မြန်မာစကားသည် ကြွယ်ဝလွန်းသည်။ ဤကား ဂုဏ်ယူစရာပင်ဖြစ်သည်။
ကျောင်းဝင်းထဲသို့ မျက်မှန်ထူထူကြီးတပ်ပြီး၊ ဒါမှမဟုတ် ကြိမ်တုတ်ကြီးတကားကားနှင့်ဝင်လာသော ကျောင်းအုပ်ကြီး (သို့) ကျောင်းဆရာကြီးအား ကျွန်တော်တို့က ကြောက်စိတ်၊ ချစ်ခင်စိတ်များဖြင့် ဆရာကြီး ဟု ရိုသေစွာ ခေါ်ဝေါ်သုံးဆွဲကြသည်။ ထိုကဲသို့သော ဆရာကြီးကိုများကိုတွေ့လျှင် အပြုံးဆင်ထားသော မျက်နှာနှင့် ကိုယ်ကိုကိုင်းညွတ်ကာ၊ လက်နှစ်ဖက်ပိုက်ကာ ရိုသေလေးစားသမှု့ကို ပြသကြသည်။ ဆရာကြီးများကလည်း တပည့်ငယ်များကို သားနှင့်မခြား ချစ်ခင်သည်။ ကာကွယ်စောင့်လျှောက်သည်။ သင်ကြားပြသသည်။ သူတို့၏ ရိုးသားအနစ်နှာ ခံတက်သော ပုံရိပ်များက ရင်ဝယ်တွင် မပြောက်ပျက်။ ငယ်ငယ်က ကျောင်းဝင်းထဲမှ ချစ်သောထိုဆရာကြီးများကို လွမ်းမိသည်။ သတိရမိတိုင်း မှန်း၍ ကန်တော့မိစမြဲ။
ငယ်ငယ်က ဆရာကြီးဟုဆိုလျှင် ထိုကဲ့သို့သော ဆရာကြီးများကိုသာ သိခဲ့သည်။ အသက်အရွယ်အနည်းငယ်မျှပို၍ ကြီးလာသောအခါ အခြားအခြားသော ဆရာများနှင့်လည်း ထိတွေ့ရင်နှီးလာသည်။
မြန်မာနိုင်ငံသားအများစုသည် ယဉ်ကျေးမှှုမြင့်သောသူများဖြစ်ကြသည်။ လူတဖတ်သားကို နှိမ်၍ဆက်ဆံခြင်းကို တက်နိုင်သမျှရှောင်ရှားကြသည်။ မည်ကဲသို့သောအလုပ်ဖြစ်စေ၊ နှိမ့်နှိမ့်ချချ ခေါ်ဝေါ်သုံးစွဲခြင်းမျိုးကို ရှောင်ရှားကြသည်။ ကြီးမားသောအလုပ်များလုပ်သူများနှင့် တတန်းတည်းခေါ်ဝေါ်သုံးစွဲကြသည်။ တိုင်းပြည်ကိုအုပ်ချုပ်သော မင်း ၏ဆရာကို မင်းဆရာ၊ တက္ကသိုလ်မှ အဆင့်မြင့်ဘာသာရပ်များကို သင်ကြားပို့ချသော ဆရာကို တက္ကသိုလ်ဆရာ စသည်ဖြင့်ခေါ်ပြီးပြောဆိုသကဲ့သို့ ဆိုက်ကားနင်းသောသူကို ဆိုက်ကားနင်းရာတွင် ကျွမ်းကျင်သောသူဖြစ်သည့်အတွက် ဆိုက်ကားဆရာ၊ ကားမောင်းသောသူကို ကားမောင်းရာတွင် သူ၏ကျွမ်းကျင်မှုကို အသိအမှတ်ပြုသည့်အတွက် ကားဆရာ စသည်ဖြင့် ဆရာဟု တပ်ကာ ခေါ်ဝေါ်သုံးဆွဲကြသည်။ မြင်းလှည်းဆရာ၊ ပိုက်ပြင်ဆရာ၊ ရေဆွဲဆရာ စသည့်ဖြင့်လည်းရှိသေးသည်။ ဤကား သူအနေအထားအလိုက် လူတိုင်း၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုတက်သော သဘောပင်။ ကောင်း၏။
