ပလုံဂွမ်ဆရာ
တကယ့်ကို ပလုံဂွမ်ဆရာပါပဲ။ ကွန်ပြုတာနှင့် စထိတွေ့တော့ အများနည်းတူ MS Word၊ Excel၊ စတဲ့ အသုံးချအပြော့ထည် (Application Software) မျိုးတွေနဲ ့စခဲ့တာပဲ။ မမေ့နိုင်တဲ့ ဆရာမလေးကြောင့် ပရိုဂရမ်ဘက်ရောက်လာခဲ့တယ်။ (ဆရာမလေးက ရိုးရိုးနော်။ သူများလို ချစ်သူလည်းမဟုတ်ဘူး။ ချစ်လို ့လည်းမဟုတ်ဘူး။ တောင်တောင်အီအီတွေးမှာလည်း စိုးရသေးတယ်။) ဆရာမလေးက ကျွန်တော်တို ့ကို အသုံးချအပြော့ထည် သင်ပေးတဲ့ဆရာမလေးပါ။ ချောချောလေး။ (ဟိ..ဒါတော့ သိသား)။ ကျွန်တော်က လေ့ကျင့်ခန်းတွေ လုပ်ခိုင်းရင် လုပ်ချင်ရာလျှောက်လုပ်တော့၊ စိတ်ကူးပေါက်ရာလျှောက်လုပ်တော့ ဆရာမနဲ ့ ရင်းနီးနေတယ်။ ကျွန်တော်တစ်ခုခုလုပ်နေရင် သူကနောက်ကနေ တိတ်တိတ်လေး လာကြည်နေတက်တယ်။ (သူတို ့ကဒီလိုပဲ တတန်းလုံးပါတ်ကြည့်နေတက်တာ)။ ဒီလိုနဲ ့ ရင်းနီးတော့ ဂိမ်းကစားခွင့်ပေးဖို ့ ဂျီကျတာပေါ့။ ၁ဝတန်း ပြီးခါစဆိုတော့ လူကတဇွတ်ထိုးရယ်။ ဒီလိုနဲ ့ ကျွန်တော်နဲ ့သူငယ်ချင်းတို ့ဂိမ်းကစားခွင့်ရတယ်။ ဂိမ်းက အခုခေတ်လိုမဟုတ်ပါဘူး။ သေးသေးလေးရယ်။ အတွက်အချက်လုပ်ပြီး ကစားရတဲ့ဂိမ်းမှာ ကျွန်တော်ကပွဲတိုင်းနိုင်နေတယ်။ ဆရာမက နောက်ကကြည့်ပြီး တေးမွန် နင်က ပရိုဂရမ်အတန်းတက်ရမှာ တဲ့။ အဲဒါက ဒီလိုဂိမ်းတွေရေးတာမျိုးကို သင်ပေးတာတဲ့။ C programming တန်းတက်တဲ့။ ကျွန်တော်ကတော့ ဒီလိုဂိမ်းတွေလုပ်တာသင်ပေးတာဆိုတော့ စိတ်ဝင်စားသွားတာပေါ့။ ဆရာမက ကျွန်တော်ကိုတော်တော်ချစ်ပါတယ်။ သူကိုယ်တိုင်ဆရာကို လိုက်ပြောပေးတယ်။ စိတ်ဝင်တစား လာကြည့်တယ်။ အားပေးတယ်။ လမ်းမှာတွေ ့ရင်မမြင်ရင်တောင် လမ်းခေါ်ပြီးနှတ်ဆက်တယ်။ ကျွန်တော် ချစ်တဲ့ ဆရာ ၊ ဆရာမတွေအနည်းငယ်ထဲမှာ အဲဒီဆရာမလေးလည်းပါတယ်။ စိတ်မကောင်းတာက ဆရာမလေးရဲ ့နာမည်တောင် ကျွန်တော်မမေးခဲ့ရဘူး။ အဲဒီဆရာမလေးကြောင့် ကျွန်တော်လည်း C Programming ကို ကြိုက်သွားတယ်။ အဲဒီအချိန် ကွန်ပြုတာတက္ကသိုလ်ကို လျှောက်ပြီးနေပြီ။ နောက် ကျွန်တော်တို ့မြို ့ကိုရုတ်တရက်ပြန်သွားတော့ ဆရာမနဲ ့လေးထပ်မတွေ ့ဖြစ်တော့ဘူး။ ဒါပေမယ့် ပြန်တွေးမိတိုင်း အဲဒီဆရာမလေးကို လေးစားတာရော၊ ကျေးဇူးတင်တာရောနဲ ့သတိရတယ်။
