ည ၂ နာရီထိုးပြီ။ မိုးတစိမ့်စိမ့်ရွာနေသေးသည်။ မိုးတစိမ့်စိမ့်ဆိုမှ သတိရမိသည်။ ကျွန်တော်တို့ ၁၀ တန်းစာမေးပွဲကြီးတွင်မေးသော စာစီစာကုံးမှာလည်း မိုးတစိမ့်စိမ့်။ စာစီကုံးသည်ပညာတွင် ည့ံလွန်းတော့ တခြားရွှေးစရာမရှိ၊ ဒီတော့ မိုးတစိမ့်စိမ့်ကိုပင် ဖျစ်ညစ်ရေးခဲ့သည်ကို မှတ်မိနေသေးသည်။ အခုလို ညကြီးမင်းကြီးမှာ မိုးရွာနေလျှင် စိတ်က အလိုလို လန်းဆန်းတည်ငြိမ်နေတက်သည်။ သစ်ပင်၊ မီးလုံးတွေ လှုပ်ရှားနေသော်လည်း လောကကြီးက သက်ငြိမ်သဘောဆောင်နေသည်။ မိုးပေါက်သံ၊ လေတိုက်သံတွေကြားနေပေမယ့် တိတ်ဆိတ်နေသောရသ ရှိသည်။
သဘာဝတရားကိုချစ်သော စိတ်ရှိသည်ဟု ကိုယ့်ကိုကိုယ် ယုံမိသည်။ သဘာဝတရားတွင် ကောင်မလေးတွေကောပါသည်လား။ တယောက်တည်းပြုံးရယ်နေတာတွေ့လျှင် ဆယ်ကျော်သက်ဟု ထင်ခံရဦးမည်။ လျှစ်စစ်မီးရောင်တွေအောက် မိုးပေါက်တွေကျနေသည်ကို ကောင်းကောင်းမြင်ရသည်။ ဒီရက်ပိုင် ဆရာတော်ဦးဇောတိက၏လွတ်လပ်သောစိတ် ဆိုသော စာအုပ်ကို နည်းနည်းချင်းဖတ်နေမိသည်။ အသက်တွေကြီးလာ၍လားမသိ။ စာအုပ်တအုပ်ကို ဖတ်သည်အခါ လနှင့်ချည်၍ ကြာမြင့်တက်လာသည်။ လွတ်လပ်သောစိတ်ဆိုလျှင် ၄၊ ၅ ရွက်ထက် ပိုဖတ်၍မရနိုင်အောင်ဖြစ်ရသည်။
ဒါနှင့် ဒီနောက်ပိုင်း မာန်မရှိလာသည်ကို သတိထားနေမိသည်။ ဘာကြောင့်မှန်းမသိ။ တဖြည်းဖြည်းမာန်နည်းပါးလားသည်ကိုတွေ့နေရသည်။ အကြောင်းတခုခုကြောင့် မာန်တက်နေသူများကိုတွေ့လျှင်လည်း နားလည်နေတက်သည်။ စားမာန်(စမန်)တက်လေ့ရှိသော အိမ်ကကြောင်လေး အာဗြဲမကိုလည်းသတိရတက်သည်။ အသက်ကြီးလာ၍ပဲ ထင်သည်။
တချက်တချက် လေတိုးဝှေလာလျှင် လန်းဆန်းခြင်းများကိုယ်ထဲ တိုးဝင်သွားသလိုခံစားရသည်။ ညဖြစ်၍ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရခြင်းသည်ပင် နှစ်သက်ဖွယ်ရာကောင်းနေသည်။ တရားလေးလည်း လေ့ကျင့်ဦးမှပဲ။ တရားမထိုင်ဖြစ်သည်တောင် အတော်ကိုကြာနေပြီ။ မေမေပြောသောစကားကို ကြားယောင်မိသည်။ သားက အတ္တနည်းပြီးသားတဲ့။ ဟုတ်ပါစေဟု ဆန္ဒပြုမိသည်။ ဒါပေမယ့် လုပ်စရာတွေအများကြီးရှိနေသေးသည်။ တီထွင်ဖန်တီးမုများထဲတွင် ကိုယ့်ဘဝကိုယ် တီထွင်ဖန်းတီးပြီးနေခြင်းသည် ကောင်းကြောင်းကို လွတ်လပ်သောစိတ်စာအုပ်ထဲမှ မှတ်သားမိသည်။ မိုးကတော့ ဆက်ရွာနေသည်။ ဟိုးတုန်းကလို လွတ်လွတ်လပ်လပ်ဆိုလျှင် တညလုံးထိုင်နေဖြစ်လိမ့်မည်။
