ရွှေနှင့်ယိုးမှား ပန်းစံကား
သိုးကလေ၊ ၊ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား၊ စုံတောပြား၌၊ န့ံရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ၊ ရွှေနှင့်ယိုးမှားပန်းစံကား။
သိုးကလေ၊ ၊စံကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး၊ မောင်ကြီးနှမ၊ ညက်လှပြာစင်၊ ၊ မယ့်သည်ပင်သည်ခရီးသား။
သိုးကလေ၊ ၊ မြိတ်လွတ်စုလည်း၊ အငယ်တည်းက၊ ကျွမ်းဝင်ကြသည်၊ မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်၊ ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်၊ ၊ နှလုံးမခြားစောင့်တရား။
သိုးကလေ၊ ၊ မျက်သုတ်နီစင်၊ ရထည်းဖျင်းနှင့်၊ ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို၊ ၊ မယ်သာကြိုက်မိတုမရှိ။ ။
အမည်မသိ။
သည်ပင် (ပေါရာဏ) = လင်ယောကျင်္ား
မြိတ်လွတ် = တပတ်လျှို တပတ်ရစ်ဆံထုံကို ဆိုလိုသည်
စုလည်း = ဦးစွန်းကိုကြက်တောင်စီး၍ ထုံးသောဆံထုံးကို ဆိုလိုသည်
မျိုးသည်မင်း = လင်ယောင်္ကျား
ရထည်း(ပေါရာဏ) = ပိတ်ထည်
ဖျင် (ပေါရာဏ) = အင်္ကျ ီ
ကျိုင်းစင်မြဝါ (ပေါရာဏ) = စင်ကြယ်သော မြရောင်ရှိသော ဆောင်ထီး
ပုဂံမင်းများလက်ထက်ရေး ပုပ္ပားနတ်တောင်ဘွဲ့ပါ။ လင်္ကာအမျိုးအစား။ ဒါက ကျွန်တော်၁ဝတန်းတုန်းက ကြိုက်မိတဲ့ မြန်မာစာကဗျာထဲက တပုဒ်။ ချစ်စရာလည်းကောင်း၊ နှစ်သက် လေးစားစရာလည်းကောင်းတဲ့ ကဗျာလေးပါ။ ချစ်စရာကောင်းတဲ့ လေးစားစရာကောင်းတဲ့ မြန်မာ အမျိုးသမီးလေးတဦးကို တွေ့ရတယ်။
ဒီနေရာမှာ သိုးကလေကို သိုးကလေး (သိုး + ကလေး) လို့မဖတ်ရဘူးလို့မှတ်သားဖူးတယ်။ သိုး က လေ ဆိုပြီး ဖတ်ရပါတယ်။ (ကျွန်တော်ကလေ... ဒီလူကလေ...၊ အဲလိုမျိုး သိုးကလေ လိုဖတ်ရတယ်။) အဲဒီမှာ ကျွန်တော်တို့ ၁၀ တန်းတုန်းက မြန်မာစာကဗျာ စာအုပ်ကို သတိရမိမယ်ထင်ပါတယ်။ ဒီစာကို မြန်မာစာညွန့်ပေါင်းကျမ်းထဲက ပြန်ကူးထားတာမို့ ၁၀ သင်ရိုးစာအုပ်နဲ့ "ပန်းစကား" ကို စလုံးပေါင်းနည်းနည်းလွဲမလားမသိဘူး။
အဲဒီတုန်းက ကျွန်တော်ရဲ့ ကျူရှင်က မြန်မာစာဆရာက တော်တော်ကိုကောင်းခဲ့တာပါ။ စာမေးပွဲအတွက် သင်တာမျိုးမဟုတ်ပဲ မြန်မာစာအရသာကို သင်ပေးသွားတာပါ။ သူသင်တာ ကောင်းလွန်းလို့ မြန်မာစာ၊ မြန်မာကဗျာကို အရသာခံစားတက်သွားတာဆိုရင် အမှန်ပဲ။
===================================================================