သည်နောင်းပိုင်းတွင် မထင်မှတ်ပဲ ဆရာကြီးတမျိုးကို ထပ်တွေ့လာသည်။ မြန်မာစကား ကြွယ်ဝသည်ကို ပိုမိုသိရှိလာသည်။ ဘယ်လိုဆရာကြီးမျိုးလည်းတော့ အားလုံးသိရှိပြီးဖြစ်မည်။
"မင်းက ဆရာကြီးလား"
"ဒီကောင်က ဆရာကြီးကွ"
"ငါက ဒီနယ်ပယ်မှာဆရာကြီးကွ။ မင်းငါပြောတာနားထောင်"
"မင်းက ဘာမိုလို့လဲ။ ငါဒါတွေလုပ်လာတာ ၂၁ နှစ် ပြည့်တော့မယ်။ ဆရာကြီးကွ။ မင်းမသိပဲ ဆရာမလုပ်နဲ့။"
လားလား။ ဒီ ဆရာကြီးများကို နားလည်နိုင်စွမ်းရှိအောင်ကြိုးစားမိသည်။ တရက်တွင် ဆရာကြီးပုံပြင်ကိုကြားနာဖူးသွာသောအခါမှ အော် ဒီလိုကိုး ဟု သက်ပြင်းချ ပြုံးမိတော့သည်။ ကျောင်းသားကလေးဘဝတွင်သိသော ဆရာကြီးနှင့်လားလားမှ အဓိပ္ပါယ် မဆိုင်သော အခြားအဓိပ္ပါယ်ဆောင်သော ဆရာကြီး အကြောင်းကို ကောင်းကောင်းနားလည်သွားလေတော့သည်။
ဆရာကြီးပုံပြင် ဆိုသည်မှာ ဤသို့တည်း။
--------------------------------------------။
တခါက အဆိုးတကာ အဆိုးဆုံးဆိုသော၊ အယုတ်တကာ အယုတ်ဆုံးဆိုသော၊ အမိုက်တကာ အမိုက်ဆုံးဆိုသော၊ အမှောင်တကာ အမှောင်ဆုံး လူမိုက်များကို ထားရာ အကျဉ်းထောင်တခုရှိလေသည်။ (မြန်မာပြည်က ထောင်တွေမှာတော့ သူရဲကောင်းများလည်းရှိသည်။ ဤကား စကားချပ်။) တရက်တွင် ထောင်သားများ စုဝေးရင်း အကြောင်းအရာတစ်ခုကို ဆွေးနွေးကြသည်။ သူတို့တွင် ခေါင်းဆောင်လုပ်မည့် သူမရှိသေး။ ထို့ကြောင့် ထောင်ထဲရှိထောင်သားများထဲမှ အားလုံးထက်ပိုပြီး ဆိုးမိုက်ယုတ်မာခဲ့သောသူအား ဆရာကြီးအဖြစ်ခန့်အပ်မည်။ ထိုသူက ထောင်သားအားလုံးကိုဦးဆောင်မည်။ လူမိုက်တွေဆိုတော့လည်း အမိုက်ဆုံးက ဆရာဖြစ်တာဆိုတာ သူ့ဟာနှင့်သူ ဂုဏ်ယူစရာပင်။ ဒီလိုနှင့် ထောင်သားများအမိုက်ပြိုင်ကြသည်။ သူတို့ အဘယ်ကြောင့် ဤ ထောင်တကာ ထောင်ကို ရောက်လာရကြောင်း၊ မည်သည့်အမှုများကို လုပ်ခဲ့ကြောင်း ပြောဆိုကြရသည်။ တယောက်က စ၍ -
"ဟေး. ဘယ်သူ လူဘယ်နှစ်ယောက်သတ်ဖူးလည်း" ဆိုသောအခါ၊
"ငါ လူ ၂ ယောက်သတ်ဖူးတယ်"
"ငါ ၇ ယောက်သတ်ဖူးတယ်"
"ငါ ၁၀ ယောက်"
စသည်ဖြင့် အလုအယှက် ဖြေကြသည်။ အားလုံးမှာ သူ့ထက်သူလူပိုသတ်ဖူးကြသူများကြည့်ပင်။ ဆရာကြီးကားရွေးလို့မရ။ ဒါနှင့်-
