Showing posts with label သံဓိဠာန်. Show all posts
Showing posts with label သံဓိဠာန်. Show all posts
Saturday, May 9, 2009
ဒီဓာတ်ပုံကိုကြည့်ပြီး သူငယ်ချင်းတစ်ယောက်က - မူးနေပြီးနေမှာ ပြုံးနေတာပဲ - လို့ပြောတယ်။ [ကိုယ့်ကိုကိုယ့်ကြည့်ပြီးတော့ ရယ်မိတယ်။ ခါးလေးကုန်းနေပြီး အဘိုးလေးနဲ ့တူနေသလိုပဲ။] ဒါကို စိတ်ထွက်ပေါက်၊ ပျော်စရာ၊ လူ ့ဘဝလို ့ ကျွန်တော် မယူဆပါဘူး။ ဒါမျိုးတွေကို အဆုံးသတ်ဖို ့ လုပ်နေပါတယ်။
တကယ်တော့ ဘီယာ အရက် ကျွန်တော်ကြိုက်တယ်လည်းမဟုတ်ဘူး။ အရသာကိုပြောတာ။[သောက်ပြီး မူးပြီး သူငယ်ချင်းတွေနဲ ့ပျော်ရတာတော့ အလွန် ကြိုက်ပါတယ်။] ဒါပေမယ့် ဒီလိုပဲ သောက်ဖြစ်ခဲ့ပါတယ်။ အခါအခွင့်သင့်ရင်။ အခါအခွင့်ကလည်း သင့်ချင်တိုင်းသင့်နေကြတာဆိုတော့...။ ဒါပေမယ့် ဘီယာ တစ်ခါသောက် ရိုးရိုးဆိုင်ဆိုရင် တစ်ယောက်ကို ၁၅ ကျပ်လောက်ကုန်ပြီး။ ရေးဗားဆိုဒ်ကဆိုင်တွေမှာလို သွားသောက်ရင် တစ်ယောက်ကို ၁၀၀ ပတ်ဝန်းကျင်ကုန်ပါတယ်။ ပုံမှန်တော့ ကျွန်တော်မနှမြောတက်ဘူး။
ပြီးခဲ့တဲ့နှစ်က အလှူတစ်ခုလုပ်ဖြစ်တယ်။ နာဂစ်ဖြစ်ပြီးကျောင်းတက်ဖို့ခက်ခဲနေတဲ့ကလေးတွေကို ကူညီတဲ့အလှူပါ။ ကလေးတစ်ယောက်ရဲ ့ တလ ကျောင်းတက်ဖို ့ဖြစ်နိုင်တဲ့ငွေက စလုံးငွေ ၁၅ကျပ် ကနေ ၃၀ အထိရှိပါတယ်။ လစဉ် လှူရပါတယ်။ နွေရာသီကျောင်းပိတ်မှ ခဏနားပါတယ်။ မနှစ်က ကျွန်တော် ၄ ယောက်စာ ကူညီဖို ့တာဝန်ယူခဲ့တယ်။ သူငယ်ချင်းက တစ်ယောက် ကူခဲ့တယ်။ အဲဒီမှာ စပြီး နှမြောမိတာပါပဲ။
ကို်ယ့်ဖြုန်းတီးမှုက တချိ ့ ဘဝတွေအတွက် အရေးကြီးတဲ့ ငွေကြေးဖြစ်နေတာပါပဲ။
ကျွန်တော်သူငယ်ချင်းက ဆေးလိပ်သောက်တယ်။ ၂ရက်၊ ၃ ရက်ကို ၁ ဘူးလောက်သောက်ပါတယ်။ ၁ ဘူးကို ၁၁ ကျပ်ပေးရတယ်။ သူများတွေ ဒုက္ခရောက်နေချိန်မှာ ဒီလိုမျိုး ကုန်ကျတာကို စပြီး နှမြောမိလာပါတယ်။ ပုံမှန် စားသောက်တာမျိုးကို မနှစ်မြောဘူး။ နေ ့လည်စာကို ၁၈ ကျပ်ဆိုလည်း စားဖို ့ကောင်းတယ်၊ သင့်လျှော်တယ်ဆိုရင် စားတာပဲ။ ဒါပေမယ့် ဘီယာသောက်ပြီးကုန်တာမျိုး၊ မလိုအပ်ပဲ သုုံးဖြစ်သွားတာမျိုး၊ အသုံးမကျတာတွေအတွက် သုံးမိတာတွေကို စပြီး နှမြောတက်လာပါတယ်။ [အသက်ကြီးလာတာလည်း ပါမလား မသိဘူး။] ရုပ်ရှင်တခါကြည့်ရင် ဘာမှမစားဖူးဆိုရင်တောင် တစ်ယောက်ကို ၁၀ ကုန်ပါမယ်။ စားမယ်သောက်မယ် ဘော်ဘော်တွေလည်း ပါတယ်ဆိုရင်တော့ စုစုပေါင်း ၆၀ ၊ ၇၀၊ ၈၀ ပါပဲ။
ဒီလိုနဲ ့ အခု ဘီယာ၊ အရက်မသောက်ဖို ့ဆုံးဖြတ်ပါတယ်။ ရုပ်ရှင်ကြည့်တာမျိုးလို မလိုအပ်ပဲ ကုန်ကျမှာမျိုးကို မဖြစ်အောင်လုပ်ဖို ့ ဆုံးဖြတ်ပါတယ်။ မလိုအပ်ပဲ စျေးကြီးတဲ့အဝတ်အစားကို မဝယ်ဖြစ်အောင်နေဖို ့ဆုံးဖြတ်ပါတယ်။ အခု မေလဆိုတော့ မကြာခင် မြန်မာပြည်ကကလေးတွေ ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ အလှုက အခုထိဘာမှမပြောသေးပေမယ့် လာမယ်လို ့ မျော်လင့်ထားပါတယ်။ သူတို့အတွက် လှူရပါမယ်။
လူဆိုတာကလည်း ခတ်ပါတယ်။ ကိုယ့်အတွက်၊ ကိုယ်မိန်းမ၊ ကိုုယ်သားသမီး [တကယ်တော့ ကိုယ်နဲ ့စပ်ဆက်နေလို ့] သုံးတယ်လို ့တွေးမိရင် ၅၀၀ လောက်ကုန်သွားပါစေ။ ဘာမှမဟုတ်တတာအပေါ် သုံးမိရင်တောင် သိပ်ပြီး မတွန် ့တိုတက်ကြဘူး။ သူများအတွက် ပေးဖို ့ကတော့ ၅ ကျပ်လောက်လည်း ၅၀၀၀ လောက်တွေးမိပြီး တွန် ့တိုကြတာပါပဲ။ ဒုက္ခရောက်သူတိုင်းကို ကူညီဖို ့၊ အလိုလည်း ပြောတာမဟုတ်ပါဘူး။ [ကူညီနိုင်ရင်တော့ အကောင်းဆုံးပေါ့။] ဒါပေမယ့် မြန်မာ ပြည်က သူတွေကတော့ ကျွန်တော်တို ့တမျိုးသားတည်း၊ တနိုင်ငံသားတည်းဆိုတာ သတိရစေချင်တယ်။ သူတို ့ကို ကူညီဖို ့ နိုင်ငံခြားရောက် ဝင်ငွေရှိတဲ့သူတွေမှာ တာဝန်ရှိတယ်လို ့ ယုံကြည်ပါတယ်။ ၂၀၊ ၃၀၊ ၅၀၊ ၁၀၀ ကျပ် လောက်ကို တွန် ့တိုမနေသင့်ဘူး။ ဝင်ငွေ အတိုင်းအတာတခုထိ မဆိုးဘူးလို ့ ယူဆရသူတွေအတွက်ပါ။ မတွန် ့တိုကြပါနဲ ့။ တိုက်တွန်းပါတယ်။
နောက်တခုက ကောက်ရိုးမီးတောက် အလှူပါ။ အဖြစ်အပြက် တစ်ခုခု အရှိန်ရနေချိန်မှာ အုန်းအုန်းကျက်ကျက် လှူကြတက်တာမျိုးပါ။ ကောင်းပါတယ်။ ဒါပေမယ့် လစဉ်လှူရမှာမျိုးတွေမှာလည်း အာရုံထားပြီး လုပ်ကြစေချင်တယ်။ တကယ့် အကျိုးအမြတ်က လစဉ် (နည်းရင် နည်းပါစေ) လှူတာက ပိုများပါတယ်။ ကျွန်တော်တို ့စိတ်ရှည်ရှည်၊ အမြော်အမြင်ရှိရှိ လှူဒါန်းတက်ဖို ့လိုပါတယ်။ တခါလှူပြီး တသက်လုံးစာ မမှတ်ဖို ့လည်း သတိပေးချင်ပါတယ်။
