အေးတော့ အရမ်းမအေးသေးဘူး။ မိုးက ဖျက်နေတယ်။ ဒါပေမယ့် ဆောင်းကစနေပြီလေ။ မြူတွေ ဆိုင်းနေတက်ပီ။
ဒါ မူဆယ် ရွှေလီသွားတဲ့လမ်းပေါ့။
ကျွန်တော်တို့အရပ်က ဒီလို အေးအေးချမ်းချမ်းပဲဗျ။ ကျွန်တော်လည်း အေးတာပဲလေ။ (သူများပြောတာပဲ) :D
ဒါက သိန္ဒီ လွင်ပြင်။
ဒါက နာမည်ကြီး လွိုင်ဆမ်ဆစ် လေ။ တောင်သုံးဆယ်။ သိန္ဒီနဲ့ ကွတ်ခိုင် ကြားက။
ညနေပိုင်းရောက်တော့ နမ့်ခမ်းဘက်ကို သွားမိတယ်။ နေဝင်ချိန်က အရမ်းနှစ်သက်ဖို့ကောင်းတယ်။ နမ့်ခမ်းသူလေးတွေကလည်း မြင်ဖူးသမျှ မြောက်ပိုင်းသူလေးတွေထဲမှာ အချောဆုံးပဲ။ သူတို့ပုံတော့ ရင်ထဲမှာပဲ သိမ်းလာခဲ့တယ်လေ။ ;)
ဆန်နီ ကားခေါင်မိုးပေါ်မှာ လူ ၁၃ ယောက်လောက်နဲ့ အတူတူစီးရလို့ ဒီနေဝင်ချိန်ကို သေချာ မရိုက်ခဲ့ရဘူး။ စုစုပေါင်း ၂၅ ယောက်တင်ထားတဲ့ ဆန်နီကားလေးနဲ့ တတောင်တက် တတောင်ဆင်း ကွတ်ခိုင်က ပလောင်တွေကို နမ့်ခမ်းရွာတွေထဲ အထိ လိုက်ပို့ခဲ့ရတာ။ ကားဆရာက သူငယ်ချင်းလေ။ ပို့ပီးရော ကားဆရာက ညည်းပါတယ်။ တကယ့် ပလောင်လူလည်တွေနဲ့ လာတွေ့နေတယ်တဲ့။ ကားခကို အိမ်ရှေ့ရောက်မှ ပေးမယ်ဆိုပီး ခေါ်လာခဲ့တာလေ။ ကားခအရင်ပေးထားရင် သူတို့နေတဲ့နေရာအထိ လိုက်မပို့မှာစိုးတားကိုး။ [ပုံမှန်တော့ ပလောင်တွေက တော်တော် ရိုးအတယ်။]
ဒီခရီးမှာ အမြတ်အထွက်ဆုံးကတော့ အမြင်တွေ မှန်လာပီး လူကြီးဆန်လာတာပဲ ထင်တယ်။ ဒီအဘွားက ခြုံထဲမှာ ဒီအတိုင်းပေါက်နေတဲ့ သက်ကယ်ပင်တွေ ဖြတ်နေတာ။(အကြီး ချဲ့ကြည့်ရင် သူမျက်နှာက တော်တော် အသက်ကြီးပီဆိုတာ သိလိမ့်မယ်။) ပြီးရင် သက်ကယ်လုပ်ရောင်းမယ်ထင်ပါရဲ့။ ဘဝတွေက ကြမ်းတယ်။ စလုံးပြန်ရောက်ရင် ပိုက်ဆံကို မဖြုန်းမိဖို့ ဒီခရီမှာ အကြိမ်ကြိမ် သတိပေးခဲ့တယ်။
နတ်ဆိုး။
Saturday, October 31, 2009
Subscribe to:
Post Comments (Atom)
2 comments:
ပုံလေးတွေလှလိုက်တာ...
ပြန်ရောက်ပြီလား။ ဘလောက်ကမ္ဘာမှ ပြန်လည် ကြိုဆိုပါ၏။
Post a Comment