A heart that's full up like a landfill
A job that slowly kills you
Bruises that won't heal
Radiohead
Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts
Saturday, December 24, 2011
Saturday, November 14, 2009
Monday, July 6, 2009
ဗုဒ္ဓမြတ်စွာဘုရား၏ တရားဦး
(ခရစ်တော်မပေါ်မီ - ၅၄၄ နှစ်)
BUDDHA'S FIRST SERMONS
544 BC.
------------------------------
ဧကံ သမယံ ဘဂါဝါ
ဗာရာဏသိယံ ၀ိဟာရတိ
ဣသိပတနေ မိကဒါယေ။
တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏အနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ သက်ဆင်းရာ၊ သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူ၏။
------------------------------
အဲဒီကနေ အစချီတဲ့ ဓမ္မစကြာတရားတော်ကို နားခဲ့ဖတ်ခဲ့ဖူးတယ်။ ပါဠိဘာသာနဲ့ ရွတ်ဖတ်ရတာက အရသာတမျိုးပဲ။ နားမလည်ပေမယ့် မြန်မာဘာသာနဲ့တွဲဖတ်ရတဲ့အတွက် ကိစ္စမရှိဘူး။ ငယ်ငယ်တုန်းကတည်းက အမေရွတ်တာကို ကြားဖူးနေတော့ တချို့ကို နားထဲရင်းနှီးပြီးသားပဲ။ စိတ်အေးလက်အေး ဖတ်ရတဲ့အခါမျိုးမှာ အရမ်းအရသာရှိတယ်။ ဒါတွေလည်း မဖတ်ဖြစ်တာကြာပြီ။ မလေ့လာတာလည်း လချီလာပြီ။
မောဟတွေ၊ အတ္တတွေများနေတာလည်း ကြာပေါ့။ ဒီရက်ပိုင်း အနာဂါတ်ကိုအလေးထားလွန်းလို့ ကျွန်တော်တို့ ပစ္စုပါန်တွေကို ဆုံးရှုံးနေရတယ်လို့ တွေးနေမိတယ်။ ကျွန်တော်တို့တတွေဟာ အနာဂါတ်အကြောင်း အရမ်းအလေးထားတဲ့ကိစ္စတွေကို ဒီရက်ပိုင်းပိုစ်တခုတောင်တင်မယ်လို့စိတ်ကူးမိတယ်။
ဒီညတော့ အေးရာအေးကြောင်းပဲဗျာ။
-----------------------------------------------------------------------------------------
ဝါဆိုလပြည့်ည။ လပြည်ညကို ရိုက်မယ်လို့ တွေးထားတာကြာပြီ။ ဒီညတော့ နည်းနည်းရိုက်ဖြစ်တယ်။ ၀ါဆိုလပြည့်ညဆိုပေမယ့် စိတ်တွေက မည်းမှောင်နေလို့လားမသိပါဘူး။ လ က လုံးလုံးကြီး သာနေတာတော့ မဟုတ်ဘူး။ မိုးရွာတယ်လေ ဒီနေ့ ။

နတ်ဆိုး
** အပေါ်ဆုံးက ပုံက သာသနာရေးဝန်ကြီးဌာနကထုတ်တဲ့ ဗုဒ္ဓ၏ တရားဦး ဆိုတဲ့စာအုပ်ထဲက ပုံကို ဓာတ်ပုံရိုက်ထားတာ။
Saturday, February 14, 2009
Vanessa Mae (Theme from Caravans)
ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိမ်မှာ တယောက်တည်း ပျင်းပျင်းနဲ့ ကျန်ခဲ့တဲ့အခါတိုင်း၊ သူငယ်ချင်းတွေမလာလို့  အိမ်မှာပျင်းတဲ့အခါတိုင်း၊ တကိုယ်တည်း ရှိနေတယ်လို့  ခံစားရတိုင်း၊ အဖေါ်တွေနဲ့  ဝေးတိုင်း ဒီလို တေးသွားတွေ အကျယ်ကြီးဖွင့်ပြီး နေတက်တယ်။ လက်တွေ မြှောက်ချင် မြှောက်နေမယ်။ ကိုယ်ခန္ဒာက ယိမ်းချင်ယိမ်းနေမယ်။ မျက်လုံးတွေ မှိတ်ထားချင် မှိတ်ထားမယ်။ ခြေထောက်နှစ်ခြောင်း မိုးပေါ်ထောင်ထားတာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ တယောက်တည်းဆိုတော့ လွတ်လွတ်လပ်လပ်ပဲ။
ဒီတေးသွားကတော့ Theme from Caravans တဲ့။ တကယ်တော့ ကမ္ဘာကြီးက အကျယ်ကြီးပါဗျာ။ ကျွန်တော်တို့  စိတ်လွတ်လပ်သလောက် ကျယ်ပါတယ်။ ခံစားကြည့်တာပေါ့။ တယောထိုးထားသူကတော့ စလုံး(Singapore)မှာမွေးပြီး လုံဒုံ(London)မှာကြီးတဲ့ ဗီနေဆမေး (Vanessa-Mae) ပါ။ ချစ်စရာ ကောင်းတဲ့ ကောင်မလေးပေါ့။
အလုပ်နဲ့  ဆန္ဒနဲ့  လက်တွေ ကျလားဆိုရင် ခေါင်းခါရမဲ့အထဲမှာ ကျွန်တော်လည်း ပါတာပေါ့။ မဖြစ်နိုင်တော့တဲ့အခါ ကျေနပ်ဖို့လည်း လိုအပ်တယ်လေ။ သူများ ဖန်တီးထားတာတွေကို ခံစားရလည်း မဆိုးပါဘူး။ :)
Friday, February 13, 2009
ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။
ဖေဖေါ်ဝါရီ ၁၃ ဆိုတာ ငယ်ငယ်ကတည်း ငါစွဲလန်းခဲ့တဲ့ နေ့ရက်။ ဒီနေ့ဆို ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၉၄ နှစ်ရှိခဲ့ပြီ။ သူလိုလူမျိုးကို မြန်မာပြည်ဟာ ပြန်မရသေးဘူး။ သူ့ရဲ ့ ရိုးသားခိုင်မာတဲ့သဘောဟာ ငါ့ကို ငယ်ငယ်လေးကတည်းက ထူးထူးခြားခြား ဆွဲဆောင်ခဲ့တယ်။ ငါ အကြိုက်ဆုံး အနှစ်သက်ဆုံး ရုပ်ရည်ရှိတဲ့ လူဖြစ်တယ်။ သူ ့ မျက်နှာဟာ ထူးထူးခြားခြား ရှင်းလင်း ရိုးသားတယ်။ ဇာတာကို ဘုရားစင်ပေါ်ကနေ ယူပြီး မကြည့်မိသေးတဲ့အချိန်ထိ သူမွေးခဲ့တဲ့ နေ့ရက်နဲ့လမှာ ငါကိုမွေးခဲ့တယ်ဆိုပြီ ၁၃ နှစ်သား လောက်အထိ ဂုဏ်ယူခဲ့တယ်။ ငါက သူ့ထက် ၁၀ ရက် နောက်ကျမွေးတယ်။ ဒါပေမယ့် အရည်အချင်းကျတော့ ၁၀ သန်း စာလောက်ကွာသွားတယ်။ သူ့ကို လေးစားတဲ့ ငါ့ရဲစိတ်တွေဟာ သေတဲ့အထိ ပျောက်မှာမဟုတ်ဘူး။ ငါ အလေးစားဆုံး လူသားတစ်ယောက်ပဲ။