မလုပ်ခင်သာ ၁၅ကျပ် ၂၀ ဟာ များတယ်လို ့ခံစားရပါမယ်။ ပြီးသွားတော့လည်း အဲဒီ ၁၅ကျပ် ၂၀ မရှိလို ့ကိုယ့်ဘဝ ဘာမှမဖြစ်ဘူးဆိုတာ သိလာကြမှာပါ။ ဒီတော့ လစဉ် နည်းနည်းချွှေတာပြီး ကျပ်၂၀ လောက် ဒုက္ခရောက်နေသူများအတွက် လှူဒါန်းရင် ပျော်စရာကောင်းမယ်ဆိုတာ အာမခံပါတယ်။
မြန်မာပြည်မှက နာဂစ်ဒုက္ခသည်တင်မကပါဘူး။ တခြား ထောက်ပံသင့်၊ လှူဒါန်းသင့်တာတွေ အများကြီးပါ။
ဒါလောက်ပဲဗျာ။ ဘလော သိပ်ရေးဖြစ်ဦးမယ်မထင်ဘူး။ စိတ်ကောင်းလေး မွေးမြူနိုင်ဖို ့၊ မွေးမြူပြီးရင်လည်း ရေရှည်ခံအောင် လုပ်နေနိုင်ဖို ့ဆုတောင်းပေးပါတယ်။ လုပ်ဖို ့လည်း တိုက်တွန်းပါတယ်။
Friday, February 13, 2009
ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။
ဖေဖေါ်ဝါရီ ၁၃ ဆိုတာ ငယ်ငယ်ကတည်း ငါစွဲလန်းခဲ့တဲ့ နေ့ရက်။ ဒီနေ့ဆို ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၉၄ နှစ်ရှိခဲ့ပြီ။ သူလိုလူမျိုးကို မြန်မာပြည်ဟာ ပြန်မရသေးဘူး။ သူ့ရဲ ့ ရိုးသားခိုင်မာတဲ့သဘောဟာ ငါ့ကို ငယ်ငယ်လေးကတည်းက ထူးထူးခြားခြား ဆွဲဆောင်ခဲ့တယ်။ ငါ အကြိုက်ဆုံး အနှစ်သက်ဆုံး ရုပ်ရည်ရှိတဲ့ လူဖြစ်တယ်။ သူ ့ မျက်နှာဟာ ထူးထူးခြားခြား ရှင်းလင်း ရိုးသားတယ်။ ဇာတာကို ဘုရားစင်ပေါ်ကနေ ယူပြီး မကြည့်မိသေးတဲ့အချိန်ထိ သူမွေးခဲ့တဲ့ နေ့ရက်နဲ့လမှာ ငါကိုမွေးခဲ့တယ်ဆိုပြီ ၁၃ နှစ်သား လောက်အထိ ဂုဏ်ယူခဲ့တယ်။ ငါက သူ့ထက် ၁၀ ရက် နောက်ကျမွေးတယ်။ ဒါပေမယ့် အရည်အချင်းကျတော့ ၁၀ သန်း စာလောက်ကွာသွားတယ်။ သူ့ကို လေးစားတဲ့ ငါ့ရဲစိတ်တွေဟာ သေတဲ့အထိ ပျောက်မှာမဟုတ်ဘူး။ ငါ အလေးစားဆုံး လူသားတစ်ယောက်ပဲ။
