ပညာ နှင့် ကျောင်း
ပညာဆိုတာ လူသားတဦးချင်းစီအတွက် မရှိမဖြစ်တဲ့ ရှိကိုရှိရမဲ့ အရာပါပဲ။ ဒီနေရာမယ် ပညာ လို့ဆိုခြင်းဟာ အမျိုးမျိုးသောအဓိပ္ပါယ် ဖွင့်ဆိုချက်များ အကျုံးဝင်တယ်။ အတက်ပညာပိုင်းဆိုင်ရာ ၊ အသိပညာပိုင်းဆိုင်ရာ ၊ နောက်တခုက အမှား အမှန်၊ အဆိုး အကောင်း၊ အကျိုး အပြစ် စတာတွေကို ဝေဖန်ပိုင်းခြားပြီး ဆုံးဖြတ်နိုင်တဲ့ တကယ့်ပညာ ဒါမှမဟုတ် အဆုံးအဖြတ်ပညာ ပိုင်းဆိုင်ရာတွေလည်း ပါတယ်။ လူတဦးတယောက်ချင်းဟာ အထက်ပါ ပညာတွေနှင့် ပြည့်စုံးဖူလုံနေမှ လူလောကအတွက် ရှိရမယ့်၊ ဖြစ်ရမယ့် လူသားတယောက် ဖြစ်မှာပဲဖြစ်တယ်။ တဦးချင်းစီက အဲလို ပြည့်ဝနေမှ အိမ်ထောင်စုတစု၊ ပြည်နယ်တခု၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ပြီး အေးချမ်းသာနေလိမ့်မယ်။ တဦးနဲ့ တဦး အပြန်အလှန်နားလည်နိုင်ပြီး ၊ အပြန်အလှန်အကျိုးပြုနိုင် လိမ့်မယ်။ အဲဒီထဲကမှာ အတက်ပညာပိုင်းပဲဖြစ်စေ၊ အသိပညာပိုင်းပဲဖြစ်စေ၊ ဒါမှမဟုတ် အဆုံးအဖြတ်ပညာပိုင်းမှာပဲဖြစ်စေ တဖတ်ဖတ်မှာ အားနည်းလျှော့ပါးနေခဲ့မယ်ဆိုလျှင် အဲဒီ လူမှုအသိုင်းအဝန်းဟာ ပညာမညီမျှမှုကြောင့် ပဋိပက္ခ တွေဖြစ်လာတယ်။ ပြသာနာတွေ စတင်လာတယ်။ ဟန်ချက်မညီမျှမှုနဲ့ သူ့အကျိုးရလဒ်ကို အဲဒီ လူ့အသိုင်းအဝိုင်းက ကြုံတွေ့ရလိမ့်မယ်။ ဘယ်ပညာမှ မဖူလုံတဲ့ လူအဖွဲအစည်းဆိုရင်တော့ ပြောစရာစကားမရှိတော့ပါဘူး။ ပြသာနာပေါင်းများစွာနဲ့ ဘဝများစွာ ဆုံးရမှာပဲ။
ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေမှာ တိုးတက်ပြီး၊ ကိုယ်ကျင့်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ ဆုတ်ယုတ်ကျဆင်းလာခြင်းဟာ ပညာတမျိုးမျိုးမှာ လျှော့ပါးအားနည်းနေလို့ဖြစ်တယ်။ မဖူလုံလို့ဖြစ်တယ်။ ကို်ယ်လုပ်လို့ရသည် ဆိုပြီး ထွက်ပေါ်လာမယ့်အကျိုးအပြစ်တွေကို မကြည့်ပဲ လုပ်ဆာင်ခြင်းမျိုး၊ တဖတ်စွန်းရောက် တွေးခေါ်၊ပြောဆို၊ ကျင့်ကြံခြင်းမျိုး၊ အသိတွေရှိသော်လည်း တီထွင်ဖန်တီးမှုမှာ အားနည်းတာမျိုး၊ အပြောင်းအလဲအသစ်တွေကို