ကမ္ဘာ့နိုင်ငံခေါင်းတွေထဲမှာ သူ့ထက် ပိုပြီး နာမည်ကြီးတဲ့ သူတွေ ရှိတယ်။ ကြီးကျယ်တဲ့ကိစ္စတွေကို လုပ်ခဲ့သူတွေရှိတယ်။ ဒါပေမယ့် သူ့ရဲ ့ ရိုးသားမှု၊ ပွင့်လင်းမှုနဲ ့ အစွဲကင်းမှုမှာ သူဟာ ကျန်သူအားလုံးနဲ ့ ရဲရဲကြီး ရှင်ပြိုင် အနိုင်ယူနိုင်တယ်။ အတ္တ ထက် အကျိုးရှိမှုကို ရှေရူ ့လုပ်ခဲ့တယ်။ သူရဲ ့ခေါင်းဆောင်မှုမှာ အတုယူစရာတွေ များစွာရှိတယ်။ သူဟာ ငါတို ့ မြန်မာနိုင်ငံသား အားလုံးအတွက် သူရဲကောင်းသာ ဖြစ်တယ်။
အကယ်၍ မြန်မာနိုင်ငံသာ ကမ္ဘာ့မှာ တင့်တယ်နေရင် သူဟာလည်း ကမ္ဘာ့သူ ကမ္ဘာသားတွေရဲ ့ လေးစားရမယ့် ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာမှာပဲ။ ဒါပေမယ့် လက်ရှိ ငါတို့ မြန်မာတွေဟာ သောက်သုံးမကျဘူး။ ဒီလောက်ပဲပြောချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာတွေ လေ့လာရမယ့် စာအုပ်တစ်အုပ်ဆိုလည်းဟုတ်တယ်။ ဒီစာအုပ်ကို ငါတို့တတွေ စာအုပ်စင်ပေါ်တင်မထားသင့်တော့ဘူး။ စာအုပ်ရှိတာလေးကို ဂုဏ်ယူပြီး ပြောနေရုံသက်သက်၊ လူအထင်ကြီးရုံသက်သက် မဖြစ်သင့်တော့ဘူး။ ဒီစာအုပ်ရဲ ့ သက်တမ်းဟာ အခုဆို ၉၄ နှစ်ရှိနေပြီ။ ဖတ်သင့်ပြီ။ လေ့လာသင့်ပြီ။ ကျင့်ကြံသင့်ပြီ။ လေးစားစိတ်ကို စိတ်ထဲမှာ နက်နက်နဲနဲ ထားကြပါ။ ပြီးရင် ဖွင့်ထုတ်ပြကြပါ။ လူတွေသိပါစေ။
ဗိုလ်ချုပ်သို ့ အမှတ်ရလျှက်-
Labels:
ခံစားချက်,
ဗိုလ်ချုပ်အောင်ဆန်း,
သံဓိဠာန်,
အမှတ်တရ
Thursday, February 12, 2009
ရိုးသားခြင်းကို အရင်းခံ
ယုံကြည်ခြင်းကို ကိုးစား
ညီနှောင်များအကြား
မျှတမှု...တိုးတက်မှု...
စည်ပင်ဝပြောမှုတွေအတွက်...
ငြိမ်းချမ်းရေးအတွက်...အနာဂါတ်အတွက်...
စည်းလုံးခြင်းသက်သေ
ပြည်ထောင်စုမြေ။
တနေ့နေ့တော့ ဒီလိုဖြစ်ပဲဖြစ်လာပါစေ။
( ဖေဖေါ်ဝါရီ ၁၂ ၁၉၄ရခု ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သော ပြည်ထောင်စုနေ့သို့)

Tuesday, February 10, 2009
တညနေ ကျွန်တော် ရုံးကနေ အိပ်ပြန်လာခဲ့တယ်။ ညို့နေတဲ့ မျက်ကွင်းနဲ့ အရာရာဟာ အားအင်ဖျော့လျှော့စွာ မြင်နေရတာမျိုးပေါ့။ တလမ်းလုံးလည်း အရူးမီးဝိုင်းနေကြတာဆိုတာ့ ပြောစရာလည်းသိပ်မရှိပါဘူး။ ခြေလှမ်းတွေကို တည်ငြိမ်အောင်ထိန်းလိုက်တယ်။ လမ်းတလျှောက်မှာ နောက်ကောက်ကျကျန်နေခဲ့မှာ စိုးလိုထင်ပါရဲ့ ဘေးနားကဖြတ်သွားသူတွေကတော့ အရှိန် အမြန်တင်လို့ ။ အဖြေကသိပြီးသားပဲ။ သွားနှင့်ကြပါစေ။ တစ်.... နှစ်......... သုံး.......... လို့ စိတ်ထဲက တိတ်တိတ်လေး ကြိတ်ရေလိုက်ပြီးတော့ ခေါင်းမော့လိုက်တယ်။ ညောင်းညာနေတဲ့စိတ်က ဇတ်ကို အလိုလိုပြန်ငိုက်စင်း လာစေခဲ့တယ်။ တကယ်တော့ တဘဝလုံး တစ်၊ နှစ်၊ သုံးလို့ ရေခဲ့ရပေါင်းလည်းများပြီ။ ဆက်ပြီးလည်း ရေတွက်နေရဦးမှာပဲ။ လိုအပ်ချက်ဆိုတာ အကြိမ်းများစွာလုပ်ပြီးတိုင်း မလုပ်သင့်တောဘူးလို့မှ မဟုတ်ပဲလေ။ အထပ်ထပ်အခါခါ လုပ်ဆောင်ခြင်းမှာ စွမ်းအားတော့ ရှိမပေါ့။
အမှန်ဆို အဲဒီီညနေဟာ လေလည်း ဖြူးဖြူးတိုက်တယ်။ နေဝင်ချိန်ကလည်း လှတယ်။ အလုပ်တွေလည်း ကောင်းကောင်းပြီးခဲ့တယ်။ ရုံးပြန်ချိန်ဆိုတာလည်း လန်းဆန်းနေရမယ်လေ။ ဘာလို့လဲ။ တခါတလေ မေးခွန်းတွေ မေးပြီး ၊ အဖြေတွေ ဖြေနေတာမျိုးဟာ အဓိပါယ်မရှိဘူး။ ပေးချက်တွေ ပေးပြီး အဖြေရှာရတာ ပျင်းစရာကောင်းတာမျိုး။ အကြောင်းအရာတွေဟာ ပစ်ပစ်ခါခါရော လုပ်ကောင်းရဲ့ လား။ ဒါမှမဟုတ် တဘဝလုံး သက်သက်သာသာပဲ နေခဲ့မိတာများလား။ မျက်နှာတွေရော အများကြီးရှိခဲ့တာလား။ စိတ်တွေပဲ ထွေပြားခဲ့တာလား။ မျော်လင့်ချက်တွေ တင်းထားခဲ့တာလား။ လုပ်ခဲ့သမျှပဲ အချီးအနှီးဖြစ်ခဲ့တာလား။ မေးမိပြန်ပြီ။ ဟန်ဆောင်ရာ ကမ္ဘာမြေ ဆိုတော့လည်း။ ခေါင်းတွေလည်း လေးလာတယ်။ လှမ်းနေတဲ့ ခြေထောက်တွေလည်း နွမ်းလာတယ်။ သေချာတာကတော့ ဟိုအဝေးမှာ ငှက်တအုပ် ပျံသန်းသွားခဲ့တယ်။
လမ်းဒေါင့်ကို ချိုးလိုက်တော့ ထိုင်သူမရှိတဲ့ ခုံတွေ စီတန်းနေတာကိုမြင်လိုက်ရတယ်။ ရှေ့မှာတော့ ကွင်ပြင်ကျယ်ကျယ် ကုန်းစောင်းလေးတစ်ခု။ ကုန်းစောင်းမြက်ခင်းပေါ်သွားလှဲလိုက်ပြီးတော့ လှပလန်းဆန်းနေတဲ့ ကောင်ကင်ကိုကြည့်မိတယ်။ နေဝင်ချိန်ဆိုတော့ အရောင်တွေ စုံတာပေါ့။ ပြုံးမိသေးသလားပဲ။ဒီမျက်လုံးတွေ မှိတ်ဖို့ တန်ပြီ။ တစ်.... နှစ်......... သုံး.......... လို့ စိတ်ထဲမှာ ရေလိုက်တယ်။ ပြီးတော့ မျက်လုံးတွေကို အသာအယာမှိတ်ပြီး အသက်ကို မှန်မှန်ရှူနေလိုက်တယ်။ အရာရာဟာ တဖြည်းဖြည်းချင်း ငြိမ်သက်ကျဆင်းသွားသလိုပဲ။
အဆုံးမရှိတဲ့ လွတ်လပ်နယ်ဟာ တသားတည်းပဲလေ။

Thursday, January 15, 2009