ကမ္ဘာ့နိုင်ငံခေါင်းတွေထဲမှာ သူ့ထက် ပိုပြီး နာမည်ကြီးတဲ့ သူတွေ ရှိတယ်။ ကြီးကျယ်တဲ့ကိစ္စတွေကို လုပ်ခဲ့သူတွေရှိတယ်။ ဒါပေမယ့် သူ့ရဲ ့ ရိုးသားမှု၊ ပွင့်လင်းမှုနဲ ့ အစွဲကင်းမှုမှာ သူဟာ ကျန်သူအားလုံးနဲ ့ ရဲရဲကြီး ရှင်ပြိုင် အနိုင်ယူနိုင်တယ်။ အတ္တ ထက် အကျိုးရှိမှုကို ရှေရူ ့လုပ်ခဲ့တယ်။ သူရဲ ့ခေါင်းဆောင်မှုမှာ အတုယူစရာတွေ များစွာရှိတယ်။ သူဟာ ငါတို ့ မြန်မာနိုင်ငံသား အားလုံးအတွက် သူရဲကောင်းသာ ဖြစ်တယ်။
အကယ်၍ မြန်မာနိုင်ငံသာ ကမ္ဘာ့မှာ တင့်တယ်နေရင် သူဟာလည်း ကမ္ဘာ့သူ ကမ္ဘာသားတွေရဲ ့ လေးစားရမယ့် ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာမှာပဲ။ ဒါပေမယ့် လက်ရှိ ငါတို့ မြန်မာတွေဟာ သောက်သုံးမကျဘူး။ ဒီလောက်ပဲပြောချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာတွေ လေ့လာရမယ့် စာအုပ်တစ်အုပ်ဆိုလည်းဟုတ်တယ်။ ဒီစာအုပ်ကို ငါတို့တတွေ စာအုပ်စင်ပေါ်တင်မထားသင့်တော့ဘူး။ စာအုပ်ရှိတာလေးကို ဂုဏ်ယူပြီး ပြောနေရုံသက်သက်၊ လူအထင်ကြီးရုံသက်သက် မဖြစ်သင့်တော့ဘူး။ ဒီစာအုပ်ရဲ ့ သက်တမ်းဟာ အခုဆို ၉၄ နှစ်ရှိနေပြီ။ ဖတ်သင့်ပြီ။ လေ့လာသင့်ပြီ။ ကျင့်ကြံသင့်ပြီ။ လေးစားစိတ်ကို စိတ်ထဲမှာ နက်နက်နဲနဲ ထားကြပါ။ ပြီးရင် ဖွင့်ထုတ်ပြကြပါ။ လူတွေသိပါစေ။
ဗိုလ်ချုပ်သို ့ အမှတ်ရလျှက်-
Labels:
ခံစားချက်,
ဗိုလ်ချုပ်အောင်ဆန်း,
သံဓိဠာန်,
အမှတ်တရ
Thursday, February 12, 2009
ရိုးသားခြင်းကို အရင်းခံ
ယုံကြည်ခြင်းကို ကိုးစား
ညီနှောင်များအကြား
မျှတမှု...တိုးတက်မှု...
စည်ပင်ဝပြောမှုတွေအတွက်...
ငြိမ်းချမ်းရေးအတွက်...အနာဂါတ်အတွက်...
စည်းလုံးခြင်းသက်သေ
ပြည်ထောင်စုမြေ။
တနေ့နေ့တော့ ဒီလိုဖြစ်ပဲဖြစ်လာပါစေ။
( ဖေဖေါ်ဝါရီ ၁၂ ၁၉၄ရခု ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စုနေ့သို့)
ယုံကြည်ခြင်းကို ကိုးစား
ညီနှောင်များအကြား
မျှတမှု...တိုးတက်မှု...
စည်ပင်ဝပြောမှုတွေအတွက်...
ငြိမ်းချမ်းရေးအတွက်...အနာဂါတ်အတွက်...
စည်းလုံးခြင်းသက်သေ
ပြည်ထောင်စုမြေ။
တနေ့နေ့တော့ ဒီလိုဖြစ်ပဲဖြစ်လာပါစေ။
( ဖေဖေါ်ဝါရီ ၁၂ ၁၉၄ရခု ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စုနေ့သို့)
Sunday, January 4, 2009
Subscribe to:
Posts (Atom)
