစ်ချင်လို့မရတော့ဘူး။”
လွန်ခဲ့တဲ့ အပတ်က ဘုရားမှာ ကန်တော့ ပြီး ဆုတောင်းဖို့တွေးမိတော့ မထင်မှတ်ပဲ ဘဝရဲ့ ပထမဆုံး ဆုတောင်းမျိုးကို တောင်းလိုက်မိသည်။ဆုတောင်းပြီးတော့မှ သတိထားမိသလို တော်တော်လည်း အားပြည့်သွားသည်။
“ဘယ်လိုလုပ်ရမယ်ဆို တာမျိုးကို တော့ စိတ်ထဲမှာ သိနေပြီ။ စူးစူးနစ်နစ် လုပ်ဖို့ပဲလိုမယ်။ ဘာဖြစ်ချင်လဲ ဆိုတာလည်း အရေးကြီးတယ်။”
“အဟတ်.. ငါက ငယ်ငယ်ကတည်းက HERO ဖြစ်ချင်တာကွ။ HERO တစ်ယောက်နဲ့ ဆန့်ကျင်တဲ့ အောက်တန်းကျတယ်လို့ ယူဆမိတာတွေကို မလုပ်ခဲ့ဘူး။ အခုလည်း မလုပ်ပါဘူး။ ဒါပေမယ့် HERO လည်း မဖြစ်ချင်တော့ဘူး။”
သူငယ်ငယ်ကတည်းက သူရဲကောင်းမျိုးကို အလွန်လေးစားသည်။ဘုရင် ဖြစ်ချင်သူမဟုတ်၊ သူရဲကောင်းဖြစ်သူမျိုးဖြစ်သည်။ ဘုရင် တပါးလို တိုင်းပြည်ကို အုပ်ချုပ်ခြင်သူမဟုတ်၊ သူရဲကောင်းတစ်ယောက် လို ရဲရင့်လိုသူဖြစ်သည်။ ဘုရင်တိုင်း ကောင်းတာမဟုတ်ပေမယ့် သူရဲကောင်းတိုင်းတော့ ရဲရင့်ပါသည်။
“ငါ အခု ကောင်းကင်ကြီးလိုပဲ လွတ်လပ်နေချင်တော့တယ်။” ဆက်ပြောဖြစ်သည်။
“ငါ က အခု ကမ္ဘာမြေကြီးလို လူတွေ ကို အကျိုးပြုချင်တယ်။” ရှေ့တည့်တည့်က ကွင်းပြင်ကြီးကို ကြည့်ပြီး ရယ်လိုက်ကြသည်။
“ငါ လျှောက် ထားခဲ့တဲ့ ခရီးတွေ ရပ်နေတာလည်း အတော်ကြာပြီပဲ။” သူ ခပ်ဝေးဝေးကို ငှေးကြည့်နေလိုက်သည်။
၁၂ ခုမြှောက် ပစ္စည်းတွင် ရပ်တန့်သွားတော့ သူ့လေ့လာမှုကို သတိရနေသည်လေလား။
“ကြယ်တွေစုံတဲ့ ညကိုမြင်ရတိုင်း ငါ ပညာစုံဖို့လိုတယ်ဆိုတာကို အမြဲ အမှတ်ရတယ်။”
“ပညာစုံချင်ရင် သမာဓိ၊ အာရုံစူးစိုက်မှု ကောင်းရတယ်ကွ”
“သတိနဲ့ ၀ိရိယပေါင်းရင် သမာဓိပဲ” ပြုံးစိစိနှင့်ပြောသည်။
“မင်းနဲ့ငါပေါင်းရင်ရော.. ”မျက်နှာများ ငြိမ်သွားကြသည်။
အတန်ကြာမှာ စကားတခွန်းဆိုသည်။
“အချိန်တွေက တိုတောင်းတယ်။”
+------------------------------------------+<
စစ်တုရင် ကစားချင်ကို သူခုံမင်နှစ်သက်သည်။
သို့သော် ပါရမီရှင်တွေလို့ ကွက်ကျော်မြင်တက်သူမဟုတ်ခဲ့ပါ။
ဂီတကို သူစွဲလန်းနှစ်သက်သည်။
သို့သော် ပါရမီရှင်တွေလို လှလှပပ ဖန်တီးတက်သူ မဟုတ်ခဲ့ပါ။
အရသာရှိအသီးများ နှစ်စဉ် သီးပေးနေတဲ့ မာကာလာပင်ကြီးကို ခြံရှင်းဖို့ ခုတ်ပစ်ပြီးခါးလယ်လောက် အပင်ငယ်လေးကို နေ့တိုင်းရေလောင်းပေးနေတာကို မြင်ရတဲ့ အခါ စစခြင်း သူ ရယ်ခဲ့သည်။ သို့သော်လူ့အတ္တဆိုတာကို လေးလေးနက်နက် သတိထားမိသွားခဲ့သည်။ တနေ့တော့ သူဆိုလာသည်။
“ငါလား…. အရူးလုပ်တော့မယ်။”
+-----------------------------------------------+
မိုးတွေ သဲသဲမဲမဲ ရွာနေချိန်ဖြစ်သည်။ လျှောက်ခဲ့ပြီးတဲ့ လမ်းတိုင်း လူသူကင်းရှင်နေသည်။ ဒီလိုဆိုတော့လည်း တမျိုးကြီးပါလားလို့တွေးလိုက်သည်။ ကောင်းကင်မှာလည်း အုံဆိုင်းမှိုင်းညို့နေသည်။ မိုးရေထဲလမ်းလျှောက်ရတာ လွတ်လပ်ပျော်ရွင်မှု ကိုရသည်။ ရွှဲရွှဲစိုနေသော ရေ၊ သဘာဝကြီးနဲ့ ထပ်တူကျနေ သလိုပင်။ လက်များကို ကောင်းကင်သို့ ဆန့်တန်းလိုက်တော့ ကိုယ်က မိုးရေစက်တွေကြား တိုးဝင်သွားသလို ခံစားလိုက်ရသည်။ လွတ်လွတ်လပ်လပ်ပင် လမ်းဆက်လျှောက်နေလိုက်သည်။။
မိုးစက်တို့ ဖွဲဖွဲပတ်လာတော့ သူ သတိထားမိသွားသည်။ အပြင်မှာ မိုးတွေ ဝုန်းဒိုင်းကြဲနေသည်။ စာအုပ်ကို ချလိုက်ပြီး ပြုတင်းပေါက်က တဆင့် အပြင်ကို လန်းလန်းဆန်းဆန်းကြည့်လိုက်သည်။ အညှောင်းအညာ ပြေသွားသလိုပင်။ မိုးစက်မှုန်တွေ မျက်နှာပေါ်ကျလာသည်ကပင် အရသာတမျိုး။ ရွာနေသော မိုးကို ထိုင်ကြည့်နေ လိုက်သည်။
“ကိုယ်တိုင် ပါဝင် လုပ်ကိုင်နေရတာဟာ တကယ်အရသာကို ပေးတယ်”
စိုနေသေးသော ဆံပင်များကို သပ်တင်လိုက်ပြီး သူပြောသည်။ ဂျာကင်ကို လည်း ဆွဲစိလိုက်သည်။
“ဘေးကနေ ထိုင်ပြီးကြည့်နေရတာက ရှင်းရှင်းလင်းလင်း သိမြင်စေတယ် ပိုပြီး အရသာရှိတယ်”
“အခုလောလောဆယ်တော့ ကော်ဖီသောက်ရတာ အကောင်းဆုံးပါပဲကွာ” သူ ရယ်ရယ်မောမောပြောပြီး တော့ ကော်ဖီခွက်ကို ပြိုင်တူ မော့ချလိုက်ကြသည်။
ကောင်းကင်ကြီးက နီ မော် သန်းနေသည်။ လန်းဆန်းတဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့သည်။
+-------------------------------+
သူ ၂ တန်းနှစ်အရွယ် ကောင်မလေးတစ်ယောက်ကို အစလွန်သွားပြီး အဲဒီ ကောင်မလေးက ခဲချွန်ဒါး နဲ့ လိုက်ထိုးတော့ အခန်းထဲမှာ ပတ်ပြေးရင်း ပထမဆုံးအကြိမ် ပျော်ရွင် ရင်ခုန်မှုနဲ့ အကြောက်တရားကို ခံစားလိုက်ရသည်။
“အဲဒီ နေ ့က ငါ ပတ်ပြေးရင် ပြုံးနေပေမယ့် သူ့မျက်နှာ တည်တည် ကြီးမြင်လိုက်ရတော့ လန်တဲ့ စိတ်လည်း ပေါ်လာတယ်ကွ၊ ဒီကနေ့ထိ အဲဒီ ခံစားချက် ငါမမေ့နိုင်သေးဘူး၊ ဒါပေမယ့် ငါအဲဒီ အရသာကို ကြိုက်သွားတယ်ကွ၊ ဒီလိုနဲ့ငါလည်း စွန့်စားမှု ယူရတာကို ကြိုက်လာတယ်။”
“stable ဖြစ်တဲ့ တည်ငြိမ်နေတဲ့ အခြေအနေက ပိုမကောင်းဘူးလားကွာ။”
“တခါတလေတော့ တည်ငြိမ်အေးချမ်းတာထဲမှာ လူက နေသားတကျဖြစ်သွားတက်ပါတယ်။ စွန့် စားမှုယူရတာကို လည်းကြောက်သွားတက်တယ်။ ဒါပေမယ့် စွန့်စားလို့ရလာတဲ့ ခံစားချက်ကို ငါ ကြိုက်တယ်။”
“ကောင်းတယ်၊ မင်း ဆက်ပြီးရူးကွာ” ပြောပြီးတော့ မာကာလာသီးကို တဂွပ်ဂွပ် ကိုက်စားနေလိုက်သည်။ သူကတော့ မြေပြင်ပေါ်လှဲချလိုက်ပြီး ကောင်းကင်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေသည်။
+----------------------------------------+

Subscribe to:
Posts (Atom)