ဒီသီချင်းလေးကို ကျွန်တော် သည်လိုကြိုက်တာ။ နားထောင်ကြည့်ပါလား။ သီချင်းကိုယ်နိုက်က ကောင်းလွန်းတာပါ။
မေရီဝင်း (ရုတ်တရက်ပါပဲ)
mARry wIn ( sUddEnLy )
Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts
Thursday, December 24, 2009
Saturday, December 12, 2009
ဒီဗမာမလေးကို ဘလောမှာတင်ဖို့လုပ်နေတာကြာပီ။ မတင်ဖြစ်ဘူး။ ၆ လလောက်တောင်ရှိတော့မယ်ထင်တယ်။ သူသီချင်းတွေက ကျွန်တော် ရုံးမှာ အလုပ်လုပ်ရင်းနားထောင်တဲ့ သီချင်းတွေထဲက တချို့ပေါ့။ ကျွန်တော်အမြင် ပြောရရင်တော့ မြန်မာပြည်က တချို့အဆိုတော်လုပ် ခွေထုတ်နေတဲ့သူတွေထက်ကို နားထောင်လို့ကောင်းတယ်။ ဟိုတလောက အနောနီးမက်စ် အဖွဲဆိုလား။ ကိုရီးယားယောကျင်္ားလေးအဖွဲ့တဖွဲ့ သီချင်း(i don't love anybody but u)ကိုကော်ပီကူးပြီး အဲကိုရီးယားအဖွဲ့အတိုင်း တပုံစံတည်းလိုက်ကပြီး ယူကျုတ် မှာတင်ထားတာကို သူငယ်ချင်ကလာကြည့်ဆိုပီး ပြတယ်။ စစချင်းတော့ အဲ ငါတို့မြန်မာတွေ မဆိုးဘူး။ စတိုင်လ်တော့ လုပ်တက်လာပီလို့ထင်လိုက်တယ်။ (ဒါတောင် ယောက်ျားလေးတွေဖြစ်ပြီး မိန်းမတွေလို ညို့အားပြင်းတဲ့ မျက်လုံးမျိုးကြည့်တွေနဲ့ ကြည့်ကြည့်နေတာကို ရွံမိသေးတယ်)။ ကော်ပီမှန်းလည်းမသိကိုး။ နောက်မှ အကြောင်းလည်းသိရော အတော်ရှက်ပီး စိတ်ပျက်သွားတယ်။ ဟန်ထူးလွင်ရဲ့ သီချင်းကိုသတိရမိတယ်။ "ဘယ်နေရာကြည့်ကြည့် ရိန်းပဲ။ မြန်မာ့စိတ်ဓာတ် ရှက်ဖွယ်။ ကိုရီးယား လမ်းနီးကြတယ်" ဆိုတဲ့ဟာ။ ဟား.ဟား။
အခု မေရီဝင်းလို စစ်မှန်တယ်လို့ခံစားရတာလေးတွေကို မျှပေးပါတယ်။ http://www.marywinmusic.com/
အိုးဂရကျဂိုရီ (OLD GREGORY)
တစုံတယောက်က ကြည့်နေတယ် (SOMEONE IS WATCHING)
အခု မေရီဝင်းလို စစ်မှန်တယ်လို့ခံစားရတာလေးတွေကို မျှပေးပါတယ်။ http://www.marywinmusic.com/
အိုးဂရကျဂိုရီ (OLD GREGORY)
တစုံတယောက်က ကြည့်နေတယ် (SOMEONE IS WATCHING)
Sunday, August 30, 2009
ဒီရက်ပိုင်း ဒီတေးသွားလေး သဘောကျနေတယ်။ Joe Satriani တဲ့။ ဂစ်တာဆရာကြီး။ နားထောင်တက်ရင် နားထောင်ကြည့်ပေါ့။ နားမထောင်တက်ဘူးဆိုရင်လည်း စမ်းပြီးနားထောင်ကြည့်ပေါ့။ မတက်ဘူးဆိုပီး မလုပ်ရင် မလုပ်ဖူးဘူးဖြစ်သွားမယ်လေ။ လုပ်ရင် တဖြည်းဖြည်းနဲ့ ဘယ်ဟာမဆို နှစ်သက်လာတာပါပဲ။ ကောင်းမကောင်း ခွဲခြားနိုင်လာတာပဲ။ ဖြည်းဖြည်းချင်းနဲ့။ ကျွန်တော်တော့ နားထောင်ရုံပဲ တက်နိုင်တယ်။ :)
သီချင်းနာမည်က Ten Words တဲ့။