ဒါပေမယ့် ကွန်ပြုတာတက္ကသိုလ်တက်နေတဲ့ ကာလတစ်လျှောက် ကြောက်စရာကောင်းတဲ့ ရန်သူမျိုး တစ်ပါးကြောင့် အိမ်ကစီးပွားကျနေတော့ ကွန်ပြုတာတောင် ဝယ်ဖို ့မတောင်းဆိုချင်ခဲ့ဘူး။ ဒီလိုနဲ ့ စိတ်လေလေနဲ ့သီအိုရီတွေကြည့်ထိုင်ဖတ်၊ နောက်တော့ ကျောင်းကလည်းမကောင်းတော့ စာလည်း စိတ်မဝင်စား။ အတန်းလည်းမတက်။ တက်လည်း မသင်တဲ့ အချိန်ကမသင်နဲ ့။ ဒါပေမယ့် ဆရာမလေးကျေးဇူးအရှိန်နဲ ့ C အကြောင်း၊ Database အကြောင်း၊ Software Engineering အကြောင်း၊ Operating System (OS) အကြောင်းတို ့ဆိုစိတ်ဝင်တစားဖတ်တယ်။ နားထောင်တယ်။ ကျန်တဲ့ Business တို ့၊ Accounting တို ့နဲ ့ဆိုင်တဲ့ဟာတွေ ဆို သိကိုမသိခဲ့ဘူး။ ဒီလိုနဲ ့ ၄ နှစ်တက်ပြီးတော့ဘွဲရလာခဲ့တယ်။ ကွန်ပြုတာနဲ ့ငါနဲ ့တော့ ဘာမှမဆိုင်တော့ဘူးလို့တွေးပြီး စီးပွားရေးလုပ်မဟဲ့လို့ ကြံတော့တာပေါ့။ ဒါပေမယ့် အလုပ်ကလည်း မဖြစ်တော့ ဂုဏ်ထူးတန်းလေးတက်ပြီး ကျောင်းမှာသွားသွားအိပ်နေတာပေ့ါ။ အခန် ့ မသင့်ရင် ကျောင်းကမာန်ကြီးတဲ့ (တကယ်တော့ မာန်တက်တဲ့လို့ ပြောချင်တာ) ဆရာမတွေနဲ ့တောင် မကျေမလည် ဖြစ်လိုက်သေး။ (ကိုယ်ကလည်း ငယ်မာန်တက်နေခဲ့တာကိုး)။ ဒါပေ့မယ့် ဒီမှာလည်းကျွန်တော် ကံကောင်းပါတယ်။ ရန်ကုန်ရောက်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက်က သူအသိကနေတဆင့် အပြော့ထည် (software) တွေရေးတဲ့ကုမ္ပဏီတစ်ခုမှာ လုပ်မလားဆိုတော့ ချင်ခြင်းပဲအထုတ်ဆွဲပြီး ရန်ကုန်ဆင်းလာလိုက်တာ ပလုံဂွမ်ဆရာဘဝစတော့တာပဲ။
ရန်ကုန်မဆင်းခင် အင်တာဗျူးက မန္တလေးကို ဖုန်းကနေတဆင့် ဗျူးတယ်။
HTML သိလား ၊( မသိဘူးအကို။ )
Web page ရောသိလား ( မသိဘူးအကို)
Database ရောသိလား။(စာတွေတော့ဖတ်ဖူးတယ်အကို။)
C# ကော။ (ကြားဖူးတယ် ၊ C တော့ သိတယ်အကို။)
.Net (dot Net) ကောသိလား။ (မသိဘူးဗျ)
XML ရော ကြားဖူးလား။ (မကြားဖူးဘူး)