ဒီတခေါက် မြန်မာပြန်သွားပြီး သယ်လာခဲ့တဲ့ အထဲမှာ စာအုပ်တွေများဆုံးပဲ။ စားစရာနဲ့ တခြားဟာတွေက ကိုယ်အတွက် မပါသလောက်ပဲ။ သူများဟာတွေ သယ်ပေးခဲ့လို့ အလေးချိန်ကတော့ ကျော်သွားတယ်။ ထားပါတော့။ အဲဒီ စာအုပ်တွေသယ်လာလို့ လေဆိပ်က ဦးဦးတွေက ရစ်သေးတယ်ဗျ။ (သူ့တို့လည်း ဝတ္တရားအရလုပ်တယ်လို့ပဲ တွေးပါတယ်။)
"ဘာစာအုပ်တွေလည်း ကြည့်ပရစေ" ဆိုတော့ ကြည့်ပေါ့။
"အားလုံး တရားဝင် စာပေစီစစ်ရေးက ထုတ်ထားတဲ့ဟာတွေပဲ ဦး။ "
"စာပေစီစစ်ရေးက ခွင့်ပြုတယ်ဆိုတာ မြန်မာပြည်မှာဖတ်ဖို့ခွင့်ပြုတာ။ နိုင်ငံခြားယူသွားဖို့မဟုတ်ဘူး။ နိုင်ငံခြားယူသွားရင် စာပေစီစစ်ရေးရုံးကိုသွားပြီးတော့ ထောက်ခံစာယူရတယ်။ ဘာစာအုပ်၊ရေးသူဘယ်သူ၊ ဘယ်နှစ်အုပ် အဲလို ယူပြီးမှ စာပေစီစစ်ရေးက ချိတ်ပိတ်ပေးလိမ့်မယ်။ အဲဒီတော့မှ နိုင်ငံခြားသယ်လို့ရတယ်" တဲ့ဗျား။
ဒါနဲ့ "ကျွန်တော် မသိလို့ပါ။ ကြည့်ပါ အားလုံး တရားစာအုပ်နဲ့ မြန်မာစာဆိုင်ရာ စာအုပ်တွေကြည့်ပဲ။ စစ်ကြည့်လို့ရတယ် ဦး" ပေါ့။ ဟိုဟိုဒီဒီ ကြည့်ပြီးတော့
"အေးကွာတဲ့၊ တရားစာအုပ်တွေဆိုတော့ အားလည်းနာပါတယ်။ ဒါပေမယ့် နောက်တခေါက်ဆို အဲလိုလုပ်ရမယ် "
လို့ပြောပြီး သယ်ခွင့်ပြုလိုက်တယ်။ ကျေးဇူးကြီးမားပါတယ်။ တကယ်ပါ။ တခြားဟာတွေ ချန်ထားခဲ့ဆို သိပ်ပြောနေမှာမဟုတ်ပါဘူး။ ကိုယ်ဟာဆို ချန်ခဲ့ရုံပဲ။ အဲလို စစ်တာ လေဆိပ်မှာ ၂ နေရာတောင်ပါ။ ဒါပေမယ့် ၂ နေရာလုံး စကားနည်းနည်းပြောပြီးတော့ ခွင့်ပြုလိုက်ကြတယ်။
ထားပါတော့။ ပြောချင်တာက ယူခဲ့တဲ့စာအုပ်တွေထဲက တအုပ်ကို ဒီနေ့ဖတ်မိတယ်။ ဒေဝါလီနေ့ကို ဒီနေ့မှ ခွင့်အစားရတယ်လေ။ စာလေးဖတ်လိုက်၊ နားလိုက်ပေါ့။
နတ်ဆိုး
Monday, November 16, 2009
Subscribe to:
Post Comments (Atom)
5 comments:
ဟုတ်.. စာပေစိစစ်ရေးရဲ့ မူဝါဒအသစ်ကို ကြားနာသွားပါတယ်။
မြန်မာစာပေ ကမ္ဘာကို လွှမ်းစေရမည်။
ပန်ဒိုယာ .. နောက်တော်တော်မလုပ်နဲ့။ ဖတ်ကြည့်မှ မြန်မာက စာပေအဆင့်အတန်းဘယ်လောက်မြင့်လည်းဆိုတာသိတယ်။ ဟွန်း..
ဘာစာအုပ်တွေယူလာပါသလဲ။ ငှားရမ်းခွင့်ပြုပါး)
(ရဲဘော်)
ဒီလိုပါပဲ။ တရားစာအုပ်နည်းနည်းပါးပါး ။ မြန်မာ ၀တ်ထု တို နည်းနည်းပါးပါ။ ဟိုနည်းနည်း ဒီနည်းနည်း။ ငှားလို့ရပါတယ်။ ဘာဖတ်ချင်လို့လဲ
ရွှေနှင့်ယိုးမှားပန်းစံကားရဲ့ သမိုင်းအစစ်အမှန်ဖတ်လို့ရမယ့်နေရာမှားရှိရင်ပြောပြကြပါလား
Post a Comment