တစ်နှင့်တစ်ပေါင်းလျှင် နှစ်ရသည်ဟု ဆိုကြသည်။ တချို ့ကလည်း တစ်ပဲရသည်ဟု ဆိုပြန်သည်။ ဆရာကြီး (၀ါ) လူတက်ကြီးလုပ်ချင်လျှင်တော့ ဘယ်သချင်္ာမျိုးနဲ ့ ပေါင်းပြရမှာလည်းဆို ခပ်ဝင့်ဝင့်လေး မေးကြနိုင်သည်။ တကယ်တော့ အခု တစ်နှင့်တစ် ပေါင်းလို့မရတာာချည့်ပဲ မြင်နေရခြင်းဖြစ်သည်။ သူတို့သည် သီးခြားစီ “တစ်” နေကြသည်။ မပေါင်းကြပါ။ ငယ်ငယ်တုန်းကတော့ တစ်နှင့် တစ်ပေါင်းခြင်းလည် လွယ်ကူလွန်းသည်ဟု ထင်ခဲ့သည်။ အတန်းထဲမှ ဆရာမကသော်လည်းကောင်း၊ ထမင်းစားဆင်း စစ်တိုက်တန်းကစားသည့် အခါတွင် သူငယ်ချင်းများကသော်လည်းကောင်း တစ် များပေါင်းစည်းဖို ့ အလွယ်တကူ ဖြစ်ခဲ့လေသည်။ နှာရည်များကို လက်ဖြင့်သုပ်၍ ကျောင်းလွယ်အိပ်ကို စာအုပ်အပြည့်အသိပ်ဖြင့်လွယ်လာသော ကလေးငယ်များသည် တစ်မျာကို ကောင်းစွာပေါင်းတက်ခဲ့သည်။ သံပရာပေါင်း တစ်ချောင်းကို ၀ိုင်းစုပ်ကြရင် တစ်များကိုပေါင်းခဲ့သည်။ ကျောင်းအဆင်း လက်ဆွဲပြေးကြရင်း တစ်များကိုပေါင်းခဲ့ကြသည်။ ဆရာမရိုက်တာကို တစ်ယောက်မျာနှာတစ်ယောက် ကြည့်ရယ်ရင်း တစ်များကို ပေါင်းခဲ့ကြသည်။ ထိုကြောင့် ကျောင်းဝင်းသည် ပျော်စရာနေရာဒေသ ဖြစ်ခဲ့သည်။ အသက်ကြီးလာသောအခါ နေထိုင်ရာအရပ််သည် နေစရာကောင်းသည်ဟု လက်ခံယူဆသူကို ရှာဖွေချင်ခဲ့ပါသည်။တက်ဖက်တွင် နေချင့်စဖွယ်လုပ်မည်ဟု အာမဘန္တဒေခံသူများ၊ ကြွေးကြော်နေသူများ၊ လုပ်ကိုင်နေသည်များကို တွေ ့ခဲ့သည်။ ထိုသူများသည် တစ်များကို ပေါင်းတက်ဖို ့တော့လိုလိမ့်မည်။ ရိုးရှင်းသော ဒီပေါင်းခြင်းကို သူတို ့တက်မြှောက်မည်ဟု ရိုးရိုးသားသားယုံကြည်ခဲ့သည်။ ယခုမူ တစ်များကို အပေါင်းမတက်သောကြောင့် တစုတစည်း၊ တစည်းတလုံး ဆိုတာတွေပင်် ပြန့်ကျဲလို ့နေကြသည်။ ဒီသံသရာသည် ဘယ်တော့ရပ်မလဲမေးဖို ့ လူလိုက်ရှာ နေခဲ့တာကြာပြီဖြစ်သည်။ ဖြေဆိုနိုင်သူကို သမိုင်းစာအုပ်ထဲတွင် တွေ ့သောအခါ၊ ခြံစုတ်စုတ်လေးအတွင်းမှာ တွေ ့ရသောအခါ၊၊ ခိုင်မာသော အုပ်ရိုးကြီးတွေအတွင်းမှာ တွေ့သောအခါ ရင်မောရတော့သည်။ မွေးခါစကလေးငယ်တစ်ဦး၊ သူကိုယ်တိုင် အခြားမွေးခါစကလေးငယ်ကို ပုခက်ဆွဲပေးနေရသည်ဆိုလျှင်၊ (၀ါ) ချစ်သူကို အနမ်းချွေပေးနေတဲ့ လူငယ်တစ်ယောက် ၊ ဆံပင်ဖြူတွေနှင့် ထုတ်ထောက်သွားနေရသည် ဆိုပါလျှင် အချိန်တွေသည် မများသေးပါဟု ဖြေဆိုမည့်သူကို တအံ့တသြကြည့့်ချင်ပါသေးသည်။ (ဝဖြိုးလာသောလူများကို မမေးပါ)။ ရိုးသားမည်ဆိုပါက၊ စွန်လွတ်မည်ဆိုပါက၊ ငါတကော မကောတော့ပါဟုဆိုပါက တစ်များပေါင်းစည်းကြစေချင်သည်။ တစ်များမပေါင်းစည်းပဲနှင့် ၊ တစ်ကွဲတစ်ပြား လုပ်နေကြခြင်းအားဖြင့်၊ တစ်ကိုယ်ကောင်းဆန် နေကြမည်ဆိုလျှင် ယုံကြည်မှုဆိုတာကို ဆုံးရုံးရလိမ့်မည်။ ထိုအခါ အရာအားလုံး အဆုံးအရှုံးဖြစ်မည်။ အသုံးမကျခြင်းသည် မှတ်တမ်းတင် ကျန်ရစ်မည်။ နောင်တချိန်မှာ နှောင်းလူတို ့ရဲ ့ နာကျင် ခေါက်ခက် တောက် ခေါက်ခြင်း မခံရကြစေနဲ ့။ ဆုတောင်းပေးပါသည်။
ဒီနေ ့ နေကောင်းကောင်းပူသည်။ လေလည်းတိုက်လေသည်။ နွေဦး ဝင်ခါနီးမို ့ထင်။
ဒီနေ ့ နေကောင်းကောင်းပူသည်။ လေလည်းတိုက်လေသည်။ နွေဦး ဝင်ခါနီးမို ့ထင်။
Sunday, January 4, 2009
Monday, November 17, 2008
Thursday, October 23, 2008
Tuesday, October 14, 2008
သီတင်းကျွတ်ပြီ
ကောင်းကင်ပေါ်မှာ မီးပုန်းပျံလည်း မတွေ့ဘူး။
အိမ်တွေပေါ်မှ ဆီမီးလည်းမတွေ့ဘူး။
သာသာ ထိန်နေတဲ့ လမင်းလည်းမရှိဘူး။
ပျော်ဝင်နေတဲ့ ခံစားချက်တွေလည်း မတွေ့ဘူး။
မီးပုန်းတွန်းနေတဲ့ ကလေးတွေရဲ့ အသံလည်း မကြားရဘူး။
မီးသရဲဆိုတာလည်း မမြင်ရဘူး။
သီချင်းဆိုသံ၊ ပျော်ရွင်အော်ဟစ်သံတွေ မကြားရဘူး။
ကြည်နူးစရာမရှိဘူး။ လွတ်လပ်မှုမရှိဘူး။
တကယ်ပါ။ ငါ့တိုင်းပြည်ကို ငါချစ်တယ်။ ငါ့ဓလေ့တွေကို ငါ နှစ်သက်တယ်။
ငါ့ယဉ်ကျေးမှုတွေကို ငါမြတ်နိုးတယ်။ ငါတို့လူမျိုးကို ငါအထင်ကြီးတယ်။
ငါ့တိုင်းပြည်မှာ ရှင်သန်ခွင့် ရခဲ့တဲ့အတွက် ငါ ဂုဏ်ယူတယ်။

Monday, September 15, 2008
Friday, August 8, 2008
တစ်ခုခုတော့ တင်ချင်တယ်ဗျာ။ သီချင်းတစ်ပုဒ်ကလည်း မပြီးဘူး။
အနှစ်နှစ်ဆယ်တောင် ရှိသွားပြီဗျာ။
စကော်ပီယံ ဂီတအဖွဲရဲ့မျိုးဆက် အသစ် ဆိုတဲ့ သီချင်းထဲက ပထမဆုံး စာသားတချို့ကို သတိရနေတယ်။
ငြိမ်းချမ်းမှုကင်းမဲ့တဲ့ နောက်ထပ်နေ့ရက်
အဖြေဆိုတာ ဘယ်မှာ
စစ်တပ်ကတော့ တိုက်ပွဲတွေ နိုင်အောင်တိုက်ဆဲ
မင်းနဲ့ငါတို့ အတွက် မဟုတ်ဘူးဆိုတာတော့ အသေအချာ
မျိုးဆက်တွေ ဘယ်နှစ်ဆက် ကျဆုံးရမလဲ
ဒီ သွေးစီး ချောင်းတွေကို ပြက်တောက်စေဖို့
ခေါ်သံတွေ က ငါ့ခေါင်းထဲမှာ ချာချာလည်
မင်းရဲ့အသံက အဆိုးဆုံးခံစားရစေတယ်
ဒီမှာ ငယ်ရွယ်နုပျိုတဲ့ ရဲ့ရင်တဲ့ မျိုးဆက်တွေ လာပြီ
မင်းတို့ငါတို့သာ
မင်းတို့ငါတို့သာ အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်နိုင်တဲ့ သူတွေ..
