ည ၂ နာရီထိုးပြီ။ မိုးတစိမ့်စိမ့်ရွာနေသေးသည်။ မိုးတစိမ့်စိမ့်ဆိုမှ သတိရမိသည်။ ကျွန်တော်တို့ ၁၀ တန်းစာမေးပွဲကြီးတွင်မေးသော စာစီစာကုံးမှာလည်း မိုးတစိမ့်စိမ့်။ စာစီကုံးသည်ပညာတွင် ည့ံလွန်းတော့ တခြားရွှေးစရာမရှိ၊ ဒီတော့ မိုးတစိမ့်စိမ့်ကိုပင် ဖျစ်ညစ်ရေးခဲ့သည်ကို မှတ်မိနေသေးသည်။ အခုလို ညကြီးမင်းကြီးမှာ မိုးရွာနေလျှင် စိတ်က အလိုလို လန်းဆန်းတည်ငြိမ်နေတက်သည်။ သစ်ပင်၊ မီးလုံးတွေ လှုပ်ရှားနေသော်လည်း လောကကြီးက သက်ငြိမ်သဘောဆောင်နေသည်။ မိုးပေါက်သံ၊ လေတိုက်သံတွေကြားနေပေမယ့် တိတ်ဆိတ်နေသောရသ ရှိသည်။
သဘာဝတရားကိုချစ်သော စိတ်ရှိသည်ဟု ကိုယ့်ကိုကိုယ် ယုံမိသည်။ သဘာဝတရားတွင် ကောင်မလေးတွေကောပါသည်လား။ တယောက်တည်းပြုံးရယ်နေတာတွေ့လျှင် ဆယ်ကျော်သက်ဟု ထင်ခံရဦးမည်။ လျှစ်စစ်မီးရောင်တွေအောက် မိုးပေါက်တွေကျနေသည်ကို ကောင်းကောင်းမြင်ရသည်။ ဒီရက်ပိုင် ဆရာတော်ဦးဇောတိက၏လွတ်လပ်သောစိတ် ဆိုသော စာအုပ်ကို နည်းနည်းချင်းဖတ်နေမိသည်။ အသက်တွေကြီးလာ၍လားမသိ။ စာအုပ်တအုပ်ကို ဖတ်သည်အခါ လနှင့်ချည်၍ ကြာမြင့်တက်လာသည်။ လွတ်လပ်သောစိတ်ဆိုလျှင် ၄၊ ၅ ရွက်ထက် ပိုဖတ်၍မရနိုင်အောင်ဖြစ်ရသည်။
ဒါနှင့် ဒီနောက်ပိုင်း မာန်မရှိလာသည်ကို သတိထားနေမိသည်။ ဘာကြောင့်မှန်းမသိ။ တဖြည်းဖြည်းမာန်နည်းပါးလားသည်ကိုတွေ့နေရသည်။ အကြောင်းတခုခုကြောင့် မာန်တက်နေသူများကိုတွေ့လျှင်လည်း နားလည်နေတက်သည်။ စားမာန်(စမန်)တက်လေ့ရှိသော အိမ်ကကြောင်လေး အာဗြဲမကိုလည်းသတိရတက်သည်။ အသက်ကြီးလာ၍ပဲ ထင်သည်။
တချက်တချက် လေတိုးဝှေလာလျှင် လန်းဆန်းခြင်းများကိုယ်ထဲ တိုးဝင်သွားသလိုခံစားရသည်။ ညဖြစ်၍ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရခြင်းသည်ပင် နှစ်သက်ဖွယ်ရာကောင်းနေသည်။ တရားလေးလည်း လေ့ကျင့်ဦးမှပဲ။ တရားမထိုင်ဖြစ်သည်တောင် အတော်ကိုကြာနေပြီ။ မေမေပြောသောစကားကို ကြားယောင်မိသည်။ သားက အတ္တနည်းပြီးသားတဲ့။ ဟုတ်ပါစေဟု ဆန္ဒပြုမိသည်။ ဒါပေမယ့် လုပ်စရာတွေအများကြီးရှိနေသေးသည်။ တီထွင်ဖန်တီးမုများထဲတွင် ကိုယ့်ဘဝကိုယ် တီထွင်ဖန်းတီးပြီးနေခြင်းသည် ကောင်းကြောင်းကို လွတ်လပ်သောစိတ်စာအုပ်ထဲမှ မှတ်သားမိသည်။ မိုးကတော့ ဆက်ရွာနေသည်။ ဟိုးတုန်းကလို လွတ်လွတ်လပ်လပ်ဆိုလျှင် တညလုံးထိုင်နေဖြစ်လိမ့်မည်။
(ဒီစိတ်အတွေးလေးကို ကုလားဖြူဘာသာရပ်နှင့် ရေးနိုင်ရန် ကြိုးစားရဦးမည်။ အမှန်တွင် အင်္ဂလိပ်လိုရေးသားချင်သည်။)
တေးမွန်။
နိုဝင်ဘာ ၁၄ ၂၀၀၉။ ၁နာရီ ၅ဝမိနစ်။
Subscribe to:
Post Comments (Atom)
6 comments:
တေးမွန်၊ ဘာမှဟုတ်ဘူး ဟဲဟဲ အားမှ ဖတ်ပြီး လျှောက်ဝေဖန်လေကန်တော့မယ်။ အခုတော့တပုဒ်ဘဲဖတ်နိုင်တယ်
ဆွေဇင်။
မာန်မရှိတာတော့ကောင်းတယ် .. ဒါပေမယ့် အားလုံးကို content ဖြစ်ပြီး ၊ ကြိုးစားချင်စိတ်နည်းသွားတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ ။ ဖြစ်မယ်မထင်ပါဖူး ။
Looking forward to your posts in English .. btw, try looking for "Primer 2" book in bookshops. It has a list of essays written in The Straits Times. It can help you get started.
(YB)
အသက်တွေ တော်တော်ကြီးပြီလား။ ကိုယ့်ထက် အသက်ကြီးတဲ့ လူတွေ ပြောဖို့ ချန်ထားပါဦး။
ဟဲ..ဟဲ..ဖန်ဖန် ကန်ကန်..
yes.. i am trying to improve and will look for the book u recommend. ;)
ကြီးပီထင်တာပဲ။ ကိုယ်ထက်ကြီးတဲ့ ပန်ဒိုယာတို့၊ ပုံရိတ်တို့က.. ငယ်ချင်ယောင်ဆောင်နေကြတော့လည်း.... ;D
ပျင်းတဲ့အခါလဲ ပြင်းတာပါပဲဗျာ...။
ပြင်းတဲ့အခါ ပျင်းတာပါပဲလေ။
Post a Comment