(ဒီစိတ်အတွေးလေးကို ကုလားဖြူဘာသာရပ်နှင့် ရေးနိုင်ရန် ကြိုးစားရဦးမည်။ အမှန်တွင် အင်္ဂလိပ်လိုရေးသားချင်သည်။)
တေးမွန်။
နိုဝင်ဘာ ၁၄ ၂၀၀၉။ ၁နာရီ ၅ဝမိနစ်။
Showing posts with label အေတြး. Show all posts
Showing posts with label အေတြး. Show all posts
Friday, December 4, 2009
Tuesday, February 10, 2009
တညနေ ကျွန်တော် ရုံးကနေ အိပ်ပြန်လာခဲ့တယ်။ ညို့နေတဲ့ မျက်ကွင်းနဲ့ အရာရာဟာ အားအင်ဖျော့လျှော့စွာ မြင်နေရတာမျိုးပေါ့။ တလမ်းလုံးလည်း အရူးမီးဝိုင်းနေကြတာဆိုတာ့ ပြောစရာလည်းသိပ်မရှိပါဘူး။ ခြေလှမ်းတွေကို တည်ငြိမ်အောင်ထိန်းလိုက်တယ်။ လမ်းတလျှောက်မှာ နောက်ကောက်ကျကျန်နေခဲ့မှာ စိုးလိုထင်ပါရဲ့ ဘေးနားကဖြတ်သွားသူတွေကတော့ အရှိန် အမြန်တင်လို့ ။ အဖြေကသိပြီးသားပဲ။ သွားနှင့်ကြပါစေ။ တစ်.... နှစ်......... သုံး.......... လို့ စိတ်ထဲက တိတ်တိတ်လေး ကြိတ်ရေလိုက်ပြီးတော့ ခေါင်းမော့လိုက်တယ်။ ညောင်းညာနေတဲ့စိတ်က ဇတ်ကို အလိုလိုပြန်ငိုက်စင်း လာစေခဲ့တယ်။ တကယ်တော့ တဘဝလုံး တစ်၊ နှစ်၊ သုံးလို့ ရေခဲ့ရပေါင်းလည်းများပြီ။ ဆက်ပြီးလည်း ရေတွက်နေရဦးမှာပဲ။ လိုအပ်ချက်ဆိုတာ အကြိမ်းများစွာလုပ်ပြီးတိုင်း မလုပ်သင့်တောဘူးလို့မှ မဟုတ်ပဲလေ။ အထပ်ထပ်အခါခါ လုပ်ဆောင်ခြင်းမှာ စွမ်းအားတော့ ရှိမပေါ့။
အမှန်ဆို အဲဒီီညနေဟာ လေလည်း ဖြူးဖြူးတိုက်တယ်။ နေဝင်ချိန်ကလည်း လှတယ်။ အလုပ်တွေလည်း ကောင်းကောင်းပြီးခဲ့တယ်။ ရုံးပြန်ချိန်ဆိုတာလည်း လန်းဆန်းနေရမယ်လေ။ ဘာလို့လဲ။ တခါတလေ မေးခွန်းတွေ မေးပြီး ၊ အဖြေတွေ ဖြေနေတာမျိုးဟာ အဓိပါယ်မရှိဘူး။ ပေးချက်တွေ ပေးပြီး အဖြေရှာရတာ ပျင်းစရာကောင်းတာမျိုး။ အကြောင်းအရာတွေဟာ ပစ်ပစ်ခါခါရော လုပ်ကောင်းရဲ့ လား။ ဒါမှမဟုတ် တဘဝလုံး သက်သက်သာသာပဲ နေခဲ့မိတာများလား။ မျက်နှာတွေရော အများကြီးရှိခဲ့တာလား။ စိတ်တွေပဲ ထွေပြားခဲ့တာလား။ မျော်လင့်ချက်တွေ တင်းထားခဲ့တာလား။ လုပ်ခဲ့သမျှပဲ အချီးအနှီးဖြစ်ခဲ့တာလား။ မေးမိပြန်ပြီ။ ဟန်ဆောင်ရာ ကမ္ဘာမြေ ဆိုတော့လည်း။ ခေါင်းတွေလည်း လေးလာတယ်။ လှမ်းနေတဲ့ ခြေထောက်တွေလည်း နွမ်းလာတယ်။ သေချာတာကတော့ ဟိုအဝေးမှာ ငှက်တအုပ် ပျံသန်းသွားခဲ့တယ်။
လမ်းဒေါင့်ကို ချိုးလိုက်တော့ ထိုင်သူမရှိတဲ့ ခုံတွေ စီတန်းနေတာကိုမြင်လိုက်ရတယ်။ ရှေ့မှာတော့ ကွင်ပြင်ကျယ်ကျယ် ကုန်းစောင်းလေးတစ်ခု။ ကုန်းစောင်းမြက်ခင်းပေါ်သွားလှဲလိုက်ပြီးတော့ လှပလန်းဆန်းနေတဲ့ ကောင်ကင်ကိုကြည့်မိတယ်။ နေဝင်ချိန်ဆိုတော့ အရောင်တွေ စုံတာပေါ့။ ပြုံးမိသေးသလားပဲ။ဒီမျက်လုံးတွေ မှိတ်ဖို့ တန်ပြီ။ တစ်.... နှစ်......... သုံး.......... လို့ စိတ်ထဲမှာ ရေလိုက်တယ်။ ပြီးတော့ မျက်လုံးတွေကို အသာအယာမှိတ်ပြီး အသက်ကို မှန်မှန်ရှူနေလိုက်တယ်။ အရာရာဟာ တဖြည်းဖြည်းချင်း ငြိမ်သက်ကျဆင်းသွားသလိုပဲ။
အဆုံးမရှိတဲ့ လွတ်လပ်နယ်ဟာ တသားတည်းပဲလေ။

Thursday, January 15, 2009
တစ်နှင့်တစ်ပေါင်းလျှင် နှစ်ရသည်ဟု ဆိုကြသည်။ တချို ့ကလည်း တစ်ပဲရသည်ဟု ဆိုပြန်သည်။ ဆရာကြီး (၀ါ) လူတက်ကြီးလုပ်ချင်လျှင်တော့ ဘယ်သချင်္ာမျိုးနဲ ့ ပေါင်းပြရမှာလည်းဆို ခပ်ဝင့်ဝင့်လေး မေးကြနိုင်သည်။ တကယ်တော့ အခု တစ်နှင့်တစ် ပေါင်းလို့မရတာာချည့်ပဲ မြင်နေရခြင်းဖြစ်သည်။ သူတို့သည် သီးခြားစီ “တစ်” နေကြသည်။ မပေါင်းကြပါ။ ငယ်ငယ်တုန်းကတော့ တစ်နှင့် တစ်ပေါင်းခြင်းလည် လွယ်ကူလွန်းသည်ဟု ထင်ခဲ့သည်။ အတန်းထဲမှ ဆရာမကသော်လည်းကောင်း၊ ထမင်းစားဆင်း စစ်တိုက်တန်းကစားသည့် အခါတွင် သူငယ်ချင်းများကသော်လည်းကောင်း တစ် များပေါင်းစည်းဖို ့ အလွယ်တကူ ဖြစ်ခဲ့လေသည်။ နှာရည်များကို လက်ဖြင့်သုပ်၍ ကျောင်းလွယ်အိပ်ကို စာအုပ်အပြည့်အသိပ်ဖြင့်လွယ်လာသော ကလေးငယ်များသည် တစ်မျာကို ကောင်းစွာပေါင်းတက်ခဲ့သည်။ သံပရာပေါင်း တစ်ချောင်းကို ၀ိုင်းစုပ်ကြရင် တစ်များကိုပေါင်းခဲ့သည်။ ကျောင်းအဆင်း လက်ဆွဲပြေးကြရင်း တစ်များကိုပေါင်းခဲ့ကြသည်။ ဆရာမရိုက်တာကို