??????
နတ်ဆိုး

Sunday, July 6, 2008
တခါတလေ လုပ်ချင်ပေမယ့် လုပ်ခွင့်မရှိဘူး
တခါတလေ လုပ်ချင်ပေမယ့် မလုပ်နိုင်ဘူး
တခါတလေ လုပ်ချင်ပေမယ့် မလုပ်ရဲဘူး
တခါတလေ မလုပ်ချင်ပေမယ့် လုပ်ရတယ်
တခါတလေ ဘာလုပ်ရမှန်းမသိသလို ့
တခါတလေ ဘာမှမလုပ်ချင်ဘူး
တခါတလေ ဘဝကြီးက ပျော်စရာကောင်းသလို
တခါတလေ ကျတော့လည်း ပျင်းစရာ
တခါတလေ တက်ကြွပြီး
တခါတလေ စိတ်ဓာတ်တွေကျလို ့
တခါတလေ ငါကို ဘယ်ကောင်မလေးမှမချစ်ရင်ကောင်းမယ်လို ့တွေးတယ်
တခါတလေ အဲဒီကောင်မလေးတွေကို ငါ့ကို ချစ်စေချင်တယ်
တခါတလေ ငါက အဲဒီကောင်မလေးတွေကိုချစ်တယ်
တခါတလေ ဘယ်သူကိုမှ မချစ်တော့ဘူးလို ့တွေးတယ်
တခါတလေ စိတ်ကူးတွေနဲ ့ပျော်တက်သလို
တခါတလေ အပေါင်းအဖော်များနဲ ့ ပျော်တယ်
တခါတလေ ကမ္ဘာကြီးကို ကူညီချင်တယ်
တခါတလေ ကိုယ့်ကိုကိုယ် ကူညီတယ်
တခါတလေ စွန် ့ကျဲ ့တက်ပြီး
တခါတလေ ကပ်စီးနည်းတက်တယ်
တခါတလေ အောင်မြင်ကျော်ကြားချင်ပြီး
တခါတလေ ငြိမ်းချမ်းချင််တယ်
တခါတလေ မိဘတွေကို သတိရတယ်
တခါတလေ ကောင်မလေးတွေကိုသတိရ
တခါတလေ ငါ့ကိုယ့်ငါ သတိရတယ်
တခါတလေ အတိတ်ကိုလွမ်းတက်ပြီး
တခါတလေ အနာဂါတ်မှာ ကျက်စား
တခါတလေ ပစ္စုပန်မှာ နေဖို ့ကြိုးစားတယ်
တခါတလေ ဘယ်မှာ နေရမှန်းမသိ
တခါတလေ ဘာမှမဟုတ်ပါဘူးလို ့တွေးတယ်
တခါတလေ အဟုတ်ကြီးလုပ်ပြီး နေတယ်
တခါတလေ မထီတရီပြုံးတက်ပြီး
တခါတလေ ရိုးရိုးသားသားရယ်တက်ပြန်ရော
တခါတလေ ...
တခါတလေ ...
တခါတလေ ...