အေးအေး၊ မင်းဘယ်နေ ့လာနိုင်မလဲ။ နောက်တပတ်လောက်ဆင်းခဲ့လေ။ ဒီကြားထဲ HTML တို ့C#တို ့ လေ့လာထားပေါ့။ အကိုတို ့က အဲဒါတွေနဲ ့လုပ်ကြတာ။
ဟား..ဟား။ ဒီလိုနဲ ့အလုပ်ရခဲ့တာ။ ရယ်ရတာရှိသေးတယ်။ ပြောပေးတဲ့သူက အဲဒီအကို ကို ဘာပြောထားလည်းဆိုတော့ မန္တလေးမှာ သူအရမ်းတော်တဲ့လူကိုတွေ ့ခဲ့တယ်။ (သဘောကတော့ တကယ့် တောထဲကနေ ထွန်းပေါက်မယ့်သူကို သေချာရှာတွေ ့ထားသလိုမျိုး အဲလိုပြောထားတာ။ ဟား..ဟား။) အဲဒီ အကိုကကျွန်တော် သိပ်လေးစားတဲ့ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ သူဆီမှာအလုပ်လုပ်တဲ့တလျှောက် သေချာသင်ပေးတယ်။ ကွန်ပြုတာပရိုဂရမ်ဘာသာရပ်တင်မကဘူး၊ ဗုဒ္ဓ ဓမ္မနဲ ့ ဆိုင်တဲ့ဟာတွေပါ ပြောဆိုသင်ပေးခဲ့တယ်။ တကယ်ကို ကျေးဇူးကြီးခဲ့တဲ့သူတွေထဲကတစ်ယောက်။ အခုတော့ သူလည်းဒီမှာ။ အခုအချိန်အထိ ဖုန်းဆက်လိုက်ရင် ညီ မင်း စာဆက်ဖတ်ဖြစ်သေးလား။ သေချာလုပ်။ အေး ဒီဇိုင်း ပုံစံ (Design Pattern) မတက်ပဲ ရှေ ့ ့ဆက်လျှောက်ဖို ့မလွယ်ဘူး စသည်ဖြင့် ပြောဆိုအားပေးတုန်း။ (ဆရာတွေထဲမှာ တယောသင်ပေးခဲ့တဲ့ဆရာရယ်၊ ဒီဆရာရယ်ကို တော်တော်သဘောကျတာ)။
ရန်ကုန်ရောက်တော့ ညမအိပ် နေ ့မအိပ် ဖတ်လိုက်ရတဲ့ စာတွေ။ ကံကောင်းပြန်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Top Boys ဆိုတဲ့ကုမ္ပဏီက နာမည်ကြီးမဟုတ်ပေမယ့် ပညာကိုတအားဦးစားပေးတယ်။ အဲဒီကလူတွေကလည်း စိတ်ရော ၊ လူရော တော်တော်ကောင်းကြတယ်။ အဲဒီမှာ ၁ နှစ်ကျော်လောက် လုပ်လိုက်ရတယ်။ စလုံးထွက်ဖို ့ စိတ်ကူးမိတယ်။ နောက်တော့ ဒီရောက်လာတာပေါ့။ အလုပ်ရမယ်လို ့ မသိနိုင်ပဲနဲ ့ ခပ်တည်တည် ထွက်လာတာ။ အတွေ ့အကြုံတောင် သိပ်မရှိသေးဘူး။ (ဒါပေမယ့် ကျောင်းတုန်းကပြောသလို ပြောရရင် "ခပ်တည်တည်". . .ဟဲ..ဟဲ)။