မတွေ့နိုင်တာမျိုး၊ ကိုယ်ကျင့်တရားကောင်းတဲ့ လူအဖွဲအစည်းဖြစ်ပေမယ့် ဆင်းရဲတဲ့ဘဝတွေမှာရောက်နေရတာမျိုး၊ တဖတ်နဲ့တဖတ် အပြန်အလှန်နားမလည်နိုင်တာမျိုး၊ နာမည်တွေရှိသော်လည်း လူမသိ သူမသိ၊ ဒါမှမဟုတ် လူသိ သူသိ အောက်တန်းကျစွာ ပြုမှုတာမျိုး အဲဒါတွေအားလုံးဟာ ပညာတမျိုးမျိုးမှာ လိုအပ်ချက်ရှိနေလို့ပဲဖြစ်တယ်။ အဲဒါတွေဟာ ပညာ တမျိုးတည်းကြောင့်သာဖြစ်တယ်လို့ ပြောဖို့မဟုတ်ပေမယ့် ပညာဟာ အရင်းခံပဲ။
တကယ့်တကယ်မှတော့ ဒီပညာတွေကို သင်ပေးလို့ရတယ်။ လေ့ကျင့်ပေးလို့ရတယ်။ တဦးနဲ့ တဦးဟာ ပညာကို လက်ခံယူနိုင်တာခြင်း၊ စည်ပင်ပွားများအောင် လုပ်ဆောင်နိုင်တာခြင်း ကွားခြားသော်လည်း အတိုင်းအတာ တခုအထိ၊ တန်းတခုအထိ လူတိုင်း ပညာဖူလုံနေအောင် သင်ကြားပေးနိုင်တယ်။
စာသင်ကျောင်းတွေဟာ အဲဒါတွေသင်ကြားဖို့အတွက် အဓိကနေရာတွေပဲဖြစ်တယ်။ ပညာကို ဖြန့်ဝေဖို့၊ စည်ပင်အောင်လုပ်ဖို့၊ လူ့အဖွဲ့အစည်းတခုထဲအတွင်းမှာ အတူတူနေကြသူတွေရဲ ့ပညာကို ရေချိန်ညှိပေးဖို့၊ အဲဒီအတွက် ကျောင်းတွေပေါ်ပေါက်လာတာပဲ။ ကျောင်းတွေဟာ ဘဝမှာ ရှာဖွေစားသောက်နိုင်ရုံ၊ ဂုဏ်ထူးတွေနဲ့ပြည့်နေတဲ့ လက်မှတ်တခုရရုံ၊ အတန်းပညာအဆင့်တခုပြီးရုံ အဒီအတွက် ပေါ်ပေါက်လာတာမဟုတ်ဘူးဆိုတာကို မျက်ချေမပြတ်သင့်ဘူး။ ဒီလိုပဲ တီထွင်ဖန်တီးမှုကောင်းရုံအတွက်ပဲမဟုတ်သလို့ ၊ ကိုယ်ကျင့်စာရိတ္တ ကောင်းရုံအတွက်ပဲလည်း မဟုတ်ဘူးဆိုတာ သိရမယ်။ စက်ရုပ်ဆန်ဆန် အရည်အသွေးတသမတ်ထဲရှိတဲ့ ပစ္စည်းတွေထုပ်လုပ်နိုင်အောင် သင်ကြားပေးဖို့မဟုတ်သလို့၊ ဘုရားရှင်တပါး ထွက်လာအောင် သင်ကြားပေးဖို့လည်းမဟုတ်ဘူး ဆိုတာကို နားလည်ရမယ်။ ကျောင်းဆိုတာ လူသားတယောက် လူ့အဖွဲအစည်းထဲမှာ လူသားပီသစွာနေထိုင်တက်ဖို့အတွက် ပေါ်ပေါက်လာတာဖြစ်တယ်။
အဓိကအနေနဲ့ကတော့ အရာတိုင်းမှာရှိသင့်တဲ့ ဟန်ချက်ကို ထိန်းဖို့ပဲ။
မပြီးသေးဘူး။ ကြုံရင် ရေးလို့ရရင် ဆက်ရေးမယ်။
Friday, August 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment