ဒီနေ ့ အလုပ်မှာ စကားပြောကြရင်းနဲ ့ တရုတ်နိုင်ငံသား တစ်ယောက်က အိုလံပစ်အကြောင်းစပြောဖြစ်တယ်။ သူတို ့ တရုတ်က ရွှေအများဆုံးရထားတာဆိုတော့၊ သူက ပြုံးပြုံး ၊ ပြုံးပြုံးနဲ ့ပေါ့။ ဘယ်လိုဘယ်ဝါကောင်းကြောင်း၊ မနေ ့က စပိန်ကို ရှုံးသွားတဲ့ အရှည်ကြီးယောင်မင်တို ့ဦးဆောင်တဲ့ တရုတ်ဘက်စဘောအကြောင်း မကျေမချမ်းပြောပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ အချိန်ပိုထိကစားခဲ့ရပြီး အဲဒီမှာမှ ရှုံးသွားတာကိုး။ အီတလီသားကလည်း သူတို ့ အီတလီကို ဂွတ်(good) နေတာပဲ။ သူလည်း ပြုံးပြုံးနဲ ့ပဲ။ ဟုတ်တယ်လေ။ အီတလီက လက်ရှိ နံပါတ်လေးနေရာမှာကိုး။ ရွှေ ၄ ခုနဲ ့လေ။ ပြောကြရင်းနဲ ့ ဟေး နိုင် မြန်မာကော မပါဘူးလားတဲ့။ ကျွန်တော်က ပါတယ် ၆ယောက်လောက်ပါတယ်ဆို တော့ ဆုမရဘူးလားတဲ့။ အားငယ်သွားမိသလိုပဲ။ မရဘူးဆိုတော့။ မဟုတ်ဘူးလေ၊ ရွှေတံဆိပ်ပြောတာမဟုတ်ဘူး။ ငွေတို ့၊ ကြေးတို ့ကော မရဘူးလားတဲ့။ တော်တော်စိတ်ညစ်စရာကောင်းတဲ့ မေးခွန်းဗျ။ သူတို ့ဖသာလည်း စာရင်းမှာကြည့်လို ့လည်းရရဲ ့သားနဲ ့။ မရပါဘူးဆိုနေမှ။ တကယ်ပဲ။ မြန်မာက လူကြီးမင်းများကိုလည်း ရတဲ့ အချိန်လေး ကျိန်ဆဲလိုက်သေးတယ်။ တခုခု နိုင်ငံမှာ နှိမ့်ကျနေတာဖြစ်ရင် သူတို ့ကိုပဲ သွားသွားမြင်နေတော့တာပါပဲ။
အပင်တစ်ပင်မှာ အမြစ်မကောင်းရင် အပင်နေရောင်ဘယ်လောက်ရရ အသုံးမဝင်ပါဘူးလေ။ ပုတ်နေတဲ့ အမြစ်မရှိမှဖြစ်မှာပဲ။ သန်စွမ်းပြည့်ဝတဲ့ အမြစ်နဲ ့အစားထိုးဖို ့လိုအပ်တယ်။ တပင်လုံး မပြိုလဲခင် အစားထိုးနိုင်ကြမလား။
နတ်ဆိုး
Wednesday, August 13, 2008
Subscribe to:
Post Comments (Atom)
2 comments:
ဟေး ရဲဘော် .. အမြဲအားငယ်ရလွန်းလို့ အသားအရည်တွေ ထူနေဦးမယ် နော်း)
:)
တနေ့ တော့ အားမငယ်၇တဲ့  အချိန်ရောက်လာမှာပါ။
ဒါပေမယ့် ကျွန်တော်က ဂုဏ်ယူတက်ပေမယ့် ၀င်ဝါတက်တဲ့ သူတော့ မဟုတ်ပါဘူးလေ။ :D
နတ်ဆိုး
Post a Comment