တော်ပြီ။။ တော်ပြီ။။
တခါတလေ ဒီ လို ပဲ အူကြောင်ကျားတွေးတယ်။

Wednesday, June 4, 2008
အား...။
ရင်ထဲမှာ အသံက ပဲတင်ထပ်သွားသည်။ သူ ဆက်ပြီး မခံစားနိုင်တော့။
ကိုယ်မှာ လုပ်ပေးနိုင်စွမ်းမရှိပဲ စိတ်ကောင်းရှိနေခြင်းဟာ ဒုက္ခတစ်မျိုးလား။ အလိုမကျမှုတို ့က စိတ်ထဲတွင် တရစ်ပြီးတရစ် တိုးဝင်ရစ်ပတ်လာသည်။ မွန်းကျပ်မှုက သူမျက်နှာတစ်ခုလုံးကို တင်းမာနေစေသည်။ လည်ချောင်းတစ်ခုလုံး ဝမ်းနည်းမှုတို ့နဲ ့ပိတ်ဆို ့နေသလို ခံစားရသည်။ သည်းမခံနိုင်သည့် အဆုံး မြင်မြင်သမျှအရာအားလုံးကို ပိတ်ချလိုက်သည်။ ကွန်ပြုတာ မျက်နှာပြင်တစ်ခုလုံး အနက်ရောင်ပြောင်းသွားတဲ့အထိ သူ မျက်လုံးပိတ်ထားခဲ့သည်။ ခေါင်းငိုက်စိုက်၊ လက်များက ဆံပင်များကြားထိုးလျှက်။ ကွန်ပြုတာပုံးထဲက ပန်ကာသံရပ်သွားတော့မှ ပြုတင်းပေါက် ရှေ ့ရပ်ပြီး အပြင်ကိုကြည့်မိသည်။ ပုံရိပ်တွေက အာရုံမှာ စွဲထင်ဆဲ။
ကောင်းကင်ကို ကြည့်မိသည်။ နေညိုလေပြီ။ ငှက်တွေကတော့ အပူပင်ကင်းကင်း အနောက်အရပ်ကို ပျံသန်းသွားကြသည်။ သူ ပင်ပန်းနွမ်နယ်နေသည်။ ကိုယ့်အားကို ကိုးဖို ့လိုအပ်နေပြီဆိုတာကို သေသေချာချာ ခံစားသိရှိလိုက်သည်။ အသက်ကို ပြင်းပြင်းရူသွင်းနေလိုက်သည်။ သွေးသားတို ့ ရဲရဲ လည်ပတ်လာသည်။ မနက်ခင်းအတွက် ဒီည ဒီအမှောင်တွေကို သူကြောက်လို ့ မဖြစ်တော့။ ကောင်းကင်မှာ ကြယ်တွေလင်းလာသည်။ သူ စူးစူးစိုက်စိုက်ကြည့်နေသည်။

Tuesday, March 18, 2008
ဘလော့လည်း မဝင်ဖြစ်တာတောင် ကြာနေပြီ။ လာလည်တဲ့ သူရှိရင် ဝမ်းနည်းပါတယ်ဗျာ။
သူငယ်ချင်းတွေ အလုပ်ရှာနေကြတော့ သူတို ့ကို ဦးစားပေးပြီး ကွန်ပြုတာကို မကိုင် ဖြစ်ဘူး။
ဒါနဲ ့ နောက်ခံ ဘက်ဂရောင် မိုက်တယ်မလားဗျ။ အဲဒါ ကျွန်တော် စကုတ်လေးလေ။ ဆံပင်တွေ ရှည်တဲ့ ကျွန်တော်က စကုတ်တစ်ခုတော့ လိုတာပေါ့ဗျာ။ ပုံလည်း ကိုယ်ဟာ့ ကိုယ်ရိုက်ထားတာနော်။ ဒီနေ ့ကနေစပြီး google image ကို နှုတ်ဆက်လိုက်ပါပြီ။ ဟိ..ဟိ.. ။ ဟိုနေ ့က IT show မှာ NIKON D60 သွားဝယ်လာတယ်လေ။ မျောက်လက်ထဲ ဘာရောက်တာလဲတော့ မသိဘူး။
ဒီရက်ပိုင်း ဝမ်းနည်း နေသလို ပဲဗျာ။ အနာဂါတ်တို ့၊ ကံတို ့ ဆိုတာကလည်း ပြောလို ့မှ မရတာ၊။
ဘာပဲ ဖြစ်ဖြစ် ဘာမှ မဖြစ်ခင်အထိတော့ ပျော်ပျော်ပါးပါး အေးအေးချမ်းချမ်းပေါ့ဗျာ။
နတ်ဆိုး
18 မတ် ၂၀၀၈

Subscribe to:
Posts (Atom)