ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဂျော်ဂျီယာနဲ ့ ရုရှတို ့ စစ်ဖြစ်ခဲ့ကြတယ်။ အင်နဲ ့ အားနဲ ့ တိုက်ခိုက်ကြတာကို ဗီဒီယို အတိုလေးတွေကြည့်ပြီး အ့ံသြနေမိတယ်။ သူတို ့စစ်တိုက်တယ်ဆိုတာ သေနတ်နဲ ့့ ပြီးသွားတာမဟုတ်ဘူး။ အဲလို သေနတ်ပစ်သလို ဒုံးတွေကို ပစ်နေကြတယ်။ ဒါပေမယ့် ဂျော်ဂျီယာက စုစုပေါင်းမှ စစ်အင်အား ၂သောင်းကျော်ပဲရှိတဲ့ အတွက် မယှဉ်နိုင်ခဲ့တော့ နောက်ဆုံး သူတို ့မြို ့တော်ကို ကာကွယ်ဖို ့ နေရာအားလုံး ကနေဆုတ်ခွာခဲ့တယ်။ အနောက်နိုင်ငံတွေ ဖိအားနဲ ့ရုရှကလည်း ထိုးစစ်ကို ရပ်တန် ့ ခဲ့ရတယ်။
့ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ကျွန်တော် အကြောင်းအရာတစ်ခု၊ စာတစ်ကြောင်းကို သွားပြီး စိတ်ဝင်စားနေမိတယ်။ အပစ်အခက်ရပ်ဆဲရေးကို မကြေညာခင် ဂျော်ဂျီယားမြို ့တော် တဘလီစီမှာ ဂျော်ဂျီယာပြည်သူတွေက သူတို ့သမ္မတကို ထောက်ခံကြောင်း ၊ ပြန်လည်တိုက်ခိုက်မှာဖြစ်ကြောင်းကို ပြောဆိုကြတယ်။ တသွေးထဲဆိုတာကို ပြောဆိုကြတယ်။ ဒီအချိန်ဟာ အငြင်းအခုံလုပ်ရမဲ့ အချိန်မဟုတ်ဘူးတဲ့။ တကယ်တော့ ဂျော်ဂျီယာက စစ်ရေးအရရှုံးနှိမ့်ခဲ့တာပါ။ ဒီစစ်ပွဲကြောင့် လူပေါင်းများစွာလည်း ဒုက္ခရောက်နေကြတယ်။ နယ်မြေတော်တော်များများလည်း ရုရှအောက်ကို ရောက်နေတယ်။ ဒါပေမယ့် ဒီအချိန်ဟာ သွေးကွဲရမဲ့အ ချိန်မဟုတ်ဘူးလို ့ ဂျော်ဂျီယန်တော်တော်များများက ဆိုခဲ့ကြတယ်။
National unity rather than political fighting တဲ့။ နိုင်ငံရေး၊ ၀ါဒ၊ လူ၊ စတာတွေ မကြည့်ပဲ နိုင်ငံအတွက် ဘုံရန်သူ ရုရှကိုပဲ ကြည့်ကြတယ်။ နိုင်ငံရေးထက် အမျိုးသားညီညွတ်ရေးကို ဦးစားပေးကြတယ်။ အဲဒီအတွက် ဂျော်ဂျီယန်တွေကို ကျွန်တော် လေးစားမိတယ်။ ကျွန်တော်တို ့မြန်မာဦးဆောင်သူတွေ၊ ပြည်သူတွေ ရော နိုင်ငံရေးဆိုတာထက် အမျိုးသားရေးအနေနဲ ့လုပ်ရင် ကောင်းမယ်လို ့ တွေးမိတယ်။ မျှော်လင့်မိတယ်။ တကယ်တော့ ဒါဟာ အမျိုးသားရေးလည်းဖြစ်နေပြီလို ့ထင်ပါတယ်။ လက်နဲ ့ မှရေတွက်လို ့မဆန် ့တဲ့ မြန်မာ အဖွဲ ့တွေ ဘယ်တော့များ နိုင်ငံအတွက် အကျိုးတူပေါင်းစည်းကြမလဲ။ ပေါင်းစည်းနိုင်တဲ့နေ ့တော့ရှိမယ်လို ့ ယုံချင်တယ်။
Wednesday, August 20, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment