ဒီနေ့ဂျစ်တူး၊ ပန်ဒိုယာ၊ ပုံရိတ်၊ လေးမ၊ သိုးမလေး၊ ကိုသန့်ဇော်မင်း တို့ဆီသွားလည်ပြီး ကျွန်တော့် ဘလောခ်လေးကို လွမ်းမိတယ်။ တမ်းတမ်းတတရယ်လို့မဖြစ်ခဲ့ပဲ ဘာရယ်မဟုတ် ဒီဘလောခ်ကို ပြန်ဖန်တီးမိတယ်။ အေးရာအေးကြောင်းလေးတွေ ပေါ့ဗျာ။
တူးတူးပုန်းနေတဲ့ ကောင်းကင်နောက်က ကြယ်
ပြောင်ပြောင်လတ်လတ်ဖြစ်အောင်တိုက် ထားတဲ့ စတီးခွက်
တိုက်ချိုတိုက်မြင့်တွေကြား
လမ်းသွယ်လေးတွေကြား
လျှက်စစ်မီးအားတွေ ဖြတ်သန်းစီးဆင်း
လေပြည်အေးအေး တချက်တိုက်တိုင်း
ငါ့ရင်ဘတ်မှာ နွေးနွေးထွေးထွေး သွေးတစ်ချက်တိုးတယ်
လေးလေးကန်ကန် ခေါင်းတွေနဲ့
သမိုင်းတွေ မရမက ဖြစ်အောင်ဆောင့်ချ
နှလုံးသာတွေကို မာစေခဲ့
အိပ်လို့မပျော်တိုင်း နေ့လို့ ပြောလို့ရမလား
တိတ်တိတ်ဆိတ်ဆိတ်ဆိုတော့လည်း လောကကြီးမှာ အင်အားရှိသလို
ညဆိုမှတော့ ညပဲဖြစ်မှာပေ့ါ
စတီးလ်ခွက် ..
ငါမုန်းတယ်။ စတီးလ်ရောင် နှလုံးသားက စတီးလ်ခွက်ကို မုန်းတယ်
လူတွေသိရင် ရယ်ကြဦးမယ်
ခေါင်းကြီးနဲ့ထပ်စဉ်းစား
ဒါ ကော်ဖီလား ဘာရည်တွေလည်း
တူးတူးခါးခါးဆိုတာ တစ်တစ်ခွခွမဟုတ်ဘူး
ဖြစ်ညစ်ပြီးတော့ဆိုပေမယ့်
ဘဝဆိုတာ လိုအပ်ရင် သုံးဆောင်ရတာမျိုး
တော်ပြီ
ညဟာအိပ်ပျော်နေပြီ
တော်ပြီ
လူတွေဟာ အိပ်ပျော်နေပြီ
တော်ပြီ
ကော်ဖီက ခါးတယ်လား
ငယ်ငယ်က ခူးစားခဲ့တဲ့ သစ်တော်သီးကို သတိရ
ဇီးချဉ်သီးနဲ့ ငုရုပ်သီး တို့စားမိရင် ဖင်ပူတယ်
တစ္စေစျေး ကဗျာကို ပြန်ဖတ်ရရင် ကောင်းမယ်
အဲဒီ အသစ်ကိုလေ မီးမတို့နဲ့ဦးဆိုတာ
ဘုရားက အနတ္တလို့တော့ဟောသွားတာပဲ
သံသရာ ဆိုတာ ရေကူးကန်မဟုတ်
ရေကူးတက်တယ်ဆိုရုံနဲ့ သံသရာက မလွတ်
ညဉ့်ရဲ့ ငှက်ဆိုးထိုးသံ ဟာလည်း နားထောင်လို့ကောင်းတယ်
ဘယ်လိုလုပ်ကြမလဲ
တိတ်တိတ်ဆိတ်ဆိတ်တွေ ပြိုဆင်း
ဝဲဘက်ဝဲယာမှာ အမှောင်တွေရောက်လာ
တော်ပြီ
ကောင်းကင်မှာ ကြယ်တွေဟာ စုံနေပြီ။
တော်ပြီ
ရင်ဘတ်တွေထဲမှာ ကြယ်တွေဟာ စုံနေပြီ။
တော်ပြီ
သမိုင်းတွေမှာ ကြယ်တွေဟာ စုံနေပြီ။
တော်ပြီ
အေးအေးချမ်းချမ်းပဲ..
Showing posts with label ပထမဆုံးပိုစ်. Show all posts
Showing posts with label ပထမဆုံးပိုစ်. Show all posts
Sunday, January 20, 2008
Subscribe to:
Posts (Atom)