"ဟေး ဘယ်သူ မုဒိန်း ဘယ်နှစ်ခါကျင့်ဖူးလည်း"
"ငါတခါကျင့်ဖူးတယ်"
"ငါ မိန်းကလေး ၅ ယောက်ကို ကျင့်ဖူးတယ်"
"ငါက ၁၀ ယောက်၊ ကျင့်ပြီးတော့ အားလုံးကို သတ်ခဲ့တယ်။"
ဒီတခါလည်း သူထက်ငါ အလုအယက်။ မည်သူကမျှ အလျှော့မပေး။ ဆရာကြီးဖြစ်မယ့် အရေးကိုး။ ထိုသို့ မည်ကဲသို့သော ယုတ်ညံ့မှု့မျိုးကိုမဆို အားလုံးက သူ့ထက်ငါ သာအောင်ဖြေနေကြစမြဲ။ ဆရာကြီးက ရွေးလို့မရသေး။ ခိုးမှု၊ ဓါမြမှု၊ လူကုန်ကူးမှု၊ ဘိန်းမှု စသည်ဖြင့် မကောင်းမှုများလည်း ကုန်သလောက်ရှိသွားလေသည်။ ဆရာကြီးဖြစ်မည့်သူက အဖြေမပေါ်သေးပေ။ အချိန်လည်းကုန်လှပြီ။ အခြေအနေလည်း တင်းမာနေသည်။ အားလုံးက ဆရာကြီးဖြစ်ချင်ကြသည်။ တိုက်မည့်ခိုက်မည့် ပုံရှိလာသည်။ တယောက်အနေအထား တယောက်စောင့်ကြည့်ကြသည်။ ဒီလိုအခြေအနေမှာ ဆရာကြီးမထားတော့၊ အတူတကွ ညီညီညွတ်ညွတ် နေထိုင်ကြမည် ဆိုလျှင်လည်း လက်ခံကြတော့မည်မဟုတ်။ ဆရာကြီးရောဂါက ရင့်သန်လျှက်ရှိနေပြီ။ ထိုအချိန်တွင် တယောက် စိတ်ပေါက်ပေါက်နှင့် ထပြောလိုက်လေသည်။
"ဟေး... ဘယ်သူ ဖင်ဘနှစ်ခါ ခံဘူးလဲကွ"
"ငါ ၁ ခါ ခံဘူးတယ်"
အားလုံးတိတ်ဆိတ်နေသည်။ မည်သူမျှတုတ်တုတ်မှမလှုပ်။ ယောင်၍အော်မိသောသူ တစ်ယောက်သာ ကြောင်တောင်တောင်နှင့်ဖြစ်နေလေသည်။ တယောက်မျက်နှာ တယောက်ကြည့်ကြသည်။ မည်သူမျှ ထပြောမည့်ပုံမပေါ်။ နောက်ဆုံးတော့ သူတို့သည် သူတို့နှင့်ထိုက်တန်သော အဆိုးတကာ့အဆိုးဆုံး၊ အယုတ့်တကာ အယုတ်ဆုံး၊ အမိုက်တကာ့ အမိုက်ဆုံး၊ အမှောင့်တကာ အမှောင်ဆုံး ဆရာကြီးတစ်ယောက်ကို ရရှိသွားလေတော့သည်။ ထိုသူအား ဦးဆောင်သူ ဆရာကြီးအဖြစ်တင်လိုက်ကြလေသည်။
----------------------------------------------။
အော်... ဆရာကြီးဆိုသည်မှာ တခါ ခံဖူးသူကိုး။
နတ်ဆိုး
။ ။ ဒီကောင် ရိုင်းလိုက်တာ ဟုဆိုလျှင် ရယ်နေပါမည်။
Sunday, July 26, 2009
Subscribe to:
Post Comments (Atom)
2 comments:
မေၿပာပါဘူး
ရယ်ဘဲရယ်သွားတယ်။
ရယ်သောသူအသက်ရှည်၏..တဲ့။ :)
ရယ်သောသူ နုပျို၏.. တဲ့။ :)
ရယ်သောသူ .. မတိတော့ဘူး။ ရယ်တာတော့ကောင်းပါတယ်။
Post a Comment