တစ်ယောက်မျာနှာတစ်ယောက် ကြည့်ရယ်ရင်း တစ်များကို ပေါင်းခဲ့ကြသည်။ ထိုကြောင့် ကျောင်းဝင်းသည် ပျော်စရာနေရာဒေသ ဖြစ်ခဲ့သည်။ အသက်ကြီးလာသောအခါ နေထိုင်ရာအရပ််သည် နေစရာကောင်းသည်ဟု လက်ခံယူဆသူကို ရှာဖွေချင်ခဲ့ပါသည်။တက်ဖက်တွင် နေချင့်စဖွယ်လုပ်မည်ဟု အာမဘန္တဒေခံသူများ၊ ကြွေးကြော်နေသူများ၊ လုပ်ကိုင်နေသည်များကို တွေ ့ခဲ့သည်။ ထိုသူများသည် တစ်များကို ပေါင်းတက်ဖို ့တော့လိုလိမ့်မည်။ ရိုးရှင်းသော ဒီပေါင်းခြင်းကို သူတို ့တက်မြှောက်မည်ဟု ရိုးရိုးသားသားယုံကြည်ခဲ့သည်။ ယခုမူ တစ်များကို အပေါင်းမတက်သောကြောင့် တစုတစည်း၊ တစည်းတလုံး ဆိုတာတွေပင်် ပြန့်ကျဲလို ့နေကြသည်။ ဒီသံသရာသည် ဘယ်တော့ရပ်မလဲမေးဖို ့ လူလိုက်ရှာ နေခဲ့တာကြာပြီဖြစ်သည်။ ဖြေဆိုနိုင်သူကို သမိုင်းစာအုပ်ထဲတွင် တွေ ့သောအခါ၊ ခြံစုတ်စုတ်လေးအတွင်းမှာ တွေ ့ရသောအခါ၊၊ ခိုင်မာသော အုပ်ရိုးကြီးတွေအတွင်းမှာ တွေ့သောအခါ ရင်မောရတော့သည်။ မွေးခါစကလေးငယ်တစ်ဦး၊ သူကိုယ်တိုင် အခြားမွေးခါစကလေးငယ်ကို ပုခက်ဆွဲပေးနေရသည်ဆိုလျှင်၊ (၀ါ) ချစ်သူကို အနမ်းချွေပေးနေတဲ့ လူငယ်တစ်ယောက် ၊ ဆံပင်ဖြူတွေနှင့် ထုတ်ထောက်သွားနေရသည် ဆိုပါလျှင် အချိန်တွေသည် မများသေးပါဟု ဖြေဆိုမည့်သူကို တအံ့တသြကြည့့်ချင်ပါသေးသည်။ (ဝဖြိုးလာသောလူများကို မမေးပါ)။ ရိုးသားမည်ဆိုပါက၊ စွန်လွတ်မည်ဆိုပါက၊ ငါတကော မကောတော့ပါဟုဆိုပါက တစ်များပေါင်းစည်းကြစေချင်သည်။ တစ်များမပေါင်းစည်းပဲနှင့် ၊ တစ်ကွဲတစ်ပြား လုပ်နေကြခြင်းအားဖြင့်၊ တစ်ကိုယ်ကောင်းဆန် နေကြမည်ဆိုလျှင် ယုံကြည်မှုဆိုတာကို ဆုံးရုံးရလိမ့်မည်။ ထိုအခါ အရာအားလုံး အဆုံးအရှုံးဖြစ်မည်။ အသုံးမကျခြင်းသည် မှတ်တမ်းတင် ကျန်ရစ်မည်။ နောင်တချိန်မှာ နှောင်းလူတို ့ရဲ ့ နာကျင် ခေါက်ခက် တောက် ခေါက်ခြင်း မခံရကြစေနဲ ့။ ဆုတောင်းပေးပါသည်။
ဒီနေ ့ နေကောင်းကောင်းပူသည်။ လေလည်းတိုက်လေသည်။ နွေဦး ဝင်ခါနီးမို ့ထင်။
ဒီနေ ့ နေကောင်းကောင်းပူသည်။ လေလည်းတိုက်လေသည်။ နွေဦး ဝင်ခါနီးမို ့ထင်။
Subscribe to:
Posts (Atom)