Thursday, June 4, 2009
Saturday, February 14, 2009
Vanessa Mae (Theme from Caravans)
ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိမ်မှာ တယောက်တည်း ပျင်းပျင်းနဲ့ ကျန်ခဲ့တဲ့အခါတိုင်း၊ သူငယ်ချင်းတွေမလာလို့  အိမ်မှာပျင်းတဲ့အခါတိုင်း၊ တကိုယ်တည်း ရှိနေတယ်လို့  ခံစားရတိုင်း၊ အဖေါ်တွေနဲ့  ဝေးတိုင်း ဒီလို တေးသွားတွေ အကျယ်ကြီးဖွင့်ပြီး နေတက်တယ်။ လက်တွေ မြှောက်ချင် မြှောက်နေမယ်။ ကိုယ်ခန္ဒာက ယိမ်းချင်ယိမ်းနေမယ်။ မျက်လုံးတွေ မှိတ်ထားချင် မှိတ်ထားမယ်။ ခြေထောက်နှစ်ခြောင်း မိုးပေါ်ထောင်ထားတာလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ တယောက်တည်းဆိုတော့ လွတ်လွတ်လပ်လပ်ပဲ။
ဒီတေးသွားကတော့ Theme from Caravans တဲ့။ တကယ်တော့ ကမ္ဘာကြီးက အကျယ်ကြီးပါဗျာ။ ကျွန်တော်တို့  စိတ်လွတ်လပ်သလောက် ကျယ်ပါတယ်။ ခံစားကြည့်တာပေါ့။ တယောထိုးထားသူကတော့ စလုံး(Singapore)မှာမွေးပြီး လုံဒုံ(London)မှာကြီးတဲ့ ဗီနေဆမေး (Vanessa-Mae) ပါ။ ချစ်စရာ ကောင်းတဲ့ ကောင်မလေးပေါ့။
အလုပ်နဲ့  ဆန္ဒနဲ့  လက်တွေ ကျလားဆိုရင် ခေါင်းခါရမဲ့အထဲမှာ ကျွန်တော်လည်း ပါတာပေါ့။ မဖြစ်နိုင်တော့တဲ့အခါ ကျေနပ်ဖို့လည်း လိုအပ်တယ်လေ။ သူများ ဖန်တီးထားတာတွေကို ခံစားရလည်း မဆိုးပါဘူး။ :)
Tuesday, January 13, 2009
လွတ်လပ်ခြင်းဆိုတာ.. သီချင်းထဲမှာတောင် ချိုမြိန်တာ..
FREEDOM
(McCartney)
This is my right
A right given by God
To live a free life
To live in freedom
Talkin' about freedom
I'm talkin' 'bout freedom
I will fight
For the right
To live in freedom
Anyone tries to take it away
They'll have to answer
'Cause this is my right
I'm talkin' about freedom
Talkin' 'bout freedom
I will fight
For the right
To live in freedom
Everybody talkin' 'bout freedom
We're talkin' 'bout freedom
We will fight
For the right
To live in freedom
ဒါကတော့ မြန်မာ ပုံရိပ်တွေနဲ့ ။
http://www.youtube.com/watch?v=-VP31sm2qq4

Wednesday, February 27, 2008
ဘယ်လိုပုံမျိုးလဲ
-------------------------------------------------------------------------------------
INTRO: C G Am Em
C - - - - - - - - - - - - - - -G
တနေ့က ကျွန်တော်.... ချစ်သူလေးဆီသွားခဲ့တယ်..