ပလုံဂွမ်ဆရာလို ့သာခေါ်သာ ကျွန်တော်က ကျွန်တော်လုပ်နေရတဲ့ ၊ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကလွဲရင် ကျန်တာတွေသိပ်မသိဘူး။ မသိဆို တော်တော်မသိတာပါ။ Face Book၊ FriendSter၊ Forums၊ Chat Room ဘာဆိုဘာမှမသိခဲ့တာပါ။ အခုထိလည်း စိတ်မဝင်စားဘူး။ internet ကိုလျှောက်လည်ရင် သတင်းနဲ ့ ကိုယ်ရှာချင်တာရှာနေတာနဲ ့ ပြီးသွားခဲ့တာ။ အခုတော့ ဘလောဖတ်တာလည်းပါလာတယ်ပေါ့။ ဘလောတောင် အင်ဂလုန်ရောက်နေတဲ့ သူငယ်ချင်းမ စိုးကြည် ကောင်းမှုနဲ ့သိတာ။ HTML ကိုကောင်းကောင်းနားလည်ပေမယ့် ဘယ်လောက်တက်လည်းဆိုတာတော့ ကျွန်တော်ဘလောပဲ ကြည့်ပေါ့။ ပေစုတ်စုတ်ရယ်။ ဟီး။ ဂရပ်ဖစ် လုံးဝမသိဘူး။ တခါတလေ ဘလောပေါ်က ဆရာတွေ သူတို ့ဘလောလေးကို အလန်းလေး တွေဖြစ်နေအောင်လုပ်ကြတော့ အားကျပါတယ်။ နာမည်ကြီးတွေကိုလည်း အားကျပါတယ်။ ဟိုကောင်မလေးကလာပြီး အကူအညီတောင်းလိုက်၊ ဒီကောင်မလေးကလာပြီးနှတ်ဆက်လိုက်နဲ ့.. ဟိ.. အားပဲကျနိုင်တာပါ။
ဟိုတနေ ့ကကို ပန်ဒိုယာနဲ ့ ဂျစ်တူး ဘလောတွေမှာ Twitter ဆိုတာတွေ့တာနဲ ့ ဘာလဲလို ့ ပန်ဒိုယာကို မေးကြည့်မိပါတယ်။ IT သမားဖြစ်ပြီး မသိဘူးလားတဲ့။ အော် .. တော်တော်ဆိုးတဲ့ဘဝ။ ခွေးမှီးကုတ်သွားသလိုပဲ။ ခံစားလိုက်ရတာ ပြောပါတယ်။ ဂဂျစ်တွေ (Gadgets )၊ ရှိပြီးသား တန်းပလိတ်တွေ သုံးဖို ့လည်း မကြိုက်တော့ မလုပ်ဖြစ်။ ဒီလိုနဲ ့ ဘလောစုတ်စုတ်လေးမှာပဲ ရေးနေရတာပေါ့။
လမ်းမှာတွေ ့လို ့ ဘာလုပ်နေတာလည်းဆို ပရိုဂရမ်မာဆို လူတွေကလည်း အထင်ကြီးကြတယ်။ (မတော် ငါ့ကို သူတို ့စက်ပြင်ခိုင်းနေရင်ဒုက္ခလို ့။ မပြင်ပေးချင်လို ့ထက် သိပ်ပြင်တက်တာမဟုတ်ဘူး။ အဲ ကိုယ်စက်ကိုယ်ဆိုရင်တော့ လာထားပဲ၊ သူများစက်ကျတော့ သတိထားရတယ်။) လခ ဘယ်လောက်ရလဲ။ "" လောက်ရတယ်ဆို ဟယ် တဲ့။ ပူလိုက်တဲ့မျက်နှာ။ တကယ်တော့ သူတို ့နဲ ့ယှဉ်ရင်သာ များနေတာ။ သိပ်များတယ်လည်း မဟုတ်ဘူး။ ကိုယ့်လခက မဖြစ်စလောက်ရယ်။ (မြန်မာကလာတဲ့ မြန်မာတွေ အတွက်တော့ အင်ဂျင်နီယာတွေထက် ကွန်ပြုတာသမားတွေက လစာပိုရကြတယ်။) အခုတော့ မရကြတော့ပါဘူး။ ၂၀၀၀ ပတ်ဝန်းကျင်က အသေလိုဖြစ်သွားတယ်။ ဒါတောင် အခု ၁၈၀၀ လောက်နဲ ့လုပ်နေတဲ့ကျောင်းက အသိတစ်ယောက်တွေ ့တော့ ဘာလို ့လုပ်ရတာလည်းဆိုပြီး ပြောမိသေးတယ်။ အခုတော့ မရကြတော့ဘူး။ စီးပွာကျတာရော၊ မပြင်မဆင်ပဲ လိမ့်ဝင်လာတာရော။