Am - - - - - - - - - - - - - Em
ပုဆိုးလေးဝတ်လို့ကျွန်တော် .. သူ့ကို တွေ ့ခဲ့တယ်...
C - - - - - - - - - - - - - - G
မြင်မြင်လိုက်ချိန်မှာပဲ... ချစ်စရာကောင်းတဲ့ မျက်နှာလေး
Am - - - - - - - - - - Em - - - - - - - - F ---- G
ပုတ်သိုးလို့သွားခဲ့.. ကျွန်တော်သိတယ်...တကယ်သိခဲ့တယ်...
(CHO)
C
(ဘယ်လိုပုံမျိုးနဲ့ (ငါချစ် ရမှာလဲ)
G
ဘယ်လိုပုံမျိုးနဲ့ (ငါချဉ်း ကပ်ရမလဲ)
Am
ဒါတွေလို သေးလား (ချစ်ခြင်းရဲ့အကြောင်းမှာ)
Em
ဒါတွေလို သေးလား.. ) ၂ F G C G Am ..
(VERSE) (CHO)
ALTER တွေပဲလား....
ROCKER တွေပဲလား...
RAPPER ပုံမျိုးလား....
ဘယ်လိုပုံမျိုးလဲ... ပြောစမ်းပါကွယ်.. ငါချစ်တဲ့ ကောင်မလေးရယ်..
(CHO)
ပြောစမ်းပါကွယ်.. ငါချစ်တဲ့ ကောင်မလေးရယ်..
ဟိ.. တစ်ခါက ကျွန်တော် ရန်ကုန်က ကောင်မလေးတွေ၊ကောင်လေးတွေ ကြည့်ပြီး စိတ်ထွေထွေနဲ့ ရေးခဲ့ဖူးတဲ့ ကိုယ်ပိုင်သံစဉ်ပါ။ အော်တာ အပျော့စားမျိုးနဲ့တူမလားပဲ။ ဒိုးလုံးတို့ပုံစံ။ ဘာမှတာနားမလည်တာ တခါတလေတော့ အဲလိုလျှောက်လုပ်ဖြစ်တယ်။
ဟိုအောက်က.. ကောင်းကင်ပေါ်မှာ လမင်းကြီးကဝင်းပ ဆိုတာလည်း သီချင်းဗျ။ မသိမှာစိုးလို့။ အခု လည်းရေးချင်နေတယ်။ ရေးဖြစ်မလားတော့ မသိဘူး။ မရေးဖြစ်ခင် သတိတရတင်လိုက်တာ။
နတ်ဆိုး
၂၇ ဖေဖေါ်ဝါရီ ၂၀၀၈

Thursday, February 21, 2008
ကောင်းကင်ပေါ်မှာ လမင်းကြီးက...ဝင်းပ
ပန်းခြုံအကွယ်မှာ အတွဲလေးတွေ...နမ်းကြ
သာသာယာယာ အေးချမ်းလှပတဲ့ .. ည
သာသာယာယာ အေးချမ်းလှပတဲ့ .. ည
ဘုရားစင်ပေါ်မှာ အမေထွန်းထားတဲ့...မီးများ
လမ်းတွေပေါ်မှာ ကလေးများက ဆော့...ကစား
သာသာယာယာ အေးချမ်းလှပတဲ့ .. ည
သာသာယာယာ အေးချမ်းလှပတဲ့ .. ည
ခြံထဲက ပန်းတွေ လန်းပြီ ...
ရနှံ့သင်းပြန့်တဲ့ စံပယ်တွေ ပွင့်ပြီ...
အေးမြတဲ့ လရောင် လွှမ်းခြုံထားတဲ့ ငါ့ခြံလေးကို သတိရ....
အမေထွန်းတဲ့ ဆီမီးနဲ့မမိန့်တမိန် ငါ့အိမ်လေးကို သတိရ.. ..
ကြယ်တွေနဲ့လင်းနေတဲ့ ငါ့အိမ်မက်တွေကို သတိရ....
နတ်ဆိုး
၂၁. ဖေဖေါ်ဝါရီ. ၂၀၀၈

Subscribe to:
Posts (Atom)