ဒီစလုံးမှာလည် တကယ်တော့ လွယ်တယ်လည်းမဟုတ်ပါဘူး။ ခက်လားဆိုလည်း အဲလိုလည်းမခက်ပါဘူး။ ဒါပေမယ့် ပြသာနာရှိတယ်။ ကွန်ပြုတာပိုင်းထက် ဆက်ဆံရေးပိုင်းပါ။ ကုလားဖြူဘာသာရပ်က တခါတလေ ကွန်ပြုတာအသိထက် ပိုအရေးပါနေတက်တယ်။ အခု ကျွန်တော်က ဆက်ဆံရေးကြောင့် အလုပ်မှာ အနှောက်အယှက်ဖြစ်နေတယ်။
ဒါနဲ ့ သတိရလို ့ လွန်ခဲ့တဲ့ တနှစ်ကျော်က ကိုနတ္တိက အလုပ်ထဲက အကြောင်းတွေ ရေးရင်ကောင်းမယ်လို ့ အကြံပြုခဲ့ဘူးတယ်။ အဲတုန်းကတော့ ငြင်းခဲ့ပေမယ့် အခုတော့ အတွေ အကြုံသဘောမျိုးနဲ ့ ရေးဖို ့စဉ်းစားမိတယ်။ ဒါပေမယ့် ကုမ္ပဏီနဲ ့ဆိုင်တာတွေ တော့ ရေးလိုမရဘူးပေါ့လေ။
တကယ်တော့ မလွယ်လိုက်တဲ့ ပလုံဂွမ်ဆရာဘဝ။
(ဟို Google တို ့ဘာတို ့က ဂုရုကြီးတွေတော့ မပါဘူးပေါ့လေ။)
ပန်ဒိုယာက IT သမားမဟုတ်ဘူးလားဆိုတာကြောင့်
သူငယ်ချင်းတစ်ယောက်က မင်းတို ့တော့ အဆင်ပြေနေပြီပေါ့လိုု ့ လှမ်းပြောတာကြောင့်
ရေးဖြစ်သွားတာပါ။
တခါတလေတော့လည်း Google တို ့ Microsoft တို ့ Mozilla တို ့ စသည်ဖြင့် အိမ်မက်တော့ မက်မိခဲ့ပါတယ်။ဟား..ဟား။ :P (အော် အိမ်မက်..အိမ်မက်)
(အခုတော့ မမက်တော့ပါဘူး။ မဖြစ်ချင်တော့ဘူး။) :)
နတ်ဆိုး
Tuesday, November 18, 2008
Subscribe to:
Post Comments (Atom)
4 comments:
အေးပါ.. အိုင်တီသမားရယ်
သနားသွားတယ်။
အိပ်မက်တွေက ဆက်မက်ပါ။ ဘာဖြစ်လဲ။ ကြီးပွားသွားရင် ဘီလျံနာဖြစ်သွားရင်.. သူငယ်ချင်းတွေလည်း ကောင်းစားတာပေါ့။
ဟေး..ငါကခုထိ..နင်ပြောပြတဲ့.. Google ကိုအိမ်မက်..မက်တုန်း..တန်းလန်းကြီးမလုပ်နဲ့.. :D
ပလုံဂွမ်ဆရာ ဆိုလို့ ဘာများလဲလို့ စဉ်းစားနေတာ :D
ကြီးပွားသွားရင် မပန်ကို ၂ကျပ်ခွဲတန် ကြက်သားထမင်း လိုက်ကျွေးမယ်.. ဟဲ..ဟဲ.. :P
တူနယ်ချင်းရေ.. ဆက်မက်ပါဟာ.. တန်းလန်းကြီးမလုပ်ပါဘူး။။ ငါက ငပျင်းမို့ လို့ ပါ :D
တော်သေးတာပေါ့ဒေါ်ပုံရိတ်.. ပန်းကန်တွေ ခွက်တွေ တီးတဲ့ ဆရာလို့ တော့ မထင်လိုက်ဘူးမလား.. :D
Post a Comment